"သူရဲကောင်းဟု ခေါ်သော"
Vol. 49 Ch. 765
သို့သော် အဆိုပါလျို့၀ှက်သည့်လူသည် ထက်မံ၍ ရှင်းပြခြင်းမရှိပဲ စကားစဖြတ်လိုက်သည်။ တစ်ခြားလူများသည်လည်း ထက်မံ၍ မေးနိုင်ခြင်းမရှိပေ။
တစ်ခါတစ်ရံတွင် ရယ်စရာကောင်းသည့် အကြောင်းပြချက်တစ်ခုသည် သင့်တော်ဆုံးအဖြေဖြစ်သည့်အတွက်ပင်။
သေချာစဥ်းစားကြည့်လျှင် ဤလျို့၀ှက်သည့်လူ၏ ရာထူးအရှိန်၀ါနှင့် စွမ်းအားအရဆိုပါက ချမ်းသာမှုနှင့် ရတနာမစ္စည်းများမလိုအပ်ပေ။ ထို့ကြော့င် သူသည် သာမန်လူများလိုအပ်သည့် အရာများကို မလိုအပ်သည်မှာ အဓိပ္ပါယ်ရှိသည်ဟုဆိုနိုင်၏။
"သို့သော် အဲ့အမျိုးသမီးက ဘယ်သူလဲ။ သူက ဒီလူရဲ့ အာရုံစိုက်မှုကို ရစေတယ်။ ဒီလူက အဲ့အမျိုးသမီးကို ရဖို့အတွက် ဘာလို့ ဒီလောက်ထိလုပ်နေရတာလဲ..." အခန်းထဲတွင်ရှိနေသည့် သိုင်းဆရာများအားလုံး ထိုအမျိုးသမီးအကြောင်းကို သိချင်လာကြကာ တွေးလိုက်မိကြ၏။
ထိုလျို့၀ှက်သည့်လူသည် ငွေရောင်စွမ်းအင်များလွှမ်းခြုံထားရာ သူ့ထံမှ မမြင်နိုင်သည့် စွမ်းအင်အလင်းတန်းတစ်ခုသည်လည်း ထွက်ပေါ်လာနေလျှက်ရှိသည်။ နတ်ဘုရားတစ်ပါးသည် သူတို့အားကြည့်ရှုနေသည့်အတိုင်းပင် အခန်းထဲတွင် ရှိနေသည့် လူများအားလုံးခေါင်းငုံ့လိုက်မိကြသည်။ ထိုလျို့၀ှက်သည့်လူသည် အခန်းထဲတွင်ရှိသည့်လေထုကို လုံး၀ပင်ထိန်းချုပ်ထားပြီး ခေါင်းငြိမ့်ကာ စစ်ဆင်ရေးနှင့်ပတ်သက်သည့်အသေးစိတ်အချက်လက်များကို စတင်၍ ပြောကြားတော့သည်။
......
-ဒိုင်ယာဘလိုကမ္ဘာ-
ဖှေးနှင့် အယ်လီနာတို့သည် ကမ္ဘာကျောက်တုံးအခန်း တတိယထပ်ရှိ ဖျက်ဆီးခြင်းပုလ္လင်၀င်ပေါက်တွင် ရပ်နေကြသည်။
အပေါက်၀မှ သွေးကဲ့သို့သော အလင်းရောင်များထွက်ပေါ်လာနေပြီး မြင်ရသည့်လူများကို အေးစက်စေလျှက်ရှိသည်။ အဆိုပါ၀င်ပေါက်မှ နေ၍ သူတို့သည် ဘေးလ်ပုန်းအောင်းနေသည့် [ဖျက်ဆီးခြင်းပုလ္လင်]သို့၀င်ရောက်နိုင်မည်ဖြစ်သည်။
ဖျက်ဆီးခြင်းပုလ္လင်ထဲသို့ရောက်ပါက ဖှေးနှင့် အယ်လီနာတို့သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ မကောင်းဆိုး၀ါးအားလုံးနှင့်ရင်ဆိုင်ရမည်ဖြစ်၏။ ဘေးလ်သည် မြေပုံများမှ ခေါင်းဆောင်ငယ်များကို ဆင့်ခေါ်မည်ဖြစ်သောကြောင့် ဖှေးနှင့် အယ်လီနာတို့သည် သူတို့နှင့် ဦးစွာတိုက်ခိုက်ရမည်ဖြစ်သည်။
ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုဖြစ်လာတော့မည်ဖြစ်၏။
ဖှေးသည် အယ်လီနာအားကြည့်လိုက်ပြီး သူမကို ဂရုစိုက်ရန်မှာကြားလိုက်သည်။ ထို့နောက်တွင် သူသည် ၀င်ပေါက်ထဲသို့ အရင်ဆုံး၀င်သွားတော့သည်။
ဖျက်ဆီးခြင်းပုလ္လင်ထဲသို့ ရောက်လျှင်ရောက်ခြင်းပင် ထူထဲသည့် သွေးနံ့များသည် ဖှေးမျက်နှာထံသို့ တိုး၀င်လာပြီး မူး၀ေသွားစေသည်။
ထို့နောက်တွင် အနီရောင်နတ်ဆိုးအလင်းရောင်တစ်ခုသည် သူ့အားလွှမ်ခြုံသွားပြီး သူ၏ စွမ်းအားများကို အားနည်းသွားစေ၏။
ဖျက်ဆီးခြင်းပုလ္လင်သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် သာမန်ခက်ခဲမှုအဆင့်နှင့်နှိုင်းယှဥ်ပါက များစွာပို၍စွမ်းအားမြင့်မားပုံရပြီး နတ်ဘုရားလောကနှင့်ပင် နီးစပ်နေ၏။
ဖျက်ဆီးခြင်းပုလ္လင်ဟုခေါ်သောနေရာသည် သိပ်ကြီးမားခြင်းမရှိသည့် သွေးများဖုံးလွှမ်းနေသော ၀င်္ကဘာတစ်ခုပင်။
ဖှေးရောက်လာသည်နှင့် တပြိုင်နက် မကောင်းဆိုး၀ါးမျိုးစုံသည် ဖှေးအားတိုက်ခိုက်ကြတော့၏။
နေရာတိုင်းတွင် မကောင်းဆိုး၀ါးများနှင့် ပြည့်နှက်နေပြီး သူတို့အားလုံးသည် ရူးလောက်ဖွယ်စွမ်းအားမြင့်မား၏။
သွေးထွက်သံယိုတိုက်ပွဲကြီးစတင်ပြီဖြစ်သည်။
ခက်ခဲသည့်တိုက်ပွဲတစ်ခုဖြစ်ပြီး ဖှေးနှင့်အယ်လီနာတို့ တစ်နာရီခန့်ကြာသည့်အချိန်မှသာလျှင် ဤနေရာတွင်ရှိနေသည့် မကောင်းဆိုး၀ါးများကို ရှင်းလိုက်နိုင်သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်သည် ၀င်္ကဘာ၏ အဆုံးသို့ ရောက်လာကြပြီး ကမ္ဘာကျောက်တုံးအခန်းသို့ ၀င်နိုင်သည့် ပေါ်တယ်ကို မြင်လိုက်ရသည်။
သို့သော် ဘေးလ်သည် ပေါ်တယ်သို့သွားရာလှေကား၀တွင်ရပ်နေပြီး ရူးသွပ်စွာရယ်မောနေရင်းဖြင့် မကောင်းဆိုး၀ါးများစွာကို ဆင့်ခေါ်၍ ဖှေးတို့နှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။
နောက်ထပ်ရှည်လျားခက်ခဲသည့် တိုက်ပွဲတစ်ခုထက်မံဖြစ်ပေါ်လာ၏။
နောက်ထပ်နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးနှင့် အယ်လီနာတို့သည် မကောင်းဆိုး၀ါးများကို ရှင်းလင်းနိုင်လိုက်ကြသည်။
သူတို့သည် စွမ်းအားမြင့်မားသည့် မကောင်းဆိုး၀ါးများအားလုံးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ကြောက်စရာကောင်းလှသော်လည်း အန္တရာယ်သိပ်မများခဲ့ပေ။
အချိန်ကုန်သော်လည်း ဖှေးနှင့် အယ်လီနာတို့သည် ဆုလာဘတ်များစွာရရှိခဲ့၏။
တိုက်ပွဲအပြီးတွင် အယ်လီနာသည် လယ်ဗယ်၉၆မှော်လေးသည်တော်တစ်ယောက်ဖြစ်လာခဲ့ပြီး သူမ၏ ပါလာဒင်သွေးမျိုးဆက်သည်လည်း လယ်ဗယ်၇၈သို့ ရောက်ရှိလာခဲ့သည်။ ကြီးမားစွာ မြင့်တက်လာခြင်းပင်။ အပြင်ကမ္ဘာတွင် သူမသည် လပြည့်နောက်ဆုံးအဆင့်သို့ပင်ရောက်ရှိသွားပြီဖြစ်၏။
ဖှေး၏ လူရိုင်းဇာတ်ကောင်သည်လည်း အတွေ့ကြုံအမှတ်များစွာရရှိခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များစွာစီး၀င်နေသည်ကို သူခံစားနိုင်၏။ သူသည် များစွာပို၍ စွမ်းအားမြင့်မားလာသော်လည်း သူ၏ လယ်ဗယ်သည် ၉၉ကို ကျော်လွန်၍ ၁၀၀သို့ရောက်နိုင်ခြင်းမရှိသေးပေ။ သာမန်ခက်ခဲမှုအဆင့်တုန်းကလိုပင် ဘေးလ်ကို သတ်ဖြတ်ပြီးသည့်အချိန်မှသာလျှင် သူသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်ကိုကျော်လွန်၍ မရဏငရဲခက်ခဲမှုအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
သူဆင့်ခေါ်ထားသည့် မကောင်းဆိုး၀ါးများအားလုံးကို ဖှေးသတ်ဖြတ်ပြီးသည့်အချိန်တွင် ဘေးလ်သည် ပေါ်တယ်ထဲသို့ ၀င်ကာပျောက်ကွယ်သွားသည်။
သို့သော် ဖှေးသည် ကမ္ဘာကျောက်တုံးအခန်းထဲသို့ လိုက်သွားခြင်းမရှိသေးပဲ မြို့ကူးမှော်စာလိပ်ကိုအသုံးပြု၍ ဟာရိုဂတ်သို့ပြန်လာခဲ့လိုက်သည်။
ပစ္စည်းများကို ပြန်လည်ပြုပြင်ပြီး ဆေးပုလင်းများထက်မံ၀ယ်ယူပြီးနောက်မှသာ မြို့ကူးမှော်စာလိပ်ကိုအသုံးပြု၍ ဖျက်စီးခြင်းပုလ္လင်သို့ ပြန်လာခဲ့ပြီး ကမ္ဘာကျောက်တုံးအခန်းထဲသို့ ၀င်သွားလိုက်တော့၏။ အိမ်မက်ဆိုးခက်ခဲမှုအဆင့်၏ နောက်ဆုံးတိုက်ပွဲတစ်ခုပင်။
ရေဘ၀ဲတစ်ကောင်နှင့်တူသည့် ဘေးလ်သည် မီတာ၁၀၀ခန့်မြင့်မားပြီး သွေးကဲ့သို့သော အနီရောင်နတ်ဆိုးစွမ်းအင်များလွှမ်းခြုံထား၏။ သူ၏ စွမ်းအားမြင့်မားသည့် အရှိန်၀ါသည် ဖှေးနှင့် အယ်လီနာတို့အား ရေလှိုင်းများကဲ့သို့ပင် ဖိနှိပ်နေလျှက်ရှိသည်။
ဘေးလ်သည် ကမ္ဘာကျောက်တုံးအခန်း၏အလည်တွင်ရပ်နေပြီး လမ်းကြောင်းများနှင့် လိုဏ်ဂူများစွာသည် ကမ္ဘာ၏ အဆုံးကိုဦးတည်နေ၏။ လမ်းကြောင်းများ၊ လိုဏ်ဂူများ၏ ဘေးတွင် အဆုံးမဲ့သည့် အာကာသစကြ၀ဌာတို့ရှိနေပြီး ကြယ်များ၊ ဂြိုလ်များတို့ကို မြင်နေရ၏။
နတ်ဆိုးများနှင့် နတ်ဘုရားတို့ပိုင်ဆိုင်သည့်လောကတစ်ခုဖြစ်ပြီး သေမျိုးလောကနှင့် နှိုင်းယှဥ်လို့မရနိုင်ပေ။
"ဟားဟားဟား စွန့်စားသွားလာသူ။ ငါမင်းကို စောင့်နေခဲ့တာကြာပြီ။ မင်းက င့ါကို နိုင်နိုင်တယ်ထင်လို့လား။ ငါ့ရဲ့စွမ်းအားတွေ နိုးထလာနေပြီ ငရဲလောကရောက်လာတော့မယ်။ အစောကြီးပျော်မနေကြနဲ့ဦး သေမျိုးတွေ ဒါကနောက်ဆုံးတိုက်ပွဲမဟုတ်သေးဘူး အဆုံးသက်ကအ၀ေးကြီးလိုသေးတယ် ဟားဟားဟား..."
ဘေးလ်၏ ရူးသွပ်သောရယ်သံကို ဖှေး၏ နားထဲတွင် မိုးကြိုးပစ်သလိုကြားလိုက်ရပြီး အသံထဲတွင်ရှိနေသည့် ခံစားချက်အနည်းငယ်ကို ခံစားလိုက်မိသည်။ တကယ်တန်းတွင် ဘေးလ်၏ အသံသည်အနည်းငယ်ဉာဏ်များနေသလိုပင်။
ဖှေး မျက်မှောင်ကြုံ့လိုက်သည် အခြေအနေသည် သူထင်ထားသည်နှင့် အနည်းငယ်ကွာခြားနေသည့်အတွက်ပင်။
သူ၏ အရှေ့တွင်ရှိနေသည့် ဘေးလ်ထံတွင် မြင့်မြတ်ကာ နတ်ဘုရားကဲ့သို့သောအရှိန်၀ါတစ်မျိုးူကို ခံစားနေရပြီး ထိုစွမ်းအားသည် သေမျိုးများရရှိနိုင်သည့် စွမ်းအင်မဟုတ်ပေ။ သာမန်ခက်ခဲမှုအဆင့်တုန်းက ဖှေး ရင်ဆိုင်ခဲ့သည့် ဘေးလ်ထက်များစွာပို၍ စွမ်းအားမြင့်မားပြီး ဘေးလ်သည် မကောင်းဆိုး၀ါးတစ်ကောင်မှ နတ်ဘုရားတစ်ပါးအဆင့်သို့ ရောက်ရှိသွားသလိုပင်။ ဘေးလ်ထံမှ ရရှိနေသည့် ဖိအားကပင် သူ့အား မွန်းကြပ်နေစေ၏။
ဖှေးအားစိုးရိမ်စေသည့်အရာမှာ ဘေးလ်ထံတွင် အသိဉာဏ်တစ်ချို့ရှိနေပုံရခြင်းပင်။ ကွန်ပျူတာဇာတ်ကောင်တစ်ကောင်လိုသာ မဟုတ်ပဲ များစွာပို၍စွမ်းအားမြင့်မားပြီး ခက်ခဲသည့်တိုက်ပွဲတစ်ခုဖြစ်မည်ဖြစ်ကြောင်းကို ဖှေးသိလိုက်ရသည်။
ကွန်ပျူတာဂိမ်းနှင့်မတူတော့ပဲ ဖှေးသည် မျှော်လင့်မထားသည့်အရာများအတွက်အသင့်ပြင်ထားရတော့မည်ဖြစ်သည်။
......
အချိန်များလျှင်မြန်စွာကုန်ဆုံးသွားပြီး ဒုတိယမြောက်နေ့သို့ရောက်ရှိလာ၏။
ချမ်းဘော့ဒ်ဘုရင်၏ လက်ထပ်ပွဲနေ့ဖြစ်သောကြောင့် ချမ်းဘော့ဒ်သားများသည်လည်း ပျော်ရွှင်နေကြသည်။
ကောင်းကင်ပေါ်တွင် နေမထွက်ခင်တွင် ဖှေးသည် ချမ်းဘော့ဒ်၏ ထုံးထမ်းစဥ်လာများအရ တော်၀င်မိသားစု၀င်များ၊ အဆင့်မြင့်အရာရှိတစ်ချို့၊ သူ၏ ဇနီးလောင်းနှစ်ယောက်တို့နှင့်အတူ ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းထံသို့သွားရ၏။
မနက်ခင်းနေရောင်ခြည်တောင်ထပ်သို့ ကျရောက်လာချိန်တွင် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အရင်ဘုရင်များနှင့် စစ်ပွဲနတ်ဘုရားကို အရိုသေပေးလိုက်ကြ၏။ ထို့နောက်တွင် တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသည့် ချမ်းဘော့ဒ်စစ်သည်များ၏ သင်္ချိုင်းမြေသို့သွားကာ ပြန်လည်အောက်မေ့ကြသည်။
အထူးအခမ်းနားဖြစ်သည့်အတွက်ကြောင့် တစ်ခြားတိုင်းပြည်များနှင့် အင်ပါယာများမှ သံတမန်းများကဲ့သို့သော အပြင်လူများကို ဖိတ်ကြားခြင်းမပြုပေ။
ရိုးရှင်းသည့်အခမ်းနားတစ်ခုဖြစ်ပြီးတစ်နာရီခန့်တွင် ပြီးဆုံးသွား၏။
ဖှေးသည် တောင်ထပ်တွင်ရပ်နေရင်းဖြင့် သူ၏ ဆံပင်များလေထဲတွင်လွှင့်ပျံနေကာ ခန့်ညားပြီး သူရဲကောင်းဆန်နေ၏။ သူသည် လှပသော ချမ်းဘော့ဒ်တိုင်းပြည်အား ငုံ့ကြည့်နေရင်းဖြင့် သူ၏ ဘယ်ဘက်တွင် အဖြူရောင်၀တ်စုံ၀တ်စင်ထားသည့် အန်ဂျယ်လာနှင့် ညာဘက်တွင် အနီရောင်လယ်သာချပ်၀တ်၀တ်ဆင်ထားသည့် အယ်လီနာတို့ရှိနေ၏။
မိန်းမလှလေးနှစ်ယောက်သည် သူ၏ ဘေးတွင်ရှိနေပြီး အုပ်ချုပ်သောတိုင်းပြည်ကိုတောင်ပေါ်မှ မြင်နေရ၏။ ဤအရာသည် သူရဲကောင်းတစ်ယောက်လိုချင်သည့်အရာများပင်။
ယနေ့တွင် ချမ်းဘော့ဒ်တိုင်းပြည်တွင် ကြီးမားသည့်ပွဲတော်ကြီးတစ်ခုကျင်းပမည်ဖြစ်ပြီး ပြသနာရှာမည့်လူပျက်များသည်လည်း စတင်၍ လှုပ်ရှားကြတော့မည်ဖြစ်သည်။