← Chapters

အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ..

Vol. 22 Ch. 328

အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ..

Vol. 22 Ch. 328

ဘာသာပြန် = စနိုးဝှိုက်

ရက်အနည်းငယ် ကြာပြီးနောက်..။

တိမ်ဖြူလမ်း..။

လင်းဖန် ဆိုင်အပြင်ဘက်မှာ ရပ်ပြီး..အပြင်ကို သိချင်စွာ ကြည့်နေခဲ့တယ်..။

"လတ်တလော ဒီဝန်းကျင် မှာ ရှိနေတဲ့ ဧည့်ရိပ်သာ တွေက စျေးတွေ တက်သွားတယ် ထင်တယ်နော်.."

"ဟုတ်တယ်..သူတိူ့ စျေးတွေကို တင်ထားကြတာလေ..။ပရိုဂရမ်က လာတော့မှာ ဆိုတော့ ဆယ်လီတွေပါ ဒီကို ရောက်လာကြတော့မှာ..။သူတို့ရဲ့ ပရိတ်သတ်တွေက သတင်းရသွားပြီး ဘေးနားက တည်းခိုခန်းတွေမှာ နေပြီး အားပေးဖို့ စောင်နေကြတယ်လေ..။ဒါက တည်းခိုခန်းတွေရဲ့ စျေးနှုန်းကို ဒုံကျည်တစ်ခု လို ထိုးတက်သွားစေတယ်.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ကျွန်တော် ဆိူင်ကို လာတုန်းကလည်း အပြင်မှာ လူတွေ နာမည်ရေးထားတဲ့ ဆိူင်းဘုတ်တွေ ကိုင်ပြတော့ ..စောင့်နေတာ တွေ့ခဲ့တယ်..။ဒီရှိုးပွဲကဘတစ်ကယ် ကျော်ကြားတာပဲ.."

လူလိမ် ထျန် ခေါင်းခါယမ်း လိူက်ပြီး..

"အိုင်ဒေါ တွေကို လိုက်အားပေး လို့ ဘာရမှာတုန်း..။အဲ့အစား ဘာလို့ ငါ့ကို လာအား မပေးတာလဲ...ငါက ချောမောပြီး အရည်အချင်း ရှိတယ်.."

"ခင်ဗျား ဒီအကြောင်းကို တော့..မေ့ထားသင့််..။ခင်ဗျားရဲ့ ရုပ်ရည်နဲ့ ဆိုရင် အရည်အချင်း မမှီမှာကို ကျုပ်စိုးရိမ်မိတယ်.."

လင်းဖန် စနောက်လိုက်တာပါ..။

*အာ..*

အဲ့အချိန်မှာပဲ အပြင်ဘက်ကနေ ကျယ်လောင်တဲ့ အသံကြီးတစ်ခု ကြားလိုက်ရတယ်..။ဒါက ပျော်ရွှင်နေတဲ့ အသံတွေဖြစ်ပြီး...လိှုင်းလုံးကြီးတွေလို တစ်ခေါက်ပြီး တစ်ခေါက် ကျယ်ကျယ် လာခဲ့ပါတယ်..။

"အပြင်ဘက်မှာ ရူးနေကြပြီ ထင်တယ်.."

လင်းဖန် ပြောလိုက်တာပါ..။

"သွားကြည့် ကြရအောင်.."

ဝူယူလန်ဟာ အရင်ဆုံး တံခါးကိုဖွင့်ပြီး အပြင်ထွက်သွားခဲ့ပါတယ်..။

.

လင်းဖန် သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်တဒ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။ဒါက လူအုပ်ကြီးထက် ပိုပြီး..လူလှိုင်းလုံး ကြီးတွေ လို့ပြောရင် ပိုမှန်ပါလိမ့်မယ်..။ပရိသတ် တွေရဲ့ အသက်ဟာ ငယ်ရွယ်ကြပြီး အထူးသဖြင့်...မိန်းကလေး ပရိတ်သတ်တွေ ပိုများပါတယ်..။

မိန်းကလေး ပရိတ်သတ်တွေဟာ သူတို့ရဲ့ အိုင်ဒေါ တွေရဲ့ ပုံတွေ ကိုကိုင်ထားကြပြီး အော်ဟစ်နေကြတာက ရူးသွပ်ဖ်အခြေအနေပါပဲ..။

"ဇီဇီ.. ငါ နင့်ကို ချစ်တယ်.. "

"ဟောင်ယွဲ့..ဒီဘက်ကို ကြည့်ပါဦး.."

"အာ..သူငါ့ကို ပြုံးပြတယ်...အရမ်းချစ်ဖို့ ကောင်းတာပဲ.."

ပရိတ်သတ်တွေ အကုန်လံူးဟာ..လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြတယ်.. ။လုံခြုံရေး တွေကတော့..ဆယ်လီ တွေနဲ့ ပရိတ်သတ် တွေရဲ့ ကြားမှာ ကာရံပြီး လမ်းကြောင်းရအောင် ပြုလုပ်ပေးနေရပါတယ်..။

ဒါရိုက်တာ ဟု ဟာ ဒီမှာ..ပရိတ်သတ်တွေ အများကြီး စုဝေးနေတာကို တွေ့ပြီး..အံ့ဩသင့်သွားခဲ့တယ်..။

ဒီ ပရိုဂရမ် က ဆယ်လီ တွေ အတွက် ပိုက်ဆံတွေ အများကြီး အကုန်ကျ ခံထားရပေမယ့်..ဒါက ထိုက်တန်ပါတယ်..။ပထမ အခန်းမှာ တုန်းက အပိုင်း ၁၂ ပိုင်း ပါဝင်ပြီး သူတို့ ဆယ်လီ တစ်ယောက်ကို အနည်းဆုံူ ဒေါ်လာ သန်း ၃၀ လောက် ပေးခဲ့ရတာပါ..။

ဒီ လောက ထဲမှာတော့ ဒီငွေကြေးဆိုတာက သင့်တော်တဲ့ စျေးနှုန်းပါပဲ..။ပိုပြီး ကျော် ကြားတဲ့ ဆယ်လီ တွေဆိုရင် ပိုပေးရပြီး အပိုင်း ၁၂ ပိုင်းကို ဒေါ်လာ သန်း ၇၀ လောက်ရှိတာပါ..။သို့ပေမယ့် သူတို့ကပဲ ဒီလို ပရိတ်သတ်တွေ ကို ဆွဲဆောင် နိုင်စွမ်း ရှိတာပါ..။

ရိုက်ကူး ရေးလုပ်နေတာကြောင့် တိမ်ဖြူလမ်းမှာ ရှိနေတဲ့ လူကူး မီးပွိုင့်ကို ထိန်းချုပ်ထားရပါတယ်..။ အခြေခံအားဖြင့် တိမ်ဖြူလမ်းမှာ လျောက်သွားနေကြတဲ့ လူတွေ အကုန်လုံးက သရုပ်ဆောင်တွေပါ..။

ဆိုင်ပိုင်ရှင်တွေ အကုန်လုံးဟာ ကျေးဇူးတင်နေကြတယ်..။သူတို့ မာစတာ လင်း ဒီအကြောင်းကို ပြောကတည်းက စိတ်လှုပ်ရှားနေကြတာပါ.. ။သူတို့ရဲ့ လမ်း..TV မှာ ပါရလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။

ဒီနေ့က ဘာအလုပ်မှ လုပ်လို့မရပေမယ့်..တိမ်ဖြူလမ်း က ဒီ ရသစုံရှိုးမှာ ပါခွင့်ရရင် ဘယ်လိုမှ အကျိုး မယုတ်နိုင် ပါဘူ..။

"သူဌေးလေးက ငါတို့ အပေါ်မှာ အတော်ကောင်းတာပဲ..။ဒီလို အခွင့်အရေးကိုတောင် ဆောင်ယူလာပေးတယ်.."

တစ်ချို့ ဆိုင်ပိုင်ရှင်တွေဟာ ကျေးဇူးတင်စွာ ပြောလိုက်ကြတာပါ..။

"ဒါ အမှန်ပဲ..ငါကြားတာကတော့ တစ်ချို့ ဆယ်လီတွေ ဆိုရင် ငါတို့ရဲ့ စီးပွားရေးကိုတောင် ကြော်ငြာပေးဦးမှာတဲ့.."

"တိမ်ဖြူလမ်းက ပိုပြီးဟစည်ကားလာတော့မှာ ကျိန်းသေတယ်..။နောက်ပိုင်း ဘယ်လောက်တောင် စည်ကားမှာလဲ တော့ မသိဘူး..။ခနနေကြရင် ငါတို့ ဆယ်လီတွေ နဲ့ ဓာတ်ပုံရိုက်ပြီး ဆိုင်မှာ ချိတ်ထား သင့်တယ်..။ဒါဆို ကာစတန်မာတွေကို ပိုပြီးဆွဲဆောင် နိုင်လိမ့်မယ်.."

"ဒါ အကြံဥာဏ်ကောင်းပဲ.."

"ဟေး တစ်ခုခုတော့ မဟုတ်တော့ဘူး..။အပြင်မှာ တစ်ခုခု ဖြစ်နေပြီ.."

"ကြည့်ရတာ ငြင်းခုန်မူ တစ်ခုဖြစ်နေတဲ့ပုံပဲ..။သွားပြီး ကြည့်ကြရအောင်.."

…

အဲ့အချိန်မှာတော့...လင်းဖန် ဘာလုပ်ရမလဲ တောင် မသိတော့ပါဘူး.. ။သူ ထပ်သွင်း စဥ်းစားရမယ့် အချက်တစ်ချက် ကို ကျန်နေခဲ့တာပါ..။နေ့တိုင်း နေ့တိုင်း သူ့ပန်ကိတ်ကို လာလာတန်းစီနေတဲ့ လူအုပ်ကြီး ရှိပါတယ်.. ။အခု ဒါရိုက်တာ ဟုက လမ်းကို ပိတ်ထားတော့ ပန်ကိတ် ဝယ်ချင်တဲ့ လူတွေဟာ မပျော်မရွင် ဖြစ်နေခဲ့ပါပြီ.. ။

"မင်းတို့ ပရိုဂရမ်ကို ငါတို့က ဘာလို့ စောက်ဂရုစိုက်ရမှာလဲ..။ငါတို့က မာစတာလင်း ဆီက ပန်ကိတ်လာဝယ်ကြတာ.။မင်း ငါတို့ကို အထဲဝင်ခိုင်းမှာလား.."

ပန်ကိတ်လာဝယ် တဲ့ လူတစ်ယောက်ဟာ အော်ဟစ်လိုက်တယ်..။

"ဟုတ်တာ် ဒီလမ်း က မင်းပိုင်တာလား...ပန်ကိတ်တွေကရော မင်းပိုင်တာပဲလား.."

"ဘေးဖယ် ဘေးဖယ်..."

ဒါရိုက်တာ ဟု ဘာပြောရမှန်း မသိတော့ပေ..။အခြေအနေတွေ ဒီလို ဖြစ်လာမယ်လို့ သူမထင်ထားခဲ့ပါဘူး..။

လုံခြုံရေးတွေရဲ့ နောက်မှာ ရှိနေတဲ့ ဆယ်လီ တွေလည်း ဘာတွေ ဖြစ်နေလညး် အံ့ဩပြီးး ကြည့်နေခဲ့ကြပါတယ် .။

ဆယ်လီ ရှစ်ယောက်ဖြစ်ပြီး.. ယောက်ျးလေး ခြောက်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပါ..။

ဟောင်ယွဲ့ဟာ..အရမ်းချောမောပြီး..ငယ်ရွယ်တဲ့ အသွင်အပြင်ရှိပါတယ်..။သူမက ကင်မရာရှေ့မှာပဲ ဖြစ်ဖြစ် လက်တွေ့ ဘဝမှာပဲ ဖြစ်ဖြစ် အရမ်း တက်ကြွတဲ့ အမူအကျင့်ရှိတာပါ..။

"အစ်ကို ဇီ..ရှင်က ဒီမှာ အစ်ကိုကြီးပဲ...။ကြည့်ရတာ ဒါရိုက်တာ ဟု က မ​ဖြေရှင်း နိုင်တော့ဘူး ထင်တယ်..။ဘာလို့ သူ့ကို သွားမကူညီတာလဲ..။ဘယ်သူသိမှာလဲ..ဒီထဲက လူတွေက အစ်ကိုရဲ့ ပရိတ်သတ် ုဖြစ်နေနိုင်တာပဲလေ..

လီမူ ဇီ ရယ်လိုက်တယ်..။သူ့ရဲ့ ပေါ်ပြူလာဖြစ်မူက..လူကြိုက် အများဆုံး အပတ်စဥ်စာရင်း မှာ ပါဝင်ပြီး ဝိုက်ဘိုမှာ ဆိုရင်လည်း..ဖော်လို သုံးသန်းကျော်ရှိတါ..။ပြီးတော့..သူက အမြဲတမ်း အစ်ကိုကြီး နေရာကနေပဲ သရုပ်ဆောင်ပြီး လက်ရှိ သူတို့ရှေ့မှာ ဖြစ်နေတဲ့ အခြေအနေက ဒါရိုက်တာဟု ကို ခေါင်းကိုက် စေမယ် ဆိုတာ လီမူဇီ နားလည်ပါတယ်..။

"ယွဲ့ယွဲ့..နင်က ငါ့ကို ပိုတွက်နေပြန်ပြီ..။ဒါပေမဲ့ ငါတို့ ကြားဝင်မှ ရမယ်..ဒီမြို့သားတွေက ရှင်းလင်း ပြလိုက်ရင် ရမှာပါ.."

လီမူဇီဟာ ...ဘာမှမပြောခင်..ရိုက်ကူးရေး အဖွဲ့သား တစ်ယောက်စီက အော်လန် တစ်ခုနဲ့..ထိုင်ခုံတစ်လုံး ယူလိုက်တယ်..။

သူ ထိုင်ခုံပေါ်တက်လိုက်ပြီး အော်လန်နဲ့ အော်လိုက်ပါတယ် .။

"ဟဲလို အားလံူးပဲ..။ကျွန်တော်က လီမူဇီ ပါ..။ခင်ဗျားတို့ ခန ငြိမ်ပေးလို့ရမလား.."

လူအုပ်ကြီးဟာ ခနရပ်သွားပြီး..ထိုင်ခုံပေါ်မှာ မတ်တတ်ရပ်နေတဲ့ ကောင်လေးကို ကြညါ့ကာ ရေ ရွတ်လိုက်ကြတယ်..။

"ဒါက လီမူဇီ လား..သူက ဆယ်လီ အကြီးစားကြီးလေ.."

"ငါနောက်ဆုံးတော့ သူ့ကို မြင်ခွင့်ရပြီပေါ့..။ငါ အပြင်မှာ မြင်ရလိမ့်မယ်လို့ တကာ် မထင်ထားဘူး...။သူက စခရင် ပေါ်မှာထက်စာရင် ပိုအသက်ကြီးတာပဲ.."

"သူက ဘာလိုချင်တာလဲ.."

လီမူဇီ ဆက်တိုက်ပြုံးနေခဲ့တယ်..။သူ ဒီလိုမျိုး ပရိတ်သတ်တွေ ဘေးနားမှာ ရှိနေတာကို သဘောကျပါတယ်..။

"ဆယ်လီ မိသားစု.." က ရိုက်ကူးရေး အဖွဲ့သားတွေဟာလည်း..လီမူဇီကို လေးစားတဲ့ အကြည့်တွေ နဲ့ ကြည့်နေကြပါတယ်..။

"အစ်ကို ဇီက သူ့ရဲ့ မှော်ပညာကို ထုတ်သုံးတော့မယ်.."

"အစ်ကို ဇီက ဒါမျိုးတွေကို ကျွမ်းကျင်တော့ ဖြေရှင်းနိုင်မှာ အသေအချာပဲ.."

"လာ ပြန်ထိုင်နေကြရအောင်..အစ်ကို ဇီက ဖြေရှင်းပေးလိမ့်မယ်.."

…

"ခင်ဗျားတို့ ဒီမှာ စျေးဝယ် တာကို အဆင်မပြေ ဖြစ်စေတဲ့ အတွက် ကျွန်တော် တောင်းပန်ပါတယ်.။ခင်ဗျားတို့ ဆယ်လီ မိသားစု ဆိုတဲ့ ရှိုးကို ကြည့်ဖူးကြလား မသိဘူး.."

မြို့သား အများစုဟာ ခေါင်းညိမ့်လိုက်ကြတယ်..။

"ငါတို့ ကြည့်ဖူးသားပဲ.."

လီမူဇီ ပြုံးလိုက်တယ်..။မြို့သားတွေ ဒီလိုဖြေတာက အံ့ဩစရာ မဟုတ်ပါဘူး..။

"ဒီနေ့ ဆယ်လီ မိသားစု ရဲ့နောက်ထပ် အပိူင်းကို ဒီနားမှာ ရိုက်မှာလေ...။ကျွန်တော် တို့ ဒီနေရာကို တစ်ရက်သုံးသွားမှာပါ..။ဒါကြောင့် အားလုံးပဲ ကျွန်တော်တို့ကို ရိုက်ကူးရေး လုပ်ခွင့်ပြုပါ လို့ တောင်းဆိုပါရစေ..။ကျုပ်တို့ရိုက်ကူးပြီးသွားရင် ခင်ဗျားတို့ကို ပထမ ဆုံးကြည့်ရူသူတွေ အဖြစ် ဖိတ်ခေါ်ပေးမယ် လေ..ဘယ်လိုလဲ.."

ဒါရိုက်တာ ဟုဟာ အစက ဘယ်လို ဖြေရှင်းရမလဲ မသိဖြစ်နေခဲ့တာပါ..သို့ပေမယ့် လီမူဇီ ဝင်ပြောလာတာကို တွေ့ပြီး ပြုံးလိုက်တယ်..။လီမူဇီက ငွေရှာတာရော ပြသနာတွေ ​ဖြေရှင်းတာရော နှစ်ဖက်စလုံးမှာ ထူးချွန်တဲ့ လူပါ..။

"ကောင်းပြီလေ.."

မြို့သားတွေ အကုန်ခေါင်းညိမ့်လို်က်တယ်..။

လီမူဇီ ပြုံးလိုက်ပါတယ်..။ဒီပြသနာက မိနစ် အနည်းငယ်လောက်နဲ့တင် ဖြေရှင်းပြီးသွားတာပါ..။

ရုတ်တရက် အခြေအနေ ပြောင်းလဲ သွားခဲ့တယ်..။

မြို့သားတွေဟာ ဆက်တိုက်အော်နေကြတာပါ..။

"ငါတို့ ပန်ကိတ်ပဲ ဝယ်မှာ..မင်းတို့ကို မနှောက်ယှက်ဘူး အထဲကိုပဲဝင်ခိုင်း.."

"ဟုတ်တယ် မင်းတို့ ရက်စက် တာပဲ..တကယ်လို့ ငါတို့ကို အထဲမဝင်ခိုင်းရင် မင်းတို့ရှိုးကို ဘယ်တော့မှ မကြည့်တော့ဘူး."

"မင်းတို့ ဆယ်လီတွေကို ဘယ်သူက ဂရုစိုက်လိုလဲ..။ငါတို့က ပန်ကိတ်ပဲ ဝယ်မှာ..မင်းတို့ကို မနှောက်ယှက်ဘူး.."

လီမူဇီဟာ ဆက်ပြီးပြုံး ထားပေမယ့် ကြာလာတော့ အနည်းငယ် ရှက်ရွံ့လာခဲ့ပါတယ်..။ဒီမှာ သတင်းထောက်တွေလည်း ရှိနေတော့ ဒီအခြေအနေက အရှက်ရစေတာ ပုံမှန်ပါပဲ..။သူ ချက်ချင်းပဲ နောက်တစ်ခေါက် ထပ်ရပ်လိုက်တယ်..ဖဟ

"ကောင်လေးတို့..ငါတို့ ခုနက သဘောတူညီမူ ရပြီးသွားပြီ ထင်နေတာ.."

မြို့သားတွေဟာ စိတ်ရှုတ်သွားကြတယ်..။

"ငါတို့ ဘယ်တုန်းက..သဘောတူလို့လဲ..။ငါတို့က ပန်ကိတ်ပဲ ဝယ်ချင်တာ..ငါတို့ဝယ်ချင်တာတောင် ဝယ်လို့ မရဘူးလား.."

"ဟုတ်တယ် ရိုက်ကူးရေး လူပ်တာနဲ့ ဘာဆို်င်လို့လဲ..။ငါတို့က အိုင်ဒေါ တွေကို လာတွေ့တဲ့ လူတွေ မဟုတ်ဘူး.. ။မာစတာ လင်းက တစ်နေ့ကို ဆယ်လုံးပဲ လုပ်တာ..။မင်းတို့ လမ်းပိတ်ထားရင် ငါတို့ အကြီးကြီး ရှုံးတာပဲ.."

…

မြို့သားတွေဟာ ဆက်တိုက် ပြောဆိုနေပြီး ဆယ်လီတွေကိုတောင် မျက်နှာသာ မပေးပါဘူ..။

အဲ့အချိန်မှာပဲ အရိပ်တစ်ခုဟာ လီမူဇီ နောက်ကနေ လျောက်လာပြီး ပုခုံးကို ပုတ်ကာ..အော်လန်ကို လွှဲပေးဖို့ အချက်ပြလိုက်တယ်..။

လီမူဇီ ဒီလူ ဘယ်သူမှန်း မသိပါဘူး..။သိုပေမယ့် အော်လန်ကတော့ ဒီလူ လက်ထဲကို ပါသွားခဲ့ပါပြီ..။

ဒါရိုက်တာ ဟု လင်းဖန်ကို ကြည့်လိုက်ကာ ချက်ချင်းလျောက်လာခဲ့တယ်..။

"မာစတာ လင်း ဒီကိစ္စလေးကို ကူညီပြီး ဖြေရှင်းပေးလို့ရလား..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အင်း..စိတ်မပူနဲ့..။ဒါက ကျွန်တော် တာဝန်ဆိုတော့..ဖြေရှင်းပေးရမှာပေါ့.."

လီမူဇီ ကြောင်အသွားခဲ့တယ်..။

ငါ့လို အရမ်းအောင်မြင်တဲ့ ဆယိလီ တောင် မဖြေရှင်းနိုင်တာကို မင်းကဖြေရှင်း နိုင်တာလား....

သတင်းထောက်တွေဟာလည်း...စိတ်ဝင်စားသွားကြပြီး လင်းဖန်ကို ကင်မရာ တွေ နဲ့ ချိန်လိုက်ကြပါတယ်..။

လင်းဖန် ခုံပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး..

"အားလံူးပဲ ..ငြိမ်ငြိမ် နေပေးကြပါ.."

All Chapters