← Chapters

နွားကြီး၏ ပထမဆုံးသောတိုက်ပွဲ"

Vol. 49 Ch. 770

နွားကြီး၏ ပထမဆုံးသောတိုက်ပွဲ"

Vol. 49 Ch. 770

လူတိုင်း၏ အကြည့်များအောက်တွင် ဇနီးလောင်းနှစ်ယောက်၏ လက်များကို ကိုင်ထားသောချမ်းဘော့ဒ်ဘုရင်သည် အော်ဟစ်သံကြားသည့်အချိန်တွင် ခနတာခန့်သာ ရပ်တန့်လိုက်သည်။ ထို့နောက်တွင် မယ်လ်ဘာ့အား လုံး၀ပင်လျစ်လျူရှုကာ ဒုတိယလှေကားထစ်ပေါ်သို့ တက်လိုက်၏။ သူသည် ပြသနာရှာနေသည့်လူအား ကြည့်လိုသည့်စိတ်ပင်မရှိသလိုပင်။

ဒေသတစ်၀ိုက်တွင် အရှိန်၀ါအကြီးမားဆုံးသောလူများထဲမှ တစ်ယောက်ကိုစောက်ဖက်မလုပ်သည့်အတွက်ကြောင့် သူ၏ ပုံစံသည် မောက်မာလွန်းနေ၏။

ခနတာဆွံ့အသွားပြီးသည့်နောက်တွင် မယ်ဘာ့ဒေါသဖြစ်စွာဖြင့် ရယ်မောလိုက်သည်။ ရယ်မောသံသည် မိုးချိန်းသံကဲ့သို့ပင် ကျယ်လောင်နေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခေါင်းပေါ်မှ ဆံပင်တိုများသည် သံဆူးချွန်များကဲ့သို့ပင် ထောင်မက်လာနေသည်။

"ကောင်းတယ်...အတော်ကောင်းလှပါလား။ ငါက အေဇာရုတိုက်ပေါ်မှာ တိုက်ပွဲတွေတိုက်ခိုက်လာတာ နှစ်ပေါင်း၁၀၀ကျော်နေပြီ။ မင်းလို ဖင်ယားတဲ့ စောက်ကလေးကို အခုမှမြင်ဖူးတာပဲ။ ဒီလိုဆိုရင်လဲ ချမ်းဘော့ဒ်တိုင်းပြည်က ဆက်လက်တည်ရှိစရာမလိုတော့ဘူးပဲ။ ချမ်းဘော့ဒ်ပြည်သူတွေအကုန်လုံးက ငါတို့ မြင်းလေညှင်းအဖွဲ့ရဲ့ရန်သူပဲ။ ဟီးဟီး ဒီစောက်မင်္ဂလာဆောင်ကို ဒီနေရာမှာတင်ပဲ အဆုံးသက်ပေးတာပေါ့။ မင်းစောက်ချိုးနဲ့ ငါ့ရဲ့ဓား ဘယ်ဟာက ပိုမာနိုင်လဲကြည့်ကြသေးတာပေါ့။ မင်းလိုကောင်က င့ါကို ရပ်နိုင်မယ်လို့ ထင်နေတာက မိုက်မဲတာပဲ အလတ်ဇန္ဒား...အလန်..."

မယ်ဘာ့အော်ဟစ်လိုက်သည့်အချိန်တွင် အလန်ဟုအမည်ရသည့် ခပ်ပိန်ပိန်အရပ်ရှည်ရှည်၊ မျက်နှာရှည်ရှည်နှင့်လူတစ်ယောက် သူ၏အနောက်မှ ထွက်လာ၏။

ထိုလူ၏ မျက်နှာထားသည် ကမ္ဘာပေါ်တွင်ရှိနေသည့်လူတိုင်း သူ့အား အကြွေးတင်နေသလို တင်းမာနေကာ အနီရောင်လယ်သာချပ်၀တ်ကို ၀တ်ဆင်ထားသည်။

သူသည် စကားတစ်လုံးမှ မပြောပဲ လက်ထပ်ပွဲအခမ်းနားကျင်းပနေသည့် အဆောက်ဦးထံသို့ ရန်လိုစွာဖြင့် လမ်းလျှောက်သွားလိုက်သည်။

အလန်ဟုအမည်ရသည့် ကြေးစားစစ်သည်သည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အတွင်းအားစွမ်းအင်မီးတောက်များတောက်ပနေခြင်းမရှိပေ။ သို့သော် သူသည် မြေပြင်မှ တစ်မီတာခန့်အမြင့်သို့ ပျံ၀ဲသွား၏။ သူသည် လေထဲတွင်ရှိသော မမြင်နိုင်သည့်အရာတစ်ခုပေါ်တွင်လမ်းလျှောက်နေသလို တည်တည်ငြိမ်ငြိမ်ခြေလှမ်းနေလျှက်ရှိသည်။

"လအဆင့်သိုင်းဆရာတစ်ယောက်ပဲ..." တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

မျက်နှထားတင်းတင်းနှင့် အရပ်ရှည်ရှည်ကြေးစားစစ်သည်သည် လေပေါ်တွင်လွယ်ကူစွာရပ်နေနိုင်သည်မှာ လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည်ကို ဖော်ပြနေ၏။

"အာ ငါသူ့ကို သိတယ်။ [စိတ္တဇလူသတ်သမား]အလန်ပဲ။ သူက မြင်းလေညှင်းတပ်ဖွဲ့ရဲ့ ထိပ်တန်းတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ထဲက တစ်ယောက်။ တစ်ခါတုန်းက ဒေါသဖြစ်ပြီးတော့ လယ်ဗယ်၃အင်ပါယာတစ်ခုလုံးမှာရှိတဲ့ လူတွေအကုန်သတ်ပစ်ဖူးတယ်။ မွေးကင်းစကလေးတွေကိုတောင် ချမ်းသာမပေးခဲ့ဘူး။ အဲ့ကောင်က တကယ့်စောက်ရူး။ သူ့ရဲ့ မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကလည်း ထူးဆန်းတယ်။ မယ်ဘာ့လက်အောက်မှာရှိတဲ့ လအဆင့်သိုင်းဆရာတွေထဲက တစ်ယောက်ပဲ။ လွန်ခဲ့တဲ့ လွန်ပေါင်းအနည်းငယ်က သူက လခြမ်းအဆင့်ကိုရောက်သွားပြီလို့ ငါကြားထားတယ်..." VIPခုံများထဲမှ ဗဟုသုတရှိသည့်လူတစ်ယောက်မှ ပြောလိုက်သည်။ သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်းကြားလိုက်ရသည်။

ယခုအချိန်တွင် လူတိုင်းလိုလိုသည် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် ချမ်းဘော့ဒ်စစ်သည်များကို သနားစွာဖြင့်ကြည့်နေကြ၏။

ဤကမ္ဘာပေါ်တွင်ရှိသော မာကျောသည့်ချပ်၀တ်များသည် လဆင့်စစ်သည်များ၏ စွမ်းအားအောက်တွင် ဘာမှ မဟုတ်လှပေ။ သာမန်ထူထပ်သည့် ချပ်၀တ်များသည် လအဆင့်စစ်သည်များအတွက် အိမ်သာသုံးစက္ကူတစ်ရွက်လိုသာ။ ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသာရောက်မလာပါက ရဲရင့်သောစစ်သည်များသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် အသားစများအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။

စွမ်းအားအစစ်မှန်အောက်တွင် ရဲရင့်မှုသည် အသုံးမ၀င်လှပေ။

လူတိုင်းသည် ချမ်းဘော့ဒ်ဘုရင်အားကြည့်နေကြသည်။

သို့သော် ဘုရင်ငယ်သည် ကျောခိုင်းနေဆဲပင်။

ဘုရင်အလတ်ဇန္ဒားသည် သူ၏အနောက်တွင်ဖြစ်နေသည့်အရာများကို မသိသည့်အတိုင်းပင် ဇနီးလောင်းနှစ်ယောက်၏ လက်ကိုကိုင်ကာ ကိုးထပ်မြောက်သို့သာ တက်နေလျှက်ရှိသည်။

သူက သစ္စာရှိစစ်သည်တွေရဲ့အသက်ကို တန်ဖိုးမထားတာလား၊ ဒါမှမဟုတ်..." လူများတွေးလိုက်မိကြသည်။

ရုတ်တရက် အလန်၏ တင်းမာသောမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခုပေါ်လာ၏။

မြေပြင်အထက်တစ်မီတာတွင် ပျံ၀ဲနေရင်းဖြင့် အလင်းတန်းများသည် သူ၏မျက်လုံးများအတွင်းမှတောက်ပနေလျှက်ရှိသည်။ ထို့နောက်တွင် ညာလက်သီးဆုပ်ကာ အရှေ့သို့ ထိုးလိုက်သည်။

ထို့နောက်တွင် ပူလောင်သည့်အနီရောင်မီးတန်းကြီးတစ်ခု ရင်ပြင်ပေါ်တွင်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အပူချိန်သည် နေရာတစ်၀ိုက်သို့ ပျံ့နှံ့သွား၏။

လအဆင့်သိုင်းဆရာတစ်ယောက်၏ သာမန်သိုင်းကွက်တစ်ခုသည် ကြယ်အဆင့်သာမန်စစ်သည်တော်များအတွက် သဘာ၀ဘေးအန္တရာယ်တစ်ခုလိုပင်။

အနီရောင်မီးတောက်များသည် အလန်နှင့် မီတာ၂၀ခန့်အကွာတွင်ရှိနေကြသည့် ချမ်းဘော့ဒ်စစ်သည်၁၀၀ထံသို့ ပျံသန်းသွားပြီး သေဆုံးခြင်းခံစားချက်သည် စစ်သည်များအားလွှမ်းခြုံသွား၏။

[စိတ္တဇလူသတ်သမား]

သူသည် ထိုစစ်သည်များကို အရင်ဆုံးသတ်ဖြတ်တော့မည်ဖြစ်သည်။

သို့သော် ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများသည် အနောက်သို့ ဆုတ်ခွာခြင်းမရှိပေ။ သူတို့အား အငွေ့ပျံသွားစေနိုင်သည့်တိုက်ခိုက်မှုအောက်တွင် စစ်သည်၁၀၀သည် မျက်တောင်ခတ်ခြင်းပင်မရှိပဲ အသင့်ပြင်ထားကြ၏။ လိုအပ်ပါက သူတို့၏ခန္ဓာကိုယ်ကိုပင် ဒိုင်းကာအဖြစ်အသုံးပြုကာ ဘုရင်၏ မင်္ဂလာပွဲအားကာကွယ်ပေးမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူရဲကောင်းကဲ့သို့သော်လူတစ်ယောက်သည် စစ်သည်များ၏အရှေ့သို့ရောက်လာပြီး အနီရောင်မီးတောက်များကို ကာရံလိုက်သည့်အတွက်ပင်။

သူ၏လက်ကိုမြှောက်၍ မီးတန်းကို လွယ်ကူစွာဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပင် သိုင်းကွက်ကို ဖျက်ဆီးပစ်လိုက်သည်။

သူ၏လက်ထဲတွင် မီးတောင်များသည် ဒိန်ခဲတစ်ခဲလိုပင်။

"ဟင်..." အလန်၏ မျက်နှာပေါ်မှ တင်းမာသောအမူယာပျောက်ကွယ်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။

ရုတ်တရက်ရောက်ရှိလာသည့်ရန်သူသည် သူ၏သိုင်းကွက်အားလွယ်လွယ်ကူကူကာရံလိုက်သည့်အတွက်ကြောင့် ထိုလူသည်လည်း လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည်မှာ ထင်ရှား၏။ ထို့အပြင် ရန်သူထံမှ လျို့၀ှက်သည့် စွမ်းအားအရှိန်၀ါတစ်မျိုးကိုလည်းခံစားနေရသည်အတွက် အားနည်းသည့်လူမဟုတ်ကြောင်း အလန်သိလိုက်သည်။

VIPနေရာတွင်ရှိနေသည့်လူများအားလုံး အံ့သြသွားကြသည်။

ဖြစ်ပျက်နေသည့်အရာများသည် ဒရာမာဆန်လှ၏။

အရေးကြီးသောအချိန်တွင် လအဆင့်သိုင်းဆရာတစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်ဘက်သို့ ရောက်လာကာ ထိုလူသည် ဘုရင်အလတ်ဇန္ဒားမဟုတ်ပေ။

"ဘုရင်ငယ်က တည်တည်ငြိမ်ငြိမ်ဖြစ်နေတာမဆန်းပါဘူး။ သူက စင်မြင့်ပေါ်သို့ တက်နေတုန်းပဲ။ အရာအားလုံးကို လျစ်လျူရှုထားတယ်ဆိုတာ ချမ်းဘော့ဒ်က ပြင်ဆင်ပြီးသားဖြစ်နေလို့ကိုး..." လူများတွေးလိုက်မိကြသည်။ "ဒါပေမယ့် လအဆင့်သိုင်းဆရာတစ်ယောက်ထဲ မယ်ဘာ့အပါ၀င် မြင်းလေညှင်းတပ်ဖွဲ့က သိုင်းဆရာတွေအကုန်လုံးကို ရပ်တန့်နိုင်ပါ့မလား..."

ဧည့်သည်များတွေးနေသည့်အချိန်တွင် ရင်ပြင်အတွင်းနှင့်အပြင်တွင်ရှိနေကြသည့် ချမ်းဘော့ဒ်ပြည်သူများအားလုံးအော်ဟစ်ကြတော့သည်။

"မစ်စတာ ဒရော့ဘာ..."

"ဟားဟားဟား အဲ့တာဒရော့ဘာပဲ။ ဟိုကောင်မောက်မာနိုင်ဦးမလားဆိုတာကို ကြည့်ရသေးတာပေါ့။ အပြင်လူတွေက ငါတို့ချမ်းဘော့ဒ်တိုင်းပြည်မှာ ဘာရှိလဲဆိုတာကို ဘယ်သိကြမလဲ..."

"အဲ့ခွေးသားတွေကို သတ်ပစ်လိုက် မစ်စတာဒရော့ဂ်ဘာ ဒီကောင်တွေက ကျွန်တောတို့ဘုရင်ရဲ့ လက်ထပ်ပွဲကို ၀င်နှောင့်ယှက်ရဲတာ သေဖို့ထိုက်တန်တယ်..."

စိတ်ပူနေကြသည့် ချမ်းဘော့ဒ်ပြည်သူများ စိတ်အေးသွားကြသည်။ သူတို့သည် ခုန်ပေါက်အော်ဟစ်နေကြပြီး ကြောက်လန့်ခြင်းမရှိပဲ စိတ်ရှုပ်ရှားနေကြ၏။

သူတို့၏ သွေးများဆူပွက်နေသလိုပင် ကလေးများနှင့် အဖိုးကြီးများပါ လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်ထားကြ၏။

"ငါတို့ရဲ့ ဘုရင်အလတ်ဇန္ဒားကို စိန်ခေါ်ချင်ရင် ရွှေရောင်သူတော်စင်တောင်၁၂လုံးကို အပိုင်စားရထားတဲ့ ရွှေရောင်စိန့်-ဆဲယာ၁၂ယောက်ကို အရင်ကျော်ဖြတ်နိုင်မှရမယ်..." သူတို့တွေးလိုက်မိကြသည်။

-ရင်ပြင်အလည်တွင်-

"သေချင်လို့လား ခွေးသား"

ဒရော့ဂ်ဘာမှ အေးစက်စွာပြောလိုက်သည်။ သူ၏အနက်ရောင်ဆံပင်ရှည်များကို စုစည်းကာ ချည်နှောင်ထားပြီး သူသည် တိုက်ပွဲဆာလောင်နေသည့် ခြင်္သေ့တစ်ကောင်လိုပင်။ သူ၏မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေ၏။

လူပေါင်းများစွာကို အံ့သြစေသည့်အရာမှာ သူသည်လည်း မြေပြင်ပေါ်တွင်ရပ်နေသည်မဟုတ်ခြင်းပင်။ အလန်ကဲ့သို့ပင် သူသည်လည်း လေပေါ်တွင်၀ဲပျံနေလျှက်ရှိသည်။

"သူကလည်း လအဆင့်သိုင်းဆရာတစ်ယောက်ပဲ။ သူကဘယ်သူလဲ ငါတစ်ခါမှမတွေ့ဖူးပါဘူး..." လူပေါင်းများစွာတွေးလိုက်မိကြသည်။

သိပ်မ၀ေးသည့်နေရာတွင် စစ်ပင်လယ်ဓားပြမယ်ဘာ့သည် အနည်းငယ်အံ့သြသွား၏။ ထို့နောက်တွင် သူ၏ ကြမ်းတမ်းသောမျက်နှာပေါ်တွင် ရက်စက်သည့်အမူယာတစ်ခုပေါ်လာပြီး အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သည်။ "အလန် ဒီချမ်းဘော့ဒ်သားကို တစ်စစီဆုတ်ဖြဲပစ်လိုက်စမ်းကွာ..."

အလန်ဟုခေါ်သော မျက်နှာထားတင်းသည့် ကြေးစားစစ်သည်သည် နှုတ်ခမ်းများကိုလျှာဖြင့် သပ်လိုက်ပြီး ဒရော့ဂ်ဘာအား စိုက်ကြည့်ကာ ရုတ်တရက်ပြောလိုက်သည် "ငါတော့မသေဘူး သေမာက မင်းပဲ၊ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ချမ်းဘော့ဒ်သားဖြစ်နေရင် ဒီညအသေဆိုးနဲ့သေကိုသေရမယ်"

သူသည် ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြကာ ရန်စလိုက်သည်။ "ဒီရင်ပြင်က သေးလွန်းတယ် အဆင်ပြေမှာမဟုတ်ဘူး။ မင်းသတ္တိရှိတယ်ဆိုရင် ငါနဲ့အတူ တိမ်ပေါ်လိုက်ခဲ့..."

ထို့နောက်တွင် အလန်သည် မီးတောက်များဖြင့် လွှမ်းခြုံသွားပြီး မီးနဂါးတစ်ကောင်ကဲ့သို့ပင် ကောင်းကင်ပေါ်သို့ မြင့်မားသောအရှိန်ဖြင့် ပျံတက်သွားတော့သည်။

"ဟားဟားဟား မင်းတောင်းဆိုရင် မင်းကို ကောင်းကင်ပေါ်မှာ သတ်ပေးရတာပေါ့..." ဒရော့ဂ်ဘာသည် အကြောက်တရားကင်းမဲ့စွာရယ်မောလိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည်လည်း ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

"ဖုန်း ဖုန်း ဖုန်း..."

နောက်အခိုက်တန့်တွင် သူသည် အလန်အားမှီလာပြီး စကားပြောတော့ခြင်းမရှိပဲ ချက်ချင်းစတင်၍ တိုက်ခိုက်ကြတော့သည်။

လအဆင့်သိုင်းဆရာနှစ်ဦးသည် ပြင်းထန်စွာတိုက်ခိုက်နေကြ၏။

ချမ်းဘော့ဒ်တိုင်းပြည်နှင့် မြင်းလေညှင်းတပ်ဖွဲ့ကြားမှ ပထမဆုံးတိုက်ပွဲဖြစ်သည့်အတွက်ကြောင့် ဒရော့ဂ်ဘာနှင့်အလန်တို့သည် အရေးကြီးကြောင်းသိရှိကာ တစ်ယောက်နှင့်တစ်ယောက် အချိန်တိုအတွင်းတွင် အသေသတ်နိုင်ရန်အတွက်တိုက်ခိုက်နေကြ၏။

အခိုက်တန့်တစ်ခုကြာခန့် ကောင်းကင်ပေါ်တွင် ရောင်စုံသောလအဆင့်အတွင်းအားစွမ်းအင်များတောက်ပနေ၏။ လိမ္မော်ရောင်အလင်းတန်းများ၊ အနီရောင်မီးတောက်များသည် အချင်းချင်းတိုက်ခတ်ကာ စွမ်းအင်အကြွင်းကျန်များကို အရပ်မျက်နှာပေါင်းစုံကို ပြန့်လွှင့်စေလျှက်ရှိသည်။ တကယ်တန်းပြောရပါက တိုက်ပွဲမှ ဖြစ်ပေါ်လာနေသည့် အလင်းရောင်များသည် ကောင်းကင်ပေါ်တွင် မှော်မီးရှူးမီးပန်းများထက်ပင် တောက်ပနေလေတော့သည်။

All Chapters