← Chapters

ငါကသူများပြောတာ နားထောင်တတ်တဲ့ လူလို့ ထင်လို့လား...

Vol. 22 Ch. 323

ငါကသူများပြောတာ နားထောင်တတ်တဲ့ လူလို့ ထင်လို့လား...

Vol. 22 Ch. 323

ဘာသာပြန် = စနိုးဝှိုက်

တစ်လလုံး...

ဒါက အရမ်းကြာလွန်း ပါတယ်..။

ဒါပေမဲ့..ရွေးချယ်စရာ မရှိတော့..သူ စိတ်ရှည်ရှည် နဲ့ စောင့် နေဖို့ ပဲ တတ်နိုင်ပါတော့ တယ်..။

လင်းဖန် ရဲ့ မှတ်ချက်က အင်တာနက်မှာ များပြားလှတဲ့..လိုင်းလံူးကြီး တွေ ဖြစ်ပေါ်စေ ခဲ့ပါတယ်..။ကံကောင်းချင်တော့..သူက..အမာခံ ပရိတ်သတ် တွေနဲ့ ရှိနေ တဲ့လူပါ..။သူက မောက်မာ ပေမဲ့ လည်း..မဟုတ်ဘူး..ဒါပ မောက်မာ တယ်လို့ ပြောလို့မရပါဘူး..။တစ်ခါတစ်ရံ မှာ အမှန်တရားကတောင် လူအများကြီး ကို အပြစ်ပြုမိစေတာပါ..။

သို့ပေမယ့် သူရဲ့ အမှန်တရားကို အမြဲတမ်း ​ပြောတတ်တဲ့ အကျင့်ကို ဖျောက်ဖို့က မဖြစ်နိုင်ပါဘူး..။

လင်းဖန် ပြန်လာတဲ့ အချိန်ဆိုရင် အခန်းဖော် တွေရဲ့ ဝီချပ် ဂရု ကို ဖွင့်တတ်ပါတယ်..။

ဒီ ဂရုထဲမှာ..စကားပြောခဲ့တာက အတော်တောင် ကြာနေခဲ့ပါပြီ..။ဒီဂရု ထဲမှာ နောက်ဆုံး..ပြောခဲ့တဲ့ မက်ဆေ့ က လွန်ခဲ့တဲ့ တစ်လ ကပါ..။

လေထု ကို ပြန်လည် အသက်ရှင် ဖို့အတွက်..လင်းဖန် ပြုံးနေတဲ့ ပုံလေးကို ဂရုထဲ ပို့လိုက်တယ်..။

ဒါပေါ့..အဆုံးမှာတော့ သူ အကုန်လုံးရဲ့ လျစ်လျူရူ ခံလိုက်ရပါတယ်..။

လင်းဖန် မတတ်နိုင်စွာ ပဲ စိတ်ပျက်သွားခဲ့တယ်..။

ဒီကောင်တွေက အလောင်းကောင်တွေပါ....

သို့ပေမယ့် လင်းဖန် မသိတာက.. ဝီချပ် ဂရုထဲမှာ ရှိနေတဲ့..တစ်ယောက် ချင်းစီတိုင်းက..ဒီ ပြုံးနေတဲ့ မျက်နှာကို မြင်တဲ့အချိနိမှာ လေးနက်သွားခဲ့ကြတယ် ဆိုတာ ပါပဲ.။အဲတာ ပြီးတဲ့ နောက်မှာ သူတို့ မက်ဆေ့ ကို မမြင်ချင်ယောင် ဆောင်လိုက်ကြတယ်..။

အဲ့အချိန်မှာပဲ..မဖိတ်ခေါ်ထားတဲ့ ဧည့်သည် တစ်ယောက်ဟာ..ဆိုင်ထဲကို ဝင်လာခဲ့တယ်..။

"ဘယ်သူက မာစတာ လင်း ဆိုတာ သိပါရစေ.."

အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ .သက်လတ်ပိူင်း အရွယ် လူကြီး တစ်ယောက်ဟာ..တည်ငြိမ်တဲ့ အမူအရာနဲ့ မေလိုက်တာပါ..။

လင်းဖန် သေချာ လေ့လာ နေခဲ့တယ်..။ယင်းနောက် လူလိမ် ထျန်ဟာ လက်ညိုးထိုးပြပြီး ပြောလိုက်ပါတယ်..။

"ဒါက မာစတာ လင်းပဲ.."

သက်လတ်ပိုင်း လူကြီး ဟာ လင်းဖန်ကို ကြည့်ပြီး ခေါင်းညိမ့်လို်က် တယ်..။

"ကျွန်တော်က ရှန်ဟိုင်း အားကစား အဖွဲ့အစည်းက ဆောင်ဘင်ဝမ် ပါ..။ကျွန်တော်တို့ အဖွဲ့အစည်းက ခင်ဗျား..ကမ္ဘာ့ချန်ပီယံ ရှစ်မှာ ပြသခဲ့တဲ့ စွမ်းဆောငိ ရည်ကို သတိထားမိလို့..စကားလေး နည်းနည်း ပြောချင်လို့ပါ.."

ဆောင်ဘင်ဝမ်ဟာ..ရှန်ဟိုင်း..အားကစား အဖွဲ့အစည်း မှာ..အချိန်အကြာကြီး ရှိနေခဲ့တာပါ..။သူ များပြားလှတဲ့ ပါရမီ ရှင် အားကစား သမားတွေကို မြင်ဖူးပေမယ့် လင်းဖန် လို..လူမျိုးကိုတော့.. ပထမဆုံးပါပဲ..။သူက ကင်မရာ ထမ်းထားတာတောင် ပြေးသွားတာ အတော် မြန်လွန်းပါတယ်..။

အွန်လိုင်းပေါ်မှာ ဆိုရင် ဒီလူကို အားကစား အဖွဲ့အစည်း ထဲမှာ ခေါ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေမှ အများကြီးပါ..။ဒါပေါ့..အားကစား အဖွဲ့အစည်းက သူ့ကို ခေါ်မှာလား..မခေါ်ဖူးလား ဆိုတာက..အများအမြင်အရ ဆုံးဖြတ်မှာ မဟုတ်ပါဘူး...

လင်းဖန်ဟာ ဆောင်ဘင်ဝမ် ကို အံ့ဩသင့်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။ယင်းနောက် သူပြုံးပြီး ပြောလိုက်ပါတယ်..။

"ကျေးဇူးပြုပြီး ထိုင်ပါဦး.."

"အင်ဟင်"

ဆောင်ဘင်ဝမ် ခေါင်းညိမ့်ပြီး ထိုင်လိုက်တယ်...။ဝူယူလန်ဟာ..တော့..လဖက်ရည်..သွားပြင်ဆင်လိုက်ပါတယ်..။ဒီလူကို ထိုင်ခိုင်းတယ် ဆိုမှတော့..လင်းဖန်က ဒီလူနဲ့ စကားပြောချင်တယ် ဆိုတာ ထင်ရှား ပါတယ်..ဒါကြောင့် ဒီလူက ဧည့်သည် စာရင်းဝင် သွားပါပြီ..။

"ခေါင်းဆောင် ဆောင်က ကျွန်တော်ကို ဘာလို့ လာရှာတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။အစကတော့ သူ့မစ်ရှင် မပြည့်သေးတာကြောင့် ဂုဏ်သတင်း မြင့်အောင်..တစ်ပွဲ နှစ်ပွဲ ဝင်ကစား ဖို့ တွေးနေခဲ့တာပါ..။သို့ပေမယ့် အခု မစ်ရှင် ပြည့်မြောက်သွားပြီ ဆိုတော့ သူ စိတ်မဝင်စားတော့ ပေ..။ပြိုင်ပွဲ တွေ ဝင်ပြိုင်တာက အချိန် ဖြုန်းနေတာ ပါပဲ..။

ဆောင်ဘင်ဝမ်..ဘေးပတ်လည်ကို ကြည့်လိုက်ပြီး..

"ငါတို့ ဆွေးနွေးပြီးတဲ့ အချိန်မှာ..မင်းမှာ ပြေးခုန်ပစ် အားကစား အတွက် ပါရမီ ရှိတယ် လို့ သတ်မှတ်လိုက်ကြတယ်.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဒီတော့ ခင်ဗျားက ကျွန်တော်ကို နိုင်ငံ ကိုယ်စားပြု ကစားသမား ဖြစ်စေချင်တာပေါ့.."

သို့ပေမယ့် မစ်ရှင်က ပြည့်မြောက်ပြီး ဖြစ်ပေမယ့် နိုင်ငံ အတွက် တစ်ပွဲ နှစ်ပွဲလောက် ပြိုင်ပေးပြီး..အောင်မြင်မူကြီးတွေ ဆွတ်ခူးတာကလည်း ဆိုးရွားတဲ့ အရာကြီး မဟုတ်ပါဘူး..။

ဒါကြောင်...လင်းဖန် အတွက် ငြင်းပယ်ဖို့ အနည်းငယ် ခက်ခဲနေတယ် လို့ ပြောလို့ရပါတယ်..။

ဆောင်ဘင်ဝမ်ဟာ ဒါကို ကြားပြီး ရယ်မောလိုက်တယ်..။

"မင်း ငါ့ကို နောက်နေတာပဲ ဖြစ်မယ်..။ကမ္ဘာ့ချန်ပီယံ ရှစ်မှာ မင်းရဲ့ စွမ်းဆောင် ရည်တွေက..အာရုံစိုက်စရာ ဖြစ်ပေမယ့် လည်း...နိုင်ငံ လက်ရွေးစင်တော့ ရုတ်တရက်ကြီး ဖြစ်မလာနိုင်ဘူးလေ..။မင်းတစ်ဆင့်ချင်းစီ သွားဖို့ လိုအပ်သေးတယ်..။ငါ ဒီမှာ ရောက်နေတာက ငါတို့ အဖွဲ့အစည်းက မင်းကို အများကြီး မျှော်လင့်ထားပြီး သေချာ ပျိုးထောင် ပေးချင်တယ် ဆိုတာ ပြသဖို့ပဲ..။ဒါပေမဲ့ မင်း အားကစား အဖွဲ့အစည်းကို ပူးပေါင်းပြီး ပြိုင်ပွဲ အသေးလေး တွေကိုယဥ်ပြိုင်ရမယ်..။အဆံူးမှာတော့ မင်းရဲ့ ရလာဒ္ကို ကြည့်ပြီး နိုင်ငံကို ကိုယ်စားပြုသင့်လား မပြုသင့်ဖူးလား ဆိုတာ ဆုံးဖြတ်မယ်လေ.."

လင်းဖန် အံ့ဩစွာ ပြောလိုက်တယ်..။

"ကျုပ်က ပြေးတာ ဒီလောက်တော်တာတောင် အောက်ခြေကနေ စရမှာလား.."

ဝမ်ဘင်ယန်ဟာ သူ့စိတ်ထဲကနေ ရယ်မောလိုက်ပြီး ပြောလိုက်တယ်..။

"ဒါပေါ့..မင်းဘယ်လောက်ပဲ မြန်မြန် ဒါက မင်းအပိုင်းလေ..။အရာရာတိုင်းက စည်းမျဥ်း အတိုင်းပဲ လူပ်ရမှာ..။ငါတို့ တိုင်းပြည်မှာ အမြန်ပြေးနိုင်တဲ့ လူတွေ ဆိုတာ မရှားပါးဘူး..။အထူးသဖြင့်..ဟူဖေးယန်က အမြန်ဆုံးမဟုတ်ပေမယ့် လည်း နိုင်ငံ လက်ရွေးစင် ဖြစ်နေခဲ့တယ်လေ..။ဘာလို့လဲ ဆိုတော့ သူက အောက်ခြေကနေ တစ်ဆင့်ချင်း ပြိုင်ပြီး ကောင်းမွန်တဲ့ ရလာဒ် တွေ ထွက်လာလို့ပဲ.။ဒါကြောင့် ငါပြောချင်တာက မင်း နိုင်ငံ လက်ရွေးစင်ဖြစ်ချင်ရင် အောက်ခြေကနေ စတင်ဖို့ လိုအပ်တယ်..။ငါ မင်းကို ..နည်းပြတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်..မင်းအခုကစပြီး သူနဲ့ အတူလေ့ကျင့်ပေါ့.."

"ခနနေပါဦး.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ခေါင်းဆောင် ဝမ် ခင်ဗျား ဒီလို ဆက်လုပ်နေမယ် ဆိုရင်တော့..အလကာပဲ..။ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မှာ မဟုတ်ဘူး..။ပြီးတော့ ဘာပြိုင်ပွဲမှ လည်း ဝင်ပြိုင်မှာ မဟုတ်ဘူး.."

ဒါတွေ ပြီးတာတောင် ဒီလူတွေက ပြိုင်ပွဲသေးသေးလေးတွေ ပြိုင်ခိုင်းပြီး သူ့ အချိန်တွေကို ဖြုန်းချင်နေပါသေးတယ်..။

ဆောင်ဘင်ဝမ် ကြောင်အသွားခဲ့တယ်..။သူ ငြင်းခံ ရလိမ့်မယ် လို့ ဘယ်တော့မှ မထင်ထားခဲ့ပါဘူး..။

သူ လူအများကြီးကို မြင်ဖူးပြီး တစ်ချို့တွေ ဆိုရင် ၁၈..၁၉ အရွယ် လူငယ်လေးတွေပါ..။သူတို့က ရလာဒ်တွေ ကောင်းကြပြီး ပါရမီလည်း ရှိကြပါတယ်..။သူတို့က နိုင်ငံလက်ရွေးစင် အရမ်းဖြစ်ချင်ကြပေမယ့် ဒါက လွယ်လွယ် ဖြစ်နိုင်တဲ့ အရာမဟုတ်ပါဘူး..။သူတို့..အောက်ခြေကနေ စတင်ဖို့ လိုအပ်ပါတယ်..။

သူတို့ နိုင်ငံလက်ရွေးစင် ဖြစ်လာဖို့ အောက်ခြေကနေ တစ်ဆင့်ချင်းပြိုင်ပြီး ချန်ပီယံ တွေဖြစ်ကာ..အဆင့်ဆင့် နိုင်ငံတကာ အဆင့်ကို ရောက်လာမှ..ဂုဏ်ယူစရာ အောင်မြင်မူပါ..။

ဒါကြောင့် လင်းဖန် ဘယ်လောက်ပဲ အံ့ဩဖို့ ကောင်းကောင်း သူ အောက်ခြေကနေ စတင်ဖို့ လိုအပ်ပါတယ်..။

ဆောင်ဘင်ဝမ် လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"မင်းက ငယ်ရွယ်တော့တာ မဟုတ်ဘူး..။မင်းရဲ့ ပါရမီ နဲ့ ဆိုရင် ငါတို့ နိုင်ငံကို..အောင်မြင်မူတွေ ဆောင်ယူပေးနို်င်လိမ့်မယ်..။ဒီလို အခွင့်အရေး မျိုးဆိုတာက တစ်ခြား လူတွေ ခေါင်းပြုတ်အောင် ကြိုးစားရင်တောင် ရနိုင်မယ့် အခွင့်အရေး..မညုတ်ဘူးနော်.."

လင်းဖန် လက်ဝေ့ယမ့် လိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ဒါက လုံလောက်ပြီ..။တကာ်လို့ ခင်ဗျားသာ ကျုပ်ကို အခုချိန် နိုင်ငံလက်ရွေးစင် လုပ်ခိုင်းပြီး ချန်ပီယံ ရှစ်ကို ပြိုင်ခိုင်းရင် နိုင်ငံကို ဂုဏ်ယူစရာ ဖြစ်အောင်လုပ်ပြီး..အေးဆေး အနားယူလို့ရသေးတယ်...။ဒါပေမဲ့ အခုတော့..ခင်ဗျားက ကျုပ်ကို အောက်ခြေကနေ စခိုင်းနေတာပဲ..။ဒါက အချိန်ဖြူန်းနေတယ် လို့ မထင်မိဘူးလား.."

"ဟီးဟီး.."

ဆောင်ဘင်ဝမ်..မထိန်းနို်င်ပဲ ရယ်ျမာလိုက်ပါတယ်..။ယင်းနောက် သူ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ကောင်လေး ဘဝမှာ အများကြီး မတွေးသင့်ဘူး..။မင်းရဲ့ တွေးခေါ်ပုံက ..ငါ့ကို ရယ်မော စေတယ်.။ကမ္ဘာ့ချန်ပီယံ ရှစ်မှာ ဘာတွေဖြစ်လဲ ဆိုတာ ငါတို့ အကုန်မြင်ကြပေမယ့်..။ဒါက..အရာရာတိုင်း မဟုတ်ဘူးလေ ...။နိုင်ငံ လက်ရွေးစင် ဖြစ်ဖို့ ဆိုတာ အရည်အချင်းပဲ လိူအပ်တာ မဟုတ်ဘူး..အမိန့်ကို နာခံ တတ်ဖို့လဲ လိုအပ်တယ်.."

ဝူယူလန်ဟာ လဖက်ရည် ယူလာခဲ့ပြီး..

"ကျေးဇူးပြုပြီး လဖက်ရည်..သောက်ပါဦး.."

ဆောင်ဘင်ဝမ်ဟာ.လဖက်ရည်ခွက်ကို ကိုင်တော့မယ့် အချိန်မှာပဲ လင်းဖန်ဟာ အလျင်အမြန် လုယူလိုက်ပြီး တစ်ငုံ သောက်ကာ ပြောလိုက်ပါတယ်..။

"ကောင်းပြီ ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး..။ကျုပ် ထပ်ပြီး စိတ်မဝင်စားတော့ဘူး..။ခင်ဗျား ပြန်လို့ ရပြီ.."

သူတစ်စုံ တစ်ယောက်ကို မောင်းထုတ်တဲ့ အချိန်မှာ လေသံက ပျော့ညံ့မနေခဲ့ ပါဘူး..။

ဆောင်ဘင်ဝမ်ရဲ့ အမူအရာဟာ ရုပ်ဆိုးသွားခဲ့တယ်..။ဒီကောင်လေးက ကိုယ့်အတွက် ဘယ်ဟာက ကောင်းလဲ မသိတဲ့ ပုံပါပဲ..။ယင်းနောက် သူ မတ်တတ်ရပ်ပြီး ထွက်ခွာသွားခဲ့တယ်..။

ထွက်သွားပြီးနောက်..

လင်းဖန် တစ်ချက်ကြည့်ပြီးဘပြောလိုက်ပါတယ်..။

"ဒါက ဘယ်လို ကစားပွဲ မျိုးလဲ..။အမိန့်နာခံ ရမှာလား..။ဒါက သူများပြောတာ နားထောင်ရမယ် လို့ ဆိုလိုတာ မလား..။ပြိုင်ပွဲဝင်တွေက. အောင်မြင်မူတွေကို ရယူဖို့ပဲ လိုအပ်တာလေ..။ဘာတွေ များနားထောင်ဖို့ လိုအပ်လို့လဲ..။အခြေတွေ ပိုပို ဆိုးလာတာ မထူးဆနး်တော့ဘူး.."

လူလိမ်ထျန် အကူညီ မဲ့သွားခဲ့တယ်..။

"ကြည့်..မင်း နောက်တစ်ယောက်ကို..အပြစ်ပြုမိပြန်ပြီ.."

လင်းဖန် နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။

"ကျုပ်က ပန်ကိတ်ရောင်းနေတဲ့လူ..သူက အားကစား အဖွဲ့အစည်းက..ဒါက မတူညီတဲ့ အရာနှစ်ခုပဲ..။သူ ကျုပ်ကို ဘာများ လုပ်နိုင်မှာ မို့လို့လဲ.."

လူလိမ် ထျန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ.."

All Chapters