← Chapters

“ချမ်းဘော့ဒ် နိုင်ငံတော်သီချင်း”

Vol. 50 Ch. 771

“ချမ်းဘော့ဒ် နိုင်ငံတော်သီချင်း”

Vol. 50 Ch. 771

ကောင်းကင်ပေါ်တွင်ဖြစ်နေသည့်တိုက်ပွဲသည် လူအများ၏ အာရုံစိုက်မှုများကို ဖမ်းစားနေလျှက်ရှိသည်။

“ဒါက ထူးဆန်းတယ်။ ဒရော့ဂ်ဘာလား။ ရတို့ရထားတဲ့ သတင်းအချက်လက်တွေအရဆို လွန်ခဲ့တဲ့ တနှစ်လောက်က အဖွဲ့ဝင်တိုင်းပြည်တွေ စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲမှာ သူ့အစွမ်းကိုမြင်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းကတောင် သူကမထင်မရှားလူတစ်ယောက်ပဲရှိသေးတယ်။ နှစ်ဝက်လောက်ပဲရှိသေးတယ် သူကလအဆင့်ကိုရောက်သွားပြီလား ချမ်းဘော့ဒ်ဘုရင် ဘယ်လိုလုပ်လိုက်တာလဲ”

“လမ်းပါ့ဒ်အပြင် လအဆင့်ကိုရောက်နေတဲ့ တစ်ခြားစစ်သည်တော်တစ်ယောက်ချမ်းဘော့ဒ်မှာရှိနေတာပဲ ဒါကကြောက်စရာ သတင်းတစ်ခုပဲ”

“ချမ်းဘော့ဒ်တိုင်းပြည်ငယ်လေးက ငါ့ကိုအတော်အံ့ဩစေတာပဲ ဟားဟားဟား”

“ချမ်းဘော့ဒ်တိုင်းပြည်မှာ လအဆင့်သိုင်းဆရာတွေအများကြီးရှိရတဲ့ အကြောင်းရင်းကိုသာ ငါတို့သိနိုင်ရင်တော့…ရင်းရတာတန်ပါတယ်”

“ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ လအဆင့်သိုင်းဆရာက အဆင့်တက်တာကြာသေးပုံမရဘူး စိတ္တဇလူသတ်သမားနဲ့ယှဉ်ရင် သူ့မှာ အတွေ့ကြုံနည်းသေးတယ် နောက်ပြီး သူကမြေဂုဏ်သတ္တိအတွင်းအားစွမ်းအင်သုံးတာကို ကောင်းကင်ပေါ်မှာတိုက်ခိုက်နေမယ်။ ဒီတိုက်ပွဲက ချမ်းဘော့ဒ်ရှုံးဖို့များနေတယ်”

VIPခုံများတွင်ရှိနေသည့် လူများ၏ခေါင်းထဲတွင် မတူညီသည့်အတွေးများရှိနေကြ၏။ တချို့သည် အံ့ဩနေကြသည်၊ တစ်ချို့သည် ထိတ်လန့်နေကြသည်၊ တစ်ချို့သည် နားမလည်နိုင်ဖြစ်နေကြပြီး တစ်ချို့သည် စိုးရိမ်နေကြသည်။ ထို့အပြင် ထိုင်ခုံများပေါ်တွင် စိတ်ခံစားချက်ကင်းမဲ့စွာထိုင်နေလျှက် ဖြစ်ပျက်သမျှကို ကြည့်နေသည့်လူများလည်းရှိသည်။

သူတို့ထဲမှ တစ်ချို့သည် စွမ်းအားမြင့်သိုင်းဆရာများဖြစ်သောကြောင့် အခြင်းခြင်းတီတိုးပြောကြားကာ တိုက်ပွဲကိုသုံးသပ်နေကြ၏။

-တောင်ပိုင်းခြမ်း VIPခုံများတွင်-

ဒုတိယမင်းသား ဒိုမင်းဂူသည် မသန်စွမ်းခွေးကလေး အိုကာကို လက်ထဲတွင်ပွေ့ထားရင်းဖြင့် ခုံပေါ်တွင်ထိုင်နေလျှက်ရှိသည်။ သူသည် အရာအားလုံးကိုမျက်ကွယ်ပြုထားသလို မျက်လုံးများကျဉ်းမြောင်းနေ၏။ သို့သော်သေချာကြည့်ပါက သူ၏မျက်လုံးများထဲတွင် တောက်ပနေသည့်အလင်းရောင်များကိုမြင်နိုင်၏။

သူ၏ဘေးတွင် နတ်ဆိုးအမျိုးသမီး ပဲရစ်နှင့် မုတ်ဆိတ်နီ ဂရန်နယ်လိုတို့သည် ထိတ်လန့်သည့်အမူယာများဖြင့် တိုက်ပွဲအား ကြည့်ရှုနေကြသည်။ သူတို့သည် ဤလအဆင့်သိုင်းဆရာအသစ်ဖြစ်သည့် ဒရော့ဂ်ဘာကို ကောင်းမွန်စွာသိရှိသည့်အတွက်ပင်။

ဤဆံပင်အနက်နှင့်လူ၏ အဆင့်တက်သွားခဲ့သော အမြန်နှုန်းသည် မယုံနိုင်စရာဖွယ်ဒဏာရီတစ်ခုလိုပင်။

ယခင်က အတွင်းအားစွမ်းအင်ပင် ပိုင်ဆိုင်ခြင်းမရှိခဲ့သည့်လူတစ်ယောက်သည် တစ်နှစ်အတွင်းမှာပင် လအဆင့်သို့ ရောက်ရှိသွားကာ စစ်သည်တော်များစွာ၏ အိမ်မက်ကိုရရှိခဲ့သည်။

“အခုခေတ်မှာ လအဆင့်စစ်သည်တွေက ဟင်းသီးဟင်းရွက်လိုပေါနေပြီလား။ ချမ်းဘော့ဒ်ဘုရင် ဒါတွေအကုန်လုံးကို ဘယ်လိုဖြစ်အောင်လုပ်လိုက်တာလဲ”

-ရင်ပြင်၏အလည်တွင်-

ချမ်းဘော့ဒ်ဘုရင်သည် လက်ထပ်ခြင်းအခမ်းနားအဆောက်ဦး၏ ပထမထပ်ပေါ်သို့ရောက်ရှိသွားပြီဖြစ်သည့်အတွက်ကြောင့် မယ်ဘာ့သည် ဒေါသဖြစ်နေကာ ကောင်းကင်ပေါ်တွင်ရှိနေသည့်တိုက်ပွဲပြီးမည့်အချိန်ကို မစောင့်နိုင်တော့ပေ။

ချမ်းဘော့ဒ်ဘုရင်နှင့် မိဖုရားလောင်းနှစ်ပါး လက်ခြင်းတွဲကာ ဒုတိယထပ်သို့တက်နေသည်ကိုကြည့်ရင်းဖြင့် မယ်ဘာ့စိတ်မထိန်းနိုင်တော့ပေ။ သူဘေးသို့လှည့်ကာ တစ်ဖက်တွင်ရှိနေသည့် သိုင်းဆရာတစ်ယောက်ကိုလှုပ်ရှားခိုင်းလိုက်သည်။

ထိုလူသည် မှော်ဆရာဝတ်ရုံဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူသည် အရပ်မရှည်လွန်းမပုလွန်းဖြစ်ပြီး သူက မီးခိုးရောင်ဆံပင်များသည် လေပေါ်တွင်လွှင့်ပျံနေလျှက်ရှိသည်။ မျက်နှာပေါ်တွင် အမဲရောင်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး အေးစက်သည့်အရှိန်ဝါတို့သည် သူ၏မျက်လုံးများထဲမှတောက်ပနေ၏။

နှစ်မီတာခန့်ရှည်သည့် မှော်တုတ်တံကိုကိုင်လျှက်အရှေ့သို့လမ်းလျှောက်လာနေပြီး လေတိုက်ခြင်းမရှိသော်လည်း သူ၏ဝတ်ရုံသည် လေထဲတွင် လွှင့်ပျဲနေလျှက်ရှိသည်။ ရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်သည် ကြီးမားလာသည်ဟုထင်ရကာ စွမ်းအားမြင့်ငည့်ပုံပေါက်နေ၏။

မန္တန်ရွတ်ဆိုစရာမလိုပဲ သူ၏ခန္ဓာကိုယ်သည် လေပေါ်သို့မြှောက်တက်သွားသည်။

သူသည် လအဆင့်စစ်သည်တစ်ယောက်ပင်။ လအဆင့် ရေခဲစွမ်းအင် မှော်ဆရာ။

မြင်းလေညှင်းတပ်ဖွဲ့၏ စွမ်းအားမှာ မြင့်မားလွန်းလှသည်။ ဒေသတစ်ဝိုက်တွင် နံပါတ်၁ ကြေးစားစစ်သည်အဖွဲ့ဖြစ်ပြီး အင်ပါယာအများစုနှင့် ယှဉ်နိုင်သည်မှာ မဆန်းလှပေ။ ရာထူးမြင့်ခေါင်းဆောင်များအားလုံးလိုလိုသည် စွမ်းအားမြင့်သိုင်းဆရာများဖြစ်ကြ၏။

“ငါနဲ့ ဘယ်ကောင်တိုက်ခိုက်ချင်သေးလဲ” ထိုမျက်နှာဖုံးနှင့်မှော်ဆရာသည် မည်သူ့ကိုမ တိုက်ခိုက်ခြင်းမရှိပေ။ ထိုအစား သူသည် လေပေါ်တွင်ပျံဝဲနေလျှက် ချမ်းဘော့ဒ်သားများထိုင်နေသည့်နေရာသို့ ငုံ့ကြည့်ကာ မောက်မာသည့် အမူယာတစ်ခုနှင့်အတူ မေးလိုက်သည်။

သူ၏ အသံသည် ကြမ်းရှကာ အသက်ဝိဉာဉ်ကင်းမဲ့နေသည်။ နားစူးရှကာ သတ်ဖြတ်လိုသည့် ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည့်အတွက် ကြားလိုက်ရသည့်လူတိုင်းကို စိတ်ဓာတ်ကျသည့် ခံစားချက်တစ်ခုခံစားရစေ၏။

ရင်ပြင်အတွင်းနှင့် အပြင်မှ လူတိုင်းလိုလိုသည် မြောက်ဘက်ခြမ်းသို့ကြည့်လိုက်ကြ၏။ ထို့နောက်တွင် သူတို့၏မျက်နှာအမူယာသည် ထင်မြင်သုံးသပ်နေခြင်းမှ အံ့ဩသည့်ဟန်သို့ရောက်သွားတော့၏။

“ချမ်းဘော့ဒ်ဘက်မှာ လအဆင့်သိုင်းဆရာနောက်တစ်ယောက်ရှိနေသေးတာပဲ” သူတို့တွေးလိုက်မိကြသည်။ “နောက်ပြီး သူကအတော်ငယ်သေးတာပဲ အသက်၂၀တောင်ပြည့်သေးပုံမရဘူး”

ချမ်းဘော့ဒ်ဘက်မှ ထွက်လာခဲ့သည့်လူသည် ရွှေရောင်ဆံပင်ရှည်များနှင့် ခန့်ညားသောရုပ်သွင်ရှိသည့် လူငယ်တစ်ယောက်ပင်။

ဖြောင့်စင်းသော သူ၏ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ကြပ်ချပ်ဝတ်တစ်စုံဝတ်ဆင်ထားပြီး အစိမ်းရောင်လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လည်ပတ်နေလျှက်ရှိပြီး တောက်ပသည့် လရောင်အောက်တွင် သူ့အား နတ်သူငယ်တစ်ကောင်ဟု ထင်မှတ်နေစေ၏။

လေညှင်း၏သားတော် တိုးရိစ်ပင်။

လရောင်အောက်တွင် တိုးကြီးသည် လေပေါ်တွင်ပျံဝဲနေ၏။ သူသည် မျက်နှာဖုံးနှင့်မှော်ဆရာအား တိုက်ပွဲ ဆာလောင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေလျှက်ရှိသည်။ စကားပြောခြင်းမရှိပဲ သူသည် အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းကာ ကောင်းကင်ပေါ်သို့ပျံတက်သွားတော့သည်။ မှော်ဆရာသည်လည်း ကောင်းကင်ပေါ်သို့ပျံတက်ကာ တိုးရိစ်အနောက်သို့လိုက်ပါသွား၏။

လအဆင့်သိုင်းဆရာများ၏ သာမန်သိုင်းကွက်တစ်ခုသည် အဖျက်စွမ်းအားကြီးမားပြီး ကုန်းမြေကိုတုန်ခါစေနိုင်သည်။

ရင်ပြင်ပေါ်တွင်ရှိနေသည့်လူတိုင်းသည် အရှိန်ဝါကြီးမားသူများဖြစ်သည့်အတွက်ကြောင့် သူတို့အား မတော်တဆ ထိခိုက်စေမိပါက ပြသနာဖြစ်လာနိုင်၏။ ထို့ကြောင့် ကောင်းကင်သည် လအဆင့်သိုင်းဆရာများအတွက် အကောင်းဆုံးတိုက်ခိုက်ရန်နေရာပင်။

ထို့အပြင် လအဆင့်စစ်သည်တိုင်းသည် မာနကြီးသည့်လူများဖြစ်သည့်အတွက်ကြောင့် စိန်ခေါ်ခံရပါက ရှောင်ပေးလိမ့်မည်မဟုတ်ပေ။

တိုးရိစ်၏ မျက်လုံးများထဲမှ တိုက်ပွဲဆာလောင်သည့်အကြည့်ကိုမြင်ပြီးသည့်အချိန်တွေ မျက်နှာဖုံးနှင့်မှော်ဆရာသည် သေချာပေါက် လိုက်သွားမည်ဖြစ်၏။

“မစ်စတာ တိုးရိစ်ပဲ”

“ဟားဟားဟား မစ်စတာ တိုးရိစ်က လအဆင့်ကိုရောက်သွားပြီပဲ ဘယ်တုန်းကလဲ”

“ချမ်းဘော့ဒ်တိုင်းပြည်နိုင်ပါစေ ဘုရင် အသက်ရှည်ပါစေ”

“ငါ့တို့ ဘုရင်ရဲ့ လက်ထပ်ပွဲကို ဘယ်လိုသတ္တိနဲ့နှောင့်ယှက်ရဲတာလဲ၊ ဒီကောင်တွေကို သွေးနဲ့ သင်ခန်းစာပေးလိုက်ပြီး ငါတို့ကြီးမြတ်တဲ့ဘုရင်ကို ဘယ်သူထပ်ပြီးစိန်ခေါ်ရဲသေးလဲကြည့်ရတာပေါ့”

ရင်ပြင်၏အပြင်တွင်ရှိနေသည့် ချမ်းဘော့ဒ်သားများ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသည်။

ယောက်ျားမိန်းမမရွေး ကလေးလူကြီးမရွေး ချမ်းဘော့ဒ်သားဖြစ်ရသည်ကို ဂုဏ်ယူနေကြသည်။ သူတို့၏ညာလက်ကို ဘယ်ရင်ဘက်ပေါ်တွင်တင်ရင်းဖြင့် နှလုံးခုံသံကိုခံစားကြည့်နေကြသည်။

မီးတောက်များ သူတို့၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသလို ခံစားနေရပြီး သူတို့၏စိတ်ခံစားချက်များကို ထိန်းနိုင်ခြင်းမရှိကြပေ။

ဤအခိုက်တန့်တွင် တစ်စုံတစ်ယောက်မှ စတင်၍ သီချင်းဆိုလိုက်သည်။

ထို့နောက်တွင် နေရာတစ်ဝိုက်တွင်ရှိနေသည့် ချမ်းဘော့ဒ်သားများအားလုံး လိုက်ပါဆိုနေကြတော့၏။ ထိုသီချင်းသည် ဘုရင်ဆိုနေကျဖြစ်သည့် ချမ်းဘော့ဒ်တိုင်းပြည်သီချင်းပင်။

ချမ်းဘော့ဒ်သားများ သံပြိုင်ဆိုနေကြသည်မှာ တုန်လှုပ်ဖွယ်ပင်။ အဓိပ္ပါယ်ပါသော စာသားများကို အားနှင့်မာန်ဖြင့် ဆိုနေကြလေရာ မကောင်းသောအကြံစည်ရှိနေသည့်လူများ ကြောက်လန့်သလိုခံစားလိုက်ရ၏။

All Chapters