← Chapters

ပြသနာ ရှာခြင်း စတင်ပြီ..

Vol. 22 Ch. 329

ပြသနာ ရှာခြင်း စတင်ပြီ..

Vol. 22 Ch. 329

ဘာသာပြန် = စနိုးဝှိုက်

လီမူဇီ..နောက်ကို ပြန်ရောက်လာခဲ့တယ်..။

"သူက ဘယ်သူလည်း.."

တစ်ခြား ဆယ်လီတွေဟာ ခေါင်းခါယမ်လိုက် ကြပါတယ်..။

"မသိဘူးလေ.."

သတင်းထောက်တွေကတော့ ဖြစ်ပျက်နေတာတွေကို သေချာရိုက်ကူးနေခဲ့ကြတယ်..။အခုတော့ သူတို့ သတင်းရပါပြီ..မြို့သားတွေဟာ ပြသနာ ရှာခဲ့ကြပြီး..လီမူဇိီဟာ ကြား ဝင်ဖြေရှင်းပေး ပေမယ့် မြို့သားတွေဟာ လက်မခံကြပေ..။ဒါက သတင်းကြီး မဟုတ်ပေမယ့် လည်း အာရံူစိုက်စေဖို့ အတွက်တော့ လုံလောက်ပါတယ်..။

လင်းဖန် ထိုင်ခုံပေါ်မှာ မတ်တတ်ရပ်ပြီး အော်လန်နဲ့ အော်လိုက်တယ်..။

"ခင်ဗျားတို့ ဘာတွေ ဖြစ်နေကြတာတုန်း..။ဒီနေ့ အတွက်က ရိုက်ကူးရေး သမားတွေ ရောက်နေတယ် ဒီတော့...ပြသနာ တွေ မဖြစ်ချင်ကြနဲ့..။ကျုပ်လည်း ဒီနေ့ အတွက် ပန်ကိတ် ရောင်းမှာ မဟုတ်ဘူး..ဒါပေမဲ့ မနက်ဖြန်ကျရင် တော့ ပန်ကိတ် အခု ၃၀ ရောင်းပေးမယ်..။ဒါကြောင့် ခင်ဗျားတို့ကို ..ပြသနာ မရှာဖို့ တောင်းဆိုပါရစေ..။ကျုပ်ဒီနေ့ ကောင်းကောင်း အနားယူလိုက်ဦးမယ်...မနက်ဖြန် အခုသုံးဆယ် လုပ်ရမှာ ဆိုတော့ အားထည့်ဖို့ လိုတယ်လေ.."

"သူဌေးလေး ရဲ့ ကမ်းလှမ်းချက်က မဆိုးဘူး.."

"ဒါက သူဌေးလေးက ငါတို့ဘက်ကို လည်း ကြည့်ပေးတာပဲလေ.."

"သူဌေးလေးက ပြောလာပြီ..။မနက်ဖြန် ပန်ကိတ် အခုသုံးဆယ် လုပ်ပေးမယ် ဆိုတော့..ငါတို့ ဒီနေ့ သူ့ကို ကောင်းကောင်း နားခိုင်းလိုက်ရအောင်..တကယ်လို့ သူပင်ပန်းသွားရင် ငါတို့ ပန်ကိတ်တောင် စားရမှာ မဟုတ်တော့ဘူး.."

"ကောင်းပြီ သူဌေးလေး ကျုပ်တို့ ဒီနေ့ ပြန်တော့မယ်..။မနက်ဖြန် အခုသုံးဆယ် ဆိုတာကိုတော့ မမေ့နဲ့နော်..အိုကေ.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပြီ ခင်ဗျားတို့ အလုပ်ကို စောစော သွားသင့်တယ်..။ဒီမှာ ရိုက်ကူးရေးကို မနှောက်ယှက် ကြနဲ့တော့.."

လင်းဖန်ရဲ့ ဦးဆောင်မူ အောက်မှာ ပြသနာက ဘာမှ အဖြစ်ခဲ့သလို ပြီးဆုံးသွားခဲ့ပါပြီ..။

ဆိုင်ပိုင်ရှင်တွေဟာ သူဌေးလေးကို ဂုဏ်ယူစွာ ချီူကျူးလိုက်ကြတယ်..။

"သူဌေးလေးက ပြသနာ ကို ဘယ်လိူ ဖြေရှင်းရမလဲ သိတာပဲ.."

"ဒီပြသနာကတော့ သူဌေးလေးက လွဲပြီး ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး​ေ့လ"

"ဒီငနဲက ဆယ်လီ ဖြစ်ပေမယ့်လည်း ဒီပြသနာကိုတော့ သူဌေးလေးပဲ ဖြေရှင်းနိုင်လိမ့်မယ်.."

ဒါရိုက်တာ ဟု ..ပြုံးလိုက်ပြီး..

"မာစတာ လင်း..ကျေးဇူးတင်ပါတယ်.."

လင်းဖန် အကူညီမဲ့သလို ပြောလို်က်တယ်..

"ကျုပ်လည်း ပြန်ပေးဆပ်လိုက်ရတယ်လေ..မနက်ဖြန် အခုသုံးဆယ် လုပ်ရတာက တစ်ကယ်ကို ပင်ပန်းမှာ..ဒါပေမဲ့ ကျုပ်တို့ အစောက သဘောတူထားသလိုမျိုး ..သေချာလေး ကြော်ငြာ ပေးရမယ်နော်.."

"စိတ်မပူပါနဲ့..ကျုပ်က ကိုယ့်စကားကို မှတ်မိတဲ့ လူပါ.."

ဒါရိုက်တာဟု ပြောလိုက်တာပါ..။

ဖျော်ဖြေရေး သတင်းထောက်တွေဟာ..ဓာတ်ပုံတွေ အမိအရ ရိုက်ကူး နေခဲ့ကြတယ်..။လီမူဇီတောင် မဖြေရှင်းနို်င်တဲ့ ပြသနာကို ဒီလူငယ်လေး က ဖြေရှင်းခဲ့တာပါ..။ဒါက ပဟေဠိဖြစ်စရာ ပါပဲ..။

"ဒီကောင်လေးက စွမ်းဆောင်နိုင်စွမ်းတွေရှိတာပဲ.."

ဟောင်ယွဲ့ ပြောလိုက်တာပါ..။

"အစ်ကို ဇီတောင် မဖြေရှင်းနိုင်တာကို ကြုံရာ လူတစ်ယောက်က ဖြေရှင်းသွားခဲ့တယ်..ဒါက စိတ်ဝင်စားစရာပဲ..။ကြည့်ရတာ ဒါရိုက်တာ ဟုက သူ့ကို သိတယ်ထင်တယ်..ပြီးမှ မေးကြည့်ရမယ်.."

ယန်တောင်ဟာ မှတ်ချက်ပြုလိုက်တယ်..။

လီမူဇီ ရှက်ရွံ့စွာ ထရပ်လိုက်ကာ..ကြိုးစားပြီး ရယ်မောလိုက်ပါတယ်..။သူက အပြင်ပိူင်းမှာ..ဘာမှ မဖြစ်သလို ဟန်ဆောင်နေပေမယ့် ..အတွင်းပိုင်းမှာ ဒေါသထွက်မိတာတော့ အမှန်ပါပဲ..။

ဒီငနဲက ဘယ်သူလဲ....။ငါ မ​ဖြေရှင်းနိုင်တာကို ဒီကောင်က ဘာလို့ဖြေရှင်း နိုင်ရတာလဲ......

အဆံူးမှာတော့ သူဘာမှ ထပ်မတွေးတော့ပေ..။သူက အောင်မြင်နေတဲ့ စူပါစတား တစ်ယောက်ဖြစ်တဲ့ အတွက် ဒီကိစ္စကို ထပ်ပြီး ရှုပ်ထွေးအောင် မလုပ်သင့်ပါဘူး..။

လင်းဖန်ကတော့ ဆယ်လီတွေကို ဂရုမစိုက်ပေ..။အိုင်ဒေါတွေ သူ့ဘေးက ဖြတ်သွားရင်တောင် လှည့်မကြည့်ပါဘူး..။သူ ဆို်င်ထဲကိုသာ ​ြ့ပန်လျောက်သွားပြီး ကျန်တာတွေကို ဒါရိုက်တာ ဟု နဲ့ လွဲထားခဲ့ပါတယ်..။

ဆိုင်ထဲတွင်..။

"အကြီးအကဲ ခွေး..ရုပ်ရှင်ရိုက်နေတာ သွားမကြည့်ဘူးလား.."

လင်းဖန် ဆိုင်ထဲမှာ လဲလျောင်းနေတဲ့ အကြီးအကဲ ခွေး နီကိူးလပ်ကို မေးလိုက်တာပါ..။

အကြီးအကဲ ခွေး နီကိုးလပ်ဟာ..လင်းဖန်ကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး ပြန်အိပ်နေခဲ့ပါတယ်..။

အကြီးအကဲ ခွေး နီကိုးလပ် ဒီရက်ပိူင်း စိတ်ဓာတ်ကျနေတာက ခွေးမလေး တစ်ကောင်က သူ့အသဲကို ခွဲသွားလို့ပါ..။ထပ်ပြောရရင် သူတို့ရဲ့ အရွယ်အစား မတူညီတာကလည်း သူ့ကို ပိုပြီး စိတ်အားငယ် စေပါတယ်..။

အချိန်တွေ ကုန်ဆုံးတာဟာ မြန်ဆန်ပြီး အပြင်ဘက်မှာတော့..စည်ကားနေခဲ့ပါတယ်..။လမ်းလျောက်ရင်း ရယ်မောနေတဲ့ ဆယ်လီတွေရဲ့ အသံဆိုရင် ဒီကနေတောင် ကြားနေရတာပါ..။

"လူလိမ် ထျန်က ဘယ်ကို သွားနေတာလဲ.."

လင်းဖန်မေးလိုက်တာပါ..။

"ကျွန်တာ်ထင်တာတော့ သူ ဆယ်လီတွေ အနားမှာ သွားကပ်နေမယ် လို့ထင်တာပဲ..။သူ အဲ့နားမှာပဲ ဟိုလျောက် ဒီလျောက် လုပ်နေမှာ.."

ကျောက်ကျန်းယန် ပြန်ဖြေလိုက်တယ်..။

"မင်းရော မသွားဘူးလား..။ဒါက တိုက်ရိုက် ထုတ်လွင့်ဖို့ အကောင်းဆုံူ ပဲလေ.."

လင်းဖန် မေးလိုက်တယ်..။

"ကျွန်တော်က ဆယ်လီတွေ ဒီထဲဝင်လာဖို့ စောင့်နေတာ..အပြင်ထွက်ရမှာ ပျင်းလို့.."

"ဟားးဟား.."

လင်းဖန်ရယ်မောလိုက်တယ်..။ဒီလိုမျိုး ရိုက်ကူးရေးနဲ့ ကင်မ ရာတွေ အများကြီး ရှိနေတာကို သူလည်း ပထမဆုံး မြင်ဖူးတာပါ..။သူ ဒါကို ကြည့်ရင်း စိတ်ဝင်စားမူ ပျောက်ဆုံးနေပါပြီ..။

စျေးဝယ်တဲ့ သရုပ်ဆောင်တွေဟာ..လမ်းတွေကို စည်ကားနေတဲ့ ပုံစံနဲ့ သရုပ်ဆောင်ပေးနေကြပါတယ်..။သူတို့ ဆယ်လီတွေကို သိပေမယ့်လည်း ပရိတ်သတ်တွေလောက်တော့ အောဟစ်ပြီး ဓာတ်ပုံတွေ ပြေးရိုက်ရလောက်အောင် မရူးသွပ်ကြပါဘူး..။

ဆိုင်ပိုင်ရှင်တွေကလည်း ပုံမှန်လုပ်နေကြ အတိုင်း လုပ်နေခဲ့ပါတယ်..။သူတို့တွေဟာ ဆယ်လီတွေ နဲ့ ဂဓာတ်ပုံရိုက်ပြီး ..ပရိုဂရမ်ကို အစစ်အမှန် သဘော သဘာဝ တွေ ပေးအပ်နေခဲ့ပါတယ်..။ဒါက ကောင်းကျိုး တစ်ခုပါပဲ..။

အချိန်တစ်ချို့ ကြာပြီးနောက်..။

"သူတို့လာနေပြီ သူတို့ လာနေပြီ.."

ကျောက်ကျန်းယန် ချက်ချင်းပဲ တိုက်ရိုက် ထုတ်လွင့်လိုက်တယ်..။

"ဘယ်သူ လာတာတုန်း.."

လင်းဖန် ကျောက်ကျန်းယန် ရဲ့ စိတ်ပူတဲ့ အမူအရာကို ကြည့်ပြီး..ခေါင်းမော့လိုက်ပါတယ်..။

"ဆယ်လီတွေ လာနေကြပြီ..သူတို့က မစ်ရှင်ရှိလို့ ဒီဘက်ကို လာနေကြတာ.."

ကျောက်ကျန်းယန်ဟာ သူ့ဖုန်းကို သေချာ ပြင်ဆင်နေရင်းက နေပြောလိုက်တယ်..။

"ညီအစ်ကို မောင်နှစ်မတို့..ခနနေ ကြရင် ဆယ်လီတွေ ဒီကို လာတောမယ်..။စိတ်မကောင်းစွာပဲ ပရိုဂရမ်ရဲ့ တားမြစ်ချက်ကြောင့် တိုက်ရိုက် ထုတ်လွင့်လို့ မရဘူး..။ခနနေ တိုက်ရိုက် ထုတ်လွင့်မူကို ပြန်ပိတ်ရမှာ..ဒါပေမဲ့ ငါ့ရဲ့ အတွေ့အကြုံကို ဓာတ်ပုံတွေနဲ့ အတူ ပြန်မျှဝေပေးမယ်နော်.."

"နိုး..အဲလို မလုပ်ပါနဲ့..အစ်ကိုယန် ငါတို့လည်း ကြည့်မယ် လေ.."

"ချီးပဲ ခုနကမှ တိုက်ရိုက်ထုတ်လွင့်တာလေ..အခုရပ်တော့ မလို့လား..။သူက တို့ကို စမ်းသပ်နေတာလား.."

"အစ်ကို ယန် ကျေးဇူးပြုပြီး ဓာတ်ပုံအနည်းငယ်လောက် ရိုက်ထားပေးပါ..။အထူးသဖြင့် တန်ယန်ပဲ..။ငါ သူ့ကို အရမ်းချစ်တာ."

ကျောက်ကျန်းယန်..ရယ်မောလိုက်တယ်..။

"ငါ ဒါကို ရအောင်လုပ်ပေးမယ်..။

ယင်းနောာက် သူ တိုက်ရိုက်ထုတ်လွင့်မူကို ပြန်ပိတ်လိုက်ပါတယ်..။ံ

အပြင်ဘက်တွင်..။

ဆယ်လီ ရှစ်ယောက်ဟာ ဆိုင်ရှေ့မှာ ရပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေခဲ့ကြတယ်..။

"ငါတော့ ဒီတစ်ကြိမ် နိုင်တော့မှာပဲ..။အစ်မဟောင်ပြောလိုက်တာက..ဒီနေရာမှာ ဝယ်ယူဖို့ အခက်ခဲဆုံးဆိုင်က မာစတာ လင်းရဲ့ ဆိုင်ပဲတဲ့..။ဒါပေမဲ့ ငါ့ရဲ့ ချစ်ဖို့ ကောင်းတဲ့ အမူအရာနဲ့ ဆိုရင်..သူငါ့ကို ကြိုက်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်.."

ဟောင်ယွဲ့ ပြောလိုက်တာပါ.. ။

"ငါတော့ သိပ်မသေချာဘူး..ဘယ်သူသိမှာလဲ..မာစတာ လင်းက ငါ့ပရိတ်သတ် ဖြစ်နေနိုင်တာပဲ.."

ယန်တောင် ပြောလိုက်တယ်..။

"နောက်ဆု ံး အဖြေကို ကြည့်ကြတာပေါ့.."

လီမုဇီ ထပ်ပေါင်း ပြောလိုက်တာပါ..။

…

ဆယ်လီ တွေဟာ ဆိုင်ရှေ့မှာ ဆက်ရပ်နေပြီး စကားပြောနေခဲ့ကြတယ်..။

"တန်ယန်က ဒီထဲမှာ အခွင့်အရေး အများဆုံးပဲနော်..။မာစတာ လင်းက သူ့ရဲ့ ဆွဲဆောင် မူတွေကို သဘောကျရင် ကျသွားမှာ.."

တန်ယန် ပြုံးလိုက်တယ်..။

"သိပ်တော့ မသေချာ ပေမယ့်လည်း အကောင်းဆုံး ကြိုးစားရမှာပဲ.."

"အလုက်ကြိုးစားတာကလည်း..အမြဲတမ်း မကောင်းဘူးနော်..ငါတော့ တန်ယန် ..အခွင့်အရေး နည်းးတယ် လို့ထင်တယ်.."

လု ဒေါင်ရမ် ပြောလိုက်တာပါ.. ။

တန်ယန် ရှက်ရွံ့စွာ ​ပြုံးလိုက်တယ်..။သူမ ဆယ်လီ မိသားစု မှာ ပါဝင်ခွင့်ရတာကပဲ အတော်ကို..ကံကောင်းနေခဲ့ပါပြီ..။သူမက အစက ပါဝင်ခွင့် မရပါဘူး..သို့ပေမယ့် လုပ်ဖော်ကိုင်ဘက် တစ်ယောက်က ဒဏ်ရာရသွားတဲ့ အတွက် သူမကို ယာယီ အစားထိုးထားတာပါ..။

အောင်မြင်မူချင်းယှဥ်ရင် သူမဒီထဲက တစ်ယောက်ကိုမှ မယှဥ်နိုင်ပါဘူး..။ဒါကြောင့် ..သူမ ဘယ်သူ့ကိုမှ အပြစ်မပြုမိအောင် ဂရုစိုက်နေထိုင် ရပါတယ်..။

သူမ ဆယ်လီ မိသားစုမှာ ပါဝင်လို့ ပိုက်ဆံ အများကြီး မရပါဘူး...။သူမရဲ့ ဆုလာဒ်က ဒီရှိုးမှာ ပါဝင်ခွင့်ရပြီး လူသိများလာဖို့ ကြိုးစားခွင့်ပါ..။

အဲ့အချိန်မှာပဲ..။

လင်းဖန် သူ့ ဆိုင်ရှေ့မှာ ရပ်နေကြတဲ့ ဆယ်လီ ရှစ်ယောက်ကို မြင်ကာ ထွက်လာပြီး ပြောလိုက်တယ်..။

"မင်းတို့ ဘာလုပ်နေကြတာလဲ.."

ကျောက်ကန်းယန်ကတော့ ထောင့်နားမှာ မတ်တတ်ရပ်နေပြီး ဘယ်ညာ ကြည့်နေခဲ့ပါတယ်..။သူ့တစ်ဘဝလုံးမှာ ဆယ်လီတွေကို ဒီလောက် နီးနီူ မမြင်ဖူးပါဘူး..။

ဝူယူလန်ဟာ သူ့ရှေ့က မြင်ကွင်းကို ပြုံးပြီး ကြည့်နေခဲ့တယ်..။ကင်မရာ မန်းတွေဟာ...ဟာ ဆယ်လီတွေထက်ပိုပြီး ချောမောနေတဲ့ ဝူယူလန်ကို မြင်ကာ အံ့ဩသွားကြပါတယ်..။ဒါကြောင့် သူတို့ ဝူယူလန်ကိုပါ ထည့်ရိုက်လိုက်တယ်..။

လူလိမ်ထျန်ဟာ လည်း သူမဘေးနားမှာ ထိုင်နေပြီး TV ထဲ ပါဝင်နိုင်အောင် ကင်မရာကို ပြုံးပြီး ကြည့်နေခဲ့ပါတယ်..။

"ကျွန်တော်တို့ အမူတွဲတစ်ခုရဲ့ သံလွန်စကို လိုက်နေတာပါ..။ပြီးတော့ အစ်ကိုက တိမ်ဖြူလမ်းရဲ့ အကြီးမားဆုံး သဲလွန်စပိုင်ရှင်ဆိုတာ သိထားတယ်..။ဒီတော့ ကျွန်တော် တို့ရှစ်ယောက်က အစ်ကို ဆီက သဲလွန်စရဖို့ ဖျော်ဖြေမူ အသေးစားလေးဘပြင်ဆင်လာခဲ့ပါတယ်.."

လီမုဇီ ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး သူ့ဆီက အော်လန် ယူသွားတဲ့ တစ်ဟောက်မှန်း သိလိုက်ပါတယ်..။လင်းဖန်က ဒီတိုင်း ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပေမယ့် သူက ဆယ်လီကြီးတစ်ယောက်ပါ..။ဘာမှ ယှဥ်ပြိုင်စရာ အကြောင်းတောင် မရှိပါဘူး..။

လင်းဖန် ရယ်လိုက်တယ်..။သူ ဒါရိုက်တာ ဟု နဲ့ ဆွေးနွေးထားပြီး ဖြစ်တာကြောင့် သူပါဝင်ရမယ့် အခန်းကို သူသိထားပါတယ်..။

"​ေကာင်းပြီလေ မင်းတို့ရဲ့ ဖျော်ဖြေမူကို ပြပါဦး.."

ဟောင်ယွဲ့ အရင်ရှေ့ထွက်လာခဲ့တယ်..။

"ငါ အရင်သွားမယ်..။မာစတာ လင်းအတွက် အကနဲ့ ဖျော်ဖြေပါ့မယ်.."

ရုတ်တရက်

လေထုဟာ ရယ်ရွယ်ဖွယ်ဖြစ်လာခဲ့ပါတယ်..။သူက သိပ်ပြီး မကတတ်တော့ သူမရဲ့ ဖျော်ဖြေမူတွေက ရယ်စရာ ကောင်းလှပါတယ် . ။

ဒါပေမဲ့ အဲ့အချိန်မှာပဲ လင်းဖန်ဟာ တန်ယန်ကို ကြည့်နေခဲ့တယ်..။

ဟောင်ယွဲ့ လင်းဖန်ရဲ့ အကြည့်တွေကို သတိထားမိပြီး ရယ်မောလိုက်ပါတယ်..။

"ကြည့်ရတာ မာစတာ လင်းက..ဒီက သရုပ်ဆောင် အသေးလေးကို မျက်စိကျနေတာပဲ..။ခုနက သဲလွန်စ သူ့ဆီရောက်မယ် လို့ ပြောနေတာ မှန်နေ​ြီထင်တယ်.."

"ဒီမိန်းကလေး ကြည့်ရျာ ကောင်းမွန်တဲ့ ကံတရားတွေ ရှိနေတယ်..။ကျုပ်နည်းနည်းလောက် ဗေဒင်ဟောပေးရင် စိတ်မရှိဘူးမလား.."

လင်းဖန် ပြုံးပြီးပြောလိုက်တာပါ..။

တန်ယန်ဟာ အနည်းငယ် အံဩသွားပြီးမှ ပြန်ပြောလိုက်တယ်..။

"မာစတာ လင်း အရင်က ဘာတွေ လူပ်ခဲ့လဲ ဆိုတာ သိထားပါတယ်..။ညီမကို ဗေဒင်တွက်ပေးတာကကံကောင်းမူ တစ်ခုပါပဲ.."

လီမူဇီ ဘေးနားက ရပ်နေရင်း ဖြတ်ပြောလိုက်တယ်..။

"ဒါတွေ အကုန်လံူးက အလိမ်အညာတွေပဲ..။အခုဆို ၂၁ ရာစုတောင် ရောက်နေပြီ နင်ဒါတွေ အယုံကြည်သင့်တော့ဘူးလေ..။ငါကတော့ သိပ္ပံပညာကိုပဲ ယုံကြည်တယ်.."

တန်ယန်ဟာ လီမူဇီ ပြောတာကို ကြားပြီး အေးခဲနေခဲ့တယ်..။သူ ပြောတာက အရင်းပွင့်လင်းလွန်းတယ် လို့ သူမခံစား လိုက်ရပါတယ်..။

လင်းဖန် လီမူဇီကို ကြည့်လိုက်တယ်..။

"မင်း နည်းနည်းလောက်သိထားတဲ့ အရာလေးနဲ့ လျောက်ပြောမနေနဲ့..။ဒါက ရုပ်လွန်ဒသနိက ဗေဒ အဖွဲ့အစည်း ဥက္ကဌရဲ့ သမီးပဲ..။မင်းဒီစကားတွေ ပြောနေတာက သူ့ကို အပြစ်ပြုနေတာပဲ.."

လီမူဇီ သံသယဖြစ်စွာ ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ..

"ကောင်းပြီ ကောင်းပြီ ..ဒါဆို ငါ့ကို ဘာလို့ဗေဒင်မတွက်ပေး တာလဲ မာစတာလင်း.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..ဖဟ

"ငါ့မျက်စိကို ဖမ်းစားနိုင်တဲ့ လူတွေကိုပဲ ငါဟောပေးတယ်..။တကယ်လို့ သူတို့ရဲ့ အသွင်အပြင်က ငါ့မျက်စိကိာ မဖမ်းစားနိုင်ရင်..တကယ်လို့ သူတို့ရဲ့ အတွေးတွေက မလေးနက်ရင်...တကယ်လို့ သူတို့တွေက တစ်စုံတစ်ယောက်ကို နောက်ကျောက လုပ်ကြံဖူးရင် ဒီထဲက တစ်ချက်ရှိရင်တောင် ငါ သူတို့ကို မဟောပေးဘူး..။ပြီးတော့ အဲ့သုံးခုစလုံးက မင်းဆီမှာ အကုန်ရှိနေတယ်..ငါမင်းကိုဟောပေးမှာမဟုတ်ဘူး.."

ယောက်ယက်ခတ်သွားတယ်..။

လီမူဇီရဲ့မျက်နှာဟာ ချက်ချင်းမဲနက်သွားတယ်..။တကယ်လို့ သူသာ ကင်မရာ ရှေ့မှာ မဟုတ်ရင်..ပေါက်ကွဲ ပြီးနေလောက်ပါပြီ..။

ထပ်ပြောရရင် သူက ဆယ်လီတစ်ယောက်ပါ..။မာစတာ လင်းရဲ့ စကားတွေက သူထက်ပိုပြီး အဆိပ်ပြင်းနေလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။

ဒါက ပြသနာ ရှာနေတာကလွဲလို့ ဘာမှ မဖြစ်နိုင်တော့ပေ..။

All Chapters