← Chapters

“မိန်းမလှလေးတွေကို ဘယ်တော့မှ သက်ညှာမပေးနဲ့”

Vol. 49 Ch. 761

“မိန်းမလှလေးတွေကို ဘယ်တော့မှ သက်ညှာမပေးနဲ့”

Vol. 49 Ch. 761

“သခင်မ လော်ရာ သူတို့က” အနီရောင်ဆံပင်တိုနှင့် ကောင်မလေးသည် ရှင်းပြရန်ကြိုးစားလိုက်သည်။

“ဟီးဟီးဟီး သူတို့က ချမ်းဘော့ဒ်ဘုရင်လက်အောက်က သိုင်းဆရာတွေလေ ကောင်မလေးရဲ့။ သူတို့ကို ဘယ်လိုတားလို့ရမှာလဲ။ ဖယ်ပေးလိုက်ပါ မဟုတ်ရင် ဒီလူကြီးမင်းတွေက နင်တို့ကိုအပြစ်ပေးလိမ့်မယ်” ထိုလှပသည့် မှော်ဆရာမသည် အရှေ့သို့လမ်းလျှောက်လာပြီး သူမနှင့်အတူ သင်းပျံ့သည့်ရနှံ့တစ်ခုကို သယ်ဆောင်လာ၏။ သူမသည် အနည်းငယ် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။ “ရှင်တို့က….”

“ဖီးလစ်-အစ်ဇာနီ ဘုရင်အလတ်ဇန္ဒားရဲ့ ပညာသင်တပည့်။ ကျွန်တော်တို့က ခေါင်းဆောင်လော်ရာကို နဂါးသတ်စစ်ဆင်ရေးအကြောင်းမေးဖို့လာခဲ့တာ” အလည်တွင်ရပ်နေသော ခန့်ညားငယ်ရွယ်သည့်စစ်သည်သည် မှော်ဆရာမ၏ လှပသောမျက်ဝန်းများသို့ တည်တည်ငြိမ်ငြိမ်စိုက်ကြည့်ပြီးမေးလိုက်သည်။

ထင်ထားသလိုပင် နဂါးသတ်စစ်ဆင်ရေးဆိုသော စကားလုံးကိုကြားသည့်အချိန်တွင် လော်ရာ၏ မျက်ဝန်းများသည် အနည်းငယ်ပြူးကျယ်သွား၏။

“ရှင်ဘာတွေပြောနေတာလဲ မစ်စတာဖီးလစ်။ နဂါးသတ်စစ်ဆင်ရေးဆိုတာဘာလဲ။ဟင်ဒီကမ္ဘာပေါ်မှာ နဂါးတွေရှိသေးတာလား။ မျိုးသုဉ်းသွားတာကြာပြီထင်နေတာ” လော်ရာသည် ချက်ချင်းတည်ငြိမ်သွားပြီး တောက်ပသောအပြုံးတစ်ခုနှင့်အတူ ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူမ၏ ငွေရောင်ဆံနွယ်များကို လက်ဖြင့်ကစားလိုက်၏။

အစ်ဇာနီ မျက်မှောင်ကြုံ့လိုက်သည်။ “ခေါင်းဆောင် လော်ရာ ခင်ဗျားက လျှပ်စီးမှော်ပညာကျွမ်းကျင်ပြီးတော့ ကြယ်၇လုံးအဆင့်အောက်မှာ ခင်ဗျားရဲ့ သိုင်းကွက် [နက်ဗျူလာ လျှပ်စီး]ကလည်း အစွမ်းထက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ခင်ဗျားအစွမ်းကိုအားကိုးပြီး သွေးမီးတောက်တပ်ဖွဲ့က စစ်ကူတွေရောက်လာတဲ့ထိ အချိန်ဆွဲဖို့တော့ မကြိုးစားဖို့ အကြံပေးချင်တယ်။ သွေးမီးတောက်တပ်ဖွဲ့တစ်ခုလုံးကို ခင်ဗျားနဲ့အတူ သေတွင်းကိုဆွဲမခေါ်ချင်ရင်ပေါ့…”

လော်ရာ၏ မျက်နှာပေါ်မှအပြုံးသည် ရပ်တန့်သွား၏။ ငွေရောင်ဆံပင်များဖြင့် ဆော့ကစားနေသည့် သူမ၏ သေးသွယ်ဖြူဖွေးသော လက်ချောင်းများသည်လည်း ရပ်တန့်သွားသည်။

လွန်ခဲ့သည့် အချိန်က ရန်လိုနေခဲ့ကြသည့် ကြေးစားစစ်သည်ကောင်မလေးနှစ်ယောက်သည်လည်း ဖြစ်ပျက်နေသည်တို့ကို နားလည်သွားသည်။ ကောင်မလေးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တစ်ခြားလူများကိုသတိပေးရန်အတွက် အနောက်ဘက်ဥယျာဉ်သို့ဖြေးညှင်းစွာ ဆုတ်ခွါသွားလိုက်သည်။

သို့သော် လူနှစ်ယောက်သည် သူမတို့၏အနောက်သို့ ချက်ချင်းရောက်လာ၏။

“မင်းက အတော်ပြောရခက်တာပဲ အမျိုးသမီးလေး” အရပ်ရှည်ရှည်နှင့် ပိန်ပိန်လူငယ်သည် ထက်မံ၍ သွားများပေါ်အောင်ပြုံးလိုက်ပြီး သူ့ကိုယ်သူ ခင်မင်ရင်းနှီးစွာ မိတ်ဆက်လိုက်သည်။ “ကျွန်တော့နာမည်က အဒ်-ကာဝါနီပါ။ ကာဝါနီလို့ပဲ ခေါ်လို့ရတယ်။ ငါက ချမ်းဘော့ဒ်ဘုရင်ရဲ့ ဓားလေးလက်ထဲက တစ်ယောက်ဖြစ်တဲ့ [အပြုံးဓားသွား]ပဲ…”

ကျန်တစ်ယောက်သည်လည်း သူ၏နာမည်ကို မိတ်ဆက်လိုက်သည်။ “တိတ်ဆိတ်ခြင်းဓားသွား ဒေးဗစ်-ထရေး”

ကောင်မလေးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ နှာခေါင်းရှုံ့ကာ ဘာမှပြန်ပြောခြင်းမရှိပေ။

ချွင် ချွင်

အေးစက်သည့်အမူယာများဖြင့် သူမတို့၏ ခါးတွင်ရှိနေသည့် ဓားမြောင်များကိုဆွဲထုတ်ကာ ငွေရောင်စွမ်းအင်များခြံရံလျှက် အရှေ့သို့ချိန်ရွယ်လိုက်သည်။

သူမတို့သည် အားနည်းသည့်လူများမဟုတ်ပဲ အနည်းဆုံး ကြယ်နှစ်လုံးအဆင့်အစွမ်းရှိ၏။

သို့သော် ကာဝါနီနှင့် ထရေးတို့၏ အမြန်နှုန်းအား ထိတ်လန့်သဖြင့် စတင်တိုက်ခိုက်ရဲခြင်းမရှိပေ။

“ချမ်းဘော့ဒ်ဘုရင်က ကိုယ်တိုင်ပါရမီရှင်သိုင်းဆရာတစ်ယောက်ဖြစ်တဲ့အပြင် အရည်ချင်းရှိတဲ့ လူယုံတွေလည်းအများကြီးရှိတယ်လို့ ကျွန်မကြားဖူးတယ်။ အစကတော့ မယုံခဲ့ဘူး အပိုပြောနေတယ်ထင်ခဲ့တာ။ အခုတော့ အပိုပြောတာမဟုတ်တဲ့အပြင် လိုတောင်လိုနေသေးသလိုပဲ…” အတန်ကြာခန့် တိတ်ဆိတ်နေခဲ့သော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးမှော်ဆရာသည် ရုတ်တရက်ပြုံးလိုက်သည်။

သိပ်မလေးနက်သည့်အသံဖြင့် သူမသည် လူငယ်သုံးယောက်ကိုပြောလိုက်သည်။ “ကောင်မလေးတွေကို မစပါနဲ့ ရှင်တို့ နဂါးသတ်စစ်ဆင်ရေးအကြောင်းကိုသိချင်ရင် ရှင်တို့နဲ့လိုက်ခဲ့ပြီး အကုန်ရှင်းပြမယ်”

“သခင်မလော်ရာ လိုက်သွားလို့မဖြစ်ဘူး…သခင်မ..” ဆံပင်အနီရောင်နှင့် ကောင်မလေးသည် စိတ်ပူလာပြီးပြောလိုက်၏။

“ဒီလူဆိုးတွေနဲ့ တိုက်ခိုက်ရအောင်။ ခေါင်းဆောင်ကြီးရောက်မလာခင်ထိ ကျွန်မတို့ထိန်းထားလိုက်မယ်။ ခေါင်းဆောင်ကြီးရောက်လာရင် သူတို့အကုန်သေမှာပဲ” ဆံပင်စည်းထားသည့်ကောင်မလေးမှ သူရဲကောင်းဆန်ဆန်အော်ဟစ်လိုက်သည်။

မှော်ဆရာမ လော်ရာသည် သူမ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်သည်။

ချမ်းဘော့ဒ်ဘုရင်၏လူများသည် ယခုလောက်မြန်မြန်ရောက်လာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ သူတို့သည် ဇီးနစ်အင်ပါယာတစ်ဝိုက်တွင် နံပါတ်၂ကြေးစားစစ်သည်တပ်ဖွဲ့ဖြစ်သည့် သွေးမီးတောက်တပ်ဖွဲ့ထံသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

“ချမ်းဘော့ဒ်သားတွေက ငါထင်တာထက် ပိုလျှင်တာပဲ” လော်ရာတွေးလိုက်မိသည်။

ပြန်လည်တိုက်ခိုက်ခုခံရန်လည်း သူမကြိုးစားခဲ့ပြီးဖြစ်သည်။

ခုနက သူမ၏ဆံပင်များနှင့် ကစားခဲ့သည့်အချိန်တွငိ ဆံထိုးပုံစံ သူမ၏မှော်လက်နက်ကိုအသုံးပြုရန်ကြိုးစားကြည့်ခဲ့သည်။ သို့သော် ဖီးလစ်-အစ်ဇာနီဟုအမည်ရသည့်လူငယ်သည် ချက်ချင်းပင် သတိထားမိကာ သူမကို သတိပေးခဲ့သည်။

ထို့ကြောင့် သူမ အံ့ဩကာ တွေးလဲ့လိုက်မိသည်။ “ဒီကောင်လေးက အတော်စွမ်းအားကြီးတာပဲ ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို သိနေတယ်။ ငါတခုခုလုပ်တာနဲ့ ငါ့ကိုချက်ချင်း သတ်ပစ်လိမ့်မယ်…”

မှော်ဆရာတစ်ယောက်အတွက် လုပ်ကြံသတ်ဖြတ်သူနှင့် သုံးမီတာခန့်အကွာဝေးတွင်ရှိနေတုန်း တိုက်ခိုက်ခြင်းသည် ရူးမိုက်ခြင်းတခုပင်။

လော်ရာသည် ယခုတစ်ကြိမ်တွင် သူမ၏ ရန်သူများကို လျှော့တွက်ခဲ့မိခြင်းပင်။ သူမသည် အတွေ့ကြုံများသည့် လူတစ်ယောက်ဖြစ်သော်လည်း ရန်သူများထံမှ အတွင်းအားစွမ်းအင်အရှိန်ဝါ မတွေ့ရသည့်အတွက်ကြောငိ့ စွမ်းအားမြင့်လုပ်ကြံသတ်ဖြတ်သူများဖြစ်ကြောင်း မသိခဲ့ပေ။

“သူတို့က ငါထင်တာထက်ပိုပြီး အန္တရာယ်များနေတယ်။ ချမ်းဘော့ဒ်ဘုရင်ရဲ့ ဓားလေးလက်။ လုပ်ကြံသတ်ဖြတ်သူအဖွဲ့ပဲ။ ရူးလောက်တဲ့ ကိုယ်ဖျောက်နိုင်စွမ်းနဲ့ ငါ့ကိုအရူးလုပ်နိုင်သွားတယ်”လော်ရာတွေးလိုက်မိသည်။

“အဲ့လိုလုပ်လို့မရဘူး ခေါင်းဆောင်လော်ရာ။ ဘာမမသိတဲ့ လှည်းသမားသုံးယောက်ကလွဲပြီး ဒီမှာရှိနေတဲ့ လူ၃၅ယောက်လုံး ကျွန်တော်နဲ့လိုက်ခဲ့ရမယ်။ ခုခံဖို့မကြိုးစားပါနဲ့။ ဒီနေရာကို သေချာစောင့်ကြည့်ထားတယ် ခင်ဗျားတို့ဂိုဏ်းချုပ်ကြီးမရှိရင် ကျွန်တော့ကို ဘယ်သူမနိုင်မှာမဟုတ်ဘူး” အစ်ဇာနီ အညှာတာကင်းမဲ့စွာပြောလိုက်သည်။ ရန်သူသည် မိန်းမချောလေးတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သက်ညှာပေးလိမ့်မည်မဟုတ်ပေ။

ဘုရင်အလတ်ဇန္ဒားအား မကောင်းကြံနေသည့်လူ မည်သူကိုမဆို ရှင်းထုတ်ပစ်မည်ဖြစ်သည်။

All Chapters