← Chapters

"ရုတ်တရက်"

Vol. 49 Ch. 758

"ရုတ်တရက်"

Vol. 49 Ch. 758

ဤအခိုက်တန့်တွင် ပျောက်ကွယ်စပြုနေသည့် စွမ်းအင်မုန်တိုင်းခြောက်ခုသည် ချမ်းဘော့ဒ်တိုင်းပြည်မြင့်တက်လာခြင်းအား ကိုယ်စားပြနေ၏။

ယခုအချိန်မှစပြီး ဇီးနစ်အင်ပါယာမြောက်ဖျားပိုင်းတွင်ရှိသည့် လယ်ဗယ်၁အဖွဲ့၀င်တိုင်းပြည်တွင် လအဆင့်သိုင်းဆရာရှစ်ယောက်ရှိနေပြီဖြစ်ပြီး ဘုရင်သည်လည်း နေအဆင့်သို့ ရောက်ခါနီးဖြစ်နေပြီဖြစ်သည်။ အကယ်၍ ဖှေးသည်သာအရှေ့သို့ ခြေတစ်လှမ်းထပ်လှမ်းနိုင်လိုက်ပါက သူသည် ဇီးနစ်အင်ပါယာတစ်၀ိုက်တွင် စွမ်းအားအကြီးမားဆုံးသိုင်းဆရာများထဲမှ တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ထိုကဲ့သို့ဆိုပါက ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားသည် နေရာတစ်၀ိုက်တွင်ရှိနေသည့် အင်ပါယာများထက်ပင် ပို၍သာလွန်သွားပြီဖြစ်၏။

ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် သူ၏ ပတ်၀န်းကျင်တွင် စီးဆင်းနေသည့် သဘာ၀တရား၏ နိယာမများကို ရှင်းလင်းစွာအာရုံခံနိုင်နေသည်။ တကယ်တန်းတွင် သဘာ၀နိယာများသည် သစ်ရွက်ပေါ်မှ အကြောလေးများလိုပင် နေရာတိုင်းတွင်ရှိနေ၏။

အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် ဖှေးသည် လပြည့်အမြင့်ဆုံးအဆင့်စစ်သည်တစ်ယောက်၏ စွမ်းအားများနှင့်ညီမျှနေပြီဖြစ်သည်။

သို့သော် သူသည် အတွင်းအားစွမ်းအင်အား တဆင့်ခြင်းလေ့ကျင့်၍ သဘာ၀တရားကိုလုံလောက်စွာ နားလည်ခဲ့ပါက သဘာ၀နိယာမများကို ပို၍နားလည်နိုင်မည်ဖြစ်ပြီး လေထဲတွင် မမြင်နိုင်သည့် ကြိုးများရှိနေသလိုပင် သေမျိုးများကို တုပ်နှောင်ထားသည်ကို မြင်နိုင်မည်ဖြစ်သည်။

ထိုသဘာ၀နိယာမများကို သိုင်းဆရာအစစ်မှန်များသာလျှင် ချိုးဖောက်ကာ ပို၍စွမ်းအားမြင့်မားလာနိုင်ကြသည်။

သို့သော် ဖှေးသည် ဤတိုက်ပေါ်မှ သာမန်သိုင်းဆရာများကဲ့သို့မဟုတ်ပေ။ သူ၏စွမ်းအင်များသည် ဒိုင်ယာဘလိုကမ္ဘာမှ လာသည့်အတွက်ကြောင့် သူ၏အဆင့်တွင် တစ်ခြားသော ဆရာများနှင့်နှိုင်းယှဥ်ပါက သူသည် သဘာ၀နိယာမများအားသေချာနားလည်ခြင်းမရှိပေ။ သို့သော် တာလစ်နှင့် ခါလစ်တို့ရွှေရောင်ရုပ်တုများထံမှ ရွှေရောင်မြူခိုးများမှတဆင့် ဖှေးသည် စွမ်းအင်နားလည်မှုများရရှိခဲ့ရာ သဘာ၀နိယာမများကို သေချာနားလည်ခြင်းမရှိပဲ အဆင့်တက်နိုင်ခဲ့သည်။

လက်ရှိတွင် ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ ပီတာ၊ တိုးရိစ်နှင့် အိုလက်ဂ်တို့၏ လအဆင့်သို့ ကူးပြောင်းခြင်းဖြစ်စဥ်များပြီးဆုံးသွားပြီဖြစ်သောကြောင့် လေထုဲတွင်ရှိနေသည့် စွမ်းအင်တောက်ပမှုများသည်လည်း စတင်၍ ပျောက်ကွယ်လာနေပြီဖြစ်သည်။

သူတို့၏ အရှိန်၀ါများမြင့်တက်လာပြီဖြစ်သောကြောင့် သူတို့၏ ပင်ကိုယ်မူလစွမ်းရည်နှင့် အရည်ချင်းတို့ကို နှိုင်းယှဥ်နိုင်လာပြီဖြစ်သည်။

ပီတာသည် စစ်သည်တော်ခြောက်ယောက်တွင် ပင်ကိုယ်စွမ်းရည်အမြင့်ဆုံးဖြစ်ပြီး တိုးရိစ်သည် အရည်ချင်းရှိသည့် ပါရမီရှင်တစ်ယောက်ပင်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် လယ်ဗယ်၈အနိမ့်ပိုင်းလသစ်စစ်သည်အဆင့်သို့ လျှင်မြန်စွာရောက်ရှိသွားပြီး ကျန်ရှိနေသည့် စစ်သည်တော်လေးယောက်ထက် များစွာပို၍သာလွန်နေ၏။

သူတို့သည် လျို့၀ှက်ချက်များစွာရှိနေသည့် လမ်းပါ့ဒ်နှင့် ယှဥ်နိုင်ခြင်းမရှိသော်လည်း သူတို့သည် လအဆင့်သို့ရောက်ရှိခဲ့သည့် သိုင်းဆရာများထဲတွင် ပါရမီရှင်များဟုဆိုနိုင်၏။

ထို့နောက်တွင် ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် ရော်ဘင်တို့ပင်။ ပထမနှစ်ယောက်သည် ဖှေးနှင့်မတွေ့ခင်က အတွင်းအားစွမ်းအင်နှင့်ပတ်သက်၍ အခြေခံအုတ်မြစ်မရှိခဲ့ပဲ ဖှေးကြောင့်သာဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် ရော်ဘင်သည်လည်း ဖှေးနှင့် နောက်ကျမှ တွေ့ခဲ့သည့်အတွက်ကြောင့် ဖှေး၏ ထောက်ပံ့မှုများကို ကျန်ရှိနေသည့်လူများလောက်ရရှိခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူတို့သုံးယောက်သည် လယ်ဗယ်၄အဆင့်နိမ့်လသစ်အဆင့်သို့ သာရောက်ရှိခဲ့သည်။

နောက်ဆုံး ကျန်ရှိနေသည့်လူမှာ ဘုရင်အား မြှောက်ပင့်ရသည်ကိုနှစ်သက်သည့် ဖတ်တီးထောင်မှူးအိုလက်ဂ်ပင်။

ပုံမှန်အတိုင်းဆိုပါက အိုလတ်ဂ်သည် ပို၍ စွမ်းအားမြင့်မားနေသင့်၏။ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့ အတွင်းအားစွမ်းအင်ပိုင်ဆိုင်ခြင်းမရှိသေးပဲ ခွန်အားသာအသုံးပြု၍တိုက်ခိုက်နေရသည့်အချိန်တွင် အိုလက်ဂ်သည် ကြယ်တစ်လုံးအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် ဖှေးနှင့်အတူရှိနေသည်မှာ ရော်ဘင်ထက်ပိုကြာပြီဖြစ်သောကြောင့် ပို၍မြင့်သောအဆင့်တစ်ခုတွင်ရှိနေသင့်၏။

ကံမကောင်းစွာပင် အိုလတ်ဂ်တွင် ကိစ္စများများမြောင်နေ၏။ သူ၏ ပတ်၀န်းကျင်တွင်ရှိနေသည့် လူများကိုမြှောက်ပင့်ခြင်း တရားစီရင်ရေးဌာနကိုလည်း စီမံအုပ်ချုပ်ခြင်းစသည်တို့ပင်။ ထို့အပြင် သူသည် ကျင့်ကြံခြင်းကိုလည်း ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့လောက် စိတ်ပါ၀င်စားခြင်းမရှိပေ။ စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ဖြစ်ရန် စိတ်အားထက်သန်ခြင်းသိပ်မရှိပေ။

ထိုအစားသူသည် ခန္ဓာကိုယ်လှပစေရန်နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားပို၍သန်မာလာစေရန်တို့ကိုသာစိတ်၀င်စား၏။ ထို့ကြောင့် သူ၏အချိန်အများစုကို လေ့ကျင့်ခန်းလုပ်ရန်နှင့် သူ၏ထူးခြားသည့် ကျင့်ကြံခြင်းလမ်းစဥ်ကြောင့် တစ်ခြားလူများထက်နောက်ကနေခြင်းဖြစ်ပြီး လအဆင့်သို့ ရောက်သည့်အချိန်တွင် သူသည် လယ်ဗယ်၁အဆင့်နိမ့်လသစ်အဆင့်သို့သာရောက်ရှိခဲ့၏။

"ကျား ကျား ကျား ကျား ကျား..."

ရုတ်တရက်ပင် နတ်ဘုရားဘုရင့်နန်းတော်တစ်၀ိုက်တွင်ရှိသည့် ကျောက်စံအိမ်ခြောက်လုံးထံမှ ကြုံး၀ါးသံခြောက်ခု တစ်သံပြီးတစ်သံပေါ်ထွက်လာ၏။

သူတို့သည် နေ့ထိုင်းလအဆင့်သို့ရောက်ရှိရန် အားထုတ်ကြိုးပန်းနေခဲ့ကြသော်လည်း ရည်မှန်းချက်ပန်းတိုင်သို့ ရောက်သည့်အချိန်တွင် မယုံနိုင်သလိုခံစားနေရ၏။ သူတို့၏ သက်ဆိုင်ရာ ကျောက်တုံးစံအိမ်များပေါ်တွင်ရပ်နေရင်းဖြင့် သူတို့ ဖြတ်သန်းခဲ့ရသည့်အရာအားလုံးကို တွေးကြည့်ကာ အိမ်မက်မက်နေသလိုပင် ခံစားနေရ၏။ အေဇာရုတိုက်ပေါ်တွင် မည်မျှကြိုးစားကျင့်ကြံစေကာမူ အဆင့်တက်နိုင်ခြင်းမရှိသည့် ကြယ်ကိုးလုံးအဆင့်စစ်သည်များစွာရှိ၏။ တကယ်တန်းပြန်လည်စဥ်းစားကြည့်လိုက်ပါက သူတို့သည် ကျင့်ကြံခြင်းလမ်းစဥ်ကို ရိုးရှင်းစွာပင်စတင်ခဲ့ပြီး ပါရမီရှင်များစွာမလုပ်နိုင်ခဲ့သည့် မှတ်တိုင်တစ်ခုကို ချမှတ်နိုင်ခဲ့ပြီဖြစ်သည်။

မယုံနိုင်လောက်အောင်ပင်။

ဖှေးသည် သူ၏ လူယုံများ၏ ပျော်ရွှင်မှုကို အာရုံခံလိုက်မိသည့်အတွက်ကြောင့် ကျယ်လောင်စွာရယ်မောလိုက်သည်။

ထို့နောက်တွင် နတ်ဘုရားဘုရင်နန်းတော်အတွင်းသို့ ပြန်သွားလိုက်၏။

ဘုရင်သည် သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ကျယ်ပြန့်လှသည့်စွမ်းအင်သည် သူ၏ ပတ်ပတ်လည်တွင်ရှိသည့် ကျောက်တုံးစံအိမ်ခြောက်လုံးထံသို့ ပြန့်နှံ့သွား၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်တော်ခြောက်ယောက်သည် သူတို့ ၏မြင်ကွင်းများ၀ေ၀ါးသွားသလိုခံစားလိုက်ရပြီး သူတို့အရှေ့တွင်ရှိနေသည့် နေရာသည်လည်း ပြောင်းလဲသွားတော့သည်။ နောက်တစ်စက္ကန့်အတွင်းမှာပင် သူတို့သည် ကျောက်တုံးစံအိမ်များအတွင်းမှ ပျောက်ကွယ်ကာ နတ်ဘုရားဘုရင့်နန်းတော်ထဲသို့ ရောက်ရှိသွားတော့၏။

ဤသည်မှာ လအဆင့်၏အမြင့်ဆုံးသို့ ရောက်ရှိသွားသည့်အချိန်တွင် ဖှေးတတ်မြောက်လာခဲ့သည့် အရာတစ်ခုပင်။

သူသည် သဘာ၀နိယာမများ၏ စွမ်းအားကိုအသုံးပြု၍ သူ့ထက်အားနည်းသည့်လူများကို အကွာ၀ေးတစ်ခုအတွင်းတွင် တယ်လီပေါ့တ်ပြုလုပ်နိုင်စွမ်းရှိသည်။ ထိုအစွမ်းသည် နေမူမမှန်ခြင်းကဲ့သို့ပင်ဖြစ်နေပြီဖြစ်၏။

ဖှေးသည် သဘာ၀နိယာမများကိုပြောင်းလဲကာ ပြန်လည်တည်ဆောက်နိုင်သည့်စွမ်းအင်မျိုးရရှိလာပါက သူ၏ ကိုယ်ပိုင်နေမူမမှန်ခြင်းတစ်ခုကိုလည်း ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။

"အရှင်မင်းကြီး..." စစ်သည်တော်ခြောက်ယောက်သည် နှုတ်ဆက်ကာအရိုသေပေးလိုက်သည်။

ဘုရင် ပြုံးပြနေသည်ကိုတွေ့ရသောကြောင့် သူတို့ခြောက်ယောက်လုံးစိတ်ခံစားချက်ပြင်းထန်လာကာ ကျေးဇူးသိတတ်မှုကို မည်ကဲ့သို့ဖော်ပြရမှန်းမသိပင်ဖြစ်နေ၏။ မှော်ဆန်သည့်အရာများစွာကို ဖန်တီးခဲ့သည့် ဘုရင်ငယ်ကြောင့်သာမဟုတ်ပါက သူတို့သည် လအဆင့်သို့ရောက်ရှိလာနိုင်မည်မဟုတ်သောကြောင့်ပင်။ လအဆင့်သို့ ရောက်ရှိသွားသည့်အတွက်ကြောင့် သူတို့၏ ဘ၀သည်လည်းပြောင်းလဲသွားပြီဖြစ်၏။ သူတို့၏ သက်တမ်းသည် နှစ်ဆင့်ဖြစ်သွားပြီဖြစ်ပြီး ကောင်းကင်ပေါ်တွင်လည်း အကန့်သက်မရှိ ပျံသန်းနိုင်ပြီဖြစ်သည်။

သူတို့ ခြောက်ယောက်လုံး ဒူးတစ်ဖက်စီထောက်လိုက်ကြသည်။

"ထကြပါ။ မင်းတို့ခြောက်ယောက်က နောက်ဆုံးတော့ လအဆင့်ကို ရောက်သွားပြီပဲ။ ဟားဟားဟား ရွှေရောင်သူတော်စင်တောင် ၁၂လုံးရှိတဲ့ထဲက မင်းတို့ ခြောက်ယောက်လုံး တစ်ယောက်ကို တောင်တစ်လုံးစီအပိုင်စားရမယ်..." ဖှေးသည် သူတို့အားကြည့်လိုက်ပြီး စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ ထို့နောက်တွင် သူ၏ မျက်လုံးများသည် ရော်ဘင်ထံသို့ ရောက်ရှိသွား၏။

စစ်သည်တော် ခြောက်ယောက်ထဲတွင် ရော်ဘင်တစ်ယောက်သာလျှင် စိန့်-ဆဲယာ တစ်ယောက်မဟုတ်သေးသောကြောင့်ပင်။

[ယခင်က "သူတော်စင်စစ်သည်"လို့ပြန်ထားခဲ့တာကို "စိန့်-ဆဲယာ"လို့ပြောင်းပြန်သွားပါမယ်ဗျ။]

......

-ချမ်းဘော့ဒ်ဘုရင်၏ လက်ထပ်ပွဲမတိုင်မှီနှစ်ရက်အလို-

နေ့လည်ခင်းလေးနာရီအချိန်ဖြစ်သောကြောင့် နေသာနေဆဲပင်။ ဤအခိုက်တန့်အား သမိုင်းစာအုပ်များထဲမှ အထူးအလေးပေးရေးသားကြမည်ဖြစ်ပြီး ဤအခိုက်တန့်သည် ခရီးသွားကဗျာဆရာများပြောသည့် ပုံပြင်တစ်ပုဒ်ဖြစ်လာမည်ဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်၏ လမ်းများပေါ်တွင် အလုပ်ရှုပ်နေဆဲပင်။ လူများသွားလာနေကြသည်။ လမ်းဘေးစျေးသည်များ အပြိုင်ဆိုင်စျေးရောင်းနေကြသည်။ လှည့်ပတ်ကြည်ရှိနေသည့် ဆွေကြီးမျိုးကြီးများ၊ ပုံပြင်ပြောရန်ပြင်နေသည့် ခရီးသွားကဗျာဆရာများ၊ ကင်းလှည့်နေကြသည့် ဥပဒေပြုအရာရှိများ...သာမန်နေ့လည်ခင်းအချိန်ခါတစ်ခုပင်။ ရာသီဥတုသည်လည်း မပူလွန်းမအေးလွန်း အနေတော်လေးသာဖြစ်၏။

ရုတ်တရက် ထိတ်လန့်ဖွယ်အဖြစ်ပျက်တစ်ခုဖြစ်ပျက်သွားသည်။

ရှင်းလင်းနေသည့် အပြာရောင်ကောင်းကင်သည် သတိပေးချက်တစ်စုံတစ်ရာမရှိပဲ မဲမှောင်သွား၏။ နေလုံးကြီးအား တစ်စုံတစ်ရာမှ ၀ါးမျိုသွားသလိုပင်။ မကြာမှီတွင် နေရာတစ်ခုလုံးအား အမှောင်ထုမှ လွှမ်းခြုံသွားတော့သည်။ အလွန်မှောင်မိုက်လှသည့်အတွကြောင့် လူတိုင်းသည် သူတို့လက်ချောင်းများကိုပင် မြင်နိုင်ခြင်းမရှိပေ။

ဘာဖြစ်နေသည်ကို မည်သူမှ မသိချေ။

ရုတ်တရက်ပင် ကောင်းကင်ပေါ်တွင် တောက်ပသည့်ကြယ်ရောင်များထွက်ပေါ်လာပြီး ကောင်းကင်အား ခြယ်သလိုက်၏။

ကြယ်များသည် စိန်ပွင့်များလိုပင် တောက်ပနေပြီး သူတို့၏ မြင်ရခဲသည့်အလှတရားကို ထုတ်ဖော်ပြသနေလျှက်ရှိသည်။

All Chapters