← Chapters

"ရှားပါးသည့် အလှများ"

Vol. 49 Ch. 768

"ရှားပါးသည့် အလှများ"

Vol. 49 Ch. 768

အပြင်လူအများစုအတွက် ဤသည်မှာ ချမ်းဘော့ဒ်သားများ လေးစားယုံကြည်ကိုးကွယ်ကြသည့် ချမ်းဘော့ဒ်ဘုရင်ကို ပထမဆုံးအနေဖြင့် မြင်ဖူးခြင်းပင်။

ဤအခိုက်တန့်တွင် သူသည် လူပေါင်းများစွာ၏ အားပေးမှုကိုရနေကာ ထူးခြားသည့်လူတစ်ယောက်ကဲ့သို့ပင်။

တိုင်းတပါးမှလူများထဲမှ တစ်ချို့တွင် မကောင်းသည့် အကြံစည်များရှိနေကြပြီး ချမ်းဘော့ဒ်ဘုရင်အား မနှစ်သက်ကြသော်လည်း ဤဘုရင်သည် လူချစ်လူခင်များကာ ဘုန်းတန်ခိုးကြီးမားသည့် ဘုရင်တစ်ပါးဖြစ်သည်ကိုမူ လက်ခံရလိမ့်မည်ဖြစ်သည်။

ခန့်ညားသည့်မြင်းဖြူတစ်ကောင်ကို စီးနေရင်းဖြင့် ဘုရင်ငယ်သည် သူ၏ခန္ဓာကိုယ်အား ပြည့်စုံစွာပေါ်လွင်စေသည့် အပြာရောင်၀တ်ရုံတစ်ထည်ကို၀တ်ဆင်ထား၏။ သူ၏ ကြွက်သားများသည် တောင့်တင်းသော်လည်း ကြီးမားထွားကျိုင်းနေခြင်းမရှိ ဂရိနတ်ဘုရားတစ်ပါးလိုပင် တိုင်းထွာ၍မရနိုင်သည့် စွမ်းအင်ပါ၀ါတို့ကို ဖော်ပြနေ၏။

သူ၏ခေါင်းပေါ်တွင် သစ်ကိုင်းပုံသဏ္ဏန်ရှိသော ရွှေသရဖူကိုဆောင်းထားပြီး သူ၏ အနက်ရောင်ဆံပင်ရှည်များကို ရွှေခေါင်းစည်းကွင်းတစ်ခုဖြင့် စုစည်းချည်နှောင်ထားပြီး ခါးသို့ရောက်သည်အထိရှည်လျားနေ၏။

ယောက်ျားဆန်ဆန်ခန့်ညားသည့်မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ သူသည် ထွက်ပေါ်လာဆဲနေမင်းတစ်ပါးလိုပင်။

မြို့သူမြို့သားများစွာသည် သူ့အားအော်ဟစ်အားပေးနေကြ၏။

ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် မိုးကြိုးကဲ့သို့သောလက်ခုပ်သံများဖြင့် ပြည့်နှက်နေပြီး ချမ်းဘော့ဒ်သားများ၏ ဘုရင်အပေါ်တွင်ထားရှိသည့် ချစ်ခင်လေးစားမှုတို့သည် မီးတောက်တစ်လုံးပေါက်ကွဲသလိုပင် ဟိန်းထွက်နေ၏။

ဘုရင်လမ်းပေါ်သို့ ရောက်လာသည့်အချိန်တွင် သူ၏အရှေ့တွင်ရှိနေသည့် ပြည်သူများ ဘေးသို့ကပ်ကာ လမ်းဖယ်ပေးလိုက်ကြပြီး သူ၏သစ္စာရှိကိုယ်ရံတော်စစ်သည်များသည်လည်း ဘုရင်နှင့်အတူ တင်းကြပ်စွာလိုက်ပါလျှက် အတူတကွဂုဏ်ပြုခံနေလျှက်ရှိသည်။

ဤအခိုက်တန့်တွင် ဖှေးသည် ကမ္ဘာကြီး၏အလည်တွင်ရှိနေသလို ခံစားလိုက်ရသည်။ လူတိုင်းသည် ဤဘုရင်ငယ်အား ကြည့်နေသလိုပင်။

ချမ်းဘော့ဒ်သားတို့၏ အော်ဟစ်အားပေးသံများအောက်တွင် မိဖုရားလောင်းတို့ကိုသွားရောက်ခေါ်ဆောင်မည့်အဖွဲ့သည် ၀န်ကြီးချုပ်ဘတ်စ်၏ စံအိမ်သို့ ဦးတည်နေလျှက်ရှိ၏။

......

-သိပ်မ၀ေးသည့်နေရာတွင်-

"အဲ့ကလေးက ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားလား...ဒါက စိတ်ပျက်စရာပဲ။ ဒီကောင်က နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်လိုပဲ။ သိပ်ပြီး သန်မာတဲ့ပုံမပေါ်ပါဘူး။ ငါတောင်ဒီကောင့်ကို လက်တစ်ဖက်ထဲနဲ့ သတ်ပစ်လို့ရတယ်။ အရှင်မင်းကြီးက ငါတို့ကို ချမ်းဘော့ဒ်တိုင်းပြည်ကို လာပြီး ဒီအလုပ်ကိုတာ၀န်ပေးထားတာပဲံ။ အရှင်မင်းကြီးက ဒီဘုရင်လေးကို အတော်လေးအထင်ကြီးလွန်းနေတာပဲ..."

သိပ်မ၀ေးသည့်နေရာတွင်ရှိသော ကျောက်တုံးအိမ်တစ်လုံး၏ ခေါင်မိုးပေါ်တွင် လူသုံးယောက်ရှိနေပြီး လက်ရှိမလေးမခန့်ဖြင့်စကားပြောလိုက်သည့်လူသည် သူတို့ထဲမှတစ်ယောက်ဖြစ်၏။ သူသည် သောင်းနဲ့ချီသောလူတို့၏ အော်ဟစ်အားပေးခံနေရသည့်ဘုရင်ကို စိုက်ကြည့်ရင်းဖြင့် နှာခေါင်းရှုံ့ကာ သူ၏ ဓားကဲ့သို့ ချွန်ထက်သည့် သွားများကို ဖော်ပြလိုက်သည်။

"ခြင်္သေ့တစ်ကောင်က ယုန်လေးတစ်ကောင်ကိုအမဲလိုက်တယ်ဆိုရင်တောင် အားကုန်သုံးမှာပဲ။ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေမှာမဟုတ်ဘူး။ ငါတို့ရရှိထားတဲ့အချက်လက်တွေက မမှန်ကန်ဘူးဆိုတာမဖြစ်နိုင်ဘူး..." သူတို့သုံးယောက်ထဲမှ နောက်တစ်ယောက်သည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ "ချမ်းဘော့ဒ်ဘုရင်က အနည်းဆုံးတော့ လခြမ်းနောက်ဆုံးအဆင့်စစ်သည်တစ်ယောက်ပဲ။ သူ့မှာ နတ်ဘုရားတစ်ပိုင်းလက်နက်လို့ ယူဆရတဲ့ စွမ်းအားမြင့် တူကြီးတစ်လက်လဲရှိတယ်။ သူ့ကို အထင်မသေးသင့်ဘူး.."

"ဟီးဟီး အဲ့လိုဆိုရင်တောင် သူဘာတတ်နိုင်မှာလဲ။ နဂါးသတ်ပူမဟာမိတ်တပ်ဖွဲ့က အင်ပါယာအများကြီးက စွမ်းအားကြီးသိုင်းဆရာအယောက်၃၀နဲ့ ဖွဲ့စည်းထားတာပဲ။ အဲ့တာအပြင် မကောင်းဆိုး၀ါးလိုသိုင်းဆရာတွေလဲပါတယ်...ချမ်းဘော့ဒ်ဘုရင်တော့ သေချာပေါက်သေရလိမ့်မယ်။ ဒီဘုရင်လေးရဲ့ဘေးမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်လို့ ငါကြားထားတယ်။ အဲ့လိုဆိုရင်တော့...ဟီးဟီး စဥ်းစားကြည့်ရုံနဲ့တင်တောင် ငါစိတ်လှုပ်ရှားလာပြီ။ ငါတော့ သူ့မိဘုရားတွေကို သူ့ရှေ့မှာတင် ကြုံးပြလိုက်မယ် ဟားဟားဟား..." နောက်ဆုံးစကားပြောလိုက်သည့်လူသည် မူမမှန်ကာ ရက်စက်ကြမ်းကြုတ်ဟန်ရှိ၏။

......

"ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား မင်းက နောက်ဆုံးတော့ လူလုံးထွက်ပြပြီပေါ့။ နတ်ဆိုးနဂါးတစ်ကောင် အသိုက်ထဲက ထွက်လာပြီး ငရဲကျတော့မယ်။ နတ်ဘုရားတွေတောင် မင်းကို ဆန့်ကျင်နေပြီ..."

ချမ်းဘော့ဒ်ဘုရင်အား သြဘာပေးနေကြသည့်လူအုပ်ထဲတွင် ဆံပင်ဖြူ၀တ်ရုံဖြူဖြင့် အဖိုးကြီးတစ်ယောက်ရှိနေ၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများစွာပေါ်လွင်နေပြီး အသားရေမှာ အသက်အရွယ်ကြောင့် တွန့်နေ၏။ လက်ထဲတွင် မီးလောင်ထားသည့် အမဲရောင်သစ်သားချောင်းတစ်ခုကို ကိုင်၍ သူ့ရှေ့မှဖြတ်သွားသည့် မြင်းပေါ်မှ ဘုရင်ငယ်အား ကြည့်ကာပြုံးလိုက်သည်။ သို့သော် သူ၏မျက်လုံးများထဲတွင် ခံစားချက်အမျိုးမျိုးကို ထင်ဟပ်ပြသနေ၏။

သူ၏မျက်လုံးများသည် ရင့်ကျက်တည်ငြိမ်မှု၊ ဉာဏ်ပညာတို့ဖြင့် ပြည့်နှက်နေသော်လည်း ရက်စက်ကြမ်းကြုတ်မှုနှင့် လောဘတို့လည်းပါ၀င်နေသည်။

မျက်လုံးများသည် အနည်းငယ်၀ေမှိုင်းနေသော်လည်း ကျေနပ်ခြင်း၊ သနားခြင်း၊ ရက်စက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း စသည့် စိတ်ခံစားချက်များရောထွေးနေလျှက်ရှိသည်။

"နှမျောစရာပဲ ဒါကတော့ တကယ်စိတ်မကောင်းစရာပဲ။ မင်းက တုနှိုင်းလို့မရတဲ့ ပါရမီရှင်တစ်ယောက်ပါ။ မင်းမှာ အကန့်သက်မဲ့တဲ့ အနာဂတ်အလားလာတွေရှိနေခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ဆုံးဖြတ်ချက်တွေက မင်းကို ဒီလမ်းရောက်အောင်ပို့ခဲ့တာပဲ။ မင်းက အန်ဂျယ်လာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်အတွက်နဲ့ ငါ့ဘုရားကျောင်းက လူတွေအားလုံးကို သတ်ပစ်ခဲ့တယ်။ ငါက နတ်ဘုရားမတစ်ပါးပြန်လည်၀င်စားလာခဲ့တဲ့ အဲ့အမျိုးသမီးအကြောင်းကို တစ်ခြားလူတွေမသိစေချင်လို့ မြောက်ပိုင်းဘုရားကျောင်းကို မင်းပြစ်မှုအကြောင်းသတင်းပို့ပြီးမတိုင်ခဲ့ဘူးဆိုပေမယ့် ဟီးဟီးဟီး ငါမင်းအတွက် ထောင်ခြောက်တစ်ခုစီစဥ်ထားပါတယ်။ မင်းကို အခါ၁၀၀လောက်သတ်လို့ ရတဲ့ ထောင်ခြောက်တစ်ခုပေါ့။ ယောက်ျားနဲ့ မိန်းမစတင်ဖြစ်ပေါ်လာကတည်းက အလှတရားက ဖြစ်ရပ်ဆိုးတွေကိုဖြစ်ပွားစေတာပဲ။ ကံမကောင်းစွာပဲ မင်းက ငယ်ရွယ်ပြီးထင်ရားစိုင်းတတ်လို့ မဟာဘုရားကျောင်းက ရှီရဲကျောင်းတော်ရဲ့ရန်သူတစ်ယောက်ဖြစ်လာခဲ့တာပဲ။ မင်းရဲ့သေခြင်းတရားကို ရှောင်လွှဲလို့မရတော့ဘူး"

ချမ်းဘော့ဒ်ဘုရင်အ၀ေးသို့ ရောက်သွားသည့်အချိန်တွင် ထိုအဖိုးကြီးသည် တစ်ဖက်သို့လှည်ကာ ခြေလှမ်းအနည်းငယ်ခန့်လမ်းလျှောက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားတော့သည်။

သူ၏ ဘေးတွင် လူပေါင်းများစွာရှိနေသော်လည်း ထိုအဖိုးကြီးပျောက်ကွယ်သွားသည်ကို မည်သူမှ သတိမထားလိုက်မိပေ။

.....

"ငါအဲ့ကောင်ကို သတ်ကိုသတ်မယ်။ အဲ့ကောင်အလောင်းကို အစိတ်စိတ်ပိုင်းပြီးတော့ သူသတ်ခဲ့တဲ့ ငါ့ရဲ့ညီအကိုတွေအတွက် လက်စားချေပေးရမယ်..." စစ်ပင်လယ်ဓားပြ မယ်ဘာ့နှင့် သူ၏ သစ္စာရှိအကြံပေး အိုင်းစက်တို့သည် ချမ်းဘော့ဒ်ဘုရင်အား စိုက်ကြည့်ကာ ကြုံး၀ါးလိုက်ကြသည်။

"ဒီလူငယ်က ချမ်းဘော့ဒ်ဘုရင်လား..." သိပ်မ၀ေးသည့်နေရာတွင် ရွှေမျက်နှာဖုံး၀တ်ဆင်ထားသည့် သွေးမီးတောက်ကြေးစားစစ်သည်အဖွဲ့၏ ဂိုဏ်းချုပ်ဖြစ်သူမှ တွေးလိုက်မိသည်။ "စိတ်၀င်စားစရာပဲ သူတကယ်ပဲင့ါကို စိတ်မပျက်စေဘူး"

"ဒီလောက်တောင်ငယ်တာလား..." ဆယ်မီတာကျော်ခန့်မြင့်မားသည့် ကျောက်တုံးရုပ်တုကြီးတစ်ခုအောက်တွင် ဘိုဒါအင်ပါယာမှ မင်းသားဂါကော့သည် ချမ်းဘော့ဒ်ဘုရင်အား ပထမဆုံးအနေဖြင့် မြင်ဖူးလိုက်ပြီး အံ့သြသွား၏။ သူ၏အနောက်တွင် လူငယ်သူရဲကောင်းလေးယောက်တို့သည်လည်း အခြင်းခြင်းတီတိုးပြောကြားနေကြ၏။ သူတို့ဘာပြောနေသည်ကို မည်သူမှ မသိကြပေ။

"ဟီးဟီး ဒီညကတော့ သွေးချောင်းစီးမယ့်ညပဲ မင်းဒီအချိန်ကိုတော့ ပျော်နေလိုက်ဦးပေါ့ ဟီးဟီးဟီး..." ကောင်းကင်ပေါ်တွင် ပုန်းကွယ်နေရင်းဖြင့် ကြီးမားသည့်လက်ကြီးများဖြင့် လူပုသည် သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ရယ်မောလိုက်၏။

"ဟမ် မြို့ထဲမှာ ကိစ္စတော်တော်များများဖြစ်ပွားနေတဲ့ပုံပဲ အလတ်ဇန္ဒား ဒီကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်ထားရဲ့လား.." ဒုတိယမင်းသားသည် မသန်စွမ်းခွေးလေးအိုကာကို ပွေ့ချီရင်းဖြင့် ပြတင်းပေါက်တစ်ခုဘေးတွင် ရပ်ကာ ပတ်၀န်းကျင်သို့ ကြည့်ရှုနေ၏။ ထို့နောက်တွင် သူသည် တီတိုးပြောဆိုလိုက်ပြီး အိပ်ယာထံသို့ ပြန်ကာ လှဲယောင်းနေလိုက်သည်။

သူ၏အနောက်တွင် နတ်ဆိုးအမျိုးသမီးပဲရစ်သည် စိတ်ပူပန်နေသည့်ဟန်ရှိပြီး မုတ်ဆိတ်နီ ဂရန်နယ်လိုသည် စိတ်ခံစားချက်ကင်းမဲ့နေသည့်ပုံရှိ၏။

-၀န်ကြီးချုပ်ဘတ်စ်၏ စံအိမ်ရှေ့-

၁၅မိနစ်ခန့်တိတ်ဆိတ်သွားပြီးသည့်နောက်တွင် လူများသည် သူတို့တတ်နိုင်သမျှ ကျယ်လောင်စွာအော်ဟစ်အားပေးကြတော့သည်။

"ဘုရင်ကို ဘုရားသခင်ကောင်းချီးပေးပါစေ"

"ဘုရင်မတွေကို ဘုရားသခင်ကောင်းချီးပေးပါစေ"

"ဘုရင်အလတ်ဇန္ဒား အသက်ရှည်ပါစေ..."

"ဘုရင်မ အန်ဂျယ်လာနဲ့ ဘုရင်မ အယ်လီနာ အသက်ရှည်ပါစေ..."

ဘုရင်အလတ်ဇန္ဒားသည် လှပသည့် မိဘုရားနှစ်ပါး၏ လက်များကိုကိုင်လျှက် စံအိမ်အတွင်းမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူတို့အားလုံး ရူးသွပ်သွားကြတော့သည်။

အဖြူရောင်သတို့သမီး၀တ်စုံနှင့် အန်ဂျယ်လာသည် ငွေရောင်ပုလဲများစွာပါရှိသည့် သရဖူကို ၀တ်ဆင်ထားပြီး လပေါ်မှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးလိုပင်။ သူမ၏ အလှတရားသည် အိမ်မက်ဆန်လှ၏။

ဘုရင်၏ ဘေးတွင်ရှိသော အယ်လီနာသည် အနီရောင်ဂါ၀န်ကဲ့သို့သော ၀တ်စုံတစ်ထည်ကို ၀တ်ဆင်ထားပြီး သူမ၏ ခေါင်းပေါ်တွင် မာဗီနာခေါင်းစည်းကို ၀တ်ဆင်ထား၏။ သူမသည် မီးတောက်များလွှမ်းခြုံနေသည့် စစ်နတ်သမီးတစ်ပါးလိုဖြစ်နေပြီး သူမ၏ သေးသွယ်သောခါး၊ သွယ်လျလှပသည့် ခြေတံများ၊ ပြည့်စုံသော ခန္ဓာကိုယ်နှင့် ထူးခြားရဲရင့်သော အရှိန်၀ါတို့သည်လည်း အန်ဂျယ်လာထက်မနိမ့်ကျသည့် အလှတရားတစ်မျိုးကို ဖော်ပြနေ၏။

အားကျခြင်းနှင့် မနာလိုခြင်း။ ထိုအရာများသည် နေရာတစ်၀ိုက်တွင်ရှိနေသည့် ယောက်များများ၏ ပင်ကိုယ်စိတ်ပင်။

အားပေးသံများအောက်တွင် လေညှင်း၏သားတော် တိုးရိစ်မောင်းနှင်လာသော လှပခန့်ညှားသည့် မှော်ရထားလှည်းသည် ဂိတ်တံခါး၀သို့ ရောက်လာခဲ့ပြီး ဆွေကြီးမျိုးကြီး၀တ်စုံ၀တ်ဆင်ထားသည့် ၀န်ကြီးချုပ်ဘတ်စ်သည်လည်း အရှေ့သို့လမ်းလျှောက်လာပြီး ဖှေးအား အပြုံးတစ်ခုနှင့်အတူ သူ၏နဖူးကိုနမ်းလိုက်သည်။ ထို့နောက်တွင် လူကြီးတစ်ယောက်အနေဖြင့် သူသည် အနာဂတ်မိဘုရားလောင်းနှစ်ဦးနှင့်အတူ မှော်ရထားလှည်းပေါ်သို့ တက်လိုက်၏။

ဖှေးသည်လည်း နတ်သမီးပုံပြင်များထဲမှ မင်းသားလေးတစ်ပါးကဲ့သို့ပင် အဖြူရောင်မြင်းပေါ်သို့ ခုန်တက်ကာအရှေ့မှ ဦးဆောင်သွားလိုက်၏။

စိန့်-ဆဲယာများ၏ ကာကွယ်မှုအောက်တွင် သူတို့အဖွဲ့သည် တီနာမန်ရင်ပြင်သို့ ဦးတည်သွားလိုက်ကြ၏။ လက်ထပ်ပွဲအခမ်းနားကို ထိုနေရာတွင်ကျင်းပမည်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် အော်ဟစ်အားပေးသံများပို၍ ကျယ်လောင်လာပြီး ပန်းများကို ကောင်းကင်ပေါ်သို့ ပစ်မြှောက်လျှက်ရှိကြသည်။

အချိန်အတန်ကြာလာခဲ့ပြီးသည့်နောက်တွင် ဖှေးတို့အဖွဲ့သည် အနောက်တွင်လိုက်ပါလာကြသည့်လူအုပ်ကြီးနှင့်အတူ ရင်ပြင်သို့ ရောက်လာကြ၏။

All Chapters