← Chapters

“ရုတ်တရက်ထွက်ပေါ်လာခြင်း”

Vol. 49 Ch. 759

“ရုတ်တရက်ထွက်ပေါ်လာခြင်း”

Vol. 49 Ch. 759

“ဘာလဲဟ….ဒီသင်္ကေတတွေကဘာတွေလဲ….”

“ကောင်းကင်ပေါ်က ကြယ်တွေက ပုံရိပ်တွေအဖြစ်ပြောင်းလဲသွားတာပဲ။ အဲ့တာ နွားလား နွားသားပေါက်လား…လူတစ်ပိုင်းမြင်းတစ်ပိုင်း နတ်ဆိုးသားရဲပုံရော ပြီးကျတော့ ဂဏန်းကြီးတစ်ကောင်ပုံရော”

“ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ကောင်းကင်ပ ရုတ်တရက်မှောင်သွားရတာလဲ။ ဘာတွေဖြစ်နေတာလဲဆိုတာကို ငါ့ကိုတစ်ယောက်ယောက်ရှင်းပြကြပါလား…ငါဒီလိုအရာမျိုးတစ်ခါမှ မမြင်ဖူးဘူး၊ ဒီအရုပ်တွေကရော ဘာတွေလဲဟ…”

“နတ်ဘုရားတွေက သူတို့ရဲ့အစွမ်းတွေကို ထုတ်ပြနေတာ….ဒါကမှော်ဆန်တဲ့အရာတစ်ခုပဲ…”

“ကြီးမြတ်သောအရှင်နတ်ဘုရားတို့ အရှင့်နောက်လိုက်တွေကို ကောင်းချီးပေးတော့မလို့လား”

“ဒီကြယ်တာယာနက္ခတ်တွေကို တခါမှမမြင်ဖူးဘူး၊ ဒါက အတော်လျိူ့ဝှက်တဲ့စွမ်းအင်တွေပဲ…စကြဝဌာလိုပဲ ကျယ်ပြန့်နေတယ်၊ ရှေးကျပြီး နက်ရှိုင်းနေတယ် တကယ်ပဲ နတ်ဘုရားတွေရဲ့စွမ်းအင်တွေများလား”

သာမန်လူများနှင့် စွမ်းအားမြင့်စစ်သည်များသည် တစ်ခါမှ မမြင်ဖူးခဲ့သည့်မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ ဘဝတွင်ပထမဆုံးအနေဖြင့် ရှေးကျမြင့်မြတ်သည့်အရာကို မြင်ဖူးလိုက်ခြင်းပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ မြို့သူမြို့သားများသာလျှင် အံ့ဩခြင်းမရှိပဲနေကြ၏။

သူတို့သည် လမ်းပါ့ဒ်လအဆင့်သို့ရောက်သွားခဲ့စဉ်က ဤကဲ့သို့သောအဖြစ်ပျက်ကို မြင်ဖူးခဲ့ပြီးဖြစ်သောကြောင့်ပင်။

“ဒီတခါရော ဘယ်စစ်သည်တော် အဆင့်တက်သွားတာလဲမသိဘူး” သူတို့တွေးလိုက်မိကြသည်။

ချမ်းဘော့ဒ်တိုင်းသူပြည်သားများသည် ပျော်ရွှင်နေကြသော်လည်း မေးခွန်းများမေးနေသည့် တိုင်းတပါးသားများကိုမူ လျစ်လျူရှုထားလိုက်ကြသည်။သူတို့သည် ဘုရင်ထံမှ နိုင်ငံတော်လျို့ဝှက်ချက်ဆိုသည့်အရာကို ကြားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် တိုင်းပြည်အတွင်းဖြစ်ပျက်နေသည့် အရာများကို အပြင်လူများကို ပြောကြလိမ့်မယ်မဟုတ်ပေ။

သူတို့မျှော်မှန်းထားသလိုပင် သူတို့ယခင်က တစ်ခါမြင်ခဲ့ဖူးသည့် ဖြစ်စဉ်အား နောက်တစ်ကြိမ်ထက်မံ၍ မြင်တွေ့လိုက်ရသည်။

နတ်ဘုရားများမှ လျို့ဝှက်စွာအမိန့်ပေးလိုက်သလိုပင် ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်ပွင့်များသည် တစ်ခုပြီးတစ်ခုမှေးမှိန်လာကြတော့၏။ထိုမြင်ကွင်းသည် ခမ်းနာရထည်ဝါကာ မယုံနိုင်လောက်အောင်ပင်။

“ဘယ်သူကများ ကြယ်တာရာတွေကို အမိန့်ပေးနိုင်တဲ့ စွမ်းအားမျိုးရှိတာလဲ” သူတို့တွေးလိုက်မိကြသည်။

နောက်ဆုံးတွင် ရာနှင့်ချီသောကြယ်ပွင့်လေးများသာ တောက်ပလျှက်ကျန်ရှိခဲ့တော့ပြီး ကောင်းကင်ပေါ်တွင် ပြီးပြည့်စုံသော ကြယ်နက္ခတ်ပုံများကိုထင်ကျန်စေနေလျှက်ရှိသည်။

ထိုကြယ်နက္ခတ်များသည် တိုက်ပေါ်သို့ အရောင်ဝါများထင်ဟပ်လျှက်ရှိစေပြီး ကြယ်ရောင်အလင်းတန်းတို့သည် ချမ်းဘောဒ်တိုင်းပြည်ရှိ ရွှေရောင်သူတော်စဉ်တောင်၁၂လုံးပေါ်သို့ ကျဆင်းနေလျှက်ရှိ၏။ ထို့နောက်တွင် တောင်များပေါ်မှ ရွှေရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အမှောင်ကောင်းကင်ရံအား ရောင်ဝါများဖြင့် တောက်ပနေစေလျှက်ရှိသည်။

ဤကဲ့သို့လှပသောမြင်ကွင်းသည် အိမ်မက်ဆန်လှပြီး နတ်ဘုရားများကသာ ဖန်တီးခြင်းဖြစ်သည်ဟု လူပေါင်းများစွာ ယုံကြည်ကြသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြယ်တာယာနက္ခတ်ခြောက်ခုကို ဖန်တီးလိုက်ပြီး ကြယ်ရောင်အလင်းတန်းမျာသည်လည်းပေါင်းစပ်သွားကာ သူတော်စင်တောင်များပေါ်သို့ ရေတံခွန်များလိုပင် ကျဆင်းနေလျှက်ရှိသည်။

ထို့နောက်တွင် ကောင်းကင်တစ်ခုလုံးပြန်လင်းလာပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက်တွင် ကောင်းကင်ရံသည် ပုံမှန်အတိုင်း အပြာရောင်ပြန်ဖြစ်သွားပြီး တိုက်တိုက်များလည်း ပြန်လည်ထွက်ပေါ်လာ၏။

နေရောင်ခြည်ပြန်လည်တောက်ပလာပြီး လူများကိုနွေးထွေးစေသည်။ နွေဦးလေညှင်းသည် အေးစက်ခြင်းမရှိပဲ သက်တောင့်သက်သာဖြစ်လှသည်။ လှပသည့် နွေဦးရာသီအား မျက်စိရှေ့တွင် ပြန်လည်ကာမြင်လိုက်ရသည့်အတွက် ဖြစ်ခဲ့သည့်အရာများသည် အိမ်မက်ကဲ့သို့ပင်။

ချမ်းဘော့ဒ်တိုင်းပြည်တွင် ရှိနေသည့်လူများအားလုံး အခြင်းခြင်း တီတိုးပြောဆိုနေကြသည်။

အင်ပါယာများနှင့် အဖွဲ့ဝင်တိုင်းပြည်များမှ သံတမန်များ၊ ကြေးစားစစ်သည်အဖွဲ့များသည် နားမလည်နိုင်ဖြစ်နေကြပြီး ဘာဖြစ်သွားခဲ့သည်ကို သိချင်နေကြ၏။

“ဘယ်လို နတ်ဘုရားစွမ်းအားမျိုးက ဒီလိုဖြစ်ရပ်မျိုးကိုဖြစ်ပေါ်စေတာလဲ” သူတို့တွေးလိုက်မိကြသည်။

သူတို့ထဲမှ အများစုသည် ကျင့်ကြံသူများဖြစ်သည့်အတွက်ကြောင့် စွမ်းအင်အရှိန်ဝါများနှင့် ကောင်းမွန်စွာရင်းနှီးကြသည်။ ထို့ကြောင့် ကမ္ဘာမြေအား အမှောင်ထုလွှမ်းခြုံသွားခဲ့ပြီး ကြယ်တာယာရောင်ခြည်များ လွှမ်းခြုံသွားခဲ့သည်အချိန်တွင် အေဇာရုတိုက်ပေါ်တွင်တစ်ခါမှ ပေါ်လာခဲ့ဖူးခြင်းမရှိသည့် ရှေးကျသောစွမ်းအင်အရှိန်ဝါတစ်ခုကို သူတို့အားလုံးခံစားလိုက်မိသည်။

ဤဖြစ်စဉ်၏မူလအစသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အနောက်ဘက်တောင်တန်းများထံမှ ထွက်ပေါ်လာကြောင်းသိရှိသော်လည်း ယခုအချိန်တွင်မည်သူမှ ထိုတားမြစ်ထားပြီး သေစေနိုင်သောနေရာသို့ သွားရဲကြခြင်းမရှိတော့ပေ။

လွန်ခဲ့သည့်ရက်များတွင် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများအားစုံစမ်းရန် အဖွဲ့စည်းမျိုးစုံမှ သူတို့၏လူများကိုစေလွှတ်ခဲ့ပြီး စေလွှတ်ခံခဲ့ရသည့်လူများထဲတွင် လအဆင့်စစ်သည်များလဲပါဝင်ခဲ့သည်။

သို့သော် အနောက်ဘက်တောင်တန်းများထံသို့စုံစမ်းရန်သွားခဲ့ကြသည့်လူများသည် တစ်ယောက်မှပြန်လာနိုင်ခဲ့ခြင်းမရှိပေ။ ထိုနေရာတွင် လအဆင့်သိုင်းဆရာများစွာပျောက်ဆုံးသွားခဲ့သည့်အတွက်ကြောင့် သက်ဆိုင်ရာအဖွဲ့စည်းများသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများကို စုံစမ်းရန်အတွက် လူများထက်မံစေလွှတ်ရဲခြင်းမရှိကြတော့ပေ။

ထိုလအဆင့်စစ်သည်များကို သတ်ဖြတ်ခဲ့သည်လူမှာ ချမ်းဘော့ဒ်ဘုရင်ဖြစ်ကြောင်း ရိပ်မိကြသော်လည်း ဘာမှမတတ်နိုင်ချေ။ သူတို့သည် ချမ်းဘော့ဒ်ပိုင်နက်အတွင်းသို့ရောက်ရှိနေပြီ အနောက်ဘက်တောင်တန်းများသည် ကန့်သက်နယ်မြေဖြစ်နေသည့်အတွက်ပင်။ သူတို့သည် စည်းကမ်းဖောက်ဖျက်ခဲ့သည့်လူများဖြစ်သည့်အတွက်ကြောင့် သူတို့လူများသေဆုံးမှုအတွက် ဘုရင်အားအပြစ်တင်လို့မရပေ။

ထို့ကြောင့် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများသည် အပြင်လူများကို ထိတ်လန့်စေသည့် အန္တရာယ်ရှိသောနေရာတစ်ခုဖြစ်လာခဲ့သည်။

ရုတ်တရက်အပြောင်းလဲသည် လျို့ဝှက်ကြံစည်ကြသည့် လူများကို မကောင်းသည့်ခံစားချက်တစ်ခုရစေ၏။

လက်ရှိမချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်တွင် ပွဲတော်ကြောင့် ပျော်ရွှင်နေကြသည့်ပုံပေါက်သော်လည်း အမှောင်ထုမုန်တိုင်းကြီးတစ်ခုသည် နောက်ကွယ်တွင် စတင်နေလျှက်ရှိသည်။

……

-ချမ်းဘော့ဒ်မြို့တော်ထဲရှိ တိတ်ဆိတ်နေသော ခြံဝန်းတစ်ခုထဲတွင်ဖြစ်သည်-

မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးယောက်သည် ဂိတ်တံခါး၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး ရုပ်သွင်များ ခက်ထန်နေ၏။ သူတို့သည် သတိကြီးစွာထားနေကြသည်မှာ ထင်ရှားလှသည်။

ခြံဝန်းထဲတွင် လူများစွာရှိနေ၏။

မျက်နှာပေါ်တွင်အမာရွတ်နှင့်လူသည် ကျောက်စားပွဲဝိုင်းကြီးတစ်ခု၏ အလည်တွင်ထိုင်နေကာ သူ၏ဘေးတွင်ရှိသည့်လူများကို စကားပြောနေလျှက်ရှိသည်။

သူတို့သည် ခရီးများလှည့်လှည်သွားလာပြီး အင်ပါယာစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ကာ ငွေရှာကြသည့်လူများဖြစ်သည့်အတွက် သတ်ဖြတ်လိုစိတ်များ ရက်စက်ကြမ်းကြုတ်မှုများတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့ထဲမှ တစ်ချို့သည် ပါးများယောင်ကိုင်းနေကြပြီး ထိုလူများသည် ယခုမနက်အိုဝင်ခြိမ်းခြောက်သည်ကို ခံခဲ့ရသည့်လူများပင်။

“ဘောကွာ အဲ့သွေးမီးတောက်အဖွဲ့ကစော်က ဘာတွေလုပ်လို့လုပ်မှန်းမသိဘူး။ ငါတို့အစည်းဝေးကို ဘာလို့အဲ့ဆိုင်မှာလုပ်လိုက်တာလဲ။ အဲ့လိုမှမဟုတ်ရင် ငါတို့ကိုအဲ့ချမ်းဘော့ဒ်တိုင်းပြည်ကလူတွေ သတိထားမိမှာမဟုတ်ဘူး” ကြေးစားစစ်သည်တစ်ယောက်မှ ငြီးတွားလိုက်သည်။ “ဒါပေမယ့် အဲ့မှော်ဆရာစော်က အတော်တော့လန်းသား ဘော်ဒီကလည်းမိုက်တယ်၊ အသားကလည်း ဖွေးဆွတ်နေတာပဲ တခါလောက်ကြုံးလိုက်ရရင်တော့ သေပျော်ပါပြီ…”

တစ်ခြား ကြေးစားစစ်သည်များအားလုံး ရယ်မေဋလိုက်ကြသည်။ မျက်နှာတွင် အမာရွတ်နှင့်လူတစ်ယောက်သာ စိုးရိမ်သည့်ပုံရှိနေပြီး မျက်မှောင်ကြုံ့လိုက်သည်။

ထိုလူ၏ မျက်လုံးများတောက်ပကာ ခြံဝန်းထဲတွင်ရှိနေသည့် သစ်သားတိုင်များကို ငေးကြည့်နေလျှက်ရှိသည်။ သူသည် တစ်ခြားကြေးစားစစ်သည်များ၏ ညစ်ညမ်းသောဆွေးနွေးမှုတွင် ပါဝင်ခြင်းမရှိပေ။ ယနေ့မနက်ပိုင်း စားသောက်ဆိုင်တွင် အစည်းဝေးပြီးခဲ့စဉ်ကတည်းက သူတို့သည် အထက်လူကြီးများ၏ စကားကိုနားထောင်ကာ အပြင်မသွားပဲ ဤခြံဝန်းထဲတွင်သာ နေနေခဲ့ခြင်းဖြစ်သည်။

သို့သော် အကြောင်းပြချက်တစုံတစ်ရာကြောင့် သူတို့အား လူများစောင့်ကြည့်နေသလို ခံစားနေရဆဲပင်။

“ငါတို့ ဒီမှာမနေသင့်တော့ဘူး သိပ်ပြီး ခံစားချက်မကောင်းဘူး။ ငါတို့လစ်မှရမယ်။ ညီကိုတွေကို ပုန်းပြီးတော့ သိုသိုသိပ်သိပ်နေဖို့ပြောလိုက်။ မနက်ဖြန် နဂါးသတ်စစ်ဆင်ရေးစမှ ငါတို့အားလုံးလှုပ်ရှားကြမယ်….” မျက်နှာတွင် အမာရွတ်နှင့်လူသည် စိုးရိမ်တကြီးဖြင့်ထလိုက်ပြီး စားပွဲခုံအား ပုတ်ခါပြောလိုက်သည်။

မဖွယ်မရာပြောနေကြသည့် ကြေးစားစစ်သည်များ အံ့ဩသွားကြပြီး တစ်စုံတစ်ယောက်မှ ထမေးလိုက်သည်။ “အခုချိန်ထိတော့ အားလုံးပုံမှန်လိုပါပဲခေါင်းဆောင်။ ဆရာစိုးရိမ်လွန်နေသလိုပဲ…”

“ငါအစိုးရိမ်လွန်နေတာဖြစ်ပါစေလို့ပဲ ငါမျှော်လင့်ပါတယ်” မျက်နှာတွင် အမာရွတ်နှင့်လူ မျက်မှောင်ကြုံ့လိုက်သည်။ “ဒါပေမယ့်…”

ဤအခိုက်တန့်တွင် သူ၏စကားစပြတ်သွားကာမျက်လုံးများပြူးကျယ်သွားသည်။ အမူယာပြောင်းလဲသွားသည်နှင့်အတူ လက်နက်ကိုကောက်ကိုင်လိုက်ပြီး ဂိတ်တံခါးဝသို့ကြည့်လိုက်သည်။ စားပွဲပေါ်တွင်ထိုင်နေကြသည့်ကြေးစားစစ်သည်များသည်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီး ဂိတ်တံခါးထံသို့ကြည့်လိုက်သည်။

ထို့နောက်တွင် သူတို့အားလုံးလည်း ထိတ်လန့်သွားကြ၏။ မျက်နှာပေါ်တွင် ရန်လိုသည့်အမူယာများဖြင့် လက်နက်များကိုင်ကာ ထရပ်လိုက်ကြသည်။

မည်သည့်အချိန်ကတည်းကလည်းမသိ လူတစ်ယောက်သည် ခြံဝန်းဂိတ်တံခါးဝတွင် တိတ်ဆိတ်စွာရပ်နေသောကြောင့်ပင်။

All Chapters