← Chapters

သူဌေးလေးက အံ့ဩဖို့ကောင်းတယ်

Vol. 22 Ch. 327

သူဌေးလေးက အံ့ဩဖို့ကောင်းတယ်

Vol. 22 Ch. 327

ဘာသာပြန် = စနိုးဝှိုက်

"အန်ကယ် ဘာလို့ ရဲကို အကြောင်းကြားနေတာလဲ.."

ဟီရှောင်မင် သိချင်စွာ မေးလိုက်တယ်..။ဘာလို့လဲ ဆိုတာ သူနားမလည် တော့ပါဘူး...။တကယ်လို့ ရဲတွေသာ ရောက်လာရင် ပိုရှုပ်ထွေးပြီး..ပိုပြီး ခက်ခဲနိုင်ပါတယ်..။

"ဒီကောင်က လူကောင်း မဟုတ်ဘူး.."

လင်းဖန် အနည်းငယ် ပြုံးပြီး ပြောလို်က်တာပါ..။

ဟီရှောင်မင် ကြောင်အသွားခဲ့တယ်..။

"အန်ကယ် ..ဘယ်လို ပြောနိုင်တာလဲ.."

ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန် အနားကို သိချင်စွာ ကပ်လာ ကြတယ်..။ကျန်းယန် ရဲ့ အန်ကယ်က အံ့ဩဖို့ ကောင်းတယ် လို့ သူတို့ခံစားမိပါတယ်..။

ဖက်တီး ကျို့ရူ ဟာ ရှက်ရွံ့ပြီး စိတ်လှုပ်ရှားစွာ ဖြင့်...

"အန်ကယ်..ဒီလူတွေကို ခုနက တိုက်ခိုက်သွားတာ အရမ်းမိုက်တယ် နော်..။အရင်က ကိုယ်ခံပညာ လေ့ကျင့် ဖူးတာလား.."

ဟီရှောင်မင် ဂုဏ်ယူစွာ ကြည့်လိုက်တယ်.. ။

"ဟမ့်..အခု ငါ့အန်ကယ် ဘယ်လောက် အံ့ဩဖို့ ကောင်းလဲ သိပြီမလား..။ငါ ခုနက ပြောတုန်းက မင်းတို့က မယုံကြည်ကြဘူးလေ.."

"လျောက်ပြောမနေနဲ့..ငါကတော့ မင်းနဲ့ သဘောမတူနိုင်ဘူး..။မင်းရဲ့ ဦးလေးကို ​ေခါ်လာမယ် ပြောတုန်းက ငါတို့ အကုန် စိတ်လှုပ်ရှားနေခဲ့ကြတာလေ.. ။တစ်ခုခုတော့ ထူးခြားမှာ သေချာနေတာပဲ.."

"ခနနေရင် ရဲတွေလာတော့မှာ .မင်းတို့ ဘေးနားကနေ သေချာ ကြည့်ထားကြ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

"အန်ကယ်..ဒီလူက အမူကျူးလွန်ထားတယ် ဆိုတာ ဘယ်လို ပြောနိုင်တာလဲ.."

ဟီရှောင်မင် မေးလိုက်တာပါ..။

လင်းဖန် ရဲကားတွေ ရောက်လာတာ မြင်တဲ့ အချိန်မှာ ဘာမှ ထပ်မပြောတော့ပါဘူး..။

လီရှောင်ရှမ်း အလျင်အမြန်ရောက် လာပြီး မေးလိုက်တယ်..။

"သူဌေးလေး အခြေအနေ ဘယ်လိုရှိလဲ..."

လီရှောင်ရှမ်း မြေကြီးပေါ်မှာ လဲနေကျတဲ့ လူတွေကို မြင်ပြီးကြောင်အသွားခဲ့တယ်. .။ဘာတွေ ဖြစ်နေမှန်း သူချော မသိပေမယ့် သူဌေးလေးကို သူယုံကြည်ပါတယ်..။ဒါက သူဌေးလေးရဲ့ ဗေဒင်ပညာ ကြောင့် ဆိုတာ သူရိပ်မိပြီး ..သူကလည်း..ဒီလို အရာကို ..ယုံကြည်တဲ့ ပထမဆုံး အရာရှိတစ်ယောက် ဖြစ်လောက်မှာပါ..။

လင်းဖန် .လူကြီးကို လက်ညိုးညွှန်ပြလိုက်ပြီး..

"ဟိုက အကောင်ကြီးကြီးနဲ့ လူကို တွေ့တယ် မလား..။သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြစ်မူ ကျူးလွန်ခဲ့တယ်..။ကျုပ်ကတော့ သူ့ကို စစ်မေးဖို့ အကြံဥာဏ်ပေးချင်တယ်..."

လီရှောင်ရှမ်း..လင်းဖန် ကို တီးတိုး မေးလိုက်တယ်..။

"သူ ဘာအမူကို ကျူးလွန်တာလဲ သိရမလား.."

"ကျုပ်က ဘယ်လို သိမှာလဲ..။ခင်ဗျားတို့ သူ့ကို စစ်မေးမှ ရမှာလေ.."

လင်းဖန် ထပ်ပြောလိုက်တယ်..။

"ဒါပေမဲ့ အမူက သေးသေးလေး မဟုတ်ဘူးနော်..။ခင်ဗျားတို့ သေချာ..စုံးစမ်းစစ်ဆေး မှဖြစ်လိမ့်မယ်.."

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။သူလင်းဖန်ကို အတော်ယုံကြည်ပါတယ်.. တကယ်လို့ သူက ကိစ္စကြီးလို ပြောရင် ဒါက ကိစ္စကြီးပါပဲ..။

"အကြီးအကဲ လီ တစ်ကယ်လို့ အမူ ကိစ္စကြီး နောက်တစ်ခု ဖြေရှင်းနိုင်ခဲ့ရင် ကျွန်တော့်ကို..နောက်ထပ် နိုင်ငံသားကောင်း တစ်ဆု ထပ်ပေးဖို့ မမေ့နဲ့နော်..။ဒါပေမဲ့..ကျုပ်တင်မဟုတ်ဘူး..ဒီက ကလေးတွေရော ပါဝင်တယ်နော်.."

လင်းဖန်ဟာ ဟီရှောင်မင် နဲ့ ကျန်တဲ့ လူတွေကို ကြည့်ပြီး ပြောလိုက်ပါတယ် ..။

ကျန်းယန်ဟာ လင်းဖန် ပြောတာကို ကြားသွားပြီးရင်ဘတ်ကို ပူတ်ကာ ပြောလိုက်တယ်..

"ကျွန်တော် ဖန်ပုလင်းကို အသုံးပြုလိုက်တာက..ဒီလူ တစ်ခုခု မူမမှန်တာကို သတိထားမိလို့ပဲ..."

"အရာရှိ..ကြည့်ပါဦး..ကျွန်တော် ရဲ့ မျက်နှာဆိုရင် အရိုက်ခံရလို့ ရောင်နေပြီ ထင်တယ်.."

လီရှောင်ရှမ်း ရယ်မောလိုက်တယ်...

"ကောင်းပြီ ကောင်းပြီ..ငါတို့ဒီကိစ္စက ကြီးမားလား ဆိုတာ သေချာ စစ်ဆေးလိုက်ဦးမယ်..ပြီးကျရင် မင်းတို့ကို နိုင်ငံသားကောင်းတွေ အဖြစ် ထောက်ခံပေးပါ့မယ်..။ဒါပေမဲ့ သူဌေးလေး..မင်းမှာက ဆုတွေ များနေပြီ ထင်တယ်နော်.."

လင်းဖန် ဒီအကြံဥာဏ်ကို ငြင်းပယ်လိုက်တယ်..။

"ကျုပ်မှာ အများကြီး မရှိပါဘူး..။ကျုပ် အသက်ကြီး သွားတဲ့ အခါကျရင်..ကလေးတွေကိုပြန်ပြနိုင်အောင် လို့လေ.."

လီရှောင်ရှမ်းဟာ အကူညီ မဲ့သွားခဲ့ပြီး ထပ်မငြင်းခုန်တော့ပေ..။မာစတာ လင်း သူတို့ကို အမူကြီးတွေ ဖြေရှင်းပေးတာက ပုံမှန်အရာ လို ဖြစ်နေခဲ့ပါပြီ...။သူစပြီး ကူညီကတည်းက များပြားလှတဲ့..အမူကြီးတွေကို ​ဖြေရှင်းနိုင်ခဲ့တာပါ..။

"သူတို့အားလုံးကို လက်ထိပ်ခတ်ပြီး ခေါ်သွားလိုက်.."

ရဲတွေ ဒီလူတွေကို ခေါ်သွားဖို့ လုပ်လိုက်တဲ့ အချိန်မှာ..လင်းဖန် ဝင်ပြောလိုက်ပါတယ်..။

"ခနလေး..သူတို့..အစားအသောက်ဖိုးတွေ မပေးရသေးဘူး ဆိုတော့..ပေးသင့်တယ်လေ.."

လူကြီးရဲ့ ကြီးမားတဲ့ မျက်နှာကြီးဟာ..မအီမသာ ဖြစ်နေရာကနေ..ဒေါသထွက်လု မတတ်ဖြစ်သွားခဲ့တယ်..။သူက အရိုက်ခံပြီး အဖမ်းခံရရုံတာ မက..အခုလည်း ပိုက်ဆံ ရှင်းရပါဦးမယ်..။ဘယ်လောက်..ကံမကောင်းလိုက်လဲ....

တက်တူး တွေအပြည့်ထိုးထားတဲ့ ကောင်လေးဟာ ရဲစခန်းကို မသွားချငိတာကြောင့် ရုန်းကနိ နေခဲ့ပါတယ်.. ။သို့ပေမယ့် ရဲတွေ ရဲ့ ထိနိးချုပ်မူအောက်မှာ..ပြန်မတိုက်ခိုက် နိုင်ခဲ့ပေ။

လူတိုင်း ထွက်ခွာ သွားပြီးနောက်..။

လငိးဖန် လက်ခုပ်တီးလိုက်ပြီး..

"ကောင်းပြီ..အားလုံး အ​ကောင်းဆုံး လုပ်ခဲ့ကြတယ်..။အခု အိမ်ပြန် ကြရအောင်.."

"အန်ကယ် ကျွန်တော် ပြန်လိုက်ပို့ ပေးမယ်လေ.."

ဟီရှောင်မင်ဟာ လင်းဖန်ကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ပြောလိုက်တာပါ..။

လင်းဖန် အနည်းငယ် စဥ်းစားပြီး ပြောလိုက်တယ်။

"အဆင်ပြေပါတယ်...ငါ ကားပြန်ယူရဦးမယ်..။မင်းက သူငယ်ချင်းတွေနဲ့ နေခဲ့လိုက်လေ..။နောက်တစ်ခါ တစ်ခုခု ရှိရင်သာ ဖုန်းခေါ်လိုက်..။တစ်ခါတစ်လေ..မင်းကိုယ်တိုင် မ​ေ​ဖြရှင်းနိုင်တဲ့ ပြသနာ တွေ အများကြီး ရှိတယ်..။တစ်ခြားလူတွေကိုလည်း အကြောင်းရင်း မရှိပဲ ရန်မစသင့်ဘူး"

ဟီရှောင်မင် ခေါင်းညိမ့်လိုက်တယ်..။

"အန်ကယ် စိတ်မပူပါနဲ့.. ကျွန်တော် တစ်ခြား လူတွေကို ရန်မစ ပါဘူး.."

လင်းဖန် ထွက်သွားပြီးတဲ့ နောက်မှာ ဟီရှောင်မင် နဲ့ ကျန်တဲ့ လူတွေပဲ ကျနိခဲ့ကြပါတယ်..။သူတို့ မစုံကြတာ အတော်ကြာတော့..ဒီခံစားချက်က တကယ် မဆိုးပါဘူး.. ။

"ရှောင်မင်..မင်း အန်ကယ်က ဘာလုပ်တာလဲ.,"

ကျန်ယန် မေးလိုက်တယ်..။

"သူ..က အရမ်းမိုက်တယ်နော်.."

ကျို့ရူ ရေရွတ်လိုက်တာပါ.. ။

"ဟုတ်တယ်..ငါတို့..သူလောက် အံ့ဩဖို့ ကောင်းတဲ့ လူမျိုး မမြင်ဖူးသေးဘူး.. ။တကယ်လို့ ငါသာ မျက်လံူး နဲ့ မမြင်ရရင် ဒီလိုမျိူး တိုက်ခို်က်တတ်တယ် ဆိုတာ ယုံနိုင်မှာ မဟုတ်ဘူး.."

"ဟီးဟီး..ဒါက ငါ့ရဲ့ အန်ကယ်လေ..။သူ့ဆိုင်က တိတ်ဖြူလမ်းမှာ ဖွင့်ထားပြီး အတော်ကျော်ကြားတယ်.. ။သူ့နဲ့ ငါ့အဖေ ဆိုတာက သူငယ်ချင်း ကောင်းတွေပဲ.."

…

လီရှောင်ရှမ်းဟာ လူတိုင်းကို..ရဲဌာနကို ခေါ်လာပြီး စစ်မေးနေခဲ့တယ်.. ။အထူးသဖြင့်..သူဌေးလေး ပြောတဲ့..လူကြီးကို သေချာ စစ်မေးခဲ့ပါတယ်. ။

အစကတော့..သူ့အပေါ် စစ်မေးတဲ့ အရာတိုင်းဟာ အချည်းနည်း ဖြစ်ခဲ့ပေမယ့်...သူ့သူငယ်ချင်းတွေ အချက်အလက်တွေ ပေးလာတဲ့ အချိနိမှာ သူကြောက်ရွံ့လာခဲ့ပါတယ်..။

"သူက ကျွန်တော်တို့ကို သူအဓမ္မပြုကျင့်ခဲ့တဲ့ နေ့ကို ကြွားပြီး ပြောနေတယ်.."

သူ ဒီစကားကို ကြားတဲ့ အချိန်မှာ..လီရှောင်ရှမ်း..ခနလောက် ကြောင်အသွားခဲ့ပါတယ်..။

သူပဲ ကံကောင်းနေတာလား..ဒီအမူက ..သူ သူဌေးလေး မခေါ်ခင်တုန်းက..ဖြေရှင်းဖို့ ခေါင်းကိုက်နေတဲ့ အမူပါ..။

ဒီအမူဖြေရှင်းဖို့ ခက်နေတဲ့ အဓိက အကြောင်းပရင်းက တရားခံက လူထုထဲမှာ ရောက်နေခဲ့လို့ပါ..။ထပ်ပြောရရင် ပြစ်မူ ကျူးလွန်တဲ့ နေရာမှာလည်း ဘာ CCTV မှ မရှိပါဘူး..။ကျုးလွနိခံရတဲ့ မိန်းကလေးက က နိုင်ငံခြား အလုက်သမား လေဘာ နဲ့အတူ ပြစ်မူ ကျူးလွန်မူ များတဲ့ စီရင်စု မှာ နေနေခဲ့တာပါ...။ဒီအမူမှာ ဘာသဲလွန်စ မှ မရှိတော့..ရဲအရာရှိတွေက ကောက်ရိုးပုံထဲ အပ်ရှာရသလို ဖြစ်နေခဲ့ပါတယ်..။

ဒါပေမဲ့..အခုတော့..လီရှောင်ရှမ်းဟာ..ကောင်းမွန်တဲ့ လမ်းကြောင်းတွေကို တွေ့ရှိသွားခဲ့ပါပြီ..။နောက်ဆုံး စစ်မေးမူမှာတော့ လူကြီးက သူပြစ်မူကျုးလွန်ခဲ့တယ် ဆိုတာ ဝန်ခံ လာခဲ့ပါတယ်..။

လီရှောင်ရှမ်း စိတ်သက်သာရာ ရသွားခဲ့တယ်..။သူကို ညတိုင်း အိပ်ပျက်စေတဲ့ အမူက ပြီးဆုံးသွားပြီလို့တောငိ ဆိုနိုင်ပါတယ်..။

သူ ဖုန်းကို ဖွင့်ပြီး ရင်းနှီးတဲ့ နံပါတ် တစ်ခုကို ခေါ်လိုက်တယ်..။

"သူဌေးလေး.ဘယ်လို ကျေးဇူးတင်ရမှန်း တောင် မသိတော့ဘူး..။တကယ် တစ်ခြား ဘာပြောရမလဲ မသိတော့ဘူး..။သူဌေးလေး ဖမ်းပေးခဲ့တဲ့ လူက ကျုပ်တစ်ချိန်လံူး လိူက်နေတဲ့ အမူကြီးပဲ.."

လီရှောင်ရှမ်း လင်းဖန်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်နေခဲ့တာပါ. ..။ဒါဆိုရင် ဘယ် နှစ်ကြိမ် တောင် ရှိနေပြီလဲ...။

ပထမ နဲ့ ဒုတိယ အကြိမ်က အဆင်ပြေပါတယ်..သို့ပေမယ့် သူဌေးလေးက တကယ် မှန်ကန်တဲ့ အချိန််မှာ ဖုန်းခေါ်လာပြီး သူ သဲလွန်စ ပျောက်ကာ ဖမ်းလို့ မရဖြစ်နေတဲ့ တရားခံကို ဖမ်းပေးခဲ့တာပါ.။

တကယ်လို့ တစ်ယောက်ယောက်ကို ပြန်ပြောရင် ဘယ်သူက ယုံကြည်နိုင်မှာလဲ..

"ဝိူး..ကြည့်ရတာ ခင်ဗျား ဒီနေ့ ကံကောင်းနေတယ် ထင်တယ်.. ။နိုင်ငံ သားကောင်းဆုကို မမေ့ဖို့ မျှော်လင့်တယ်နော်.."

"စိတ်မပူနဲ့..ဒါက အသေးအဖွဲလေးပဲ..။မင်းရဲ့ သူငယ်ချင်းတွေရော..မင်းကိုရော..နိုင်ငံသားကောင်း ဆု..ရအောင် ထောက်ခံပေးမယ်.."

လီရှောင်ရှမ်း ပြောလိုက်တာပါ..။

ရဲသားတွေ အကုန်လုံးလည်း ပျော်ရွှင်နေကြပါတယ်..။သူတို့ ဒီအမူကြီးကြောင့်.နေ့တိုင်း အချိန်ပို ဆင်းနေကြရတာပါ..။နောက်ဆံူးတော့ သူတို့ ညဘက်တွေ ကောင်းကောင်း အိပ်စက် လို့ရပါပြီ...။လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူတို့ရဲ့ ပုခုံးပေါ်မှာ ရှိနေတဲ့ ဖိအားတွေဟာ အခုတော့ မရှိတော့ပါဘူး..။

သူတို့ အတွက်ကတော့ သူဌေး​ေလးက တကယ်အံ့ဩဖို့ ကောင်းပါတယ်..။

All Chapters