← Chapters

"မင်္ဂလာဦးည"

Vol. 49 Ch. 769

"မင်္ဂလာဦးည"

Vol. 49 Ch. 769

ဖှေးတို့အဖွဲ့ရင်ပြင်သို့ ရောက်လာသည့်အချိန်တွင် သံတမန်အဖွဲ့များမှ ရာထူးကြီးပုဂ္ဂိုလ်များသည် သက်ဆိုင်ရာနေရာတွင် ထိုင်နေကြပြီးဖြစ်သည်။ ကြီးမားသည့်ရင်ပြင်ပေါ်တွင် လူအများသိပ်ပြီးမြင်တွေ့ရလေ့မရှိသည့် အရှိန်၀ါကြီးမားသည့်ပုဂ္ဂိုလ်များသည် နေရာအနှံ့တွင်ပြည့်နှက်နေ၏။

ရင်ပြင်အား လေးနေရာပိုင်းခြားထားသည်။ မြောက်ပိုင်းအခြမ်းသည် လက်ထပ်ပွဲအခမ်းနားကျင်းပမည့်နေရာဖြစ်ပြီး အဆင့်မြင့် စိန့်-ဆဲယာများ၊ ၀န်ကြီးများ၊ အဆင့်မြင့်အရာရှိများ စသည့် ချမ်းဘော့ဒ်သားများအတွက် နေထိုင်စရာစီစဥ်ပေးထားသည်။ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်အခြမ်းတို့သည် သံတမန်အဖွဲ့မှ လူများ၊ ကြေးစားစစ်သည်တပ်ဖွဲ့များ၊ ကုန်သည်အဖွဲ့များ၊ စွမ်းအားကြီးသိုင်းဆရာများအတွက် နေရာထိုင်ခင်းများစီစဥ်ပေးထားသည်။

ဥပဒေပြုအရာရှိတစ်ချို့နှင့် ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားတစ်ချို့တို့သည် ထိုနေရာများတွင်ရှိနေပြီး ပရိသတ်များကြားထဲတွင် လမ်းလျှောက်ကာ ယာယီစားပွဲထိုများအနေဖြင့် ဆောင်ရွက်နေကြ၏။

သာမန်ချမ်းဘော့ဒ်ပြည်သူများသည် ရင်ပြင်ပတ်ပတ်လည်တွင် မက်တပ်ရပ်လျှက်ကြည့်နေကြ၏။ သို့သော် သူတို့သည် နေရာမရသည့်အတွက် စိတ်ကွက်ခြင်းမရှိကြပေ။

ပထမဆုံးအနေဖြင့် သူတို့သည် ဘုရင်၏ ဆုံးဖြတ်ချက်တိုင်းကို လက်ခံကြသည်။

ဒုတိယအနေဖြင့် ရင်ပြင်ပေါ်တွင် နေရာထိုင်ခင်းရရှိသည့်လူများအားလုံးသည် အရှိန်၀ါကြီးမားသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်။ တိုက်ပေါ်ရှိ သက်ဦးစံပိုင်ဘုရင်စနစ်အရ လက်ရှိစီစဥ်ထားမှုသည် အသင့်တော်ဆုံးဖြစ်ပြီး မည်သူ့ကိုမှ စော်ကားထားခြင်းမရှိပေ။

ကျန်ရှိနေသည့် ဥပဒေပြုအရာရှိများနှင့် စိန့်-ဆဲယာများသည် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ကာ လူအုပ်ထဲတွင် စည်းကမ်းထိန်းသိမ်းနေလျှက်ရှိကြသည်။

ဖှေးတို့အဖွဲ့ ရင်ပြင်သို့ရောက်ရှိလာသည့်အချိန်တွင် ကျယ်လောင်သည့် ခရာသံများထွက်ပေါ်လာ၏။ ရင်ပြင်ပတ်ပတ်လည်တွင်ရပ်နေသည့်လူများသည် ဘေးများသို့ ကပ်ကာ လေးစားစွာဖြင့် ဘုရင်အတွက် လမ်းဖယ်ပေးလိုက်ကြပြီး ချမ်းဘော့ဒ်ပြည်သူများသည် မြေပြင်ပေါ်တွင်ဒူးထောက်ကာ သူတို့၏ ဘုရင်နှင့် ဘုရင်မများကိုကြိုဆိုလိုက်ကြသည်။

ရင်ပြင်ပေါ်တွင်ထိုင်နေကြသည့် ဧည့်သည်တိုင်းလိုလိုပင် မက်တပ်ရပ်ကာ ယနေ့ညအခမ်းနားအတွက် အရေးးကြီးဆုံးလူသုံးယောက်ကို ကြိုဆိုလိုက်ကြသည်။

လူအနည်းငယ်သာလျှင် အရေးမလုပ်ပဲ သူတို့၏ VIPခုံများပေါ်တွင် စားသောက်လျှက်ရှိနေကြကာ နှာခေါင်းရှုံ့လိုက်ကြသည်။

ဥပမာအားဖြင့် မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့၏ ဂိုဏ်းချုပ်ဖြစ်သူ စစ်ပင်လယ်ဓားပြ မယ်ဘာ့သည် သူ၏သတ်ဖြတ်လိုစိတ်နှင့် ဖှေးအပေါ်ထားရှိသည့် အမုန်းတရားတို့ကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူ၏ ဘေးတွင်ရှိနေသည့် လူယုံများသည်လည်း ထိုကဲ့သို့ပင်။ သူတို့ထိုင်နေသည့် ပတ်၀န်းကျင်တွင် အပူချိန်များစွာကျဆင်းသွားသလို အေးစက်နေလျှက်ရှိ၏။

သူတို့ဘေးတွင် တစ်ချို့ဆွေကြီးမျိုးကြီးလူငယ်များသည် မိဖုရားလောင်းနှစ်ယောက်အားကြည့်ကာ သွားရေကျနေကြ၏။

ကျယ်လောင်သောလက်ခုပ်သံများအောက်တွင် ဖှေးသည် မြင်းပေါ်မှ ခုန်ဆင်း၍ မှော်ရထားလုံးထံသို့ လမ်းလျှောက်သွားလိုက်သည်။

ထို့နောက်တွင် ခါးကွေးညွှတ်ကာ သူ၏လက်ကို ဆန့်တန်းလိုက်ပြီး မိဖုရားလောင်းနှစ်ပါးအား လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ရထားလုံးပေါ်မှ ကြိုဆိုလိုက်သည်။

ထို့နောက်တွင် ဘတ်စ်နှင့် သောင်းနှင့်ချီသောပြည်သူများ၏ ကောင်းချီးပေးသောအကြည့်များအောက်တွင် အန်ဂျယ်လာနှင့် အယ်လီနာတို့၏ လက်ကိုကိုင်စွဲကာ ကော်ဇောနီပေါ်မှ ရင်ပြင်၏ မြောက်ဘက်ခြမ်းသို့ လမ်းလျှောက်သွားလိုက်၏။

ဘုရင်နှင့် မိဘုရားလောင်းများ လမ်းလျှောက်နေသည့်အချိန်တွင် မှော်မီးရှုးမီးပန်းများကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်၍ လေထဲတွင် ပုံရိပ်အမျိုးမျိုးကိုဖန်တီးနေလျှက်ရှိသည်။ အလွန်လှပပြီး တောက်ပသည့်အလင်းရောင်များသည် အမှောင်ထုကိုလွှမ်းခြုံနေလျှက်ရှိသည်။

ဖှေးနှင့် ကောင်မလေးနှစ်ယောက်တို့၏အနောက်တွင် ရိုးရာအကများဖြင့် ဖျော်ဖြေလိုက်ပါလာသည့် လူများလည်းပါရှိပြီး လေထုအားပို၍ မြိုင်ဆိုင်စေလျှက်ရှိသည်။

ကောင်းကင်ပေါ်တွင် မီးရှူးမီးပန်းများဖြင့် ချမ်းဘော့ဒ်မြို့တော်တစ်ခုလုံးသည် သုခဘုံတစ်ခုလိုပင် အစစ်မှန်ပင်အသက်ရှူမှားလောက်၏။

ဇီးနစ်အင်ပါယာတစ်၀ိုက်မှ မင်းသားများနှင့် ၀န်ကြီးများပင် သူတို့မြင်လိုက်ရသည့်အရာကြောင့် အံ့သြမင်သက်သွားရ၏။ သူတို့၏ ဘ၀တွင် စွမ်းအားမြင့်အင်ပါယာကြီးများ၏ တော်၀င်လက်ထပ်ပွဲများစွာတက်ရောက်ဖူးကြသော်လည်း ဤလက်ထပ်ပွဲနှင့် ယှဥ်နိုင်ခြင်းမရှိပေ။ တောက်ပသည့် အရောင်သွေးများနှင့် ပျော်ရွှင်နေကြသောပြည်သူများတို့ကြောင့် သူတို့သည် အေဇာရုတိုက်တွင်မဟုတ်သလိုပင်။ ပဍိပတ်ခများ၊ မကောင်းသည့်ခံစားချက်များကင်းစင်သည့် မြင့်မြတ်သောနေရာတစ်ခုသို့ ရောက်ရှိနေသလိုပင်။

လူများ၏အကြည့်အောက်တွင် ဖှေးနှင့် မိဖုရားလောင်းနှစ်ပါးတို့သည် မြင့်မားသည့် အဆောက်ဦးတစ်ခုရှေ့သို့ ရောက်သွားကြ၏။

ထိုအဆောက်ဦးတွင် အထပ်ကိုးထပ်ပါရှိပြီး အထပ်တစ်ထပ်တိုင်းသည် မီတာ၀က်ခန့်မြင့်မား၏။ အဆိုပါလက်ထပ်ပွဲအခမ်းနားအဆောက်ဦးအား အဖြူရောင်ကျောက်တုံးကြီးတစ်ခုကို ထွင်းထုကာပြုလုပ်ထားခြင်းဖြစ်ပြီး လှေကားထစ်၃၆ဆင့်သည် အပေါ်ဆုံးကိုးထပ်မြောက်သို့ ဦးတည်ထား၏။ လှေကားတစ်ထစ်ခြင်းစီတိုင်းကို ချမ်းဘော့ဒ်တိုင်းပြည်၏ အတော်ဆုံးလက်မှုပညာရှင်များမှ ထွင်းထုထားခြင်းဖြစ်ပြီး ပန်းပွင့်ပုံ၊ စစ်သည်ပုံ၊ နတ်ဆိုးသားရဲများ၊ နဂါးများ၊ နတ်ဘုရားမနှင့် နတ်ဘုရားပုံများစွာကို လှေကားထစ်များတွင်ထွင်းထုထား၏။

ထို့အပြင် ထိုအဆောက်ဦး၏ဘေးတွင် ခြောက်မီတာခန့်မြင့်မားသည့် စစ်သည်ရုပ်တုလေးခုမှ ခြံရံထားပြီး အဆောက်ဦးအားကာကွယ်စောင့်ရှောက်နေသည့်ဟန်ပင်။

ကောင်းကင်ပေါ်တွင်ရှိသည့် မီးရှူးမီးပန်းများအောက်တွင် ငွေရောင်အဆောက်ဦးကြီးမှာ အနုပညာလက်ရာတစ်ခုလိုပင်။

ဘေးတွင်ရှိသောကောင်မလေးနှစ်ယောက်အားပြုံးပြလိုက်ပြီးနောက်တွင် ဖှေးသည် သူ၏ဘယ်ခြေထောက်ကို မြှောက်ကာ ပထမဆုံးလှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်သည်။

ရင်ပြင်ပတ်ပတ်လည်တွင်ရပ်နေကြသည့် ပြည်သူများသည် ထပ်မံအော်ဟစ်အားပေးကြတော့သည်။

ချမ်းဘော့ဒ်တိုင်းပြည်နှင့် အေဇာရုတိုက်၏ အစဥ်လာအရ ဖှေးနှင့် ကောင်မလေးတို့သည် လှကားထစ်၃၆ထစ်ပါသောအဆောက်ဦး၏ ကိုးထပ်မြောက်သို့ အတူတက်ရောက်ပြီးပါက လက်ထပ်ပွဲအခမ်းနားပြီးဆုံးသွားပြီဖြစ်ပြီး နတ်ဘုရားတို့၏ကောင်းချီးပေးခြင်းကို ရရှိကာ တရား၀င်ဇနီးမယားအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ပြီးပြည့်စုံသောအရာတစ်ခုပင်။

ထိုအခိုက်တန့်တွင် အသံတစ်သံထွက်ပေါ်လာ၏။ "ခနနေဦး ငါပြောစရာတစ်ခုရှိတယ်..."

မိုးကြိုးကဲ့သို့သောအသံသည် နေရာတစ်၀ိုက်တွင် ပြန့်နှံ့သွားပြီး လူများ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်သည်။

အတွင်းအားစွမ်းအင်များစွာအသုံးပြု၍ အော်ဟစ်လိုက်ခြင်းဖြစ်သောကြောင့် သောင်းနှင့်ချီသောချမ်းဘော့ဒ်ပြည်သူများ၏ အသံကိုဖုံးလွှမ်းကာ လက်ထပ်ပွဲအခမ်းနားတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

လူတိုင်း အံ့သြကုန်ကြသည်။

"သေစမ်း ဘယ်ကောင်လဲကွ သေချင်လို့လား..."

"ဘယ်က မအေလိုးလဲကွ ဒီအချိန်မှာ ဘာလို့၀င်ရှုပ်ရဲတာလဲ..."

"အဲ့ခွေးသားကို ဓားနဲ့ပိုင်းလိုက်၊ ဘယ်ကောင်လဲ ထွက်ခဲ့စမ်း၊ တော်၀င်လက်ထပ်ပွဲအခမ်းနားကို နှောင့်ယှက်ရဲတယ်ပေါ့..."

ရင်ပြင်၏ မြောက်ပိုင်းအခြမ်းတွင်ထိုင်နေကြသည့် ချမ်းဘော့ဒ်သားများဒေါသဖြစ်သွားကြပြီး ပြန်လည်အော်ဟစ်လိုက်ကြသည်။ သူတို့သည် အသံထွက်လာသည့်နေရာအားကြည့်ရင်းဖြင့် ဓားများဆွဲထုတ်လိုက်ကြသည်။

ဘုရင်နှင့် မိဖုရားလောင်းများ လက်ထပ်ပွဲအခမ်းနားအဆောက်ဦးပေါ်သို့ တက်နေသည့်အချိန်တွင် ၀င်ရောက်နှောင့်ယှက်လိုက်ခြင်းသည် ခွင့်မလွှတ်နိုင်စရာအပြုမူတစ်ခုပင်။

ရင်ပြင်ပတ်ပတ်လည်တွင်ရှိနေသည့် ချမ်းဘော့ဒ်ပြည်သူများသည်လည်း စတင်၍ ဆဲဆိုနေကြတော့သည်။

အခိုက်တန့်တစ်ခုကြာခန့် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ရင်းနှီးသောမိတ်ဆွေများသည်လည်း ဒေါသဖြစ်နေကြ၏။

လူတိုင်းသည်အသံလာရာအရပ်သို့ ကြည့်နေကြပြီး မည်သူဖြစ်သည်ကို သိချင်နေကြသည်။

"ဒီကောင်က မလေးမစားလုပ်ရဲတယ်ပေါ့။ ချမ်းဘော့ဒ်ဘုရင်ကိုဒေါသဖြစ်အောင်လုပ်နေတာ သေချင်လို့လား..." လူများတွေးလိုက်မိကြသည်။

အံ့သြနေသည့်အကြည့်များသည် အော်ဟစ်လိုက်သည့်လူကို တွေ့လိုက်ရသည့်အချိန်တွင် ထက်မံ၍ တုန်လှုပ်သွားရ၏။

ထိုလူသည် စစ်ပင်လယ်ဓားပြ မယ်လ်ဘာ့ပင်။ ဇီးနစ်အင်ပါယာတစ်၀ိုက်တွင် အကြီးဆုံးသောကြေးစားစစ်သည်တပ်ဖွဲ့၏ ဂိုဏ်းချုပ်ဖြစ်၏။

သူသည် လွန်ခဲ့သည့်တစ်နှစ်ခန့်က လပြည်အဆင့်သိုင်းဆရာတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်းအင်အားဖြင့်ပင် မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့ကို တည်ထောင်ခဲ့သည်။

မည်သူမှ သူ့အား ခုခံနိုင်ခြင်းမရှိပဲ ဒေသအတွင်းရှိအင်ပါယာတိုင်းလိုလို သူ့အားကြောက်လန့်ကြ၏။ မြင်းလေညှင်းတပ်ဖွဲ့တွင် ကိုယ်ပိုင်အင်ပါယာမရှိသော်လည်း မယ်လ်ဘာ့သည် ကြေးစားစစ်သည်များ၏ ဆန့်ကျင်၍မရနိုင်သော ခေါင်းဆောင်တစ်ယောက်ပင်။

သူသည် လက်ထပ်ပွဲအခမ်းနားကို ၀င်ရောက်နှောင့်ယှက်လိုက်ခြင်းသည် အကြောင်းပြချက်လုံလောက်သွားပြီဖြစ်၏။

သူသည် ရည်ရွယ်ချက်တစ်ခုကို ဖော်ပြလိုက်သည်။

"မြင်းလေညှင်းတပ်ဖွဲ့မှ ချမ်းဘော့ဒ်ဘုရင်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်မယ်ဆိုရင် ဒီနေ့ည အခြေအနေက စိတ်၀င်စားစရာပဲ..." လူများစွာမှ တွေးလိုက်မိကြသည်။

"ဟားဟားဟား အလတ်ဇန္ဒား ငါမင်းကို မေးစရာတစ်ခုရှိတယ်။ မင်းအဲ့မေးခွန်းကို မှန်မှန်ကန်ကန်ဖြေတာကောင်းမယ်။ မင်းရဲ့ စောက်မင်္ဂလာဆောင်ကို ရပ်ထားလိုက်ဦး..." မယ်လ်ဘာ့သည် သိုင်းဆရာခြောက်ယောက်နှင့်အတူ ရင်ပြင်၏ အလည်သို့ လမ်းလျှောက်သွားကာ ပြောလိုက်၏။

"ချွင် ချွင် ချွင်.."

ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်တစ်ရာခန့်သည် ဓားများကိုဆွဲထုတ်လိုက်ပြီး မယ်လ်ဘာ့တို့အဖွဲ့ရှေ့မှ အကြောက်တရားကင်းမဲ့စွာ၀င်ပိတ်လိုက်သည်။

မယ်လ်ဘာ့သည် နာမည်ဆိုးဖြင့်ကျော်ကြားသူတစ်ယောက်ဖြစ်သော်လည်း ချမ်းဘော့ဒ်စစ်သည်များ ကြောက်လန့်ခြင်းမရှိပေ။

လေထုသည် တင်းမာနေ၏။

ပျော်ရွှင်နေကြသည့် ပြည်သူများအံ့သြသွားပြီး အတီးမှုတ်အကခုန်များလည်းရပ်သွားသည်။

ကောင်းကင်ပေါ်တွင် မှော်မီးရှူးမီးပန်းများ ပစ်လွှတ်နေဆဲဖြစ်သော်လည်း ပရိသတ်များအာရုံမရတော့ပေ။

ရင်ပြင်ပေါ်ရှိ VIPခုံများတွင် တစ်ချို့လူများသည် ဒေါသဖြစ်နေကြပြီး တစ်ချို့လူများသည် ကျေနပ်နေကြ၏။ လူတိုင်း၏ခေါင်းထဲတွင် မတူညီသောအတွေးများရှိနေကြသည်။

သို့သော် တူညီသောအရာတစ်ခုရှိ၏။ ဤကိစ္စအား ချမ်းဘော့ဒ်ဘုရင်မည်သို့ ကိုင်တွယ်မည်ကို လူတိုင်းသိချင်နေကြသည်။

All Chapters