“မာ့စ်အင်ပါယာ၏ မင်းသားဆိုင်မွန်”
Vol. 50 Ch. 772
“သေစမ်းကွာ မင်းတို့အားလုံး ကျွန်မျိုးတွေပဲ။ အခုချက်ချင်း တိတ်ကြစမ်း” မယ်ဘာ့သည် မကောင်းသည့်ခံစားချက်တစ်ခုခံစားလိုက်ရသည့်အတွက် ဒေါသဖြစ်သွားသည်။ အတွင်းအားစွမ်းအင်ပိုင်ဆိုင်ခြင်းမရှိသည့် သာမန်ချမ်းဘော့ဒ်ပြည်သူများ၏ ကြုံးဝါးတီဆိုသံကိုကြားသည့်အချိန်တွင် မယ်ဘာ့သည် တစ်နည်းအားဖြင့် အနည်းငယ်ကြောက်လန့်သလိုခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ရှက်ရွံ့ကာ ဒေါသထွက်နေ၏။
ထို့အပြင်သူသည် စွမ်းအားမြင့်သိုင်းဆရာနှစ်ယောက် စေလွှတ်လိုက်သော်လည်း ချမ်းဘော့ဒ်ဘုရင်သည် သူ့ကို လှည့်ပင်မကြည့်ပေ။
ထိုအစားသူသည် လူပျက်တစ်ယောက်လိုပင် ချမ်းဘော့ဒ်ပြည်သူများကို ပို၍ပင်စည်းလုံးစေလိုက်၏။ ဒေသထဲတွင် အရှိန်ဝါကြီးမားသူတစ်ယောက်အနေဖြင့် သူသည် အရှက်ရမိ၏။
သူ့ဘေးတွင် အိုင်းစက်အပြင် တစ်ခြားလအဆင့်သိုင်းဆရာတစ်ယောက်ရှိနေသေးသည်။ သူသည် တွံ့ဆုတ်ခြင်းမရှိပဲ တစ်ဖက်သို့လှည့်ကာ လူအုပ်ထံသို့ပြေးသွားလိုက်သည်။ ရွှေရောင်အတွင်းအားစွမ်းအင်များတောင်ပနေရင်းဖြင့် စွမ်းအင်မီးတောက်များကို သာမန်ချမ်းဘော့ဒ်ပြည်သူများထံသို့ ပစ်လွှတ်လိုက်သည်။
“အရှက်တရားကင်းမဲ့လှချည်လား”
“ရွံရှာစက်ဆုပ်စရာပဲ”
“ရပ်လိုက်”
“လအဆင့်သိုင်းဆရာတစ်ယောက်က သာမန်ပြည်သူတွေကို တိုက်ခိုက်နေတာလား။ ခင်ဗျားမှာ သိုင်းဆရာတစ်ယောက်ရဲ့ ဂုဏ်မရှိတော့ဘူးလား။ အရှက်တရားကင်းမဲ့လွန်းတယ်”
မြင်းလေညှင်းတပ်ဖွဲ့သည် မိမိကိုယ်မိမိလေးစားခြင်းမရှိပဲ အရှက်တရားကင်းမဲ့စွာပြုမူလိမ့်မည်ဟု မည်သူမ ထင်မထားခဲ့ပေ။ ရင်ပြင်ပေါ်တွင်ထိုင်နေကြသည့် ချမ်းဘော့ဒ်မှအရာရှိများဒေါသဖြစ်သွားကြသည်။ သို့သော် သူတို့သည် လအဆင့်သိုင်းဆရာတစ်ယောက်အား တားဆီးနိုင်လောက်သည်အထိ လျှင်မြန်ခဲ့ခြင်းမရှိပေ။
သို့သော် ဤအခိုက်တန့်တွင် မည်သူမှထင်မထားသည့်အရာတစ်ခုဖြစ်ပျက်သွားခဲ့သည်။
စူးရှပြီးသေစေနိုင်သော သတ္တုဂုဏ်သတ္တိအတွင်းအားစွမ်းအင်များသည် ပြည်သူများအနီးသို့ရောက်ခါနီး တစ်မီတာခန့်အလိုတွင် ကြည်လင်သည့်အပြာရောင် စွမ်းအင်အလွှာတစ်ခုထွက်ပေါ်လာ၏။ မှော်အစီရင်တစ်ခုအား ရုတ်တရက်မြင်လိုက်ရတော့သည်။
လအဆင့် ဓားသွားစွမ်းအင်များသည် အပြာရောင်စွမ်းအင်အလွှာကို မိုးစက်များကဲ့သို့တိုက်ခိုက်နေသော်လည်း ထိုးဖောက်နိုင်ခြင်းမရှိပေ။
နောက်အခိုက်တန့်တွင် အဆိုပါမြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်သည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီး လက်သီးများဆုပ်ကာ ထိုးနှက်လိုက်သည်။
လအဆင့်သိုင်းဆရာတစ်ယောက် စွမ်းအားကုန်သုံးကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သောကြောင် တောင်ကြီးတလုံးကိုပင် ဖျက်ဆီးပစ်နိုင်၏။
သို့သော် ထိုအရာများအားလုံးသည် အသုံးဝင်ခြင်းမရှိပေ။ ကြည်လင်သောအပြာရောင်စွမ်းအင်အလွှာ၏ ခိုင်ခန့်မှုသည် လူတိုင်းထင်ထားသည်ထက်ပင်ကျော်လွန်နေ၏။ ခံတပ်နံရံများကို အလွယ်တကူဖျက်ဆီးပစ်နိုင်သည့် သိုင်းကွက်သည် စွမ်းအင်အလွှာပေါ်တွင် တစ်စင်တီမီတာခန့်သာရှိသည့် အစင်းကြောင်းလေးတစ်ခုကိုသာ ထင်ကျန်စေခဲ့သည်။
နောက်အခိုက်တန့်တွင် ထိုလအဆင့်သိုင်းစရာ၏ အမူယာပြောင်းလဲသွား၏။ ထိုထိုးနှက်လိုက်သည့် သိုင်းကွက်သည် စွမ်းအင်အလွှာမှ ပြန်ကန်လာပြီး သူ့အား ပြန်လည်ရိုက်ခတ်လိုက်သည့်အတွက်ပင်။
“အား ဖွီး”
ရက်စက်ကြမ်းကြုတ်ကာ မောက်မာနေသည့် လအဆင့်သိုင်းစရာသည် ပါးစပ်ဟကာ သွေးများစွာကိုအန်ထုတ်လိုက်သည်။ ထို့နောက်တွင် သူ၏ညာလက်မောင်းမှ ကျိုးကြေသံများထွက်ပေါ်လာပြီး လက်မောင်းရိုးများ ကျိုးသွားသည်ကိုဖော်ပြနေ၏။
သူသည် မုန်တိုင်းကြားထဲမှ သစ်ရွက်ခြောက်တစ်ခုလိုပင် လွှင့်ထွက်သွားပြီး မယ်ဘာ့၏ဘေးသို့ပြန်ရောက်သွားကာ မြေပြင်ပေါ်သို့ ယိုင်လဲသွားတော့၏။
ဤသည်မှာ ထိတ်လန့်အံ့ဩဖွယ်ပင်။
ကြည်လင်သောအပြာရောင်စွမ်းအင်အလွှာမှော်အစီရင်အားကြည့်ရင်းဖြင့် VIP ခုံများတွင် ထိုင်နေကြသည့်လူများ အားလုံးလိုလိုထရပ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ပါးလွှာသည့် မှော်စွမ်းအင်အလွှာသည် စတင်၍ပြောင်းလဲလာတော့သည်။ အပြာရောင်မှော်စွမ်းအင်များသည် ဖန်သားပြင်ပေါ်မှ ရေစက်များကဲ့သို့စတင်၍ ရွေ့လျားလာတော့သည်။ အပြင်သို့ စတင်ကျယ်ပြန့်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်စွမ်းအင်များသည် ရင်ပြင်တစ်ခုလုံးအားလွှမ်းခြုံသွားတော့၏။ ကျယ်ပြန့်သည့် အပြာရောင် စက်လုံးခြမ်းတစ်ခုလိုပင် ရင်ပြင်ပေါ်တွင်ရှိနေသည့် ဧည့်သည်များအားလုံးကို အထဲတွင် ပိတ်လှောင်ထားလိုက်သည်။
“ဒါဘာလဲ”
“[ကောင်းကင်ဘုံတောက်ပခြင်း ရေဖန်သားပြင်]လား လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်ရဲ့ စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို ကာကွယ်နိုင်တာပဲ။ ဒါမှမဟုတ် နတ်ဘုရားအဆင့် ရေဂုဏ်သတ္တိ မှော်အစီရင်တစ်ခုပဲ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ချမ်းဘော့ဒ်တိုင်းပြည်က စွမ်းအားအမြင့်ဆုံးမှော်အစီရင်တစ်ခုကို တည်ဆောက်နိုင်တာလား”
“ဒါမဖြစ်နိုင်ဘူး ဒီလိုမှော်အစီရင်တစ်ခုကို အသက်သွင်းဖို့ဆိုတာ မှော်စွမ်းအင်အများကြီးလိုတယ်။ ပြီးပြည့်စုံအဆင့် မှော်တလင်းကျောက်တွေတောင် လုံလောက်မှာမဟုတ်ဘူး။ ချမ်းဘော့ဒ်က ဘယ်လိုလုပ်လိုက်တာလဲ ဘယ်လိုတောင်လား”
“ချမ်းဘော့ဒ်ဘုရင်က ငါတို့ကို ဒီမှော်အစီရင်ထဲမှာ အကျဉ်းချထားလိုက်တာလား….သူဘာလုပ်ချင်နေတာလဲ”
“သေစမ်း ကြောက်စရာတောင်ကောင်းတယ်။ အတော် သတ္တိရှိတဲ့ကောင်ပဲ သူက ဒေသတစ်ဝိုက်မှာရှိတဲ့သိုင်းဆရာတွေကို ဖမ်းချုပ်ထားဖို့ကြံနေတာလား။ ကောင်းကင်လက်သီးဆိုတဲ့ နာမည်နဲ့ လိုက်ပါတယ်။ ဟားဟားဟား အတော်မောက်မာတဲ့ကောင်ပဲ ဒီအရာအတွက် သူပြန်ပြီးပေးဆပ်ရလိမ့်မယ်”
“ချမ်းဘော့ဒ်သားတွေက ဒီလောက်တောင်စွမ်းအားမြင့်မားတာလား။ ဒီမှော်အစီရင်နဲ့တင်တောင် လယ်ဗယ်၁အင်ပါယာတစ်ခုနဲ့ ယှဉ်နိုင်နေပြီ။ ချမ်းဘော့ဒ်တိုင်းပြည်က အတော်ရည်မှန်းချက်ကြီးမားတာပဲ။ “
ရင်ပြင်ပေါ်တွင်ရှိနေသည့် ဧည့်သည်များအားလုံးထိတ်လန့်သွားကြသည်။ သူတို့သည် နတ်ဘုရားအဆင့် ရေစွမ်းအင်အကာရံအောက်တွင် ပိတ်ထားခံလိုက်ရသည့်အတွက်ကြောင့် မလုံခြုံသလိုခံစားရကာ ကြောက်လန့်လာကြ၏။
မဟာဘုရားကျောင်းမှလူများပင် အံ့ဩသွားကြသည်။ သူတော်စင်ဇိုလာနှင့် လူစီယာနိုတို့အရှေ့တွင် ယုံကြည်ချက်ရှိသောအပြုံးဖြင့် ရပ်နေခဲ့သည့် လျို့ဝှက်သော သူတော်စင်အဖိုးကြီးသည်လည်း မျက်နှာအမူယာပြောင်းလဲသွား၏။ သူ၏အနောက်တွင်ရပ်နေကြသည့် မြင့်မြတ်သောသူရဲကောင်း ငါးဦးမှာလည်း ကြောက်လန့်တကြားထခုန်လိုက်ကြသည်။
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်နှင့် ဇနီးလောင်းနှစ်ယောက်တို့မှာ လက်ထပ်ခြင်းအဆောက်ဦး၏ စတုတ္ထထပ်သို့ရောက်ရှိသွားပြီဖြစ်သည်။
အစမှတိုင် ယခုအချိန်ထိ ဘုရင်ငယ်နှင့် မိဘုရားလောင်းနှစ်ဦးတို့သည် အနောက်သို့တချက်ပင်လှည့်ကြည့်ခဲ့ခြင်းမရှိပေ။
စစ်ပွဲပင်လယ်ဓားပြမယ်ဘာ့သည် အနည်းငယ်အံ့ဩသွားကာ ဆင်ခြင်လိုက်သည်။ သူတို့၏ အစီစဉ်ထဲတွင် မပါဝင်သည့်အရာများ ဆက်တိုက်ဖြစ်နေပြီး ဤဘုရင်ငယ်သည် အရာရာကိုထိန်းချုပ်ထားသလို သူခံစားလိုက်ရသည်။ ချမ်းဘော့ဒ်ဘုရင်၏ တိတ်ဆိတ်နေခြင်းသည် သူ့အားခြောက်ခြားစေ၏။
နဂါးသတ်စစ်ဆင်ရေးမဟာမိတ်များသည် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုသေးပဲ သူတစ်ယောက်ထဲဝင်တိုက်ကာ စတေးခံရတော့မည့်အတိုင်းပင်။
“ဟိုစောက် သွေးမီးတောက်အဖွဲ့က အခုထိဝင်မပါသေးဘူး”သူတွေးလိုက်မိသည်။ “ဒီ တိုင်းပြည်ငယ်လေးက ငါတို့အဖွဲ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ငါထင်ထားခဲ့တာမှားတာပဲ။ ငါ အတည်လှုပ်ရှာရမှ ရတော့မယ်”
မယ်ဘာ့ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားတော့မည့်အချိန်တွင် VIPခုံများမှ လူတစ်ယောက်ထရပ်လိုက်သည်။
“ဒါ ဘာအဓိပ္ပါယ်လဲ အလတ်ဇန္ဒား။ မင်းက စွမ်းအင်အကာရံနဲ့ ဒီနေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်တာလား။ ဒါဘာသဘောလဲ မင်းငါတို့အားလုံးကို အကျဉ်းချလိုက်တာလား” ထိုလူသည် ရန်လိုနေ၏။ သူသည် ဖှေးအား ချက်ချင်းစွတ်စွဲလိုက်ပြီး မကောင်းမှုကျူးလွန်သည့်အနေဖြင့် စွတ်စွဲလိုက်ကာ နာမည်တပ်ခေါ်လိုက်သည်။
ထိုလူသည် အသက်၃၀ခန့်ရှိပုံရပြီး အနက်ရောင်ဆံပင်တိုများနှင့်ဖြစ်သည်။ လက်ရှိအခိုက်တန့်တွင် သူ၏မျက်လုံးများထံမှ မောက်မာသည့်အသွင်ပြင်များထွက်ပေါ်လာ၏။
သူသည် အနီရင့်ရောင် သားနားသည့် ချပ်ဝတ်တစ်စုံကိုဝတ်ဆင်ထားပြီး အထဲတွင် အောက်ခံအနေဖြင့် “M”စာလုံးပုံပါသော အပြာနုရောင်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။
လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားသည်။
ထိုလူသည် မာ့စ်အင်ပါယာမှ မင်းသားဆိုင်မွန်ဖြစ်ပြီး လက်ရှိသံတမန်အဖွဲ့၏ ခေါင်းဆောင်ပင်။
Hail The King
အပိုင်း(၇၇၂) Part B
မင်းသားဆိုင်မွန်၏အနောက်တွင် အပြာနုရောင် တော်ဝင်ချပ်ဝတ်များဝတ်ဆင်ထားကြသည့် မာ့စ်အင်ပါယာမှ စစ်သည်သုံးယောက်ရှိနေကာ သူတို့၏အတွင်းအားစွမ်းအင်များသည်လည်း တောက်ပနေလျှက်ရှိကြသည်။
သူတို့၏ အရှိန်ဝါများကပင် အထင်ကြီးလောက်ဖွယ်ပင်။ တိုက်ခိုက်ခြင်းမရှိသေးသော်လည်း လအဆင့်သိုင်းဆရာများဖြစ်ကြသည်မှာ ထင်ရှားလှသည်။
မာ့စ်အင်ပါယာ၏ မင်းသားအနေဖြင့် ဆိုင်မွန်သည် ယဉ်ကျေးခြင်းမရှိပဲ ချမ်းဘော့ဒ်ဘုရင်အား မတရားပြုလုပ်သည်ဟု စွပ်စွဲလိုက်သည်။
တိုက်ရိုက်ဖော်ပြခြင်းမရှိသော်လည်း သူသည် မြင်းလေညှင်းတပ်ဖွဲ့နှင့် ရပ်တည််သည်မှာ ထင်ရှားလှသည်။
လူပေါင်းများစွာမှ တွေးလိုက်မိကြသည်။ “မာ့စ်အင်ပါယာက ချမ်းဘော့ဒ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား”
စွပ်စွဲခံလိုက်ရသည့်အတွက် ချမ်းဘော့ဒ်တိုင်းပြည်ဘက်ကလည်း တုန့်ပြန်လိုက်သည်။ ဝန်ကြီးချုပ်ဘတ်စ်သည် မြောက်ပိုင်းခြမ်းမှ ကျော့မော့စွာ လမ်းလျှောက်ထွက်လာရင်း ဆွေကြီးမျိူးကြီးတစ်ယောက်၏ အရှိန်ဝါကို ပြသလိုက်သည်။
“ကျွန်တော်တို့မှာ မကောင်းတဲ့အကြံစည်မရှိပါဘူး။ ချမ်းဘော့ဒ်က မိတ်ဆွေအစစ်မှန်တွေအတွက် ဧည့်ဝတ်ကျေဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် လူအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ ကောက်ကျစ်တဲ့ဝံပုလွေကိုတော့ ဖမ်းဆီးသွားမှာပါ။ အဲ့လူတွေ ဒီနေရာကထွက်ပြေးပြီးတော့ အပြစ်ကင်းမဲ့တဲ့ ကျွန်တော်တို့ပြည်သူတွေကို ထိခိုက်အောင်လုပ်မှာစိုးလို့ ဒီလိုလုပ်ထားရတာပါ။” ဘတ်စ်သည် မျက်နှာပေါ်တွင်ထူးဆန်းသည့်အပြုံးတစ်ခုနှင့်အတူ မာ့စ်အင်ပါယာမှလူများကိုကြည့်လိုက်သည်။ “မင်းသားဆိုင်မွန် အရှင်တို့မာ့စ်အင်ပါယာက ချမ်းဘော့ဒ်တိုင်းပြည်ကို မကောင်းတဲ့အကြံစည်တစ်စုံတစ်ရာမရှိဘူးဆိုရင် အရှင်ဘာမှ စိုးရိမ်စရာမလိုပါဘူး”
ဘတ်စ်ပြောလိုက်သည့်အရာသည် ရိုးရှင်း၍ အဓိပ္ပါယ်ရှိသည်ဖြစ်သည်။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ခင်မင်ရင်းနှီးသော်လည်း စွမ်းအင်အကာရံထဲတွင်ရောက်နေသည့်အတွက် စိုးရိမ်နေသည့်လူများသဘ် ချက်ချင်းပင် စိတ်အေးသွားတော့၏။
“ဟမ် အဲ့တာတွေ ငါဂရုမစိုက်ဘူး။ မင်းပြည်သူတွေကို ကာကွယ်ဖို့ဆိုတာ မင်းတို့ကိစ္စ။ ဒီ စွမ်းအင်အကာရံက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်။ ဒါကိုဖယ်ရှားဖို့ မင်းတို့ကို သုံးစက္ကန့်အချိန်ပေးမယ်။ မဖယ်ပေးရင်တော့ မာ့စ်အင်ပါယာက စစ်သည်တော်တွေက စတိုက်ခိုက်လိမ့်မယ်”
ထို့နောက်တွင် မာ့စ်အင်ပါယာ၏ စစ်သည်သုံးယောက်သည် ရှေ့သို့ထွက်လာကြပြီး ခန္ဓာကိုယ်တစ်ဝိုက်တွင်တောက်လောင်နေသည့် အတွင်းအားစွမ်းအင်မီးတောက်များသည်လည်း ပို၍ပြင်းထန်လာတော့သည်။
သူတို့၏စွမ်းအားအစစ်မှန်ကို မြင်လိုက်ရပြီးနောက်တွင် တစ်ခြားဧည့်သည်များတွေးလိုက်မိကြသည်။ “လအဆင့်သိုင်းဆရာတွေပဲ”
မင်းသားဆိုင်မွန်သည် မာနထောင်လွှားရန်အတွက် နောက်ခံတောင့်သည့်ပုံပင်။