← Chapters

ကြော်ငြာတစ်ခုအတွက် တွန်းအား ပေးခြင်း..

Vol. 22 Ch. 324

ကြော်ငြာတစ်ခုအတွက် တွန်းအား ပေးခြင်း..

Vol. 22 Ch. 324

ဘာသာပြန် = စနိုးဝှိုက်

ရှန်ဟိုင်း ဖျော်ဖြေရေး TV.

အလုပ်သမား အုပ်စုဟာ..ပတ်ဝန်းကျင် အခြေအနေကို စုံစမ်း စစ်ဆေးဖို့အတွက်..တိမ်ဖြူလမ်း ကိုရောက်လာခဲ့ကြတယ်..။

"ဒီနေရာက သိပ်တော့ မဆိုးဘူး..။အသစ်ဖွင့်ထားတဲ့ စီးပွားရေး လမ်းလေ..။ပတ်ဝန်းကျင် အနေအထား ကလည်း ကောင်းတယ်..။ဒီအပတ်အတွက် ရှိုးပွဲ နေရာကို..ကျွန်တော်တို့ ဒီနေရာမှာပဲ..ရွေးချယ်လိုက်ကြမလား.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ..။

ပရိုဂရမ် ရဲ့ တာဝန်ရှိသူ..ဟုရှင်း..သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက တကယ်မဆိုးဘူးပဲ..။ဒီနေရာမှာ ရှိတဲ့..တာဝန်ရှိသူက..အခုထိ ဒီမှာ မရောက် သေးဘူးလား.."

"ခေါင်းဆောင် ဟု..။ကျွန်တော် တို့ ခုနကပဲ တာဝန်ရှိသူကို ခေါ်ထားပြီး ပါပြီ..မကြာခင် သူ ရောက်တော့မှာပါ.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ..။

ဟုရှင်းခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အင်း.."ဆယ်လီ မိသားစု" အစီစဥ္က ကြည့်ရူသူ နှုန်းမြင့်ပြီး..ဒီနေရာကလည်း နေရာအသစ်ဆိုတော့..ရလာဒ် တွေကကောင်းးမွန်​ေလာက်တယ်...။တကယ်လို့..တာဝန်ရှိတံ လူ ဒီကို ရောက်လာရင်..ငါတို့ ဒီဆိုင်တွေကို ခနငှားဖို့ ညှိနှိုင်း ရမယ်.."

"ဆယ်လီ မိသားစုအစီအစဥ်မှာ..ဆယ်လီ တွေ အများကြီး ပါဝင်ပြီး မစ်ရှင်တွေ လုပ်ခိုင်းကာ ပိုက်ဆံ တွေပေးတာပါ..။ဒီလိုမျိုး ရှိုးပွဲက..သစ်လွင်ပြီး လူကြည့်များတဲ့ ဟာသရှိုး တစ်ခုပါပဲ..။ဒါက ကြည့်ရူှုမူများတဲ့ ရှိုးပွဲတစ်ခုပါ..။ဒီတစခေါက် အပိုင်းကိုတော့ သူတု့ိ ဒီမှာရိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်.."

"ခေါင်းဆောင်ဟု..ကျွန်တော် တို့ဆက်သွယ်ထားတဲ့ တာဝန်ရှိသူ ရောက်နေပါပြီ.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ။

ဟုရှင်းဟာ လှည့်ကြည့်လိုက်ကာ..အပြုံးလေးနဲ့ လျောက်သွားလိုက်ပြီး..

"အကြီးအကဲ ဟောင်.."

ဟောင်ဘင်ဟာ ဘယ်သူ လာတာလည်း ဆိုတာ သိတဲ့ အချိန်မှာ..ပြုံး​​ပြီး ပြောလိုက်တယ်..။

"ခင်ဗျားက..ခေါင်းဆောင် ဟု ပဲ ဖြစ်ရမယ်.."

"အမှန်ပဲ.."

ဟုရှင်းခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တာပါ..။

ဟောင်ဘင်ဟာ အစတုန်းက ရသစုံ ရှိုးတွေမှာ..မပတ်သက်ဖူးပါဘူး.။ဒါကြောင့် သူဖုန်းခေါ်တာကို ရတဲ့ အချိန်မှာ..ရယ်မောလိုက်တယ်..။သူ့ရဲ့ နေရာကို..ရသစုံရှိုး လာရိုက်တာကလည်း ဆိူးရွားတဲ့ အရာတော့ မဟုတ်ပေ..။

အထူးသဖြင့် " ဆယ်လီ မိသားစု" ရသစုံရှိုး လို့ကြားတဲ့ အချိန်မှာ..သူ တိမ်ဖြူလမ်းကို ကိုယ်တိုင် ဆွေးနွေးဖို့ လာရောက်ခဲ့တာပါ..။

ဟောင်ဘင်ပြောလိုက်တယ်..။

"ခေါင်ဆောင်ဟု က ဘာလို့ ကျွန်တော် နဲ့ တွေ့ချင်တာလဲ.."

ခေါင်းဆောင် ဟု ပြုံးလိုက်ပြီး..

"အကြီးအကဲ ဟောင်..။ကျွန်တော်တို့ ရှိုးရဲ့ အပိုင်းတစ်ခု ကို ဒီနေရာမှာ ရိုက်ဖို့ ကျွန်တော် တို့ စီစဥ်နေတာ..။ကျွန်တော် တို့က..ဒီနေရာကို လိုချင်ပြီး..ခင်ဗျားကလည်း ဒီနေရာက တာဝန်ရှိသူ ဆိုတော့..ကျွန်တော် တို့ကိုများ တစ်ရက်လောက် ငှားပေးနိုင်မလား ဆိုတာ ဆွေးနွေူ ချင်လို့ပါ.."

ဟောင်ဘင် ပြော့လိုက်တယ်..။

"ဒါက ပြသနာမရှိပါဘူး.။ကျူပ်တို့ ဆီက ဆိုင်ပိုင်ရှင်တွေ အကုန်လုံးက ရင်းရင်းနှီးနှီး ရှိကြတယ်..။တကယ်လို့ ခင်ဗျားတို့ တောင်းဆိုစရာရှိရင် သူတို့ နဲ့ ဆွေးနွေးလို့ ရတယ်လေ..။သူတို့ ကျိန်းသေ..လက်ခံမှာပါ..။ဘာပဲဖြစ်ဖြစ် ဆယ်လီ တွေ ဒီကို လာတာကလည်း သူတို့အတွက် ကောင်းတဲ့ အရာပဲလေ.."

ခေါင်းဆောင်ဟု လက်ဝေ့ယမ်းလိုက်တယ်..။

"အကြီးအကဲ ဟောင် ကျွန်တော်က အဲလိုပြောချင်တာ မဟုတ်ဘူး..။ကျွန်တော် ပြောချင်တာက..ကျွန်တော်တို့ ရသစုံရှိုး လာရိုက်ကူးဖို့ သူတို့ရဲ့ ဆိုင်တွေကို တစ်ရက်လောက် ငှားချင်တယ်လိူ့ ပြောတာ..။ဆိုင်ပိုင်ရှင်တွေ နေရာကို ကျုပ်တို့ လူတွေပဲ ထည့်မှာလေ..။ဘာပဲဖြစ်ဖြစ် ဒါက ရှိုးတစ်ခုဆိုတော့..ကျွမ်းကျင်တဲ့ သရုပ်ဆောင် မပါရင်..မလုံလောက်မှာကို စိုးရိမ် မိလို့ပါ.."

"အိုး..အဲလို လုပ်ချင်တာလား.."

ဟောင်ဘင် အနည်းငယ် မရေရာ ဖြစ်သွားခဲ့တယ်..။ယင်းနောက်..သူ ခေါင်းဆောင် ဟုကို ကြည့်ပြီး ပြောလိုက်ပါတယ်..။

"ဒီနေရာ ဖြစ်မှ ရမှာလား.."

ခေါင်းဆောင်ဟု ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ကျွန်တော် တို့ ဆုံးဖြတ်ပြီး သွားပြီ..။ကျုပ်တို့ ဒီမှာပဲ ရိုက်ကူးမှာ..။ကျုပ်တို့ ရှန်ဟိုင်းက စီးပွားရေး လမ်းတွေကို လိုက်ကြည့်ပြီးသွားပြီ ဘ

်ယ်နေရာမှ ဒီလောက်မသင့်တော်ဘူး.."

ဟောင်ဘင်ဟာ အချိန်ခနလောက် တွေးပြီးမှ ပြောလိုက်တယ်..။

"ကောင်းပြီ..ကျုပ်ခင်ဗျားကို လူတစ်ယောက်ဆီ ညွှန်ပေးမယ်..။သူ သဘောတူမယ် ဆိုရင်တော့ ဘာပြသနာမှ ရှိမှာမဟုတ်ဘူး.."

ခေါင်းဆောင်ဟု အနည်းငယ် အံ့ဩသင့်သွားတယ်..။

"သူ့စကားတွေက ခင်ဗျားထက် ပိုထိရောက်တာလား.."

ဟောင်ဘင် ရယ်မောလိုက်တယ်..။

"ဒါပေါ့..သူ့ကို လျော့မတွက်နဲ့နော်..။သူ့ရဲ့ စကားလုံးတွေက ကျွန်တော်ထက် ပိုပြီး..အဓိပ္ပါယ်ရှိတယ်..။သူ သဘောတူသ၍ ကျန်တဲ့ ဆိုင်တွေ အငုန်လုံး သဘောတူလိမ့်မယ် ဆိုတာ ကျုပ် အာမခံတယ်..။သူတို့က ခင်ဗျားနဲ့ နာနာခံခံ ပူးပေါင်းကြလိမ့်မယ်.."

ခေါင်ဆောင် ဟု အံ့ဩသွားခဲ့တယ်..။

"သူက အရမ်းတော်လို့လား.."

"ဒါပေါ့..သူက တော်တာပေါ့။ခင်ဗျားတို့ကို ကျုပ်သူ့ဆီ ခေါ်သွားပေးမယ်..။တကယ်လို့ ဆွေးနွေးလို့ အဆင်မပြေဘူး ဆိုရင် တောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောပြီး..ပြသနာ မရှာကြနဲ့နော်.."

ဟောင်ဘင် သတိပေးလိုက်တာ ပါ..။

ခေါင်းဆောင်ဟု ရယ်မောပြီး ပြောလိုက်တယ်..။

"အကြီးအကဲ ဟောင်က တကယ် လူကောင်းတစ်ယောက်ပဲ..။စိတ်မပူပါနဲ့ ကျွန်တော် တို့ အကုန်လံူးက ပရိုအဆင့်တွေပါ.။ဆွေးနွေးလို့ အဆင်မပြေဘူး ဆိုရင်တောင်..ကျွန်တော်တို့ ရန်မဖြစ်ပါဘူး.."

ဟောင်ဘင် ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။သူက မာစတာ လင်းကို ကြောက်လို့ မဟုတ်ပဲ နောက်ဆက်တွဲ ဖြစ်လာမယ့် အရာတွေကို ကြောက်လို့ပါ..။ဒီမှာ ရှိနေတဲ့ ဆိုင်တိုင်းက မာစတာ လင်းကို ယဥ်ကျေးကြပြီး စည်းလုံးကြပါတယ်...။တစ်ကယ်လို့ တစ်ခုခုဖြစ်ရင်..ဆိုင်ပိုင်ရှင် တစ်ယောက်ချင်စီ တိုင်းနဲ့ ကတောက်ကဆ ဖြစ်ရမှာဖြစ်ပြီး ဒါက သူတို့ကို အောက်ထိ ဆွဲချဖို့ လုံလောက်ပါတယ်..။

ခေါင်းဆောင် ဆောင် ကို ပြန်ပို့ပြီး နောက်မှာ ..လင်းဖန် ဇိမ်ကျကျ လှဲနေခဲ့တယ်..။ဒီနေ့တွေက ဖြတ်သန်းဖို့ ခက်ခဲလှပါတယ်..။တစ်ကယ်လို့ တစ်စုံတစ်ယောက်က ဘဝမှာ ဘာမှ မလိုအပ်တော့ဘူး ဆိုရင်..နေထိုင်ရတာ..စိတ်ဓာတ်တက်ကြံ မူမရှိတော့ ပါဘူး..။

အများကြီးတွေးပြီးတဲ့ နောက်မှာ ဂိမ်းကစား တာက ပိုပြီး ပျော်စရာ ကောင်းတယ် လို့ လင်းဖန် ဆုံးဖြတ်လိုက်တယ်..။ဒါက သူ ပျော်ပျော်ရွင်ရွင် နဲ့ အချိန်ဖြုန်းဖို့ အကောင်းဆုံး နည်းလမ်းပါ..။

လင်းဖန် ရဲ့ ဦးဆောင်မူနဲ့ လူလေးယောက် တစ်သင်းဖွဲ့လိုက်တယ်..။ဝူတန်ဟီက မဆော့တတ်တော့ မပါဝင်တော့ပါဘူး...။

လူလိမ်ထျန် ပြောလိုက်တယ်..။

"ငါ ဝင်သွားပြီ လိူက်ခဲ့ကြတော့..။ချီးပဲ..မင်းတို့က ဘယ်ရောက် နေတာလဲ..။တောတိုး နေတုန်းပဲလား.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"ကျွန်တော်က ပိုက်ဆံရှာနေတာလေ..။ဘာလို့ အမြန်ကြီး သွားပြီး တိုက်ခိုက်တာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ငြိမ်ငြိမ်နေ..တည်တည်ငြိမ်ငြိမ် ထားကြ..။ငါတို့ နိုင်မှာပါ..။စိတ်အားထက်သန်တာ ကောင်းတယ်...ဒါပေမဲ့ တစ်ဖက်လူကို သတ်ဖို့ ချည်းပဲ ပြောမနေနဲ့.."

ဝူယူလန်..ပြောလိုက်တယ်...။

"တကယ်လို့..နဂါးကို မသတ်ရင်..ကျုပ်တို့ သာနေသေးတယ်..။တကယ်လို့ တစ်ဖက် အသင်းက သတ်သွားရင် ကျုပ်တို့တော့ သွားပြီပဲ.."

သူတို့ အသင်းမှာပါတဲ့ သူစိမ်းတစ်ယောက်ဟာ ​စာရိုက်ပြီး ပြောလာခဲ့တယ်။

"မင်းတို့ စောက်ပိန်းတွေလား..။မင်းတို့ ဂိမ်းကို ဘယ်လို ကစားရမလဲ ဆိုတာရော သိရဲ့လား..။မဟုတ်ရင် လည်း ဖုန်းကိုသာ ပိတ်လိုက်တော့.."

…

ဆိုင်ထဲမှာ..လှုပ်လှုပ်ရှားရှားဖြစ်နေပြီး လူလေးယောက်ဟာတော့..လုံးဝ နစ်မြုပ် နေခဲ့ပါပြီ..။

"မာစတာလင်း.."

ဟောင်ဘင်...ဆိုင်ထဲကို ဝင်လာခံတယ်..။

လင်းဖန် ကြည့်ပြီး ပြုံးပြလိုက်ပါတယ်..။ယင်းနောက် သူ ဖုန်းကို ချပြီး တစ်ခြား လူတွေကို ပြောလိုက်တယ်. .။

"တော်လောက်ပြီ..ဖုန်းတွေကို ပိတ်လိုက်တော့..။ဟိုငနဲကို တစ်ယောက်ထဲ ဆော့ခိုင်းလိုက်.."

ဂိမ်းကို ပျော်ပျော်ဆော့ နေတဲ့ ကောင်လေးဟာ..သူ့ကစားဖော် တွေ လေးယောက်စလုံး ရုတ်တရက် မကစားတော့ တာ တွေ့လိုက်ရပါတယ်..။

"မအိမ်လုံး တွေ..။ငါ မင်းတို့ အကုန်လုံး ကို တိုင်ကြားပြမယ်.."

…

ဟောင်ဘင် ရယ်မောလိုက်တယ်..။

"မာစတာ လင်းဟဘာတွေ လူပ်နေတာ တုန်း.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဒီတိုင်း ဂိမ်း ကစားနေတာ..။ဘာလို့ ဒီကိုရောက်နေတာလဲ အကြီးအကဲ ဟောင်.."

ဟောင်ဘင် သူ့နောက်က လူကို ညွှန်ပြလိုက်ပြီး ပြောလိုက်တယ်..။

"ကျွန်တော် သူတို့ကို မာစတာ လင်းဆီ လိုက်ပို့ပေးတာလေ..!

လင်းဖန် သူ့နောက်က လူတွေကို ကြည့်လိုက်ရာ..သူဘယ်သူကိုမှ မသိဘူး ဆိုတာ သိလိုက်ရတယ်..။သို့ပေမယ့် သူ ပြုံးပြီး ပြောလိုက်ပါတယ်..။

"လာ ထိုင်ကြပါဦး.."

ဝူယူလန်ဟာ လဖက်ရည် ပြင်ဆင်ဖို့ လုပ်လိုက်ပါတယ်..။

ဆိုင်အသစ်မှာက အနားယူတဲ့ အခန်းတစ်ခုပါ ရှိပါတယ်..။

"တွေ့ရတာ ဝမ်းသာ ပါတယ် မာစတာ လင်း..။ကျွန်တော်က ရှန်ဟိုင်း ဖျော်ဖြေရေး TV " ဆ

်လီ မိသားစု " ရဲ့ တာဝန်ရှိသူ..ဟုရှင်း ပါ..။ကျွန်တော် ဒီဆိုင်ကို မြင်မှ .အင်တာနက်မှာ ကျော်ကြားနေတဲ့..မာစတာ လင်း..မှန်း သိလိုက်ရတယ်.."

လင်းဖန် ပြောလိုက်တယ်..။

"ကျွန်တော် ကို မြောက်နေပြန်ပြီ..။ခေါင်းဆောင် ဟု..ဘာလို့ ကျွန်တော်ကို ရှာတာလဲ မေးလို့ရမလား.."

ဟုရှင်း ခေါင်းညိမ့်ပြီး..ရှင်းပြလိုက်တယ်..။

"အခြေအနေက ဒီလိုပါ..။မာစတာ လင်း.."ဆယ်လီ မိသားစု" အစီစဥ္ကို သိတယ် မလား..။အဲ့အစီစဥ် ရဲ့ တတိယ အပိုင်းကို..တိမ်ဖြူလမ်းမှာ ရိုက်ကူးဖို့ စိတ်ကူးထားတာ..။အစကတော့ အကြီးအကဲ ဟောင်နဲ့..ဆွေးနွေး မလို့ပဲ..ဒါပေမဲ့ အကြီးအကဲဟောင်က ခင်ဗျားက ဒီမှာ အဓိက လူဖြစ်ပြီး.. မာစတာလင်း သဘောတူရင် အရာရာအဆင်ပြေ တယ် လိူပြောတာနဲ့ ဒီကို မာစတာ လင်း နဲ့ သဘောတူညီမူ ယူဖို့ လာခဲ့တာပါ.."

"ဟားဟား.."

လင်းဖန် ရယ်မောပြီး ဟောင်ဘင်ကို ကြည့်လိုက်တယ်...

"အကြီးအကဲ ဟောင်က ယဥ်ကျေးနေပြန်ပြီ..။အဲလောက်ကြီးလဲ မဟုတ်ပါဘူး..။ခင်ဗျားတို့..ကျုပ်ကို ဒီကိစ္စကို အရင်ရှင်းပြသင့်တယ် နော်..။ကျွန်တော်ထင်တာတော့ ဒီလောက်ကြီး ပြသနာ မရှိလောက်ပါဘူး.."

ခေါင်းဆောင်ဟု ပြုံးပြီး ပြောလိုက်တယ်.။

"ကောင်းပါပြီ ကောင်းပါပြီ.။ဒါက ဒီလိုပါ..ကျွန်တော်တို့ ဒီနေရာကို..ရိုက်ကူးဖို့..တစ်ရက်လောက် ငှားချင်လို့ပါ..။အရေးကြီးတာက..ဒီက ဆိုင်ပိုင်ရှင်တွေက သရုပ်ဆောင်တွေ မဟုတ်တော့ ကျွန်တော် တို့ရဲ့ လူတွေနဲ့..အစားထိုး ချင်တာပါ..။ဒါပေါ့..ကျွန်တော် တို့ ငှားရမ်းခ အပိုင်းကို သေချာ ပြုလုပ်ပေးမှာပါ.."

လင်းဖန် အချိန်အတော်ကြာ တွေးလိုက်ပြီး ပြန်ပေးလိုက်တယ်..။

"ကျွန်တော် ခင်ဗျားရဲ့ ရှိုးကို တစ်ခါတစ်လေ ကြည့်ဖြစ်ပါတယ်..။ဒါပေမဲ့ အကြံပေးပါရစေ..ခင်ဗျား ဆိုင်ပိုင်ရှင်တွေကို အစားမထိုး သင့်ဘူးနော်..။ခင်ဗျားတို့..ရဲ့ လူတွေက သရုပ်ဆောင်တွေ ဖြစ်ပေမယ့် တကယ့် ဆိုင်ပိုင်ရှင်တွေ လောက်တော့..လက်တွေ့မကျဘူးလေ..။ဒါဆိုရင် ကျုပ်တို့ရဲ့ ဆိုင်ပိုင်ရှင် တွေ အကုန်လုံး ..ရင်းရင်းနှီးနှီးရှိပြီး ပူးပေါင်း ပေးကြလိမ့်မယ်လို့ အာမခံပါတယ်.."

ဘေးနားမှာ ထိုင်နေတဲ့ ဟောင်ဘင်ကတော့ မာစတာ လင်း ဒီလောက်အထိ စကားပြောကောင်းလိမ့် မယ်လို့ မထင်ထားခဲ့ပါဘူး..။

ခေါင်းဆောင်ဟု အချိန်အတော်ကြာ တွေးပြီးမှ ပြောလိုက်တယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း ဒါကို အကြို ..သဘောတူညီ မူအဖြစ် မှတ်ယူလိုက်မယ်လေ.။ဒါက ပြသနာတော့ မရှိလောက် ပါဘူး.။.ငှားရမ်းခ ကိုတော့..ကျုပ်တို့ ဆွေးနွေး လို့ရပါတယ်.."

လင်းဖန် လက်ဝေ့ယမ်းပြီး ရယ်မောလို်က်တယ်...

"ငှားရမ်းခ လား..။ငှားရမ်းခ တွေ မလိုပါဘူး..ဒါက ကျုပ်တို့ အတွက်လည်း ကောင်းတာပဲလေ.။ဒါပေမဲ့ အထူးပြုလုပ်မူ အနေနဲ့ တိမ်ဖြူလမ်းကို ခင်ဗျား ကြော်ငြာ ပေးရလိမ့်မယ်..။ဥပမာ အနေနဲ့ ရှိုးရိုက်နေတုန်း.. တိမ်ဖြူလမ်းက တကယ်ကောင်းတယ် တို့...ဒါမှမဟုတ် တိမ်ဖြူးလမ်းမှာ စျေးဝယ်ရတာ တကယ် အဆင်ပြေတာပဲ တို့..။ဒါက အကြီးအကဲဟု အတွက်တော့ အသေးအဖွဲလေးပါ..ဒါကိုသာ သဘောတူရင်ဘ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူး ပြီးစီး သွားအောင် ကျုပ်တို့ ပူးပေါင်းပေးမယ် လေ.ဘယ်လိုလဲ.."

ဟောင်ဘင် မတတ်နိုင်စွာပဲ စိတ်ထဲကနေ ရယ်မောလိုက်တယ်..။မာစတာ လင်းက ကြောက်ငြာပေးဖို့ အတင်းတွန်းအား ပေးနေတာပါ...

သူသိသလောက်​ေတာ့ အပြင်လူတွေ ဒီရှိုးမှာ ကြော်ငြာ ချင်ရင် ဒေါ်လာ သန်းချီ ပေးရပါတယ်..။

ခေါင်းဆောင်ဟု ဒီစကားကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။ဒါက အရမ်းကြီး လွန်နေတဲ့ တောင်း ဆိုမူ မဟုတ်ပေမယ့် တစ်ခုခုတော့ လွဲနေသလို ပါပဲ..။သို့ပေမယ့် ဘာမူမမှန်တာလဲ ဆိုတာကို သူရှာမတွေ့ နိုင်ခဲ့ပေ.. ။

All Chapters