← Chapters

အမုန်း

Vol. 22 Ch. 330

အမုန်း

Vol. 22 Ch. 330

ဘာသာပြန် = စနိုးဝှိုက်

ကင်မရာ မန်းတွေရော ဒရိုက်တာဟု ရော အံ့ဩသွားခဲ့ကြပါတယ်..။လင်းဖန် ပြောတာက အဓိပ္ပါယ်ရှိပေမယ့် လည်း သူတို့ ဂရုမစိုက်ပါဘူး..။ဘာပဲဖြစ်ဖြစ် အရှုပ်အထွေး တွေက ရှိုးကို ပိုပြီးလူစိတ််ဝင်စား စေပါတယ်..။

လတ်တလော ရှိုးတွေ ဆိုရင် လည်း ကြည့့်ရူသူ ပိုမိုများပြားလာစေ ဖို့အတွကိ တမင်တကာ ပြိုင်ဆိုင်ခိုင်း ကြတာပါ..။

သို့ပေမယ့် ..လတ်တလော ဖြစ်နေတဲ့ လင်းဖန် နဲ့ လီမူဇီ တို့..ရဲ့ အဖြစ်အပျက်ကတော့ ဇာတ်ညွှန်းထဲမှာ မပါတဲ့ အရာပါ..။

အဲ့အချိန်မှာ တော့ လင်ဖန်ဟာ လီမူဇီကို စိုက်ကြည့်နေပြီး လီမူဇီကလည်း သူ့ကို ပြန်စိုက်ကြည့်ကာ ရယ်မောလိုက်တယ်..။

"ဟားဟား...မင်းဘာလို့ ငါ့ကို ဗေဒင်မဟော တာလဲ ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကို ငါသိတယ် နော်.."

လီမူဇီဟာ သူ့ရဲ့ ရှက်ဖို့ ကောင်းတဲ့ အခြေအနေကို ရုန်းထွက်ဖို့ ထွက်ပေါက်တစ်ခုကို ရှာနေခဲ့တာပါ.။

ဟောင်ယွဲ့ဟာ သူ့ကိုကြည့်လိုက်ပြီး သိချင်စွာ မေးလိုက်တယ်..။

"အစ်ကို ယွဲ့ ဘာကို ပြောချင်တာလဲ.."

လီမူဇီ ဘာထပ်ပြောမလဲ ဆိုတာကို လင်းဖန်တောင်မှ ပဲ သိချင်နေခဲ့ပါတယ်..။ကျောက်ကျန်းယန်က ဒီကောင်က မိန်းကလေး တစ်ယောကခ အတွကိနဲ့..နောက်​ေကျာကို ဓားနဲ့ ထိုးခဲ့တဲ့ ကောင်လို့ ပြောပြီး ကတည်းက..သူသေချာ လေ့လာကြည့်ပြီးပါပြီ.. ရလာဒိကတော့ တကယ် မကောင်းတာပါ..။

လီမူဇီ ရယ်မောလိုက်တယ်..။

"ဘာလို့ လည်း ဆိုတော့ ငါက အရမ်း ခန့်ညားနေလို့လေ..။ဒါကြောင့် မာစတာ လင်း ဟောဖို့ ခက်ခဲနေတာ ဖြစ်မယ်.."

"ဟားးဟားး.."

ချက်ချင်းပဲ တစ်ခြား ဆယ်လီ တွေပါ ရယ်မောလိုက်ကြပါတယ်..။

"အစ်ကို ဇီ သေချာလိူ့လား.."

ဟောင်ယွဲ့မေးလိုက်တာပါ..။

"ကောင်းပြီ..သူက အမှန်တရားနဲ့ သိပ်တော့ မဝေးပါဘူး..။ဒီလူတွေထဲမှာ သူက ဆွဲဆောင်မူ အကောင်းဆုံးပဲလေ.."

ယန်တောင် ပြောလိုက်တယ်..။

လီမူဇီဟာ ရယ်ျမာလိုက်ပြီး လင်းဖန်ကို ပြန်ကြည့်လိုက်ကာ..

"မာစတာ လင်း..ကျွန်တော် တို့ ဘယ်ကိစ္စကို မဆို ဒီစကားနဲ့ ရှင်းပြနိုင်ပါတယ်..။အဖိူးတန်တဲ့ သဲလွန်စကို ကျွန်တော်ကို ပေးရင်ရော ဘယ်လိုလဲ..။ကျွန်တော်က ဒီမှာ ဆွဲဆောင်မူ အရှိဆုံးဆိုတော့ ကျွန်တော်ပဲ ရသင့်တယ်.."

လင်းဖန် ဒီကောင်ကို အရှက်မရှိဘူးလား လို့ပြောချင်ပေမယ့်..ဒါက ရိုက်ကူးရေး လုပ်နေတာကြောင့်သူ ဒါရိုက်တာ ဟု ကို ပြသနာ မပေးချင်ပါဘူး..။သိုပေမယ့် ဒရမ်းမာ အသေးစားလောက်တော့ ဘာမှမဖြစ်လောက်ပေ.."

လင်းဖန် ယန်တောင်ကို လက်ညိုးထိုးပြီး လီမူဇီကိုပြောလိုက်တယ်..။

"သူက ဒီမှာ ဆွဲဆောင် မူအရှိဆံူးပဲ ဒါပေမဲ့ သူက နိမ့်ချပြီး နေထိုင်တတ်တယ်..။မင်းလိုမျိုး..ဘယ်လိုမျိုးမဟုတ်ဘူး..။ယောက်ျားလေးထဲက တစ်ယောက်ကို သဲလွန်စ ပေးရမယ် ဆိုရင် အဲတာ ယန်တောင် ပဲဖြစ်လိမ့်မယ်.."

လီမူဇီ ဟာ မျက်နှာမဲနက် သွားပြီး..ရှက်ရွံ့စွာ ရယ်မောလိုက်တယ်..။

"မာစတာ လင်း ငါဒါကိုတော့ သဘော မတူနိုင်ဘူး.."

ယန်တောင်ဟာ ဘေးနားမှာရပ်နေရင်း စိတ်ထဲက ကျိတ်ရယ်ကာ..မာစတာ လင်းကို ချီးကျူးနေခဲ့ပါတယ်..။သူက ဒီမှာ ရှိနေတဲ့ လူတွေ အကုနိလံူး မှာ အခန့်ညားဆုံး ဖြစ်ပေမယ့် လည်း..နိမ့်ချပြီးသာ နေနေခဲ့တာပါ.. ။အထူးသဖြင့် သူ့ရဲ့ အောင်မြင်မူက လီမူဇီကို မယှဥ္တာကြောင့် လီမူဇီ စိတ်အနှောက်မယှက်ဖြစ် သွားမှာလည်း ပါပါတယ်..။

ယန်တောင် မာစတာ လင်းကို ကြည့်လိုက်ပြီး နိမ့်ချစွာ ပြောလိုက်တယ်.. ။

"မာစတာ လင်း..ကျွန်တော်က အစ်ကို ဇီရဲ့ အဆင့်အတန်းနဲ့ အဝေးကြီးမှာပါ.."

"နိမ့်ချ မနေနဲ့...။မင်းရဲ့ ကံတရားက တကယ်ကောင်းနေတာ..မင်းက ငယ်ရွယ်သေးတယ်လေ..မင်း အသက်သုံးဆယ် လောက်ရောက်သွားရင်..မင်းရဲ့ ဘဝက ပြောင်းလဲသွားပြီး အနာဂတ်က တောက်ပ လာလိမ့်မယ်.."

ယန်တောင် အံ့ဩစွာ ကြည်လိုက်တယ်..။

"မာစတာ လင်း ကျွန်တော်ကို အရမ်းမမြောက်ပါနဲ့..။မဟုတ်ရင် ကျွန်တော် ဘဝင်မြင့်သွားဦးမယ်.."

"မင်းက ဆိတ်နှစ်ရဲ့ ၆ လမြောက်မှာ မွေးဖွားလာခဲ့တာ..။မင်းရဲ့ မွေးနေ့က နတ်သမီး ဂေါင်ယန် နဲ့ အတူတူပဲ..။မင်းက ကြင်နာတယ်..လိမ်ရလွယ်တယ်..စိတ်ခံစားမူများတယ်.. ။ပြောချင်တာက မင်းအသက် ၃၀ ကိုရောက်ရင် အံဩစရာတွေနဲ့ ကြုံရလိမ့်မယ်..။ငါ့စကားတွေကို မှတ်ထား..နေ့ရက်တွေ ရောက်လာရင် ငါ့ကို သတိရပါ..။ပြီးရင် လက်ဆောင်ပို့လိုက်.."

ယန်တောင်ဟာ မာစတာ လင်း အမှန်တွေ ပြောနေတာလား မသိပေမယ့် ဒါက နားထောင်လို့တော့ အတော် ကောင်းပါတယ်..။ဒါက အစီစဥ္ မှာ ပဝင်မှာဖြစ်ပြီး..ဒီမှတ်ချက်က သူ့ကို..နတ်ပြည်ပေါ် ပို့ပေးလိုက်သလို ပါပဲ..။

ယန်တောင်ရဲ့ ..ကံကြမ္မာက လွဲလို့ တစ်ခြား လူတွေက ပုံမှန်ပဲလို့ ပြောလို့ရပါတယ်..။

ဒါကြောင့် သူယန်တောင်ကို ကို ဥပမာ ပေးပြီး လီမူဇီရဲ့ မောက်မာ မူတွေကို ရိုက်ချိုးချင်တာပါ..။

လီမူဇီက သူ့ကို အငြင်းခုန်နေပေမယ့် လည်း သူ ဒီကောင်ကို မြင်နေရတာကို ကြည့်မရပါဘူး.။ဒါကြောင့် သူ နှိုင်းယှဥ္ပြီး တိုက်ခိုက်လိုက်တာပါ..။

ယန်တောင်ဟာ..ကျေးဇူးတင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

"မာစတာ လင်း ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူး..။သို့ပေမယ့် အစ်ကို ဇီက ကျွန်တော် ထက်သာတာ ကတော့ ကျိန်းသေပါတယ်.."

လီမူဇီကတော့ ဘေးနားမှာ ရှက်ကိုးရှက်ကန်း ပြုံးနေခဲ့တယ်..။တစ်ချိန်ထဲမှာပဲ သူ စိတ်ထဲမှာတောါ ပေါက်ကွဲနေခဲ့ပါပြီ..။

ချီးပဲ ငါ ဒီလိုခံနေရအောင် ဘယ်သူကို အပြစ်ပြုမိလိုလဲ...။ဒီ ငနဲက ငါ့ကိုပဲ ဦးတည်ပြီး တိုက်ခိုက် နေတာ..

ဒါက ရိုက်ကူးရေးသာ မဟုတ်ရင် သူ ဒီမာစတာ လင်းကို ရိုက်နှက်ပြီး နေလောက်ပါပြီ..။

ရိုက်ကူးရေးအဖွဲ့သားတွေဟာ ဒါရိုက်တာ ဟုကို အချက်ပြလိုက်ပါတယ်..။

ဒါရိုက်တာ ဟုဟာ အနည်းငယ် ကြောင်အသွားပြီးမှ ပြုံးလို်က်ပါတယ်..။ဒီလို အခြေအနေ မျိုးက..အကောင်းဆုံးပါပဲ..။စခရင်မှာ ဒရမ်မာ ပိုများလေ လူတွေ ပိုစိတ်ဝင်စားလေ ပါပဲ..။ဒါဆိုရင် ရှိုးရဲ့ ကြည့်ရူနှုန်းတွေလည်း မြင့်တက်လာတော့မှာပါ..။

ရိုက်ကူးရေး အဖွဲ့ရဲ့..တင်ပြချက်ကို ကြားပြီး..ဒါရိုက်တာ ဟု နားလည် သွားခဲ့တယ်..။မာစတာ လင်းကြောင့် ဒီရှိုးရဲ့ ကြည့်ရူနှုန်းတွေ ဘယ်လောက်တောင် တက်သွားမလဲ စိတ်ဝင်စားစရာ ပါပဲ..။

…

"မာစတာ လင်း..တကယ်လို့ ဒီတိုင်းဆက်လုပ်နေရင် အစ်ကို ဇီ အရှက်ရလိမ့်မယ်နော်.."

ဟောင်ယွဲ့ ပြုံးပြီးပြောလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ငါ သူ့ကို ဘယ်တုန်းက အရှက်ရအောင် လုပ်လို့့လဲ..။ဒါပေမဲ့ သူက အသားမဲပြီး အရေထူနေပြီ..ဒီလောက်ကတော့ အေးဆေးပဲ.."

*ရယ်မောသည့် အသံများ*

ဆယ်လီ တွေအပြင် ရိုက်ကူးရေး သမားတွေပါ ဝိုင်းရယ်လိုက်ကြပါတယ်..။

လီမူဇီရဲ့ မျက်နှာဟာ ပိုပိုပြီး မဲနက် လာကာ..သူ့အရေပြားတွေ နီမြန်းလာခဲ့ပါတယ် ။သူ အသက်ကိုပြင်းပြင်းရု လိုက်ပြီး..ကြိုးစား ပြုံးလိုက်ကာ..

"ဒီဟာသက တကယ် မရယ်ရ ဘူးနော်.."

လင်းဖန်..လီမူဇီကို ပြန်မ​ဖြေခင် စက္ကန့်အနည်းငယ် ကြာအောင် စိုက်ကြည့်လို်က်တယ်..။

"ငါပြောတာက ဟာသ မဟုတ်ဘူးလေ..။အမှန်ကို ပြောနေတာ.."

ယီးပဲ...

ဆယ်လီ တွေ အကုန်လုံး ကြောင်အသွားခဲ့တယ်..။

ဒီငနဲက တစ်ခြားလူကို ​​မျက်နှာသာ ပေးဖို့ လုံးဝ စိတ်ကူး မရှိပါဘူး.. ။

လုဒေါင်ရမ် နဲ့ လီမူဇီ တို့ဟာ ​ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုတည်းဖြစ်တာကြောင့် သူငယ်ချင်းကောင်းတွေလို့ ပြောလို့ ရပါတယ်..။လုဒေါင်ရမ် ပြောလိုက်တယ်..။

"မာစတာ လင်း..ဘာလို့ ကျုပ့်ကို ဗေဒင် မတွက်ပေးတာလဲ.."

လင်းဖန် သူ့ကို တစ်ချက်ကြည့်ပြီး လက်ဝေ့ယမ်း လိုက်တယ်..။

"ခုနက ငါ လီမူဇီကို ပြောတာတွေ ကြားလိုက်တယ် မလား..။မင်း တို့ နှစ်ယောက်စလုံး အတူတူပဲ..။ငါမင်းကို ဗေဒင်တွက်ပေးမှာ မဟုတ်ဘူး.."

မအိမ်လံူး...

လုဂေါင်ရမ် ဒေါသထွက်သွားခဲ့တယ်..။သို့ပေမယ့် သူ့ဒေါသကို ထိန်းထားမှ ရမှာပါ...။သူသာအခု ချိန် ပေါက်ကွဲ မိရင်..ကင်မရာတွေ ရှိတာကြောင့် ရယ်စရာ လူသားတစ်ယောက် ဖြစ်လာတော့မှာပါ..။

"ဟားဟား.."

သူဘေးနားမှာ ရပ်နေပြီး လင်းဖန်ကို အထင်သေးတဲ့ အကြည့်နဲ့ကြည့်ကာ ရယ်နေလိုက်ပါတယ်..။

တစ်ခြား ယောက်ျားလေး ဆယ်လီတွေ လည်း ပြုံးယုံသာ ပြုံးနေခဲ့ပြီး ဘာမှ ဝင်ပြောဖို့ စိတ်ကူးမရှိကြပါဘူး..။မာစတာ လင်း သူတို့ မကောင်းကြောင်းကိုရုတ်တရက် ပြောလိုက်မှာ သူကြောက်နေခဲ့တာပါ..။

အဲအချိန်မှာပဲ လင်းဖန် သူ့အကြည့်ကို တန်ယန် ဆီပြန်လွဲလိုက်တယ်..။

"မင်းက ကြည့်လို့ ကောင်းတာပဲ..။တောက်ပပြီး ချစ်ဖို့ ကောင်းတယ်..လူတွေက မင်းကို မကူညီနိုင်ပေမယ့် သဘောကျ ကြမှာပါ.."

ဟောင်ယွဲ့ ဘေးနားကနေ မေးလိုက်တယ်..။

"မာစတာ လင်း ကျွန်မကရော.."

လင်းဖန် ရယ်မောလိုက်တယ်..။

"သိပ်မဆိုး ပါဘူး.."

ဟောင်ယွဲ့ဟာ မာစတာ လင်း သူ့ကို သဘောမကျ မဖြစ်တာကို တွေ့မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။သို့ပေမယ့် မာစတာ လင်းရဲ့ အမုန်းကို ခံရတဲ့ လီမူဇီ နဲ့ လုဒေါင်ရမ် တို့ အတွက် အကူညီမဲ့သလို ခံစားရပေမယ့်..သူမ စိတ်လှုပ်ရှားပြီး..ပျော်ရွင်နေပါသေးတယ်..။

ဘေးနားမှာ ရှိနေတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေဟာ ချွေးတွေကို သုတ်လိုက်ကြတယ်..။လေထုက အတော်ကို ပြင်းထန်တယ် လို့ သူတို့ ခံစားနေရတာပါ...။မာစတာ လင်းက ..လီမူဇီ နဲ့ လုဒေါင်ရမ် ကို ဦးတည်တိုက်ခိုက်နေတာ ကို သူတို့ အကုန်လုံး သိကြပါတယ်..။

သို့ပေမယ့် သေချာနားထောင်ကြည့်ရင်..မာစတာ လင်းရဲ့ စကားလုံးတွေထဲမှာ..ရိုက်နှက်ချင်တဲ့ အငွေ့အသက်တွေ ပါဝင်နေတယ် ဆိုတာကို ခံစားကြရမှာပါ..။

All Chapters