"အန္တရာယ်များစွာ"
Vol. 50 Ch. 776
ဒရော့ဂ်ဘာကြုံး၀ါးရင်းဖြင့် သူ၏ဒိုင်းကာကိုကိုင်ကာ ခန္ဓာကိုယ်ကို တိမ်းစောင်းလိုက်ပြီး ဒိုင်းကာအား ပခုံးဖြင့်ဖိကာအရှေ့သို့ လျှင်မြန်စွာပြေး၀င်သွား၏။ မြင့်မြတ်သော တိုက်ခိုက်ခြင်းဒိုင်းကာအား အရှေ့သို့ အားဖြင့်စောင့်တွန်းလိုက်ပြီး ရန်သူအား အငိုက်ဖမ်းလိုက်သည်။
ဤအခိုက်တန့်တွင် ဒရော့ဂ်ဘာ၏ အနောက်မှ ကြီးမားသည့် နွားကြီးတစ်ကောင်၏ ပုံရိပ်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ရွှေရောင်ဦးချိုများနှင့် နွားကြီးသည် မုတ်ဆိတ်နှင့်လအဆင့်သိုင်းဆရာအား ချိုဖြင့် ခတ်လိုက်သလိုပင်။
"ဖုန်း..."
လိမ္မော်ရောင်စွမ်းအင်မီးတောက်များနှင့် အပြာရောင်စွမ်းအင်မီးတောက်များသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံလိုက်ကြ၏။
ထိုကဲ့သို့ တိုက်ခတ်ပြီးနောက်တွင် စွမ်းအင်ပေါက်ကွဲသံများထွက်ပေါ်လာခြင်းမရှိပဲ တိုက်ပွဲမြေပြင်သည် ထူးဆန်းလောက်သည်ထိ တိတ်ဆိတ်သွား၏။
"အား ဖွီး...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...အဲ့ဒိုင်းကာ..အဲ့ဒိုင်းကာက အဆင့်မြင့် လက်စွဲတော်လက်နက်တစ်ခုပဲ..." မုတ်ဆိတ်နှင့်သိုင်းဆရာသည် မျက်လုံးအပြူးသားဖြင့် ရေရွတ်ရင်းသေဆုံးသွားတော့သည်။ ရှုံးနိမ့်သွားသူမှာ သူဖြစ်ကြောင်းကို နောက်ဆုံးအချိန်ထိမယုံနိုင်ခဲ့လိုက်ပေ။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားများဖြင့် အထပ်ထပ်မွန်းထားသကဲ့သို့ ဒဏ်ရာများစွာရှိနေပြီး သွေးများသည်လည်း ရေပန်းကဲ့သို့ ပန်းထွက်နေလျှက်ရှိသည်။
နောက်ဆုံးတွင် သူသည် ရပ်နိုင်ခြင်းမရှိတော့ပဲ မြေပြင်ပေါ်သို့ ပစ်လဲသွားတော့၏။ သူ၏မှော်ချပ်၀တ်သည်လည်း လုံး၀ပျက်စီးသွားပြီး အပြာရောင်စွမ်းအင်မီးတောက်များသည်လည်း ငြိမ်းသပ်သွားသည်။
တစ်ချက်ထဲဖြင့် အသေသတ်လိုက်ခြင်းပင်။
စွမ်းအားမြင့်လအဆင့်သိုင်းဆရာသည်လည်း သူ၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို ထုတ်သုံးခဲ့သော်လည်း ဒရော့ဂ်ဘာ၏ စွမ်းအားမြင့်သိုင်းကွက်ကြောင့် သေဆုံးသွားခဲ့ရသည်။
ဤအဆုံးသက်သည် လူတိုင်းအား အံ့သြစေကာ ခပ်ညံ့ညံ့ပြဇာတ်တစ်ခုကို မြင်တွေ့နေရသလို ခံစားလိုက်ရ၏။ ဖြစ်ပျက်သမျှတိုင်းသည် စိတ်ကူးမယဥ်နိုင်လောက်အောင်ဖြစ်နေသည့်အတွက်ပင်။
အဆုံးသတ်အစစ်မှန်သည် လူတိုင်းထင်ထားသည်လည်းကွာခြားနေပြီး ကံကြမ္မာနတ်ဘုရားမကိုယ်တိုင်လူများအားလှည့်စားနေသလိုပင်။
တုန်ခါနေပြီး လဲကျခါနီးဖြစ်နေသည့် ဒရော့ဂ်ဘာကိုကြည့်ရင်းဖြင့် ဧည့်သည်များအားလုံးသည် သူတို့၏ ထိတ်လန့်အံ့သြမှုတို့ကို မျိုသိပ်နိုင်စွမ်းမရှိကြပေ။
သွေးများဖုံးလွှမ်းနေသည့် ဒရော့ဂ်ဘာသည် ညစ်ပေအားနည်းသည့်ပုံမပေါ်ပဲ သူသည် ကြီးမားသည့် တောင်ကြီးတစ်လုံးလိုပင် ခိုင်မာကာ တုနှိုင်း၍မရသလို လူများခံစားနေရ၏။
အမှန်ပင် တစ်ချို့လူများ၏ မျက်လုံးများသည်လည်း ဒရော့ဂ်ဘာ၏ ကြီးမားသည့် ဒိုင်းကာကြီးဖြစ်သည့် မြင့်မြတ်သောတိုက်ခတ်ခြင်းပေါ်သို့ ကျရောက်နေကြ၏။
"ဒါက လက်စွဲတော် လက်နက်ပဲဟ၊ ထူးခြားပြီးတော့ စွမ်းအားမြင့်တဲ့လက်စွဲတော်လက်နက်တစ်ခုပဲ။ အနည်းဆုံးတော့ စွမ်းအားအဆင့်၅လောက်ရှိတယ်..."
"ချမ်းဘော့ဒ်တိုင်းပြည်က ဘယ်လိုဖြစ်ပြီးတော့ လယ်ဗယ်၅ လက်စွဲတော်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာလဲ။ ဒါမျိုးလက်နက်ကို ဒဏာရီလာပန်းပဲဆရာတွေပဲ ဖန်တီးနိုင်တာ။ မဟုတ်မှလွဲရော ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ အဲ့လိုပန်းပဲဆရာတစ်ယောက်လျို့၀ှက်ပြီး ရှိနေတာလား..."
"ချမ်းဘော့ဒ်တိုင်းပြည်မှာ လျို့၀ှက်ချက်တွေအများကြီးရှိနေတာပဲ။ တကယ်လို့ ငါတို့ရဲ့ နဂါးသတ်စစ်ဆင်ရေးသာ အောင်မြင်ခဲ့မယ်ဆိုရင် ရရှိလာနိုင်တဲ့အကျိုးမြတ်တွေကတော့ မနည်းဘူးဟေ့..."
"ဒရော့ဂ်ဘာမှာတောင် လယ်ဗယ်၅လက်စွဲတော်လက်နက်ရှိတယ်ဆိုတော့ ချမ်းဘော့ဒ်က တစ်ခြားသိုင်းဆရာတွေမှာရော အဲ့လိုလက်နက်တွေရှိနေတာလား..."
ထိုကဲ့သို့တွေးပြီးသည့်နောက်တွင် နဂါးသတ်စစ်ဆင်ရေးတွင် ပါ၀င်ထားကြသည့် သိုင်းဆရာများ၏ အသက်ရှူနှုန်းများမြန်ဆန်လာကြတော့သည်။
လက်စွဲတော်လက်နက်များ၏ အရေးပါမှုကို သူတို့အားလုံးသိသည့်တွက်ပင်။ စွမ်းအားမြင့်လအဆင့်သိုင်းဆရာအများစုပင် လက်စွဲတော်လက်နက်များကို ပိုင်ဆိုင်ထားခြင်းမရှိကြပေ။ လက်စွဲတော်လက်နက်မရှိသည့်အတွက်ကြောင့် မုတ်ဆိတ်နှ့င်လအဆင့်သိုင်းဆရာသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည့် ဒရော့ဂ်ဘာ၏တိုက်ခိုက်မှုအောက်တွင် ချက်ချင်းသေဆုံးသွားခဲ့ရသည်။ အဓိကအချက်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ သိုင်းဆရာထံတွင် လက်စွဲတော်လက်နက်ရှိနေသည့်အတွက်ကြော့င်ပင်။
"၀ှစ် ၀ှစ် ၀ှစ်..."
ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် အပြောင်းလဲများဖြစ်လာ၏။
VIPခုံများထံမှ လူများစွာသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည့် ဒရော့ဂ်ဘာထံသို့ ပြေးလာကြ၏။ သူတို့၏စိတ်ထဲတွင် တူညီသည့်အကြံစည်ရှိနေကြ၏။ ဒရော့ဂ်ဘာ၏ လက်စွဲတော်လက်နက် မြင့်မြတ်သောတိုက်ခတ်ခြင်းအား သူအားနည်းနေသည့်အချိန်တွင် လုယူရန်ဖြစ်သည်။
"စောက်ရှက်မရှိ"
"မေလိုး"
"လစ်စမ်းကွာ.."
"သေချင်လို့လား"
ချမ်းဘော့ဒ်သားများထိုင်နေသည့် နေရာမှ ဒေါသဖြစ်သည့်အော်ဟစ်သံများထွက်ပေါ်လာကာ အရောင်သွေးစုံလင်သည့် စွမ်းအင်မီးတောက်များ တောက်လောင်လာကြ၏။ သေချာစွာပြင်ဆင်ထားသည့် ချမ်းဘော့ဒ်မှသိုင်းဆရာများသည် ပို၍ပင် မြန်မြန်ဆန်ဆန် ပြေးထွက်လာကြပြီး မြင့်မြတ်သောတိုက်ခတ်ခြင်းအား ခိုးယူလိုသည့် လူများကို ရပ်တန့်ရန်ကြိုးစားလိုက်သည်။
ချမ်းဘော့ဒ်မှသိုင်းဆရာများထဲတွင် ငွေရောင်လျှပ်စီးစွမ်းအင်များလွှမ်းခြုံထားသည့်လူသည် လူတိုင်း၏ အာရုံကိုစွဲဆောင်နေ၏။
တခနအတွင်းမှာပင် သူသည် သုံးကြိမ်တိုက်ခိုက်ကာ ရန်သူသုံးယောက်အား သွေးမြူဆိုင်များအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ ထို့နောက်တွင် သူသည် ဒရော့ဂ်ဘာဘေးသို့ ချက်ချင်းရောက်လာကာ သူ၏ ပခုံးကိုတွဲထူပြီး ချမ်းဘော့ဒ်သားများထိုင်နေသည့်နေရာသို့ ခေါ်ဆောင်သွားလိုက်သည်။
ရွေရောင်စိန့်-လီရို လမ်းပါ့ဒ်ပင်။ သူသည် ချမ်းဘော့ဒ်ဘုရင်ပြီးပါက တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်၏။
သိုးအုပ်ထဲမှ ကျားတစ်ကောင်ကဲ့သို့ပင် သူသည် ဒရော့ဂ်ဘာအား လျှင်မြန်စွာကယ်တင်၍ လယ်ဗယ်၅ လက်စွဲတော်လက်နက် မြင့်မြတ်သောတိုက်ခတ်ခြင်းအား ပြန်ယူပေးလိုက်သည်။
"ဖုန်း ဖုန်း ဖုန်း ဖုန်း"
သိုင်းဆရာများစွာသည် ရင်ပြင်ပေါ်တွင်စတင်၍ တိုက်ခိုက်ကြတော့ပြီး အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များသည်တစ်ခုနှင့်တစ်ခုရိုက်ခတ်ကြပြီး စွမ်းအင်အကြွင်းကျန်မားကို အရပ်မျက်နှာပေါင်းစုံသို့ လွှင့်စင်စေလျှက်ရှိသည်။
ခနတာတိုက်ခိုက်ပြီးနောက်တွင် အဖွဲ့နှစ်ဖွဲ့လုံးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့၏ စွမ်းအားအခြေအနေကို အာရုံခံလိုက်မိသည်။
အထူးသဖြင့် လမ်းပါ့ဒ်သည် သူ၏ ပြိုင်ဘက်ကင်းသည့် စွမ်းအားကိုပြသနာ လအဆင့်သိုင်းဆရာသုံးဦးအား ခနအတွင်းမှာပင် ငရဲပြည်သို့ ပို့ဆောင်ပေးလိုက်၏။
အဖွဲ့နှစ်ဖွဲ့လုံးသည် ဂရုတစိုက်နေကြပြီး လူသုံးဆယ်ခန့်သည် အုပ်စုနှစ်စုခွဲကာ မျက်နှာခြင်းဆိုင်နေကြ၏။
လူအင်အားအရဆိုပါက ချမ်းဘော့ဒ်တိုင်းပြည်သည် ထင်ရှားစွာပင်အားနည်းနေ၏။
လမ်းပါ့ဒ်၊ တိုးရီစ်၊ အိုလတ်ဂ်၊ အာကင်ဖိဗ်...လက်ရှိတွင် ချမ်းဘော့ဒ်တိုင်းပြည်ဘက်တွင် လအဆင့်သိုင်းဆရာလေးဦးသာရှိ၏။
သို့သော် တစ်ဖက်တွင် သိုင်းဆရာ၂၄ဦးခန့်ရှိနေကာ မင်းသားတစ်ချို့မှလွဲ၍ ကျန်ရှိနေသည့် သိုင်းဆရာများသည် အင်ပါယာပေါင်းစုံမှ စွမ်းအားမြင့်လအဆင့်သိုင်းဆရာများပင်။ ယခင်က သူတို့၏ သရုပ်မှန်ကို မဖော်ပြသော်လည်း ယခုအချိန်တွင် အတွင်းအားစွမ်းအင်များကို အမြင့်ဆုံးထုတ်လွှတ်ထားကြ၏။
"ဟီးဟီးဟီး ၂၄ယောက်ကို လူလေးယောက်က ဘယ်လိုမှမနိုင်နိုင်ဘူး ကွာခြားချက်က ကြီးလွန်းသွားပြီ၊ ချမ်းဘော့ဒ်တိုင်းပြည်တော့ ဒီတစ်ခါသေချာပေါက်သေပြီလေ..."
"အင်ပါယာခြောက်ခု၊ ဆွေကြီးမျိုးကြီးမိသားစု ၇ခု၊ ကြေးစားစစ်သည်အဖွဲ့နှစ်ဖွဲ့...ဟားဟားဟား ချမ်းဘော့ဒ်တိုင်းပြည်က ငါတို့ထင်ထားတာထက်စွမ်းအားမြင့်မားနေတယ်ဆိုပေမယ့် အဆုံးသက်ကတော့ အတူတူပါပဲ။ ဘယ်သူကမှ နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့ကို မယှဥ်နိုင်ဘူး။ ချမ်းဘော့ဒ်တိုင်းပြည်တော့ ဒီညသွေးချောင်းစီးတော့မယ်..."
"မင်းတို့ရဲ့ လက်စွဲတော်လက်နက်တွေကို ပေးလိုက်ကြ၊ ချမ်းဘော့ဒ်ဘုရင်လည်း မင်းရဲ့စွမ်းအားရင်းမြစ်ကိုကိုယ်တိုင်ဖြတ်ဆီးပြီးတော့ အညံ့ခံပါ။ နောက်ပြီးတော့ လအဆင့်သိုင်းဆရာတွေလဲ ငါတို့စီမှာ သစ္စာခံပါ။ အဲ့လိုလုပ်မယ်ဆိုရင် ချမ်းဘော့ဒ်ပြည်သူတွေကို ချမ်းသာပေးမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဟီးဟီး ချမ်းဘော့ဒ်ပြည်သူတွေ တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး..."
"ဧည့်သည်တော်တွေအားလုံးလဲ ဒီညက ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ကျုပ်တို့ကြားမှာရှိတဲ့ကိစ္စပဲ။ ကိုယ်နဲ့မဆိုင်ရင် ၀င်မပါကြနဲ့ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ပါ အသတ်ခံရမယ်..."
အားသာနေသည့်အတွက်ကြောင့် နဂါးသတ်မဟာမိတ်များသည် ရက်စက်စွာရယ်မောပြီး သူတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြနေကြ၏။
မာ့စ်အင်ပါယာ၊ ၀င်္ကဘာအင်ပါယာနှင့် မြင်းလေညှင်းတပ်ဖွဲ့တို့အပြင် လှ့ရှည်အင်ပါယာ၊ ဓားသွားအင်ပါယာနှင့် မိုးအင်ပါယာတို့လဲ ပါ၀င်နေကြ၏။
အင်ပါယာများမှ သံတမန်အဖွဲ့များထဲတွင် လအဆင့်စစ်သည်တော်များလျို့၀ှက်လိုက်ပါနေကြပြီး ယခုအချိန်တွင် သူတို့သည် အပြုံးအတုများကို စွန့်ပယ်ကာ အစွယ်ဖြဲပြနေကြပြီဖြစ်သည်။
စွမ်းအားကြီးမားသည့် ပူးပေါင်းအဖွဲ့ဖြစ်သည့်အတွက် မရပ်တန့်နိုင်လောက်အောင်ပင်။
အင်ပါယာခြောက်ခု၊ ဆွေကြီးမျိုးကြီးမိသားစု ၇စု၊ ကြေးစားစစ်သည်အဖွဲနစ်ဖွဲ့ပူးပေါင်းထားသည့်အင်အားသည် ဇီးနစ်အင်ပါယာတစ်၀ိုက်မှ အင်ပါယာ၉၉ရာခိုင်နှုန်းခန့်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
"သနားစရာကောင်းတဲ့ ချမ်းဘော့ဒ်သားတွေ၊။ မင်းတို့အားလုံး အံ့သြစရာကောင်းတဲ့စွမ်းအားတွေကို ပြသခဲ့တယ်ဆိုပေမယ့် ဒီညတော့ မင်းတို့အားလုံးသွားပြီ..." စစ်ပင်လယ်ဓားပြ မယ်ဘာ့တ်လဲ စိတ်အေးသွား၏။ နဂါးသတ်မဟာမိတ်များထွက်လာပြီဖြစ်သောကြောင့် တစ်ယောက်ထဲတိုက်ခိုက်စရာမလိုတော့ပေ။ တိုက်ပွဲအောင်နိုင်ခြင်းသည် သူတို့ဘက်သို့ ယိမ်းလာပြီဖြစ်သောကြောင့်ပင်။
"ဒူးထောက်ပြီး တောင်းပန်ကြ၊ မင်းတို့ရတနာတွေကိုလည်း င့ါကို ဆက်သကြစမ်း၊ နောက်ပြီးတော့ တိုက်ပွဲသုံးစွမ်းအင်အကာရံမှော်အစီရင်ပုံကြမ်းကိုလည်း ငါတို့ကိုပေး၊၊ ဒါက မင်းတို့ရဲ့ တစ်ခုတည်းရှိတဲ့ ရွေးချယ်မှုပဲ..." မာ့စ်အင်ပါယာမှ မင်းသားဆိုင်မွန်သည် မောက်မာစွာရယ်မောလိုက်သည်။
"ဟမ် မင်းတို့ကောင်တွေဆက်လက်ပြီးတော့ ခုခံနေဦးမယ်ဆိုရင် သက်ကြီးရွယ်အိုမရွေး၊ ယောက်ျားမိန်းမမရွေး ချမ်းဘော့ဒ်ပြည်သူတွေအကုန်လုံးကို ငါတို့သတ်ပစ်မယ်..." ၀င်္ကဘာအင်ပါယာမှ မင်းသားဆာ့ခ်သည်လည်း ထပ်ဖြည့်ပြောလိုက်၏။