← Chapters

အလေးမထားသလို မလုပ်နဲ့..

Vol. 22 Ch. 325

အလေးမထားသလို မလုပ်နဲ့..

Vol. 22 Ch. 325

ဘာသာပြန် = စနိုးဝှိုက်

ပရိုဂရမ် အစီစဥ်က လူ​ေတွဟာ ပြန်သွားခဲ့ကြတယ်..။ဒါရိုက်တာဟု..ဟာ တစ်ခုခု လွဲနေတယ် လို့ သိနေပေမယ့်လည်း...ကိစ္စအကြီးကြီး မဟုတ်ဘူး ဆို့ ခံစားနေရပါတယ်..။ဒါကြောင့် သူ ထပ်ပြီး ဂရုမစိုက်တော့ပေ..။

" ဆယ်လီ မိသားစု ..ရသစုံရှိုးမှာ ဆယ်လီ တွေ အများကြီး ပါပေမယ့်..အဲ့ထဲက တစ်ချို့ကို တော့ ကျွန်တော် မ​ကြိုက်ဘူး.."

ကျောက်ကျန်းယန်ဟာ ရုတ်တရက် ထပြောလိုက်တာပါ..။

"ဘာလို့ တုန်း.."

လင်းဖန် ပဟေဠိ ဖြစ်စွာ မေးလိုက်တယ်...။

"မာစတာလင်း နောက်ကျောကနေ ဓားနဲ့ ထိုးတယ် ဆိုတာ ဘာလဲ သိလား.."(ကလပ် နဲ့ စကားလုံးဆင်တူနေတာပါ.. တရုတ်လို တူတာ ထင်တယ်)

လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။

"သိပ်တော့ မသေချာဘူး.။အဲ့ကလပ်က ဘယ်တုန်းက ဖွင့်ထားတာလဲ...ပြီးတော့ ဘယ်နားမှာ ရှိတာလဲ.."

"ခင်ဗျား ကျောက်တုံးအောက်မှာ များ ပုန်းနေခဲ့တာလား..။ဒါက ပုံမှန်အားဖြင့် မိန်းကလေး တစ်ယောက်ကို ရဖို့ ဆိုရငခ တစ်ခြား ဘာကို မှ ဂရုမစိုက်ပဲ နောက်ကျောကနေ ဓားနဲ့ ထိုးတတ်တဲ့ လူမျိုးကို ပြောတာ..။ဒီ ရသစုံ ရှိုးတွေထဲမှာ..အဲလို လာပ်တတ်တဲ့လူ နှစ်ယောက်လောက်ပါနေတယ်..။ဒါက အတော်ကို ဆိုးရွားတာ.."

လင်းဖန် ဒါကို ကြားပြီး စိတ်တိုသွားတယ်..။

"ချီးပဲ..ငါသာ ဒါကို စောစောသိရင် သဘောတူလိုက်မှာ မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ် အခု သဘောတူပြီးပြီ ဆိုတော့..ပြန်ပြောင်း ပြောလို့က မရတော့ဘူး.."

လူလိမ် ထျန်ဟာ ပြုံးလိုက်ပြီး..

"အချိန်ကျ လာတဲ့ အချိန်ကျလာရင်..ငါ နည်းနည်း လှုပ်ရှားရဦးမယ်..။ဒီ အစီစဥ်မှာက ချောမောတဲ့ ဆယ်လီ လေးတွေက အများကြီးပဲ.."

"ခင်ဗျား ဘေးနာမှာ ရပ်နေတာက ပိုကောင်းမယ် ထင်တယ်နော်..လူအိုကြီး..။နတ်ဆိုးဆန်တဲ့ အတွေးတွေကို သိမ်းထားဦး.."

လင်းဖန် ရယ်မောပြီး..စနောက်လိုက်တာပါ..။

အဲ့အချိန်မှာပဲ ဝူယူလန်ဟာ ရုတ်တရက် အံ့ဩစွာ ထအော်လိုက်တယ် ..။

"အစ်ကို လင်း..ဝိုက်ဘိုကို အမြန်ကြည့်လိုက်ဦး..။နိုင်ငံရဲ့ အားကစား အဖွဲ့အစည်းက ရှင်းရဲ့ အတွေးအခေါ်တွေက..ဆိူးရွားနေပြီး.သူတို့ရဲ့ စံနှုန်းတွေနဲ့ မပြည့်စုံဘူး လို့ပြောနေတယ်.."

လင်းဖန် ဒါကို ကြားပြီး စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူ ဖုန်းကို ဖွင့်ပြီး..ဝိုက်ဘို ထဲဝင်ကာ စာပြန်လိုက်ပါတယ်..။

"အကြီးကြီး တွေ ပြောနေတာ ရပ်လို်က်တော့..။မင်းတို့ကို ငြင်းလိုက်တာက ငါလေ..ပုံပြင်တွေ လာဖန်တီး မနေနဲ့.."

လင်းဖန် ဒီစာကို ပို့လိုက်ပြီး ဖုန်းကို ပြန်ပိတ်လိုက်တယ်..။ဒီကိစ္စတွေကို သူ့ရဲ့ ပရိတ်သတ်တွေကို ပဲ ဖြေရှင်းခိုင်း ရတော့မှာပါ..။သူ ဘာမှ ထပ်ပြီး မလုပ်တော့ပါဘူး..သူတို့ တစ်ခုခု ပြောလာရင်တောင်..ထပ်ပြီး အဖတ်မလုပ်ချင်တော့ပေ..။

နောက်တစ်ရက်..။

ညဘက် ၆ နာရီ အချိန်တွင်..။

လင်းဖန် ဆိုင်ကနေ အိမ်ကို ပြန်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

ဟီရှောင်မင်ဟာ လင်းဖန် ​ေရှ့မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။

"အန်ကယ်.."

လင်းဖန် ဟီရှောင်မင် ကိုကြည့်ပြီး အံ့ဲဩသွားခဲ့တယ်..။

"ဘာဖြစ်လာလို့လဲ.."

"အန်ကယ် ကျွန်တော် ဒီည အန်ကယ်ကို ညစာ လိုက်ကျွေး သင့်တယ် လို့ ခံစားနေရတယ်.."

ဟီရှောင်မင်ဟာ တံခါးမှာ ရပ်ပြီး ပြောလိုက်တာပါ..။

အရင် မတော်တဆ ဖြစ်တာ အတော်တောင် ကြာသွားခဲ့ပါပြီ..။ဟီရှောင်မင်ဟာ အခုဆိုရင် သေချာ သင်ယူပြီး..နေ့ရက်တိုင်းကိုဘကောင်းမွန်စွာ ရှေ့ဆက်နေခဲ့ပါတယ်...။အလုပ်မှာ အနည်းငယ် ပင်ပန်း ပေမယ့် လည်း သူ့ အဖေ ဒါမျိူးတွေကို လုပ်နိုင်တာကို တွေးမိကာ..သူလည်း ကြိုးစား လုပ်နေခဲ့ပါတယ်..။အခုတော့ သူ အောင်မြင်တဲ့ အထိ လျောက်လှမ်းဖို့ ဆုံးဖြတ်ပြီးပါပြီ..။

ဟီချန်းဟန် ကတော့ အရာရာတိုင်းဟာ..အဆင်ပြေ ချောမွေ့လာတယ် လို့ခံစားနေရတယ်..။သူ့သားရဲ့ရုတ်တရက် ပြောင်းလဲ လာမူက..ကြီးမားတဲ့ အကျိုးအမြတ်ကြီး တစ်ခု ရလိုက်သလိူပါပဲ..။ဒါတွေ အကုန်လံူးက မာစတာလင်း ရဲ့ ကြိုးစားပေးမူကြောင့်ပါ..။မာစတာ လင်းကြောင့်သာ မဟုတ်ရင် အခုချိန်သူ့သား ဘယ်လိုတွေ ဖြစ်နေမလဲ မတွေးတတ်တော့ ပါဘူး..။

"မင်း ကိုယ့်အတွက်ပဲ ကိုယ်အသုံးပြုသင့်တယ် ကောင်လေး..။မင်း တစ်ခြား အရွယ်ရောက်တဲ့ လူတွေလိုမျိုး မနေသင့်ဘူး.."

ဟီရှောင်မင် လင်းဖန် ဆီ လျောက်သွားလိုက်ပြီး..

"အန်ကယ် ကျွန်တော် လိမ္မာနေပါပြီ..။ဒီတစ်ခါပဲ သဘောတူပေးပါ..။အရင်က ကျွန်တော်က တာဝန်မသိတတ်တဲ့ကောင်လေး ဖြစ်ခဲ့တော့..လေးလေးစားစား မဆက်ဆံ ခဲ့ရဘူး..ဒါပေမဲ့ အခုတော့ ဘဝ အသစ်ကို စတင်နေပါပြီ..။ကျွန်တော်ရဲ့ ..လေးစားမူ တွေကို ပြသချင်လို့ပါ.."

လင်းဖန် ဟီရှောင်မင်ကို မျက်လုံးချင်း ဆုံအောင် သေချာ ကြည့်လိုက်တယ်..။

"အန်ကယ်..ကျွန်တော် လေးလေးနက်နက် ပြောနေတာပါ.."

"ကောင်းပြီလေ..မင်းရဲ့ လေးစားမူကို အလေးထားတဲ့ အနေနဲ့ ဒီတစ်ခါ လက်ခံလိုက်မယ်..။ဘယ်ကို သွားမလဲ.."

ဟီရှောင်မင် ပြုံးလိုက်တယ်..။

"အန်ကယ်..ကားထဲကို ဝင်ပါ..။ကျွန်တော်မှာ သူငယ်ချင်း အသစ်လည်း ရနေပြီ.."

"သူငယ်ချင်းလား."

လင်းဖန် အံ့ဩသွားခဲ့တယ်..။

ဟီရှောင်မင် ကျေနပ်စွာ ပြုံးလိုက်တယ်..။

လင်းဖန် သူများအတွဲ ကြားထဲမှာ သိပ်တော့ မလိုက်ချင်ပါဘူး.သို့ပေမယ့် ဟီရှောင် မင် ရဲ့ ကားထဲကို ဝင်လိုက်တဲ့ အချိန်မှာ သူ့အရင်ရည်းစားဟောင်းထက် အများကြီး ပိုလှတာကို တွေ့လိုက်ရပါတယ်..။သူ ပထမ တစ်ခါ အသဲကွဲပြီး ကတည်းက လူကောင်းတစ်ယောက် အဖြစ်ပဲ နေလာခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် သူက ငယ်ရွယ်သေးတော့ သင်ယူစရာ တွေ အများကြီး ရှိပါသေးတယ်..။

ဟီရှောင်မင်ကတော့ ဘဝအသစ်စပြီး ကတည်းက..အရာရာတိုင်းကို မတူညီတဲ့ အမြင်နဲ့ ကြည့်နိုင်ခဲ့ပါတယ်..။

"မင်း ငါ့ကိုိခေါ်လာတာလား.."

လင်းဖန် ကားအပြင်ကို ထွက်လာပြီး မေးလိုက်တာပါ..။

သူ့ရှေ့မှာ ရှိတာက..ပြင်ပဆိုင်တစ်ခုပါ..။လင်းဖန် အစကတွေးထားတာက ဟီရှောင်မင် သူ့ကို အဆင့်အတန်းမြင့်တဲ့ ဆိူင်တစ်ဆိုင်ကို ခေါ်သွားမယ်လို့ပါ..။သို့ပေမယ် ဒီလို နေရာလို့တော့ မတွေးထားခဲ့ပေ..။

ဟီရှောင်မင် ပြုံးလိုက်တယ်..။

"အန်ကယ် ကျွန်တော်က ဒီနားမှာ အလုပ်လုပ်တော့ ဒီဆိုင်ကို လာနေကြလေ..။ဒီက ဆိုင်ဝန်ထမ်းတွေ နဲ့တောင် ရင်းနှီးနေပြီ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်...။

"ကောင်းပြီလေ..ဒီနေရာက ကောင်းသားပဲ.."

"တကယ်တော့..ကျွန်တော်က အဖေ့ရဲ့့ ပိုက်ဆံကို ထပ်မသုံးတော့ဘူး...။အခုက စပြီး ကိုယ့်ဝင်ငွေ နဲ့ကို ဖြစ်ပြီ.."

"မင်းက အဖေ့ရဲ့ ပိုက်ဆံ မသုံးတော့ဘူးဆိုပြီး ဒီကားကို သုံးနေတာလား...။မင်း ရဲ့ ပိုက်ဆံ တွေ..က ဆီထည့်ဖို့တော့ လောက်ပါတယ်နော်.."

လင်းဖန် ရယ်မောလိုက်တာပါ..။

ဟီရှောင်မင် ခေါင်းခါယမ်းလိုက်တယ်..။

"ဒါကိုတော့ ထည့်မတွက်ဘူးလေ..။ကျွန်တော်တို့ အိမ်မှာက စျေးနည်းတဲ့ကား မရှိဘူး..။ဘာပဲဖြစ်ဖြစ် အဖေက ဒီကားကို သုံးမှ...သွားရေးလာရေး..အဆင်ပြေမယ် လိူ့ပြောတယ်..။ပြီးတော့ ဒီကားက ကျွန်တော်ပိူင်တာမဟုတ်ဘူး..မိသားစု ပိုင်တာတဲ့.."

"အဓိပ္ပါယ်ရှိတယ်.."

လင်းဖန် ရယ်မောလိုက်တယ်..။

ကားပေါ်က ဆင်းပြီးနောက်..။

"ရှောင်မင် ဒီဘက်မှာ.."

လူငယ်တစ်စုဟာ လှမ်းခေါ်လိုက်တာပါ..။

"ရှောင်မင် ဒါက ဘယ်သူလဲ.."

လူငယ်တစ်ယောက်ဟာ မေးလိုက်တယ်..။

ဟီရှောင်မင်..နောက်လိုက်ပါတယ်..။

"ယန်ဇိုင် ဒါက ငါ့ရဲ့ အန်ကယ်ပဲ..သူက ငယ်ပေမယ့်လည်း..မင်းတို့ လေးလေးစားစား ဆက်ဆံတာ ပိုကောင်းလိမ့်မယ် နော်..။သူ့မှာ စွမ်းဆောင်နိင်စွမ်းတွေ ရှိတယ်.."

"ဟား..ဟား..ရှောင်မင်ရဲ့ အန်ကယ် ဆိုမှတော့ ငါတို့ရဲ့ အန်ကယ် ပဲပေါ့.. ။လာ ထိုင်ပါဦး.. ကျွန်တော်တို့အားလုံးက ရှောင်မင်ရဲ့ သူငယ်ချင်းတွေပါ..သူစိမ်းတွေ မဟုတ်ပါဘူး.."

ယန်ဇိုင် ရယ်မောပြီး ပြောလိုက်တာပါ..။ယင်းနောက် သူ မန်နေဂျာကို အော်ပြောလိုက်တယ်...။

"ဘော့စ် အသားကင် အသဲချည်းပဲ အချောင်း ငါးဆယ်လောက်.."

"ချည်းပဲ နည်းနည်း လျော့မှာလို့ မရဘူးလား..။ငါ့မှာ ပိုက်ဆံ လောက်တာ မဟုတ်ဘူး.."

ဟီရှောင်မင်..သူ့ကို ဆူလိုက်တယ်..။

"အချောင်းတစ်ရာ ပေးပါ.."

ယန်ဇိုင် အော်လိုက်တယ်..။

"မင်း.."

ဟီရှောင်ဟန် အကူညီအဲ့စွာ ကြည့်လိုက်ပါတယ်..။

"အန်ကယ် သူတို့ အကုန်လံူးက..သူငယ်ချင်းကောင်းတွေပဲ..ကျွန်တော် အရင်သူငယ်ချင်းတွေ အကုန်လုံးကို အဆက်သွယ်လိုက်ပြီ.."

"အင်ဟင်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

ဒီ လူငယ်တွေဟာ တက်တက်ကြွကြွ ရှိကြပါတယ်..ဒါပေမဲ့..လင်းဖန်ကို စိတ်ရှုပ်စေတာက သူတို့တွေက အန်ကယ် အန်ကယ် လို့ ခေါ်နေကြတာပါ..။မသိရင် သူက သူတို့ထက် အသက် နှစ်ဆ လောက် ကြီးနေသလိုပါပဲ..။

"အန်ကယ် ဒီကောင်က ကျန်းယန် လေ ဒါပေမဲ့ သူ့ကို ယန်ဇိုင် လို့ပဲ ခေါ်တယ်..။ဒီ ခပ်ဝဝ တစ်ယောက်က..ကျို့ရူ..ဒါပေမဲ့ သူ့ကို ဖက်တီး လို့ပဲ ခေါ်တယ်..။ပြီးတော့ ဒီတစ်ယောက်က.."

ဟီရှောင်မင် လူတိုင်းကို တစ်ယောက်ချင်းစီ မိတ်ဆ်ပေးလိုက်တယ်..။

"အန်ကယ် ဘယ်လိုထင်လဲ..ရှောင်မင်နဲ့ ကျွန်တော်တို့က ရင်နှီးတဲ့ သူငယ်ချင်းတွေလေ..။အရင်တုန်းက ဆိုရင် ရှောင်မင်က ကောင်မလေးနဲ့ပဲ လျောက်သွားနေပြီး ကျွန်တော်တို့ကို လှည့်တောင် မကြည့်ဘူး..။ဒါပေမဲ့ အခုတော့..သူက ကျွန်တော်တို့ဆီ ပြန်ရောက်လာတော့ ကျွန်တော်တို့က ကြိုဆိုရတာပေါ့.."

ဟီရှောင်မင် ကျန်းယန် ကျန်ယန်..

"ဘာမှ မပြောရငထ အသတ်ရမှာ စိုးလို့လား..။အန်ကယ် သူပြောတာကို နားမထောင်နဲ့.."

ကျန်းယန် ဒါကို ကြားကာ ရယ်မောပြီး ဖန်ခွက်နဲ့ စနောက်ပြီး လှမ်းပေါက်လိုက်တယ်..။ဟီရှောင်မင်ဟာ ရှောင်လိုက်ပေမယ့် ဖန်ခွက်ဟာ မြေကြီးပေါ်ကျပြီး ကွဲသွားကာ..ကျယ်လောင်တဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်..။

"ယီးပဲ...ဖန်ရိုက်ကို ရိုက်ခွဲရအောင် ဘယ်ကောင်က အဲ့လောက်အထိ သောင်းကျန်းနေတာလဲ.."

သူတို့ရဲ့ ဘေးနားရှိစားပွဲ မှာ ထိုင်နေတဲ့ အဝတ်ဗလာနဲ့ လူတစ်ယောက်ဟာ မတ်တတ်ထရပ်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်..။

ကျနိးယန်ကတော့ အေးခဲနေခဲ့ပါပြီ..။ဒါမျိုး ဖြစ်လာမယ် လို့မထင်ထားခဲ့ပါဘူး..။

ဟီရှောင်မင် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ငါ ဒါကို ဖြေရှင်းလိုက်မယ်.."

သူ မတ်တတ်ရပ်ပြီး လူကြီးဆီ လမ်းလျောက်သွားလိုက်တယ်..။

"အစ်ကို ကျွန်တော် တောင်းပန်ပါတယ်..သူငယ်ချင်းတွေ စနောက်ရင်း သတိမထားမိပဲ ဖြစ်သွားတာ..။ကျေးဇူးပြုပြီး...ဒေါသမထွက်ပါနဲ့..။ကျွန်တော် တစခုခု ကျွေးရင်ရော ဘယ်လိုလဲ.."

"မအေလိုး...မင်းကန်းနေလား.. ။ငါတို့ ဘယ်သူလဲ မင်းမသိဘူးလား.."

ဒီငနဲက အနည်းငယ် မူးနေခဲ့တာပါ..။သူ လက်ကို မြောက်လိုက်ပြီး ..ဟီရှောင်မင်ရဲ့ မျက်နှာကိုထျိန်ထားခဲ့တယ်..။ဟီရှောင်မင်က သူ့ထက် ခန္ဓာကိုယ်သေးတော့..ချက်ချင်းပဲ နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပါတယ်..။

လင်းဖန် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး..

"အဆင်ပြေလား.."

ဟီရှောင်မင်က အသက် ၁၈ ပဲ ရှိသေးကာ ဒါမျိူးတွေကို အတွေ့အကြုံ မရှိသေးပါဘူး..။

ကျန်းယန်နဲ့ ကျန်တဲ့ လူတွေလဲ ကြောင်အပြီး ထရပ်လိုက်တယ်..။သို့ပေမဲ့ သူတို့နေရာကနေ ခြေတစ်လှမ်းမှ မလှုပ်နိုင်ကြပါဘူး..။

လူကြီးဟာ သူတို့ထလာတာကို ကြည့်ပြီး လက်ညိုးထိူးပြီး ပြောလိုက်တယ်..။

"ကောင်းလေးတွေ..မင်းတို့ကို မင်းတို့ ဘာထင်နေတာလဲ..။မင်းတို့ လူများတာနဲ့ပဲ သန်မာပြီး ထင်နေတာလား..။မင်းတို့ ငါ့ရှေ့မှာ ဒူးထောက်ပြီး မတောင်းပန်သ၍ လွတ်ပေးလိမ့်မယ်လို့ စိတ်မကူးနဲ့"

* အသံများ *

လူကြီးရဲ့ ဘော်ဒါတွေဟာ လည်း ချက်ချငိးထရပ်လိုက်ပြီး..ကျန်းယန်နဲ့ ကျန်တဲ့ လူတွေကို စိုက်ကြည့်နေကြပါတယ်..။

လူကြီးရဲ့ သူငယ်ချင်း တစ်ယောက်ဟာ ဆိုရင် ကြွက်သားတွေ အမြောင်းမြောင်းနဲ့ ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ..ခွေးပုံစံ တက်တူးကြီးတစ်ခု ရှိနေခဲ့တာပါ..။သူ့ရဲ့ မျက်လုံး နှစ်လံူး ကြားမှာတော့..နောက်ထပ် မျက်လံူးပုံစံ တက်တူးကြီးတစ်ခု ရှိနေလို့ပါ..။ဒီလို တက်တူးမျိုး ထိုးထားတာကတော့ ဦးနှောက်ကင်းမဲ့ ရာကြပါတယ်..။

"အန်ကယ် ကျွန်တော် တို့ ကိုင်တွယ်နိုင်ပါတယ်..။စိတ်ပူဖို့ မလိုပါဘူး..။ကျွန်တော်တို့ ပြသနာ မရှာပါဘူး.."

လင်းဖန် ဟီရှောင်မင် ရဲ့ စကားကြောင့် အနည်းငယ် အံ့ဩသင့်သွားခဲ့တယ်..။သူ ကောင်လေး သူ့ကို အကူညီတောင်းပြီး ဖြေရှင်းခိုင်းမယ် လို့ပဲ ထင်ထားတာပါ..။ကြည့်ရတာ ..သူက အတော်ရင့်ကျတ်လာတဲ့ ပုံပါပဲ..။

လူကြီးဟာ လှောင်ပြုံးလိုက်တယ်..

"မင်းက ပြသနာ မရှာချင်ဘူး ဟုတ်လား..။ဘယ်လောက် ရှက်စရာ ကောင်းလဲ.."

လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။

"မကြောက်နဲ့ အန်ကယ် ရှိတယ်.."

လင်းဖန် လူကြီးဆီကို တည့်တည့်လျောက်သွားတာကို မြင်ပြီး လူတိုင်း ကြောင်အသွားခဲ့ပါတယ်.. ။

သူ လက်တွေ နဲ့ လူကြီးရဲ့ လည်ပင်းကို ကိုင်ပြီး ချက်ချင်း လေပေါ်မြောက်လိုကိတယ်.. ။ဒီလူကြီးက အနည်းဆုံး ပေါင်နှစ်ရာ လောက် လေးပေမယ့်..လင်းဖန် အတွက်ကတော့ မူ့စရာ မရှိ ပါဘူး..။

"တစ်စုံတစ်ယောက်က ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်သလို မလုပ်ရဘူး..။မင်းတို့ ကောင်တွေက ဦးနှောက်သိပ်မရှိတာ သိပေမယ့်..ဒီလောက်အထိတော့ လွတ်မနေသင့်ဘူးလေ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

All Chapters