"စစ်မှန်သော သူရဲကောင်းများ"
Vol. 50 Ch. 775
ထိုမုတ်ဆိတ်နှင့်လအဆ့င်သိုင်းဆရာစကားမဆုံးသေးခင်မှာပင် ဒရော့ဂ်ဘာ၏မျက်လုံံးများချက်ချင်းပြူးကျယ်လာပြီး သူ၏ အရှိန်၀ါသည်လည်း ကျှယ်ပြန့်လာကာ နတ်ဆိုးတစ်ကောင်နှင့်တူလာ၏။ သူသည် ရုတ်တရက်အရှေ့သို့ ခြေတစ်လှမ်းလှမ်းလာလိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများမှ သွေးများစီးကျလာသော်လည်း သတိထားမိသည့်ဟန်ပင်မရှိချေ။
သူသည် အရှေ့သို့ လမ်းလျှောက်လာကာ ကြုံး၀ါးလိုက်သည် "ခွေးသား မင်းသတ္တိရှိတယ်ဆိုရင် ငါနဲ့တစ်ယောက်ခြင်းတိုက်ခိုက်လိုက်စမ်းပါ။ မင်းလိုကောင်မျိုးကို တစ်ချက်တည်းအဆုံးသက်ပေးလိုက်လို့ရတယ်။ မင်းကိုမှ မသတ်နိုင်ဘူးဆိုရင် ဘုရင်အလတ်ဇန္ဒားရဲ့စစ်သည်တော်တစ်ယောက်မဟုတ်ဘူး..."
သူ၏အသံကြောင့် ရင်ပြင်တွင်ရှိနေသည့် ဧည့်သည်များအားလုံး ထိတ်လန့်သလိုခံစားလိုက်ရသည်။
ချမ်းဘော့ဒ်တိုင်းပြည်နှင့် ရင်းနှီးသည့်လူများအားလုံး ဒရော့ဂ်ဘာကို ထောက်ခံကြသည်။ ရွှေရောင်စိန့်-တောရပ်သည် စစ်သည်တော်အစစ်မှန်တစ်ယောက်ပင်။
"ဟားဟား ကောင်းတယ် အဲ့လိုဆိုမှတော့ ငါလဲမင်းကိုတိုက်ခိုက်ပေးရမှာပေါ့..." မုတ်ဆိတ်နှင့် လအဆင့်သိုင်းဆရာသည် သူရန်စလိုက်သည်အား ဒရော့ဂ်ဘာလက်ခံသွားသည့်အတွက်ချက်ချင်း ပျော်ရွှင်သွားသည်။ သူလည်း ရန်သူစိတ်ပြောင်းသွားမည်ဆိုးသည့်အတွက် အရှေ့သို့ ချက်ချင်းထွက်လာလိုက်၏။
ဒရော့ဂ်ဘာသည် ယိမ်းယိုင်နေကာ ကောင်းမွန်စွာလမ်းလျှောက်နိုင်ခြင်းမရှိသော်လည်း သူ၏ ရန်သူကို အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေလျှက်ရှိသည်။
မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာသည် ကောင်းမွန်သောခန္ဓာကိုယ်အနေထားတွင်ရှိနေသည့်အတွက်ကြောင့် ဒရော့ဂ်ဘာအတွက် အနိုင်ရရန်ခက်ခဲလှသည်။
အကယ်၍ ဒရော့ဂ်ဘာတိုက်ခိုက်လိုပါက ကျောက်ဆောင်အား ကြက်ဥဖြင့်ပေါက်သလိုဖြစ်နေမည်ဖြစ်သည်။
ဒရော့ဂ်ဘာ သေချာပေါက်သေဆုံးသွားမည်ဖြစ်၏။
လူများစွာ ဒရော့ဂ်ဘာအား သနားနေသည့်အချိန်တွင် အစိမ်းရောင်အတွင်းအားစွမ်းအင်မီးတောက်တစ်ခုတောက်ပသွား၏။ လူတိုင်း၏အကြည့်များအောက်တွင် ရွှေရောင်ဆံပင်များနှင့် ခန့်ညားသောလူငယ်တစ်ယောက်သည် ဒရော့ဂ်ဘာ၏အရှေ့သို့ ရောက်ရှိလာကာ မုတ်ဆိတ်နှင့်သိုင်းဆရာ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
"မစ်စတာ ဒရော့ဂ်ဘာနေရာကနေ ခင်ဗျားကို ကျွန်တော်တိုက်ခိုက်မယ်..." အဆိုပါလူငယ်သည် တောက်ပသည့်အပြုံးတစ်ခုနှင့်အတူပြောလိုက်ပြီး ကောင်းကင်ပေါ်တွင် ရှိနေသည့် ကြယ်များ၏ တောက်ပမှုကိုပင် ခိုးယူလိုက်သည်။
ဆံပင်ရွှေရောင်နှင့်လူငယ်၏ ဘေးပတ်ပတ်လည်တွင် အစိမ်းရောင်အလင်းစက်လေးများသည် ပိုးစုန်းကြူးလေးများကဲ့သို့ပင် ပျံသန်းနေကြ၏။ သူသည် စွမ်းအားမြင့်သောအရှိန်၀ါတစ်ခုကို ထုတ်လွှတ်နေခြင်းမရှိသော်လည်း ကျယ်ပြန့်လှသော အသက်၀ိဉာဥ်စွမ်းအင်တို့သည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်တောက်ပနေသည့်အတွက်ကြောင့် လူများထိုလူငယ်၏ စွမ်းအားမနိမ့်ကြောင်းကို ရိပ်မိလိုက်သည်။
"သူဘယ်သူလဲ..." လူတိုင်းတွေးလိုက်မိကြသည်။
ထိုလူငယ်သည် VIPခုံများထံမှ ထလာခြင်းဖြစ်သည့်အတွက်ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှ ဖြစ်ပုံမရပေ။ သို့သော် သူသည် ချမ်းဘော့ဒ်တိုင်းပြည်အတွက် တိုက်ခိုက်ပေးရန်ဆန္ဒရှိနေသည့်အတွက်ကြောင့် သူသည် တိုင်းပြည်၏ မဟာမိတ်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။
"သူက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ မဟာမိတ်လား၊ ချမ်းဘော့ဒ်ရဲ့ ၀ှက်ဖဲတစ်ခုလား..." ချမ်းဘော့ဒ်သားများ၏ မျက်နှာပေါ်မှ အံ့သြသည့်အမူယာများကိုကြည့်ခြင်းဖြင့် ထိုလူငယ်သည် ချမ်းဘော့ဒ်တိုင်းပြည်မှ မဟုတ်သည်မှာထင်ရှားလှသည်။ "နောက်ပြီး အဲ့လူငယ် ခန့်ညားမှုက ကမ္ဘာ့အပြင်တောင်ရောက်တယ်..." သူတို့တွေးလိုက်မိကြသည်။
ယနေ့အချိန်တွင် ရင်ပြင်ပေါ်တွင် မင်းသားဒိုမင်းဂူနှင့် တိုးရိစ်တို့ကဲ့သို့ ခန့်ညားသည့် ယောက်ျားလေးများစွာရှိနေသော်လည်း သူတိုအားလုံးသည် ထိုလူငယ်လောက်လှပခန့်ညားခြင်းမရှိချေ။
"မင်းဘယ်သူလဲ..ငါတို့ကို ဘာလို့ကူညီတာလဲ..." ဒရော့ဂ်ဘာသည်လည်း နားမလည်နိုင်သည့်အတွက် မေးခွန်းများမေးလိုက်သည်။
တိုးရိစ်သည်လည်း အံ့သြနေ၏။
"ကျွန်တော့ နာမည်က အာကင်ဖိပါ။ အရှင်မင်းကြီး အလတ်ဇန္ဒားနဲ့ တစ်ကြိမ်အတူတိုက်ခိုက်ဖူးတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ကို မိတ်ဆွေတွေလို့ယူဆနိုင်ပါတယ်။ အဲ့တာကြောင့် မိတ်ဆွေတစ်ယောက်ဒုက္ခရောက်နေတဲ့အချိန်မှာ ၀င်ကူညီပေးတဲ့သဘောပါပဲ။" ဆံပင်ရွှေရောင်နှင့်လူငယ်သည် ပြုံးကာ ရိုးသားပွင့်လင်းသည့်အသံနေအသံထားဖြင့် ပြန်ဖြေလိုက်သည်။ သူပြောလိုက်သည့်အချိန်တွင် ရှိနေသည့်လူများအားလုံးလည်း သူ့အား ယုံကြည်သွားကြသည်။ သူ၏အသံသည် မှော်ဆန်နေသလိုပင်။
ဧည့်သည်များသည် ထိုလူငယ်အား ထူးဆန်းသည့်အမူယာဖြင့်ကြည့်လိုက်ကြသည်။
"သူတို့က အရင်က တိုက်ခိုက်ဖူးတာလား။ အဲ့တာဆို သူငယ်ချင်းလို့တောင် ပြောလို့မရပါဘူး။ အဲ့တာကို ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားအတွက် တိုက်ခိုက်ပေးချင်နေတာလား။ သူက အခုဆိုရင် မြင်းလေညှင်းတပ်ဖွဲ့နဲ့ စွမ်းအားကြီးအင်ပါယာတွေကို ရင်ဆိုင်နေရတာပဲ။ အတော်တုံးတာလား၊ အတော်ပဲသစ္စာရှိတာလား၊ ဒါမှမဟုတ် တစ်ခြားအကြံစည်တစ်ခုခုများရှိနေတာလား.." လူများတွေးလိုက်မိကြသည်။
"အေး ကောင်းတယ် ဟားဟားဟား ဒီလိုအချိန်မှာ ၀င်ကူညီတယ်ဆိုတော့ မင်းက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့မိတ်ဆွေအစစ်မှန်ပဲ။ မင်းနဲ့ တွေ့ရတာဂုဏ်ယူပါတယ်.." ဒရော့ဂ်ဘာသည် ရယ်မောလိုက်သော်လည်း သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။
"ဒါပေမယ့် ဒီတိုက်ပွဲကိုတော့ ငါပဲတိုက်ခိုက်မှရမယ်.." သူ၏အသံနေအသံထားသည် ဆုံးဖြတ်ချက်ခိုင်မာမှုတို့ဖြင့် ပြည့်နှက်နေ၏။
ဒရော့ဂ်ဘာ၏ ဆုံးဖြတ်ချက်သည် လူတိုင်းကို ထိတ်လန့်သွားစေ၏။
"ချမ်ဘော့ဒ်သားတွေအကုန် ဒီလို ရူးသွပ်နေတာလား..." ဧည့်သည်များတွေးလိုက်မိကြသည်။
"ခင်ဗျား ခန္ဓာကိုယ်က..." အာကင်ဖိမျက်မှောင်ကြုံ့လိုက်သည်။
"ငါက ဒဏ်ရာရထားတယ်ဆိုပေမယ့် ဒီလို သတ္တိကြောင်တဲ့ကောင်မျိုးကိုတော့ အလွယ်ကတူ သတ်ဖြတ်နိုင်ပါသေးတယ်။ ဒရော့ဂ်ဘာဆိုတဲ့ငါက ချမ်းဘော့ဒ်ဘုရင်လက်အောက် ရွှေရောင်စိန့်တွေထဲက အတော်ဆုံးတစ်ယောက်ပဲ။ အဲ့ကောင်လိုခွေးတစ်ကောင်က င့ါကို မကြောက်လန့်စေဘူး.." ဒရော့ဂ်ဘာသည် ကျယ်လောင်စွာပြောလိုက်သည့်အတွက်ကြော့င် သူ၏အသံသည် ကောင်းကင်ပေါ်တွင် ပဲ့တင်သွားကာ ရာသီဥတုကိုပင် အနည်းငယ်ပြောင်းလဲသွားစေသည်။
မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာသည် မျက်နှာပြောင်သည့်လူဖြစ်သော်လည်း ဒေါသဖြစ်သွားကာ ကြုံး၀ါးလိုက်သည်။ "ကောင်းပြီလေ အဲ့လိုဆိုရင်လဲ မင်းရဲ့ဆန္ဒကိုငါဖြည့်စည်းပေးတာပေါ့။ မင်းလို ဒဏ်ရာရနေတဲ့ အမှိုက်သရိုက်ကောင်က ငါနဲ့ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ..."
ထို့နောက်တွင် သူ၏စွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ပြီး ရေလှိုင်းသံများထွက်ပေါ်လာတော့သည်။ ရေဂုဏ်သတ္တိစွမ်းအင်များသည် နေရာတစ်၀ိုက်တွင် သိပ်သည်းသွား၏။ ထိုလူသည် သတ္တိကြောင်သည့်လူတစ်ဦးဖြစ်သော်လည်း စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ပင်။
ရွှေရောင်ဆံပင်နှင့် အာကင်ဖိသည် ခနတာခန့်တုန့်ဆိုင်းသွားသော်လည်း ဘေးသို့ဖယ်ပေးလိုက်သည်။
ဒရော့ဂ်ဘာသည် အာကင်ဖိအား ခေါင်းငြိမ့်ပြလိုက်ပြီး ထို့နောက်တွင် မုတ်ဆိတ်နှင့် သိုင်းဆရာအား မျက်လုံးခြင်းဆိုင်လိုက်သည်။
သူသည် ရှေ့သို့ လမ်းလျှောက်လာနေရင်းဖြင့် ယိမ်းယိုင်ကာ လမ်းပေါ်တွင် သွေးစက်များကို ကျဆင်းစေနေလျှက်ရှိသည်။
သူ၏ အခြေအနေသည် စိုးရိမ်စရာပင် ချမ်းဘော့ဒ်တိုင်းပြည်၏ ခေါင်းမာသောစစ်သည်သည် အချိန်မရွေးလဲကျသွားနိုင်သည်ဟု လူတိုင်းခံစားနေရ၏။ စွမ်းအားမြင့် လအဆင့်သိုင်းဆရာတစ်ယောက်ကို တိုက်ခိုက်နိုင်ရန်မှာ အလှမ်း၀ေးနေ၏။
"အတော်ခေါင်းမာတဲ့ကောင်ပဲ၊ သူက ရဲရင့်တယ်ဆိုပေမယ့် သူလုပ်နေတဲ့အရာက မိုက်မဲလွန်းနေတယ်..."
"ဒီလို ဆက်လုပ်နေမယ်ဆိုရင် သေကြောင်းကြံတာနဲ့အတူတူပဲ..."
"ချမ်းဘော့ဒ်ဘုရင်က သူ့ရဲ့လူယုံတစ်ယောက်ကို ဒီလိုပုံနဲ့ သေခွင့်ပေးလိုက်တော့မှာလား..."
ဧည့်သည်တော်တော်တော်များများသည် ဤမြင်ကွင်းကို မခံစားနိုင်ကြသည့်အတွက်ကြောင့် တစ်ချို့ဆိုလျှင် ချမ်းဘော့ဒ်ဘုရင်ကိုပင် အပြစ်တင်နေကြ၏။ လက်ထပ်ပွဲသည် အရေးကြီးသည့်အခမ်းနားတစ်ခုဖြစ်သော်လည်း သူ၏ လက်အောက်မှ ရဲရင့်သောစစ်သည်တစ်ယောက်အား သေခိုင်းခြင်းသည် မလုပ်သင့်သည့်အရာဟု မြင်ကြသည့်အတွက်ပင်။
"ဘုရင်ရဲ့နှလုံးသားကို သံမဏိနဲ့များထုထားတာလား..."
မာ့စ်အင်ပါယာမှ မင်းသားဆိုင်မွန်နှင့် မင်းသားဆာ့ခ်တို့၏ မျက်နှာပေါ်တွင် ရက်စက်သည့်အပြုံးများကို မြင်နေရပြီဖြစ်သည်။
"မင်းက သေချင်နေတယ်ဆိုမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့။ ငါ့ရဲ့သိုင်းကွက်အောက်မှာ သေခွင့်ရတာကို မင်းဂုဏ်ယူသင့်တယ်.." မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာသည် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လျှပ်စီးအလင်းတန်းတစ်ခုလိုပင် ပျံသန်းသွားတော့၏။ သူသည် နေရာာတွင် အပြာရောင်ပုံရိပ်ယောင်များကိုချန်ထားခဲ့ပြီး ထိုပုံရိပ်ယောင်များအားလုံးသည် လှည့်လည်ကာ သေစေနိုင်သည့် ဟာရီကိန်းမုန်တိုင်းများ၊ ဆူနာမီရေလှိုင်းများကို ဖန်တီးလိုက်သည်။
စွမ်းအားမြင့်သိုင်းကွက်တစ်ခုဖြစ်ပြီး သေခြင်းတရားခံစားချက်တို့ကိုပါ သယ်ဆောင်လာ၏။ လအဆင့်သိုင်းကွက်တစ်ခုဖြစ်သည်မှာ မဆန်းလှပေ။
တစ်ဖက်တွင် ဒရော့ဂ်ဘာသည် စတင်၍ တုန်ခါလာတော့သည်။ လိမ္မော်ရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် စတင်၍ မှေးမှိန်လာ၏။ သူသည် ရှောင်နိုင်စွမ်းပင်မရှိတော့သလိုပင်။
ဧည့်သည်အများစုသည် သူတို့၏ မျက်လုံးများကိုမှိတ်လိုက်၏။ ရဲရင့်သော စစ်သည်တော်တစ်ယောက်သေဆုံးမည်ကို မကြည့်ရက်သည့်အတွက်ကြောင့်ပင်။
မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်ခုတောက်ပနေသည်။
ခနအတွင်းမှာပင် အပြာရောင်မီးတောက်တစ်ခုတောက်ပသွားပြီး သူ့အားချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။
ဤအခိုက်တန့်တွင် ဒရော့ဂ်ဘာသည် လေမုန်တိုင်းကြားထဲမှ မီးစာကုန်ခါနီးဖယောင်းတိုင်မီးတစ်ခုလိုပင်။
သို့သော် ရုတ်တရက် သူ၏မျက်လုံးများတောက်ပလာပြီး အားနည်းသည့်ပုံမပေါက်တော့ပေ။ သူ၏ လိမ္မော်ရောင်စွမ်းအင်မီးတောက်များသည် ချက်ချင်းတောက်ပလာပြီး ကြီးမားသည့် ဒိုင်းကာကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာကာ လက်ထဲသို့ ရောက်လာတော့၏။
"လာခဲ့စမ်း ခွေးသား.." ဒရော့ဂ်ဘာသည် ရူးသွပ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ရယ်မောကာကြုံး၀ါးလိုက်သည်။ "ချမ်းဘော့ဒ်စစ်သည်တွေရဲ့ စွမ်းအားကို မင်းသိအောင်ပြပေးရတာပေါ့။ မင်းတို့ကောင်တွေလို စောက်ကြောက်တွေက ငါတို့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး ဒါကိုခံကြည့်လိုက်စမ်း..."