"ဆရာသမားများ သေဆုံးခြင်း"
Vol. 50 Ch. 774
"မင်း...မင်း...မင်းကများင့ါကို အဲ့လိုလေသံနဲ့ပြောရဲတယ်ပေါ့..."
မင်းသားဆာ့ခ်သည် ဒရော့ဂ်ဘာပြောသည်ကို ကြားသည့်အချိန်တွင် ဒေါသဖြစ်သွား၏။ အင်အားကြီးအင်ပါယာမှ မင်းသားတစ်ပါးအနေဖြင့် သူသည် သန်းပေါင်းများစွာသောလူများ၏ အထက်တွင်ရှိနေ၏။ သူ၏လက်အောက်တွင် စစ်သည်များစွာ၊ သိုင်းဆရာများစွာရှိနေပြီး သူ၏ ရာထူးအရှိန်၀ါသည် ကြီးမားလွန်းလှ၏။ တိုင်းပြည်ငယ်လေးတစ်ခုမှ စစ်သည်တစ်ယောက်သည် သူ့အား ထိုကဲ့သို့ပြောလိုက်သည့်အတွက် ဒေါသဖြစ်လွန်းကာ စကားပင်ကောင်းမွန်စွာမပြောနိုင်တော့ပေ။
"ဟီးဟီး စိတ်ထိန်းပါအရှင့်သား သူ၏ အရှင့်သားနဲ့ မတန်ပါဘူး။ ဒီချမ်းဘော့ဒ်တိုင်းပြည်က ပိုးမွှားကောင်က လအဆင့်သိုင်းဆရာတစ်ယောက်ဆိုပေမယ့် လူသေတစ်ပိုင်းဖြစ်နေပါပြီ။ ကျွန်တော်သူ့ကို တစ်ချက်တိုက်ခိုက်ပြီးခေါင်းဖြတ်လိုက်ဖို့ပဲလိုတာ။ အရှင့်သား သူ့ရဲ့ခေါင်းကို ဘောလုံးလို သဘောထားပြီး အပျော်ကန်လို့ရတယ်..." ၀င်္ကဘာအင်ပါယာမှ မုတ်ဆိတ်နှင့်သိုင်းဆရာတစ်ယောက်သည် မင်းသားဆာ့ခ်၏အနောက်မှ ထွက်လာပြီး ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
သူသည် ဒရော့ဂ်ဘာ၏ အကြောက်တရားကင်းမဲ့မှုနှင့် တိုက်ပွဲဆာလောင်မှုတို့ကြောင့် ထိတ်လန့်သွားရသော်လည်း ယခုအချိန်တွင် တိုက်ခိုက်ရန်စောင့်နိုင်ခြင်းမရှိတော့ပေ။ ဒရော့ဂ်သည် ယခင်တိုက်ပွဲတွင် ဒဏ်ရာအပြင်းထန်ရရှိခဲ့သည်ကို သိသည့်အတွက်ပင်။ မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့မှ စိတ်တ္တဇလူသတ်သမား အလန်သည် နာမည်ဆိုးဖြင့်ကြော်ကြားသည့် ကြေးစားစစ်သည်တစ်ယောက်ဖြစ်ပြီး ဒရော့ဂ်ဘာသည် လအဆင့်သို့ ရောက်ပြီးခါက သိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက်ပင်။
ဒရော့ဂ်ဘာသည် သူ၏ ရန်သူအား သတ်ဖြတ်ကာ လူတိုင်းကို အံ့အားသင့်စေခဲ့သော်လည်း သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။ ထို့ကြောင့် ၀င်္ကဘာအင်ပါယာမှ မုတ်ဆိတ်နှင့်သိုင်းဆရာသည် ထိုအရာကို အခွ့င်ကောင်းယူလိုက်ခြင်းပင်။
"ကောင်းပြီလေ အဲ့ကောင်ကို နှိပ်စက်လိုက်။ ချက်ချင်းသေအောင်မသတ်နဲ့ အဲ့ပိုးမွှားလိုကောင်အောင် ငါသွေးတစ်စက်မှမကျန်အောင် အရှင်လတ်လတ်ဖောက်ထုတ်ချင်သေးတယ်..." မင်းသားဆာ့ခ်မှ ဒေါသတကြီးပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့အရှင့်သား ကျွန်တော်ဒီကောင့်ကို မွေးလာခဲ့မိတာ နောင်တရအောင်လုပ်ပေးပါ့မယ်..." မုတ်ဆိတ်နှင့်သိုင်းဆရာမှ ပြန်ဖြေလိုက်သည်။
သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ၏အရှိန်၀ါကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ အပြာရောင်စွမ်းအင်မီးတောက်များ လွှမ်းခြုံသွားပြီး ရေလှိုင်းသံများထွက်ပေါ်လာ၏။ သူသည် ရေစွမ်းအင်အသုံးပြုသော လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။
လက်ရှိအခိုက်တန့်တွင် ဒရော့ဂ်ဘာသည် ကောင်းကောင်းမက်တပ်ရပ်နိုင်ခြင်းပင်မရှိချေ။
VIP ခုံများတွင် ထိုင်နေသည့် ဆံပင်ရွှေရောင်နှင့် ခန့်ညားသောလူငယ်တစ်ယောက်သည် သက်ပြင်းချလိုက်၏။ သူသည် ကိုးထပ်မြောက်သို့ ရောက်သွားပြီးဖြစ်သော ဘုရင်ငယ်အားကြည့်လိုက်ကာ သူ့အတွက် အလုပ်လုပ်ရန်အချိန်ရောက်လာပြီဟု ခံစားလိုက်မိ၏။ သူသည် တစ်ဖက်သို့လှည့်ကာ ဘေးတွင်ရှိနေသည့် ကောင်မလေးနှစ်ယောက်ကို ပြုံးပြလိုက်ပြီး အရှေ့သို့ ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက်တစုံတစ်ခုဖြစ်ပျက်သွားသည်။
"၀ှစ်..." "ဖုန်း..."
စူးရှသညည့်အသံတစ်ခုထွက်ပေါ်လာပြီး အစိမ်းရောင်အတွင်းအားစွမ်းအင်မီးတောက်တစ်ခုသည် ဥက္ကာပျံတစ်ခုလိုပင် ကောင်းကင်ပေါ်မှကျဆင်းလာ၏။ မြေပြင်သို့ရိုက်ခတ်ကာ ဖုန်မှုန့်များကို လေထဲသို့ လွှင့်ပျံသွားစေသည်။
ဖုန်မှုန့်များငြိမ်သက်သွားသည့်အချိန်တွင် လူတိုင်းထိုနေရာတွင်ရှိနေသည့်အရာအား မြင်တွေ့လိုက်ရပြီး ထက်မံတုန်လှုပ်သွားရတော့သည်။
ခနတာ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် လူတိုင်းသည် မယ်ဘာ့အား သနားသည့်မျက်လုံးများဖြင့် ကြည့်လိုက်မိကြသည်။
ဤအခိုက်တန့်တွင် မယ်ဘာ့ကိုယ်တိုင်ပင် မျက်လုံးများနီရဲကာ တုန်ခါနေတော့သည်။ ဒေါသနှင့် နာကျင်မှုတို့ကြောင့် သူသည် ရူးသွပ်လုနီးနီးဖြစ်နေကာ မျက်နှာတစ်ခုလုံးတွန့်လိမ်နေတော့သည်။
တိုးရိစ်နှင့် တိုက်ခိုက်နေသည့် မြင်းလေညှင်းတပ်ဖွဲ့မှ လအဆင့်သိုင်းဆရာနောက်တစ်ယောက်သည်လည်း သေဆုံးသွားသောကြောင့်ပင်။
ကြမ်းရှရှအသံနှင့် မှောင်မိုက်သောအမူယာရှိပြီး ထိုလူ၏ သေဆုံးခြင်းသည်လည်း အဖြစ်ဆိုးလှသည်။
ထိုလူမြေပေါ်သို့ပြုတ်ကျသွားပြီးသည့်နောက်တွင် ကောင်းကင်ပေါ်မှ အမဲရောင်မြှားတစ်လက် ဆင်းသက်လာပြီး ထိုလူ၏ နှလုံအားထိုးဖောက်ကာ မြေပြင်ပေါ်တွင်စိုက်ထူထားလိုက်ပြီးချက်ချင်းပင်သေဆုံးသွားစေကာ သူ၏အလောင်းသည်လည်း စိတ္တဇလူသတ်သမား အလန်၏ဘေးတွင် မြှားတန်းလန်းဖြင့် ရှိနေတော့၏။
သိုင်းဆရာများသေဆုံးသွားခြင်းပင်။
မယ်ဘာ့၏ ညာလက်နှင့်ဘယ်လက်ကဲ့သို့ဖြစ်နေသည့် မြင်းလေညှင်းတပ်ဖွဲ့မှ လအဆင့်သိုင်းဆရာနှစ်ယောက်တို့သည် နာမည်ဆိုးနှင့်ကျော်ကြားသည့်လူများဖြစ်ကြပြီး ဒေသတစ်၀ိုက်ကို စိုးမိုးနိုင်ကာ သူတို့၏လက်များပေါ်တွင်လည်း သွေးပေါင်းများစွာ စွန်းထင်းနေခဲ့၏။
သူတို့သည် ထောင်နှင့်ချီသောတိုက်ပွဲများစွာကို ကျော်ဖြတ်ဖူးကာ စွမ်းအားမြင့်သိုင်းဆရာများစွာကိုလည်း သတ်ဖြတ်ဖူးကြသည့်အတွက် ချမ်းဘော့ဒ်ကဲ့သို့သော တိုင်းပြည်ငယ်လေးတွင် သေဆုံးလိမ့်မည်ဟု ထင်ထားခဲ့မည်မဟုတ်ပေ။ သူတို့သည် ထွက်ပြေးရန်ပင် အခွင့်ရေးမရလိုက်ပဲ သေဆုံးသွားကြခြင်းပင်။
သေလောက်အောင်ပင် တိတ်ဆိတ်နေ၏။
မြင်းလေညှင်းတပ်ဖွဲ့အတွက် အရှိုက်ထိစေသည့်အရာပင်။
ယနေ့မှစပြီး ဇီးနစ်အင်ပါယာတစ်၀ိုက်တွင် နံပါတ်၁ ကြေးစားစစ်သည်အဖွဲ့သည် အဆင့်ကျတော့မည်ဖြစ်၏။ သူတို့၏ စွမ်းအားမြင့်သိုင်းဆရာနှစ်ဦးသေဆုံးသွားပြီဖြစ်သည့်အတွက်ကြောင့် သူတို့သည် နံပါတ်၁နေရာတွင် ဆက်လက်ရှိနေနိုင်တော့မည်မဟုတ်ပေ။
အတွင်းအားစွမ်းအင်မီးတောက်များ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လေညှင်း၏ သားတော် တိုးရိစ်သည် ဒရော့ဂ်ဘာ၏ ဘေးတွင်ရပ်လိုက်သည်။ သူသည် ဒရော့ဂ်ဘာနှင့် ယှဥ်ပါက ဒဏ်ရာများစွာမရှိပေ။ ဒူးခေါင်းပေါ်တွင်ရှိနေသည့် အပြာရောင်ရေခဲစများမှလွဲ၍ ဒဏ်ရာကြီးကြီးမားမားမရှိပေ။ သူ၏ ရှည်လျားသော ရွှေရောင်ဆံပင်များသည် လေထဲတွင်လွှင့်ပျံနေရင်းဖြင့် ခန့်ညားသောမျက်နှာဖြင့် လရောင်အောက်တွင် သူသည် နတ်သူငယ်တစ်ပါးလိုပင်။
ရင်ပြင်ပေါ်တွင်ရှိနေသည့် တီတိုးပြောဆိုမှုများသည် ရပ်တန့်၍ မရနိုင်သောအဆ့င်သို့ရောက်ရှိသွား၏။
ကျယ်သထက်ပင်ပို၍ ကျယ်လာတော့သည်။
နောက်ဆုံးတွင် လူများသည် သူတို့၏ အံ့သြမှုများကို မမျိုသိပ်နိုင်တော့ပဲ မယ်ဘာ့ကဲ့သို့သောလူများကို လျစ်လျူရှုကာအခြင်းခြင်းစကားပြောနေကြတော့၏။
ဒုတိယမင်းသား ဒိုမင်းဂူသည် ဤအရာများနှင့်အသားကျနေသည့်ဟန်ပင်။ မျက်လုံးများကျင်းမြောင်းကာ ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ချေ။ တစ်ဖက်တွင် ခွေးလေးအိုကာသည် မင်းသား၏ လက်ထဲတွင်ဟိုကြည့်ဒီကြည့်ရှိနေ၏။
နတ်ဆိုးအမျိုးသမီး ပဲရစ်သည်လည်း အလွန်အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။ မုတ်ဆိတ်နီဂရန်နယ်လိုသည်လည်း မသိပဲ သူ၏ အလွန်တန်ဖိုးထားသော မုတ်ဆိတ်မွေးများကို တစ်ပင်ခြင်းဆွဲနုတ်နေလျှက်ရှိသည်။
ရွှေမျက်နှာဖုံနှင့် လျို့၀ှက်သော သွေးမီးတောက်တပ်ဖွဲ့ဂိုဏ်းချုပ်သည် ထိုင်ခုံပေါ်တွင်ထိုင်နေလျှက်ရှိနေ၏။ ရွှေမျက်နှာဖုံးသည် ထိုလူ၏ မျက်နှာကိုကာရံထားသည့်အတွက်ကြောင့် သူ၏မျက်နာအမူယာကို မည်သူမှ မသိနိုင်ပေ။ ထိုအစား သူ၏ အနောက်တွင်ရပ်နေသည့် ထွားကျိုင်းသော သိုင်းဆရာများသည် စိတ်လှုပ်ရှားနေကြ၏။ ချမ်းဘော့ဒ်စစ်သည်များ၏ ရဲရင့်မှုသည် သူတို့ကိုလည်း တိုက်ပွဲဆာလောင်နေစေသည်မှာ ထင်ရှားလှ၏။
ဘိုဒတ်အင်ပါယာ၏ မင်းသားဂါကော့သည်လည်း စိတ်လှုပ်ရှားနေသည့်ဟန်ရှိသည်။ သို့သော် သူ၏အနောက်တွင်ရှိနေသည့် သားနားသောချပ်၀တ်များ၀တ်ဆင်ထားသော လူငယ်သူရဲကောင်းလေးယောက်တို့မှာ ကြောက်လန့်နေကြသည်။ ဖြူဖက်ဖြူယော်မျက်နှာများဖြင့် လက်ထပ်ခြင်းအဆောက်ဦးပေါ်တွင်ရှိနေသည့်ဘုရင်အား ကြည့်ရဲခြင်းမရှိဖြစ်နေ၏။
မဟာဘုရားကျောင်းမှလူများထိုင်နေသည့် နေရာတွင်ရှိနေသည့် သူတော်စင်ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်း လူစီယာနိုတို့သည်လည်း ထိတ်လန့်နေကြ၏။ သူတို့သည် ချွေးများပျံနေသည့်အတွက်ကြောင့် အ၀တ်စားများပင် စိုရွဲနေ၏။ သို့သော် သူတို့၏ ဘေးတွင်ထိုင်နေသည့် ဆံပင်အဖြူရောင်နှင့်သူတော်စင်အဖိုးကြီးသည် တည်တည်ငြိမ်ငြိမ်ပင်။ သူသည် မျက်နှာပေါ်တွင်ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုဖြင့် ဇာတ်ပွဲတစ်ခုကို ကြည့်နေသလို လှည့်ပတ်ကြည့်ရှုနေ၏။
အကောင်းဆုံးအခန်းကို မရောက်သေး....
-ရင်ပြင်အလည်တွင်-
ရုတ်တရက်ဖြစ်လာသည့်အပြောင်းလဲများကြောင့် ၀င်္ကဘာအင်ပါယာမှ မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာ၏ ခြေလှမ်းများရပ်တန့်သွားသည်။
သူသည် ဒဏ်ရာပြင်းထန်စွာရရှိနေသည့် ဒရော့ဂ်ဘာအား တိုက်ခိုက်ရန်အတွက် ယုံကြည်ချက်ရှိသော်လည်း တိုးရိစ်အောက်သို့ ရောက်လာသည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ်မသေချာတော့ပေ။ သူသည် ရဲရင့်သောစစ်သည်တော်တစ်ယောက်မဟုတ်ပေ။ အခြေအနေကောင်းသည်ထင်၍ အခွင့်ကောင်းယူရန်အတွက် ရှေ့သို့ ထွက်လာခဲ့ခြင်းသာဖြစ်သည်။ သို့သော် အခြေအနေပြောင်းလဲလာသည့်အတွက်ကြောင့် စတင်၍ မ၀င့်မရဲဖြစ်လာတော့သည်။
"ထွီ ဒီလိုစောက်ကြောက်မျိုးက င့ါကိုဘယ်လိုလုပ်ခေါင်းဖြတ်နိုင်မှာလဲ..." ဒရော့ဂ်ဘာသည် ထိုသိုင်းဆရာ တွန့်ဆုတ်နေသည်ကို တွေ့သည့်အတွက်ကြောင့် ရန်စလိုက်သည်။
တိုးရီစ်သည် ထိုနေရာ၌ပင်ရပ်နေပြီး ဘာမှမပြောသော်လည်း မျက်နှာပေါ်တွင်ရှိနေသည့်အပြုံးက အရာရာကိုဖော်ပြနေ၏။
"ဟေ့ကောင် မင်းဘာတွေကြောင်တောင်တောင်လုပ်နေတာလဲ...အဲ့ကောင်ကိုသွားသတ်တော့လေ..." မင်းသားဆာ့ခ်လဲရှက်သွားသည့်အတွက်ကြောင့် ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။
မျက်နှာပေါ်တွင် စိတ်ခံစားချက်အမျိုးမျိုးနှင့် ၀င်္ကဘာအင်ပါယာမှ လအဆင့်သိုင်းဆရာသည် ကြိုးပေးခံရခါနီးအကျဥ်းသားတစ်ယောက်လိုပင်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်နှစ်ယောက်ကို ကြည့်ရင်းဖြင့် သူတုန့်ဆိုင်းကာ ပြောလိုက်သည်။ "နှစ်ယောက်တစ်ယောက်၀ိုင်းချချင်တာလား ဒါက မတရားတာပဲ။ မင်းတို့ သတ္တိရှိရင် တစ်ယောက်ခြင်းချမလား..."
"ဟားဟားဟား" ဒရော့ဂ်ဘာသည် ချက်ချင်းပင်ကျယ်လောင်စွာရယ်မောလိုက်သည်။ လှောင်ပြောင်ခြင်းသည် သူ၏မျက်နှာပေါ်တွင်ဖုံးကွယ်ထားခြင်းမရှိပေ။
တိုးရီစ်သည်လည်း သူ၏ ခေါင်းကိုခါရမ်း၍ ပြုံးလိုက်သည်။
"ဘာလဲ မင်းတို့ကောင်တွေ ဇမရှိဘူးလား..." မုတ်ဆိတ်နှင့်လူသည် လူရည်ချွန်တစ်ယောက်ဟုဆိုရမည်။ သူ၏ ဂုဏ်သရေများအားလုံးကို ဖင်ထဲထည့်၍ ရန်စလိုက်သည်။ "သတ္တိမရှိဘူးဆိုရင် ငါ့ရှေ့ကထွက်သွားကြစမ်းကွာ။ မင်းတို့လို စောက်ကြောက်နှစ်ယောက်နဲ့ ငါမတိုက်ခိုက်ချင်ဘူး"