တရားမျှတမှုဆိုတာဘာလဲ"
Vol. 50 Ch. 773
ယခုအချိန်တွင် VIPခုံများတွင် ထိုင်နေသည့်လူများထဲမှ ဉာဏ်ကောင်းသည့်လူများသည် တစ်စုံတစ်ခုကိုစဥ်းစားလိုက်မိကြပြီး မျက်နှာအမူယာများစတင်၍ ပြောင်းလဲလာကြတော့သည်။
ဤအခိုက်တန့်တွင် မင်းသာဆိုင်မွန်သည် ချမ်းဘော့ဒ်အား တိုက်ခိုက်ရန်အတွက် အကြောင်းပြချက်ရှာနေသည်ကို လူပိန်းများပင်သိရှိကြလိမ့်မည်ဖြစ်သည်။ ကြိုတင်စီစဥ်ထားခြင်းပင်။
အရေးကြီးသည့်အချိန်တွင် ထွက်လာပြီး ချမ်းဘော့ဒ်တိုင်းပြည်အား ရယ်စရာကောင်းသည့် တောင်းဆိုမှုတစ်ခုလုပ်လိုက်ခြင်းသည် ရှင်းလင်းသည့် အကြောင်းပြချက်ကို ဖော်ပြနေသည်။
ပူးပေါင်းကြံစည်ခြင်းအနံ့သက်တို့မှာ လေထုထဲတွင် ပြန့်နှံ့နေလျှက်ရှိသည်။
မြင်းလေညှင်းတပ်ဖွဲ့နှင့် မာ့စ်အင်ပါယာတို့မှ သိုင်းဆရာများစွာတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အား ရန်လိုမှုများပြသနေကြပြီး အရာရာတိုင်းသည်ထင်သလောက်မရိုးရှင်းပေ။
မင်္ဂလာဦးညသည် ထင်သလောက်ချောမွေ့မည်မဟုတ်ပေ။
......
မာ့စ်အင်ပါယာမှ သိုင်းဆရာသုံးယောက်သည် ရှေ့သို့ တိတ်ဆိတ်စွာလမ်းလျှောက်လာနေပြီး သူတို့၏ စွမ်းအားမြင့်သောအရှိန်၀ါတို့သည် အညှာတာကင်းမဲ့စွာနင်းချေနေလျှက်ရှိသည်။
"ဟားဟားဟား ဒီအကာရံကို ချက်ချင်းဖွင့်လိုက်နော်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဒီကောင်တွေကို အကုန်သတ်ပစ်ဖို့အမိန့်ပေးလိုက်မှာ။ မင်းက အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုပဲ။ အင်ပါယာမင်းသားတစ်ပါးရဲ့ တောင်းဆိုမှုကို မင်းကလျစ်လျူရှုရဲတယ်ပေါ့။ မင်းကို သင်ခန်းစာမပေးရင် စွမ်းအားအစစ်မှန်နဲ့ ကံကောင်းတာ ဘာကွာလဲဆိုတာကို မင်းသိမှာမဟုတ်ဘူး" မင်းသားဆိုင်မွန်သည် ချမ်းဘော့ဒ်သားများကို လက်ညိုးထိုးပြရင်းဖြင့် ဂုဏ်ယူစွာပြောလိုက်သည်။ လှောင်ပြောင်ရန်လိုခြင်းအမူယာသည် သူ၏မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေ၏။
"မင်းရဲ့ လအဆင့်သိုင်းဆရာနှစ်ယောက်လုံး တိုက်ပွဲ၀င်နေရပြီ။ တိုင်းပြည်ငယ်လေးတစ်ခုမှာ ဘယ်လိုဖြစ်ပြီးတော့ လအဆင့်သိုင်းဆရာနောက်တစ်ယောက်ရှိတော့မှာလဲ..." သူတွေးလိုက်မိသည်။
ထိုအရာသည် ဧည့်သည်အများစု၏ အတွေးပင်။
သို့သော် ချမ်းဘော့ဒ်တိုင်းပြည် ရှုံးနိမ့်တော့မည်ဟု လူများထင်နေသည့် အချိန်တွင် ထိတ်လန့်ဖွယ်အရာတစ်ခုထက်မံ၍ ဖြစ်ပျက်သွားပြန်သည်။
"ဟမ် အရှက်မရှိတဲ့ခွေးသားတွေ မင်းတို့ကောင်တွေက ဒီလောက်စွမ်းအားကြီးတာလဲမဟုတ်ဘူး။ မာ့စ်အင်ပါယာက ဒီလောက်တောင်အားနည်းတာလဲ..." အေးစက်သည့်အသံကို ရင်ပြင်၏ မြောက်ဘက်အခြမ်းမှကြားလိုက်ရပြီး လူသုံးယောက်တန်းစီကာ လမ်းလျှောက်ထွက်လာ၏။
သူတို့သည် ဥပဒေပြုစစ်သည်အယောက်၁၀၀နှင့် ၀န်ကြီးချုပ်ဘတ်စ်တို့၏ အရှေ့မှ၀င်ကာလိုက်၏။ မာ့စ်အင်ပါယာမှ သိုင်းဆရာများ၏ စွမ်းအားကြီးမားသည့်အရှိန်၀ါတို့မှာ ထိုလူသုံးယောက်ရောက်လာသည့်အချိန်တွင် ပျက်ဆီးသွားတော့သည်။
"လအဆင့်သိုင်းဆရာ နောက်ထပ်သုံးယောက်ပဲ။ ဒါမဖြစ်နိုင်ဘူး..." တစ်စုံတစ်ယောက်မှအော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး" ထိုစကားလုံးသည် နာရီ၀က်အတွင်းမှာပင် အကြိမ်ပေါင်းများစွာအသုံးပြုပြီးဖြစ်၏။
အရာအားလုံးမျှော်လင့်ချက်မဲ့သည်ဟု ထင်ရသည့်အချိန်တိုင်းတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် မှော်ဆန်သည့်အရာတစ်ခုကို ဖန်တီးပြမည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ သိုင်းဆရာသုံးယောက်ထဲမှတစ်ယောက်သည် ငွေရောင်ဆံပင်တိုရှိပြီး သန်မာထွားကျိုင်းကာ လူတိုင်းအား မွန်းကြပ်စေလောက်သည့် ဖိအားတစ်ခုပေးနေလျှက်ရှိသည်။ ရွှေရောင်အတွင်းအားစွမ်းအင်မီးတောက်များသည် သူ့အား လွှမ်းခြုံထားပြီးလေပေါ်တွင်ပျံစရာမလိုပဲပင် မည်သည့်အဆင့်တွင်ရောက်ရှိနေကြောင်း ဖော်ပြနေ၏။
"မစ်စတာ ပီးရာ့စ်၊ မစ်စတာ ပီတာနဲ့ မစ်စတာ ရော်ဘင်တို့ပဲ..."
မှော်အစီရင်၏ အပြင်တွင်ရှိနေသည့် ချမ်းဘော့ဒ်ပြည်သူများပျော်ရွှင်သွားကြသည်။ သူတို့သည် လူသုံးယောက်အား ချက်ချင်းပင် သိရှိလိုက်၏။ ထိုစစ်သည်တော်များအားလုံးသည် ယခင်က အားနည်းသည့်သာမန်စစ်သည်များသာဖြစ်သော်လည်း ဘုရင်၏ လေ့ကျင့်ပေးမှုများအောက်တွင် စွမ်းအားကြီးမားလာခဲ့ကြသည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ အတိတ်ကိုစုံစမ်းခဲ့ဖူးသည့်လူများအားလုံး ယာယီဆွံ့အသွားကြသည်။
ဒုတိယမင်းသားဒိုမင်းဂူသည် ခွေးလေးအိုကာအား မတော်တဆညစ်လိုက်မိသွားသည်။
"ကပ်ပရီကွန်တောင်အပိုင်စား ပီးရာ့စ်၊ ရွှေရောင်စိန့်-ကပ်ပရီကွန်ပဲ...."
ပီးရာ့စ်သည် ဘုရင်ဖြစ်သူထံမှ ဟိန်ဟန်ထုတ်ခြင်းကို သင်ယူထားသည့်အတွက်ကြောင့် ခပ်မိုက်မိုက်ပို့စ်တစ်ခုပေးကာ သူ၏နာမည်ကို ကြေငြာလိုက်သည်။ သူ၏ စူးရှသောမျက်လုံးများသည်လည်း မာ့စ်အင်ပါယာမှ လအဆင့်စစ်သည်သုံးယောက်ထဲမှ တစ်ယောက်ထံသို့ ကျရောက်သွားပြီး ရှေ့သို့ ပြေးထွက်ကာ လက်သီးထိုးပြီး ဓားသွားစွမ်းအင်တစ်ခုကို ပစ်လွှတ်လိုက်သည်။
ဤအခိုက်တန့်တွင် ရင်ပြင်ပေါ်၌ အပြာရောင်မီးတောက်တိမ်တိုက်များထွက်ပေါ်လာတော့သည်။
နောက်အခိုက်တန့်တွင် မယုံနိုင်စဖွယ်အရာတစ်ခုကို ပရိတ်သတ်များမြင်လိုက်ရသည်။
ပီးရာစ်နှင့် မာ့အင်ပါယာမှ လအဆင့်စစ်သည်အား အချင်း၂၀မီတာခန့်ရှိသော နောက်ထပ်အပြာရောင်စွမ်းအင်အကာရံတစ်ခုမှ လွမ်းခြုံလိုက်ခြင်းပင်။ ထိုအကာရံအတွင်းတွင်ရှိသော မြေပြင်ပေါ်တွင် မှော်အစီရင်များတောက်ပနေပြီး အလင်းဖြင့်ပြုလုပ်ထားသည့် နံရံတစ်ခုကို ဖန်တီးထားနေလျှက်ရှိသည်။
"ဖုန်း ဖုန်း ဖုန်း ဖုန်း"
လအဆင့်သိုင်းဆရာနှစ်ယောက်သည် အချိန်တိုအတွင်းမှာပင် အခြင်းခြင်း အကြိမ်ပေါင်း၁၀၀ခန့်တိုက်ခိုက်ပြီးဖြစ်သည်။ တောင်တန်းများကိုပင် ထိုးဖောက်နိုင်သည့် စူးရှသောအတွင်းအားစွမ်းအင်များသည် အရပ်မျက်နှာပေါင်းစုံသို့ လွှင့်စင်သွားတော့သည်။ သို့သော် ထိုစွမ်းအင်များသည် အပြာရောင်နံရံနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက်ချက်ချင်းပျောက်ကွယ်သွားကြ၏။ စွမ်းအင်အကာရံပေါ်တွင် အစင်းရာတစ်ကြောင်းပင် ကျန်စေခဲ့ခြင်းမရှိပေ။
"နောက်...နောက်ထပ်စွမ်းအင်အကာရံတစ်ခုလား..." လူများတွေးလိုက်မိကြသည်။
"ဒါ..ဒါက တိုက်ပွဲသုံးစွမ်းအင်အကာရံတစ်ခုပဲ။ သေစမ်း ချမ်းဘော့ဒ်တိုင်းပြည်က ဘယ်လိုဖြစ်ပြီး ဒီလိုမှော်အစီရင်မျိုးကိုပိုင်ဆိုင်ထားတာလဲ..." စစ်ပင်လယ်ဓားပြမယ်ဘာ့မှ ပြောလိုက်မိသည်။
သူသည် အတွေ့ကြုံများစွာရှိသည့်လူတစ်ယောက်ဖြစ်သော်လည်း အထိတ်တလန့်ဖြစ်သွား၏။ ထိုမှော်အစီရင်သည် မည်မျှထူးခြားပြီးစွမ်းအားမြင့်မားသည်ကို ဖော်ပြနေ၏။
တိုက်ပွဲသုံးအကာရံမှော်အစီရင်များ မည်မျှစွမ်းအားမြင့်မားသည်လည်း စွမ်းအားမြင့်သိုင်းဆရာများသာသိသည့်အတွက်ပင်။
မယ်ဘာ့၏ မျက်နှာသည်ချက်ချင်းပင်အကျည်းထန်သွား၏။ သူသည် ပထမဆုံးအနေဖြင့် ကြောက်လန့်ခြင်းကို ခံစားလိုက်ရသည်။ ယနေ့စစ်ဆင်ရေးအောင်မြင်နိုင် မအောင်မြင်နိုင်ကိုပင် သံသယ၀င်လာတော့၏။
ချမ်းဘော့ဒ်တိုင်းပြည်နှင့် ချမ်းဘော့ဒ်ဘုရင်အား သူထိုးဖောက်မြင်နိုင်စွမ်းမရှိပေ။
တစ်ချိန်တည်းမှာပင် အပြာရောင်စွမ်းအင်မီးတောက်နှစ်ခု ထက်မံ၍ ထွက်ပေါ်လာသည်။
ကျန်ရှိနေသော မာ့စ်အင်ပါယာမှ သိုင်းဆရာနှစ်ယောက်သည်လည်း စွမ်းအင်အကာရံထဲတွင် ချုပ်နှောင်ခံလိုက်ရပြီး သူတို့၏ ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ပြေးစရာနေရာမရှိတော့ပေ။
တိုက်ပွဲသုံး ရေစွမ်းအင်အကာရံ သူတို့သုံးယောက်အား သီးခြားပိတ်ဆို့ထားလိုက်သည့်အတွက်ကြောင့် တခြင်းခြင်းပူးပေါင်းတိုက်ခိုက်နိုင်ခြင်းမရှိတော့ပဲ တစ်ယောက်ခြင်းသာတိုက်ခိုက်နိုင်တော့သည်။
"စကော်ပီရိုတောင်အပိုင်စား ပီတာ၊ ရွှေရောင်စိန့်-စကော်ပီရိုပဲ...."
"လစ်ဘရာတောင်အပိုင်စား ရော်ဘင်၊ ရွှေရောင်စိန့်-လစ်ဘရာပဲ...."
ရေစွမ်းအင်အကာရံထဲမှ အော်ဟစ်သံနှစ်ခုထွက်ပေါ်လာပြီး ချမ်းဘော့ဒ်မှစစ်သည်တော်နှစ်ယောက်တို့သည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်သည်။ ရွှေရောင်သတ္တုစွမ်းအင်နှင့် အစိမ်းရောင်လေစွမ်းအင်တို့ တောက်ပလာပြီး စွမ်းအားအမြင့်ဆုံးသိုင်းကွက်ဖြင့် သူတို့၏ ရန်သူများကို တိုက်ခိုက်လိုက်သည်။
ရင်ပြင်ပေါ်၌ ရေစွမ်းအင်အကာရံသုံးခုထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံများထွက်ပေါ်လာ၏။
ကြောက်မက်ဖွယ်စွမ်းအင်အရှိန်၀ါများသည် ဆူနာမီရေလှိုင်းများကဲ့သို့မြင့်မားလာပြီး သိုင်းဆရာခြောက်ယောက်ကိုပင် ဖုံးလွှမ်းသွားတော့သည်။ တိုက်ပွဲသုံးစွမ်းအင်အကာရံမှော်အစီရင်၏ အလင်းနံရံများသည် သူတို့၏ စွမ်းအင်များအပြင်သို့ထွက်မလာစေရန် ကာကွယ်ပေးထားသော်လည်း ရင်ပြင်ပေါ်တွင်ရှိနေသည့် ဧည့်သည်များ တိုက်ပွဲမည်မျှပြင်းထန်နေသည်ကို ခံစားနေရသည်။
ဧည့်သည်အများစုသည် လအဆင့်သိုင်းဆရာများ၏ တိုက်ပွဲကိုအနီးကပ်မြင်ဖူးခြင်းမရှိသည့်အတွက်ကြောင့် စိတ်လှုပ်ရှားနေကြသည်။ ကြယ်အဆင့်စစ်သည်များသည် တိုက်ပွဲသုံးခုအား စိတ်၀င်တစားစောင့်ကြည့်နေကြပြီး အဆင့်တက်ရန်ကြိုးစားနေကြသည်။ သိုင်းကွက်သို့မဟုတ် လှုပ်ရှားမှုတစ်ခုကြောင့် သူတို့သင်ယူနိုင်လိုက်ပါက အဆင့်တက်သွားနိုင်သောကြောင့်ပင်။
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားနှင့် သူ၏ ဇနီးလောင်းနှစ်ယောက်တို့သည် လက်ထပ်ခြင်းအခမ်းနားအဆောက်ဦးပေါ်သို့ တည်တည်ငြိမ်ငြိမ်တက်နေလျှက်ရှိသည်။ သူတို့၏ ၀တ်ရုံများနှင့် ဂါ၀န်များသည် လေထဲတွင် လွှင့်ပျံနေပြီး ရှေ့သို့ နတ်ဘုရားများကဲ့သို့ ဆက်သွားနေလျှက်ရှိ၏။ ယခုအချိန်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သူတို့အား မည်သူမှ အာရုံမရကြချေ။ ကိုးထပ်မြောက်သို့ ရောက်ရန်အတွက် လေးထပ်ခန့်သာလိုတော့၏။
အကယ်၍ တစ်ခြားသာမန်ဘုရင်တစ်ပါးသည်လည်း မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့နှင့် မာ့စ်အင်ပါယာတို့၏ ပူးပေါင်းခြိမ်းခြောက်ခြင်းကို ခံရပါက သေလောက်အောင်ကြောက်လန့်သွားမည်ဖြစ်ပြီး ဒူးထောက်တောင်းပန်တော့မည်ဖြစ်သည်။
သို့သော် ချမ်းဘော့ဒ်ဘုရင်အတွက် နောက်လှည့်ကြည့်လိုခြင်းပင်မရှိပေ။
"ဟမ် မင်းမောက်မာလှချည်လားကွ ချမ်းဘော့ဒ်ဘုရင်။ ဂိုဏ်းချုပ်မယ်ဘာ့နဲ့ မင်းသားဆိုင်မွန်က မင်းကို မေးခွန်းမေးနေတာကို မင်းကစောက်ဖက်မလုပ်ဘူးပေ့ါ။ ဒီနေရာက မင်းပိုင်နက်ဆိုတော့ မင်းကတရားမျှတမှုကို လစ်လျူရှုထားတဲ့သဘောလား..." VIPခုံးများထံမှ နောက်လူတစ်ယောက်မက်တပ်ရပ်လာ၏။
သူသည် ၀င်္ကဘာအင်ပါယာမှ မင်းသားဆာ့ခ်ပင်။ သူ၏အနောက်တွင်လည်း သိုင်းဆရာသုံးယောက်ရှိနေ၏။
တူညီသောရည်ရွယ်ချက်၊ စကားလုံးများနှင့် အကြောင်းပြချက်ရှာနေခြင်းပင်။ ၀င်္ကဘာအင်ပါယာ၏ မင်းသားဆာ့ခ်သည် ချမ်းဘော့ဒ်ဘုရင်အား ရန်ရှာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။ မင်းသားသည် ၀င်္ကဘာအင်ပါယာ၏ ဆန္ဒကို ကိုယ်စားပြုနေသည်မှာ ထင်ရှားလှသည်။
"ချမ်းဘော့ဒ်တိုင်းပြည်ကို ဘာလို့များ စွမ်းအားကြီးအဖွဲ့စည်းတွေအကုန်ရန်လိုနေကြတာလဲ..." လူများတွေးလိုက်မိကြသည်။ ယနေ့ညအဖြစ်ပျက်သည် ကြောက်မက်ဖွယ်ကောင်းကာ ခန့်မန်းရခက်သည့်အနာဂတ်တစ်ခုကို ဦးတည်နေကြောင်းလူများတွေးလိုက်မိသည့်ချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွား၏။
"ဖုန်း..."
ကောင်းကင်ပေါ်မှ လူတစ်ယောက်ပြုတ်ကျလာ၏။
ထိုလူသည် ပထမဆုံးတိုက်ခိုက်ခဲ့သည့် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော် ဒရော့ဂ်ဘာပင်။ ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသည့်ဒဏ်ရာများစွာဖြင့် ပြည့်နှက်နေပြီး သွေးအလိမ်းလိမ်းဖြစ်နေ၏။ သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားရင်းဖြင့် မက်တပ်ရန်နိုင်ရန်ကြိုးစားနေသည့်အတွက်ကြောင့် သွေးများပို၍ပင် စီးကျလာတော့သည်။
"မြင်ရတဲ့အတိုင်းဆို...ဒရော့ဂ်ဘာရှုံးသွားပြီလား.."လူများတွေးလိုက်မိကြသည်။
ပထမဆုံးတိုက်ပွဲအား ချမ်းဘော့ဒ်ရှုံးသွားပြီဟု လူများတွေးနေသည့်အချိန်တွင် နောက်ထပ်လူတစ်ယောက်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ ဖုန်မှုန့်များ ကျောက်စများကိုလေထဲသို့ လွှင့်စင်သွားစေသည်။ ထိုလူသည် ပြုတ်ကျလာအပြီးတွင် လှုပ်ရှားခြင်းမရှိတော့ပေ။
ထိုလူသည် မြင်းလေညှင်းတပ်ဖွဲ့မှ လအဆင့်သိုင်းဆရာ စိတ္တဇလူသတ်သမား အလန်ပင်။
နာမည်ဆိုးဖြင့်ကျော်ကြားသော သားသတ်သမားသည် ယခုအချိန်တွင် သေဆုံးသွားပြီးဖြစ်၏။
လူတိုင်း၏ မျက်နှာများအေးစက်သွားသည်။
မယ်ဘာ့သည်လည်း မျက်လုံးအပြူးသားဖြင့် မြင်နေရသည့်အရာကို မယုံနိုင်ဖြစ်နေ၏။ အလန်သည် သူ၏ အယုံကြည်ရဆုံးသော လူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ လက်တစ်ဖက်လိုပင်။ ထောင်ပေါင်းများစွာသော တိုက်ပွဲတို့ကိုတိုက်ခိုက်ဖူးသည့် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သူ အလန်သည် ချမ်းဘော့ဒ်မြေပေါ်တွင် သေဆုံးသွားပြီဖြစ်သည်။
ထိုအရာကိုမြင်သည့်အချိန်တွင် ၀င်္ကဘာအင်ပါယာမှ မင်းသားဆာ့ခ်၏ မျက်နှာအမူယာသည်လည်း အေးစက်သွားကာ ပါးစပ်အဟောင်းသားဖြင့် ဘာမှ မပြောနိုင်ဖြစ်နေ၏။
"ထွီ..." လူတိုင်း၏ အကြည့်များအောက်တွင် ဒရော့ဂ်ဘာသည် သွေးများကို ထွေးထုတ်လိုက်ပြီး မက်တပ်ထရပ်လိုက်သည်။ တိုက်ပွဲဆာလောင်သည့် အမူယာများသူ၏မျက်လုံးထဲတွင်ရှိနေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကောင် တစ်ကောင်လို အော်ဟစ်လိုက်သည်။
"တရားမျှတမှုဟုတ်လား..ဘယ်သူလဲ မင်းကလား...စောက်ဟာသပဲ။ တရားမျှတမှုဆိုတာဘာလဲ င့ါကို ပြောစမ်းပါ..."