သူဌေးလေးရဲ့..အမှန်တရား..
Vol. 22 Ch. 326
ဘာသာပြန် = စနိုးဝှိုက်
ဘေးနားမှာ ထိုင်နေကြတဲ့ ဧည့်သည်တွေဟာလည်း ချက်ချင်း မတ်တတ်ရပ်ကာ ဖယ်ပေးကြပြီး..တီးတိုး ပြောနေခဲ့ကြတယ်..။
"ကြည့်ရတာ တိုက်ခိုက်မူ တစ်ခုတော့ဖြစ်ကြတော့မယ် ထင်တယ်.."
"ဒီကောင်လေး.ရဲ့ ခွနိအားက အတော်ကို ကောင်းမွန်တာပဲ..။သူက ဒီလူကြီးကို လက်တစ်ဖက်ထဲနဲ့တောင် မ ထားနိုင်တယ်.. ။ဒီ လူက အနည်းဆုံး ပေါင် ၂၀၀ လောက်ရှိမှာ.."
"ငါတို့ နောက်နည်းနည်း ဆုတ်သင့်တယ်..။ဒီလူတွေက လူရမ်းကား တွေလိုမျိုးပဲ..သူတိူ့လမ်းမှာ ဝင်ရှုတ်ရင် ကိူယ့်ကိုကို သတ်သေသလို ဖြစ်နေလိမ့်မယ်.."
ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာလည်း အံဩသင့်နေခဲ့့ကြပါတယ်..။ရှောင်မင် မှာ ဒီလို အံဩဖို့ ကောင်းတဲ့ အန်ကယ် တစ်ယောက်ရှိနေလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပါဘူး...။သူက လက်တစ်ဖက်ထဲနဲ့ ဒီလူကြီးကို မသွားခဲ့တာပါ..။
"မအိမ်လုံး.."
လူကြီးဟာ လေထဲမှာ ရုန်းကန်နေခဲ့တယ်..။
လင်းဖန် ဒီလူကြီးကို လွင့်ထွက်သွားအောင်ဘတစ်ချက် စောင့်ကန်လိုက် ပါတယ်..။တက်တူး တွေနဲ့ ကောင်လေးဟာ..ကွဲနေတဲ့..ဖန်ပုလင်းကို ကောက်ကိုင် လိုက်ပြီး အကြောက်အလန့်ကင်းစွာ ပြေးဝင်လာခဲ့တယ်..။
"မအေလိုး.."
သူက ခန္ဓာကိုယ် အရမ်းမကြီး ပေမယ့် လည်း..မြန်ဆန်ပြီး ကြမ်းတမ်း လှပါတယ်.။သူ ဖန်ပုလင်း ကွဲကို ကိုင်ထားတဲ့ အချိန်မှာ သူ့ရဲ့ ပုံစံက လူအများကို ကြောက်ရွံစေတဲ့ လေထု ရှိနေခဲ့တာပါ..။
လင်းဖန် ဖန်ပုလင်းကွဲ သူ့ကို မထိမိခင်မှာ လက်တစ်ဖက် နဲ့ လှမ်းဖမ်းလိုက်တယ်..။
"မင်းကြည့်ရတာလည်း စောက်ရူး တစ်ယောက်လိုပဲ..။ခန္ဓာကိုယ်ကိုမှာ..ခွေးပုံစံ တက်တူး ထိုးထားပြီး..မျက်ခုံး နှစ်ခုကြားမှာလည်း..မျက်လုံးပုံစံ တက်တူး ထိုးထားသေးတယ်...။မင်းဘယ်တော့မှ မိန်းမရမှာ မဟုတ်ဘူး..။မင်းပုံစံက လူတောထဲသွားတိုင်း အရယ်ခံနေရမှာ..မသိဘူးလား.."
တက်တူးတွေနဲ့ ကောင်လေးဟာ အသိစိတ်ပြန်မဝင်ခင် ခနလောက် ကြောင်အသွားခဲ့ပါတယ်..။သူ ဒီ ပုလင်းကို လက်နက် အဖြစ်အသုံး မပြုနိုင်သေး ပေမယ့် သူ့မှာ လက်တွေ ရှိသေးတယ် မဟုတ်ဘူးလား..။သို့ပေမယ့် သူတစ်ခုခု လုပ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ လင်းဖန်ဟာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာ ကြောင့် နောက်ကို ယိုင်ပြီး ဟန်ချက်ပျက်သွားခဲ့ပါတယ်..။
"မင်းက များ ငါ့တက်တူး တွေကို စော်ကား ရဲတယ်လား..။ဒါက ငါ့ရဲ့ အရေးကြီးတဲ့ အရာပဲ..ပြီးတော့ ဒေါ်လာ ရာပေါင်းများစွာ အကုန်ခံထားရတာ..။မင်း ဆက်ပြီး စော်ကားနေမယ် ဆိုရင် မင်းနောင်တရသွားအောင် ငါလုပ်ပေးလိုက်မယ်.."
လင်းဖန် အစကတော့ ဒီကောင်လေးကို လွတ်ပေးဖို့ စဥ်းစားထားတာပါ..။သို့ပေမယ့် သူခြိမ်းခြောက်ခံရတာကို ကြားပြီး..တည့်တည့်စိုက်ကြည့်လိုက်တယ်..
"ငါ နောင်တ ရအောင် လုပ်မှာလား...။မင်းက ဘာလုပ်ချင်လို့လဲ.."
"ငါ..ငါ.."
လူငယ်လေးဟာ..ဒီလူ ဒီလောက်အထိ သတ္တိရှိလိမ့် မယ်လိူ့ မထင်ထားခဲ့ပါဘူး...။သူ ဘာပြန်ပြောရမှန်း မသိဖြစ်သွားခဲ့တယ်..။
ကျန်းယန်ကတော့ အံ့ဩသင့်နေ ခဲ့ပါပြီ..
"မင်းရဲ့ အန်ကယ်က အံ့ဩစရာပဲ.."
သူ ရှောင်မင်ဘက် လှည့်ပြီး ပြောလိုက်တာပါ..။
ဟီရှောင်လည်း အတူတူပါပဲ..သူ့ရဲ့ အန်ကယ်လင်း က ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
လင်းဖန် နောက်က ရပ်နေတဲ့ လူတွေကို ပါ ကြည့်ပြီး ပြောလိုက်တယ်...။
"မင်းတို့ ကောင်တွေ..နိမ့်ချပြီး နေတာ ပိုကောင်းလိမ့်မယ်..။ဟေး....မင်း မလှုပ်နဲ့.."
အဲ့အချိန်မှာတော့ လင်းဖန် ရဲ့ အကြည့်ဟာ..လူတွေ ထဲက တစ်ယောက်ကို ရောက်နေပြီး..။သူလင်းဖန် ရဲ့ အကြည့်ကို မြင်တဲ့ အချိန်မှာ အမှားတစ်ခုခု လုပ်ထားသလို စိတ်ပူတဲ့ မျက်နှာ အဖြစ်ပြောင်းသွားခဲ့ပြီး..ကြောက်လန့်သွားခဲ့ပါတယ်။သူ့ရဲ့ ခြေထောက်တွေကို..ဒီနေရာကနေ ထွက်ပြေးဖို့ ပြင်ဆင်လိုက်တယ်..။
"ဟားဟား..မင်းက ပြေးချင်တာလား.."
လင်းဖန် ချက်ချင်း ရှေ့ကို တက်သွားပြီး ဒီငနဲကိုဘကြိမ်းပြင်ပေါ်မှောက်သွား အောင် စောင့်ကန်လိုက်တယ်...။ဘေးနားမှာ ရပ်နေတဲ့ လူတွေဟာတော့ သူတို့ရဲ့ ဘော်ဒါ အရိုက်ခံ ရလိမ့််မယ်လို့..မထင်ထားခဲ့ပါဘူး..။သူတို့ တစ်ခုခု ပြန်လုပ်ချင်ပေမာယ့် လင်းဖန်က သန်မာလွန်းနေခဲ့ ပါတယ်..။
"မင်းတို့ နိမ့်ချပြီး နေတာ အကောင်းဆုံးပဲ..။မင်းတို့ရဲ့ ဘော်ဒါက ဥပဒေကို ချိုးဖောက်ထားတာ..။မင်းတို့ပါ ဝင်ပါရင်တော့ ကြံရာပါ ပဲ.."
ဘေးနားမှာ ရပ်နေတဲ့ လူတွေ အကုန်လုံး ကြောင်အသွားခဲ့ကြတယ်..။သူတို့ ခနတွေဝေသွားခဲ့ပြီး သေချာ ပြန်တွေး နေခဲ့ကြပါတယ်..။ကြမ်းပြင်ပေါ် အကန်ခံလိုက်ရတဲ့ လူဝကြီးဟာ..စတင်ငြင်းခုန်လိုက်တယ်...
"ငါက ဘာ ဥပဒေ ကို ချိုးဖောက်လို့လဲ..။မင်းတို့ကရော ဘာရပ်ကြည့်နေတာလဲ..အဲ့ကောင်ကို ရိုက်.."
လင်းဖန် သူ စကားတွေ အများကြီး ပြောပြီး အချိန်မဖြုန်းသင့်ဘူးလို့ ခံစားမိလိုက်ပါတယ်..။အစက သူနိုင်ငံသားကောင်း တစ်ယောက်လို ဖြေရှင်းချင်ပေမယ့် အခုတော့ အဲလို မရတော့ပါဘူး..။
လင်းဖန် ဘာမှ မပြောတော့ပဲ သူ့ခန္ဓာကိုယ်ကို အသင့်ပြင်ထားလိုက်တယ်...။သူချက်ချင်း ရှေ့ကို တက်သွားပြီး..တစ်ခြား လူတွေ ကိူ ပြန်တုန့်ပြန် ချိန်တောင် မပေးပါဘူး..။
ဘေးနားမှ ရပ်ကြည့်နေကြတဲ့ လူတွေ အကုန်လုံး အံ့ဩသင့်နေခဲ့ ပါပြီ..။ဒါက သိုင်းကားတစ်ကားကို
သူတို့ မျက်စိရှေ့မှာ ကြည့်နေရတဲ့ အတိုင်း ပါပဲ...။
"ချီးပဲ..ဒီကောင်လေးက သန်မာလွန်းတယ်.."
သူက ခနလေး အတွင်း အလဲသိပ်သွားတာ..။ဘယ်လောက် မိုက်လဲ.."
"ငါ ဒီလို တိုက်ခိုက်တာမျိုး အရင်က တစ်ခါမှ မတွေ့ဖူးဘူး.."
ကျန်းယန် ချက်းချင်းရှေ့ကို တက်သွားခဲ့တယ်..။
"အန်ကယ်..ဒီနေရာကနေ ထွက်သွားသင့်တယ်နော်.."
ဟီရှောင်မင်ဟာ နောက်ပိုင်း ကိစ္စတွေကို စိတ်ပူနေခဲ့တာပါ..။ဝာကယ်လို့ ဒီငနဲတွေမှာ အပေါင်းအပါ တွေရှိသေးလို့ ထပ်ရောက်လာရင် ပြသနာ တက်နိင်ပါတယ်..။
"နာနေသေးလား.."
လင်းဖန် ဟီရှောင်မင်ကို မေးလိုက်တာပါ...။
ဟီေရှာင်မင် ခေါင်းခါယမ်း လိုက်တယ်..။
"ဒီလောက် မနာပါဘူး.."
ဟီရှောင်မင်ဟာ လင်းဖန်ကိုလေးစား နေခဲ့ပါပြီ...။သူက တကယ်ကို သန်မာလွန်းလှတာပါ..။ကြမ်းပြင်းပေါ်မှာ နာကျင်ပြီး လဲလျောင်းနေကြတဲ့ လူတွေိကို ကြည့်လိုက်တယ်..။
"ဒါကောင်းတယ်..။ငါတို့ ထွက်သွားဖို့ မလိုဘူး..။မင်းတို့ ခနစောင့်လိုက်ဦး.."
ရဲဌာန တွင်..။
လီရှောင်ရှမ်ဟာ လတ်တလော အမူတစ်ခုကို လိုက်ရင်း အလုပ်ရှုပ်နေခဲ့တာပါ..။သူ့ရှေ့က မှတိချက်တွေ ကို အကူညီမဲ့ပြီး ကြောက်ရွံ့ စွာ ကြည့်နေခဲ့တယ်..။
"ခေါင်းဆောင် ကျွန်တော်တို့ ဒီအမူကို လိုက်နေတုန်းပဲ..။အဲဒီနားမှာ ရှိနေတဲ့ ကင်မရာ တွေ အကုန်လုံးက..ပျက်စီးနေတော့..သက်သေဖြစ်ဖြစ် သဲလွန်စဖြစ်ဖြစ် ရဖို့က အတော်ခဲယဥ္းတယ်.."
"နစ်နာသူကရော ကျူးလွန်သူရဲ့ အချက်အလက်တွေ ပေးနိုင်သေးလား.,"
လီရှောင်ရှမ်း မေးလိုက်တာပါ..။
ရဲသားဟာ ခေါင်းခါယမ်းလိုက်တယ်..။
"နစ်နာသူက လောလောဆယ် စိတ်ပုံမှန် မဟုတ်သေးဘူး.. ။ကျွန်တော်တို့ သူ့ကို ကုသဖို့ စိတ်ပညာ ဆိုင်ရာ ဆရာဝန် တစ်ယောက်ကို ခေါ်ပေးထားတယ်.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။
"ငါတို့ ဒီအမူကို သုံးရက်အတွင်း ဖော်ထုတ်ရမယ်..။ဒါက ငါတို့ရဲ့ အထူး မစ်ရှင်ပဲ."
"ဒါပေမဲ့..အရာရှိ..ကျွန်တော်တို့မှာ ဘာသဲလွန်စမှ မရှိဘူးလေ..။ဒီ အမူကို လိုက်ဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ.."
ရဲသားဟာ ပြောလိုက်ပါတယ်..။
လီရှောင်ရှမ်း တစ်ခုခုပြန်ပြော ဖို့ လုပ်တဲ့ အချိန်မှာပဲ သူ့ဖုနး်ဟာ မြည်လာခဲ့တယ်..။
* ကလင် ကလင် *
လီရှောင်ရှမ်း ရဲသားကို အခန်း အပြင်ထွက်ဖို့ အချက်ပြလိုက်ပြှီးမှ ဖုန်းကိုင်လိုက်ပါတယ်..။
"ဘာများတုန်း သူဌေးလေး.."
"ကျုပ် လမ်းဘေးဆိုင်တစ်ဆိုင်မှာ စားနေတုန်း..လူမိုက်တစ်စုက ပြသနာ လာရှာနေတယ်..။ဒီထဲက တစ်ယောက်က လတ်တလော ပြစ်မူ ကျူးလွန်ထားတဲ့ ပုံပဲ..။ခင်ဗျားတို့ သူ့ကို လာခေါ်ပြှီး မေးခွန်း ထုတ်သင့်တယ် ထင်တယ်နော်.."
လီရှောင်ရှမ်းဟာ လင်းဖန်ကို လေးစား နေခဲ့တာပါ..။လင်းဖန် ရဲဌာနကို မပူးပေါင်းတာက နှမြောစရာ ပါပဲ. .။လင်းဖန် အရင်တုန်းက လောင်ကစား ကိစ္စနဲ့ ညဘက်ကြီး ခေါ်တုန်းကလည်း အဲ့လူတွေ အမှန်တကယ် ပြစ်မူ ကျူးလွန်ထားတာပါ..။
"ကောင်းပြီလေ..ကျုပ်လူတွေကို လွှတ်လို်က်မယ်.."
လီရှောင်ရှမ်း ပြန်ဖြေလိုက်ပါတယ်..။
"မြန်မြန်နော်..ကျွန်တော် စောင့်နေမယ်.."
လင်းဖန် ပြန်ဖြေလိုက်တာပါ..။
ဖုန်းချပြီးနောက်..။
လီရှောင်းရှမ်း ချက်ချင်း မတ်တတ်ရပ်ကာ အခန်း အပြင်ကို ထွက်လိုက်တယ်..။
"မင်း.တို့ ငါ့နောက်က လိုက်ခဲ့ကြ.."
"အရာရှိ လီ ..ဘာဖြစ်လို့လဲ..သဲလွန်စရပြီလား.."
လီရှောင်ရှမ်း ခေါင်းခါယမ်းလိုက်တယ်..
"သူဌေးလေးက ပြစ်မူကျူးလွန် ထားတဲ့ လူကို မိထားတယ် ပြောလို့ စစ်ဆေးဖို့အတွက် သွားမှာ.. "
"သူဌေးလေးက ကျွန်တော်တို့ထက် ပို့ပြီးတော့ ရဲအရည်အချင်းတွေနဲ့ ပြည့်စုံတယ် ထင်တယ်နော်..။ကျွန်တော် တို့တောင် သူလောက် ခနခန မဖမ်းနိုင်ဘူး.."
"စကားများ မနေနဲ့..သွားမယ် .."
လီရှောင်ရှမ်း သူ့လူတွေ ကို အမိန့်ပေးလိုက်တယ်..။သို့ပေမယ် သူ့ခေါင်းထဲမှာလဲ သူဌေးေ့းသာ ရဲအရာရှိဖြစ်လာရင် အတော်ကောင်းမယ် လို့တွေးနေခဲ့တာပါ...။သို့ပေမယ့် ဒါက သူ့အတွေးသာ ဖြစ်ပြီး..သူဌေးလေးက ဘယ်တော့မှ ရဲအရာရှိ လုပ်မှာ မဟုတ်ပေ..။
လမ်းဘေး စားသောက်ဆိုင်တွင်..။
လင်းဖန် ထိုင်းပြီး မြေကြီးပေါ်မှာ ညဥ်ညူနေကြတဲ့လူတွေကို ကြည့်နေခဲ့တယ်..။လင်းဖန် ပြုံးလိုက်ပါတယ်..။သူက နိုင်ငံသားကောင်း ဆုကို နှစ်ခါတောင် ယူထားတော့..ဒီနတ်ဆိုးဆန်တဲ့ လူတွေကို တွေ့ရင်တွေ့သလို ဖမ်းဆီး ပေးရမှာပါ..။
ပုံမှန်ဆိုရင်တော့..ဒီလူတွေကို သူ့ခွန်အားနဲ့ အပြစ်ပေးလို့ရပါတယ်..။
သို့ပေမယ့် အခုလို..တရားဥပဒေ အတိုင်း လုပ်တာကြောင့် ..နောက်ထပ် နိုင်ငံသားကောင်း ဆု ရနိုင်မလား တောင် မပြောနိုင်ပါဘူး..။