← Chapters

"အချိန်ကျပြီ"

Vol. 49 Ch. 767

"အချိန်ကျပြီ"

Vol. 49 Ch. 767

ဂိမ်းကစားနိုင်သည့်အချိန်မပြည့်ခင် ဆယ်မိနစ်အလိုတွင် ဖှေးနှင့်အယ်လီနာတို့သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် နောက်ဆုံးခေါင်းဆောင်ကြီးဖြစ်သည့် ဘေးလ်ကို အနိုင်ယူနိုင်သွားသည်။

ခက်ခဲသည့် တိုက်ပွဲတစ်ခုဖြစ်ခဲ့၏။

အသိဉာဏ်တစ်ချို့ရှိပြီး မြင့်မားသောစွမ်းအားတို့ကြောင့် ဘေးလ်သည် သူ၏ ရန်သူများအတွက် အိမ်မက်ဆိုးတစ်ခုလိုပင်။

နတ်ဘုရားတစ်ပါးလောက်နီးနီး စွမ်းအားမြင့်မားပြီး တိုက်ခိုက်နေစဥ်အတွင်းတွင် ကိုယ့်ကိုယ်ကိုယ်လဲပြန်လည်ကုသနိုင်၏။ ထို့ကြောင့် သူ၏ မှော်စွမ်းအင်မကုန်ခင်အချိန်တွင် ပြိုင်ဘက်ကင်းမဲ့နေခဲ့၏။

ဤမောပန်းသည့် တိုက်ပွဲတွင် အယ်လီနာ၏ မြှားများအားလုံးပင်ကုန်ဆုံးသွားခဲ့သဖြင့် သူမသည် ပါလာဒင်သွေးမျိုးဆက်သို့ပြောင်းလဲခဲ့ရပြီး ပါလာဒင်အနေဖြင့် ဖှေးအား ထောက်ပံ့တိုက်ခိုက်ခဲ့သည်။

တစ်ဖက်တွင် ဖှေးသည်လည်း ၀ယ်ထားသမျှဆေးပုလင်းများအားလုံးကိုအသုံးပြုလိုက်ရသည်။ မသေမျိုးဘုရင်စုံလိုက်ပစ္စည်းသုံးခုမှလွဲ၍ ဖှေး၏ ပစ္စည်းများအားလုံးသည်လည်း ပျက်ဆီးသွားခဲ့၏။ နောက်ဆုံးတွင် ဖှေးသည် လက်ဗလာဖြစ်လုနီးနီးပင်။

အမှန်ပင် ထိုကဲ့သို့ တိုက်ခိုက်ခဲ့ရသော်လည်း ဘေးလ်၏ သေဆုံးခြင်းကြောင့် ဖှေးဆုလာဘ်များစွာ ပြန်လည်ရရှိခဲ့သည်။

အတွေ့ကြုံအမှတ်များစွာရရှိခဲ့သည့်အပြင် ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၉၉သို့ ကျော်လွန်သွားခဲ့ပြီး မရဏငရဲခက်ခဲမှုအဆင့်သို့ ရောက်ရှိခဲ့ပြီး အယ်လီနာသည်လည်း လယ်ဗယ်၉၈မှော်လေးသည်တော်တစ်ယောက်ဖြစ်သွားပြီဖြစ်ပြီး ဖှေးနှင့် အတူမရဏငရဲခက်ခဲမှုအဆင့်သို့ ရောက်ရှိရန်အတွက် အဆင့်နှစ်ခုသာလိုတော့သည်။

ထို့နောက်တွင် ဘေးလ်ထံမှ ပစ္စည်းအကောင်းများကိုလည်းရရှိခဲ့သည်။

အံ့သြစွာပင် ဖှေးထက်မံ၍ ကံကောင်းသွားခဲ့ပြီး မသေမျိုးဘုရင်စုံလိုက်ပစ္စည်းများမှ နောက်တစ်ခုဖြစ်သည့် [မသေမျိုးဘုရင် စစ်ဖိနပ်]ကိုလည်းရရှိခဲ့သည်။

အနုစိတ်သည့် အနက်ရောင်သံမဏိစစ်ဖိနပ်သည် မသေမျိုးဘုရင်၏၀ိဉာဥ်အချုပ်နှောင် ချပ်၀တ်မှကာကွယ်ပေးထားခြင်းမရှိသည့် ဖှေး၏ ခန္ဓာကိုယ်အောက်ပိုင်းကိုကာကွယ်ပေးထား၏။

[ခုခံမှု ၃၈၈၊ အကြမ်းခံမှု ၈၈၊ လမ်းလျှောက်ခြင်းသို့မဟုတ်ပြေးပါက ၄၀ရာခိုင်နှုန်းပိုမိုမြန်ဆန်ခြင်း၊ တိကျမှု +၁၁၀]

ထို့အပြင် စုံလိုက်တွဲဖက်အသုံးပြခြင်းကြောင့် [လူရိုင်းဇာတ်ကောင်၏ သိုင်းကွက်အား နှစ်ဆတိုးမြှင့်ပေးနိုင်ခြင်း၊ မှော်ပစ္စည်းများရရှိနိုင်ချေ +၂၅ရာခိုင်နှုန်း]

ဖှေးသည် မသေမျိုးဘုရင်၏ စုံလိုက်ပစ္စည်း ခြောက်ခုရှိသည့်အနက် လေးခုပိုင်ဆိုင်ထားပြီဆိုသည့်အဓိပ္ပါယ်ပင်။ သူသည် ကျန်ရှိနေသည့် ပစ္စည်းနှစ်ခုကိုပါ ထက်မံရရှိပါက လူရိုင်းဇာတ်ကောင်အတွက် အကောင်းဆုံးစုံလိုက်ပစ္စည်းများအားလုံးကို ပိုင်ဆိုင်သွားနိုင်မည်ဖြစ်သည်။

အယ်လီနာသည်လည်း မာဗီနာစုံလိုက်ပစ္စည်းများထဲမှ မာဗီနာခေါင်းစည်းကို ရရှိလိုက်သည်။

ခေါင်းစည်း၏ အရှေ့ဘက်တွင် လျို့၀ှက်ဆန်းကျယ်သည့် ရွှေရောင်ကျောက်မြတ်ရတနာတစ်ခုပါရှိပြီး ရိုးရှင်းသော်လည်း ရှေးကျသည့် ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။ ကုသမှုတိုးမြှင့်ခြင်း၊ မန်နာပြန်လည်ဖြည့်တင်းခြင်း၊ တိုက်ခိုက်မှုနှုန်း မြင့်မားလာခြင်း အစရှိသည့် စွမ်းအားများစွာကိုလည်း တိုးမြှင့်ပေးထား၏။ သူမသည် မာဗီနာစုံလိုက်ပစ္စည်းများထဲမှ သုံးခုကို ပိုင်ဆိုင်ထားသည့်အတွက်ကြော့င် သူမသည် နေအဆင့်နှင့်နီးကပ်လာနေပြီဖြစ်သည်။ တကယ်တန်းတွင် နေအဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းခန့်သာလိုတော့၏။

ဖှေးအတွက် ဘေးလ်ကိုသတ်ဖြတ်ခဲ့ရာမှ ရရှိခဲ့သည့်အရေးကြီးဆုံးပစ္စည်းသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် ကမ္ဘာကျောက်တုံးပင်။

ဤအရာသည် ဖှေးရရှိခဲ့သည့် ဒုတိယမြောက်ကမ္ဘာကျောက်တုံးပင်။ ငရဲပြည်၏ စွမ်းအားများဖြင့် စွန်းထင်းနေပြီး မသန့်စင်သေးသော်လည်း ဖှေးသည် သာမန်ခက်ခဲမှုအဆင့်မှ ရရှိခဲ့သည့် ကမ္ဘာကျောက်တုံးအား သန့်စင်ခဲ့သည့်အတွေ့ကြုံရှိပြီးဖြစ်သောကြောင့် ဒဏာရီလာနတ်စင်ကိုအသုံးပြု၍ ထက်မံသန့်စင်ရန်ဖှေးအတွက် အခက်ခဲမရှိလှပေ။

အိမ်မက်ဆိုးခက်ခဲမှုအဆင့် သာမန်ခက်ခဲမှုအဆင့်မှ ကမ္ဘာကျောက်တုံးထက်စွမ်းအားများစွာပို၍ပါ၀င်ပြီး နတ်ဘုရားအဆင့်မှော်အစီရင်များနှင့် နတ်ဘုရားအဆင့်လက်စွဲတော်လက်နက်များကို စွမ်းအားပေးနိုင်၏။ လွန်စွာစွမ်းအားမြင့်မားသည့်အရာပင်။

ဖှေး၏ မသိစိတ်အရ ကမ္ဘာကျောက်တုံးများသည် ချမ်းဘော့ဒ်တိုင်းပြည်အလိုအပ်ဆုံးသောအရာများဖြစ်လာလိမ့်မည်ဟုထင်နေရ၏။

ထိုညက ဘေးလ်အားသတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် ဒိုင်ယာဘလိုကမ္ဘာမှ ထွက်လာခဲ့သည်။

ထို့နောက်တွင် သူသည် ယခင်ဘုရင်များ၊ စစ်ပွဲနတ်ဘုရားနှင့် ချမ်းဘော့ဒ်တိုင်းပြည်အား ကာကွယ်ရင်းကျဆုံးခဲ့သည့်စစ်သည်များကို မနက်ပိုင်းတွင် အရိုသေပေးခဲ့ပြီးဖြစ်သည်။

အန်ဂျယ်လာနှင့် အယ်လီနာတို့ ချမ်းဘော့ဒ်ထုံးစံများအရပြင်ဆင်မှုများပြုလုပ်ရန်အတွက် ၀န်ကြီးချုပ်ဘတ်စ်၏ စံအိမ်သို့ ပြန်သွားခဲ့ပြီးသည့်နောက်တွင် ဖှေးသည် မကောင်းဆိုး၀ါးများကို သတ်ဖြတ်ကာ လယ်ဗယ်မြှင့်တင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာထဲသို့ ပြန်လာခဲ့သည်။

သူသည် မုန်တိုင်းကြားထဲတွင် ရှင်သန်နိုင်ရန်အတွက် အတတ်နိုင်ဆုံးစွမ်းအားမြင့်မားနေရမည်ဖြစ်သောကြောင့်ပင်။

ယခင်ကလိုပင် သူသည် ၀င်ရောက်ဆော့ကစားခြင်းဖန်သားပြင်သို့ရောက်ရှိသွားခဲ့ပြီး မရဏငရဲခက်ခဲမှုအဆင့်ဟူသည့် ရွေးချယ်မှုကို တွေ့လိုက်ရသည်။

ဆိုင်းငံ့နေခြင်းမရှိပဲ ထိုအဆင့်အား ရွေးချယ်ကာ အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန်၀င်ရောက်ခဲ့သည်။

အိမ်မက်ဆိုးခက်ခဲမှုအဆင့်လိုပင် ကွန်ပျူတာဇာတ်ကောင်များသည် အသိဉာဏ်မရှိပေ။ သူတို့သည် စက်ရုပ်များကဲ့သို့ပင် ဖှေးအား အလုပ်များပေးကာ ဆုလာဘတ်များပေး၏။

အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ဖှေး၏ လယ်ဗယ်များသည် ၁သို့ပြန်ရောက်သွားခဲ့သော်လည်း စွမ်းအားများအားလုံးရှိနေဆဲပင်။

ထင်ထားသလိုပင် ဤအဆင့်မှ မကောင်းဆိုး၀ါးများသည်ယခင်အဆင့်မှ မကောင်းဆိုး၀ါးများထက် အကြိမ်ပေါင်းများစွာပို၍စွမ်းအားမြင့်မားလှသည်။ သွေးမြေရိုင်းလွင်ပြင်တွင်ရှိနေသည့် သာမန်မကောင်းဆိုး၀ါးတစ်ကောင်ကပင် လပြည့်နောက်ဆုံးအဆင့်စစ်သည်တစ်ယောက်နှင့် စွမ်းအားခြင်းညီမျှ၏။

ဤသည်မှာ မရဏငရဲခက်ခဲမှုအဆင့်ပင်။

မကောင်းဆိုး၀ါးများသည် စွမ်းအားမြင့်မားလေလေ သတ်ဖြတ်ရာမှရရှိသည့် အတွေ့ကြုံအမှတ်များပို၍မြင့်မားလေလေဖြစ်သည်။

သာမန်မကောင်းဆိုး၀ါးဆယ်ကောင်ကို သတ်ဖြတ်ပြီးသည့်နောက်တွင် ဖှေးသည် အတွေ့ကြုံအမှတ်များစွာရရှိပြီး ဖှေး၏လူရိုင်းဇာတ်ကောင်သည် မရဏငရဲခက်ခဲမှုအဆင့် လယ်ဗယ်၁သို့ ရောက်ရှိလာခဲ့သည်။

ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံမှုအောက်တွင် ဖှေး၏ခန္ဓာကိုယ်ဆင့်ကဲ့ပြောင်းလဲခြင်းသည် နာရီ၀က်ခန့်ကြာ၏။ ပြောင်းလဲခြင်းအပြီးတွင် သူသည် ကောင်းကင်ပေါ်မှ တောက်ပနေသည့် ကြယ်တစ်ပွ့င်လိုခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းရောင်များဖျာထွက်နေပြီး မနက်ခင်းနေမင်းကဲ့သို့ပင်။

"ဒါက နေအဆင့်သခင်တစ်ယောက်ခံစားရတဲ့ခံစားချက်လား.." ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်ကူးမယဥ်နိုင်လောက်သည့် စွမ်းအင်များကိုခံစားလိုက်ရပြီး သူ၏လက်ကို၀ှေ့ရမ်းရုံဖြင့် ကြယ်များကို ရိုက်ချနိုင်ကာ ခြေထောက်ဆောင့်လိုက်ရုံဖြင့် ကုန်းမြေကိုဖျက်ဆီးနိုင်သလိုခံစားနေရသည်။

သို့သော် မည်သည့်အတွက်ကြောင့်မသိသော်လည်း ဖှေးသည် သဘာ၀နိယာမများကို ထက်မံ၍ မြင်နိုင်ခြင်းမရှိသေးသလို ကိုယ်ပိုင်နေမူမမှန်ခြင်းကိုလည်း ဖန်တီးနိုင်ခြင်းမရှိသေးပေ။

ဖှေးအနည်းငယ်စိတ်ရှုပ်ထွေးနေသော်လည်း မကောင်းဆိုး၀ါးများကို သတ်ဖြတ်ခြင်းအား ရပ်တန့်ခြင်းမရှိပေ။

နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် သူသည် သူပုန်စခန်းမှ ပထမဆုံးအလုပ်နှစ်ခုကို ပြီးမြောက်သွား၏။

နောက်ဆုံးမကောင်းဆိုး၀ါးတစ်ကောင် အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည့်အချိန်တွင် လိုဏ်ဂူ၏ မျက်နှာကျက်မှ အလင်းတန်းတစ်ခုကျဆင်းလာကာ မကြားရသည်မှာ ကြာပြီဖြစ်သော စနစ်၏ လျို့၀ှက်သောအေးစက်စက်အသံအား ဖှေး၏နားထဲတွင်ကြားလိုက်ရသည်။

ခနတာအံ့သြသွားပြီးသည့်နောက်တွင် ဖှေး၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူယာတစ်ခုထွက်ပေါ်လာ၏။

......

လက်ထပ်ဖွဲ့နေ့ဖြစ်သည်။

အနီရောင်နေလုံးကြီးသည် မိုးကုတ်စက်၀ိုင်းအောက်သို့ စိတ်မပါလက်မပါဖြင့် ၀င်ရောက်ကာ လူပေါင်းများစွာ၏ ဆန္ဒကိုဖြည့်စည်းပေးလိုက်သည်။

ကောင်းကင်ပြာရောင် ဘုရင်၀တ်ရုံနှင့်အတူ ခန့်ညားသည့် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား နောက်ဆုံးတွင်ရောက်ရှိလာပြီး ချမ်းဘော့ဒ်ပြည်သူများ၊ ဧည့်သည်တော်များ၏ အကြည့်များအောက်တွင် သူ့အား စောင့်ဆိုင်းနေကြသည့် အခြွေရံမြင်းစစ်သည်များထံသို့သွားလိုက်သည်။

အချက်ပေးခရာသံတစ်ခုထွက်ပေါ်လာပြီး မြင်းစစ်သည်များသည် မီးမှုတ်သားရဲများပေါ်သို့ခုန်တက်ကာ သူတို့၏ ဘုရင်ကို အလည်မှာထား၍ ၀န်းရံလိုက်သည်။

အေးစက်သည့် လေညှင်းတစ်ခုတိုက်ခတ်နေသည့် ညနေစောင်းအချိန်တွင် သူတို့သည် ဘတ်စ်၏ စံအိမ်ထံသို့ ဦးတည်ကာသွားလိုက်၏။

လမ်းများပေါ်တွင် ပြည့်နှက်နေသည့် ချမ်းဘော့ဒ်သားများသည် လက်ခုပ်တီးကာပျော်ရွှင်နေကြ၏။

ပန်းပွင့်များကို လေပေါ်တွင်ကျဲကာ ထိုပန်းပွင့်များသည် ဘုရင်သွားမည့်လမ်းပေါ်တွင်ကျဆင်းပြီး သင်းပျံ့သည့်ရနှံ့တစ်ခုကို လေထုထဲတွင် ပြည့်နေစေ၏။

All Chapters