← Chapters

"မင်းကို အခွင့်ရေးတစ်ခုပေးလိုက်မယ်"

Vol. 50 Ch. 777

"မင်းကို အခွင့်ရေးတစ်ခုပေးလိုက်မယ်"

Vol. 50 Ch. 777

အင်အားခြင်းကွာခြားချက်သည် နဂါးသတ်မဟာမိတ်များအား အခြေနေကိုလုံး၀ထိန်းချုပ်ခွင့်ရသွားစေ၏။ လအဆင့်သိုင်းဆရာအယောက်၂၀ကျော်ပါ၀င်သည့် အင်အားစုသည် ကြောက်မက်ဖွယ်ဖြစ်ပြီး မည်သည့်ရန်သူကိုမဆိုချေမှုန်းနိုင်သည့်အတွက်ပင်။

"ဒီလိုကောင်တွေကို ငါတို့ဘာလို့ အချိန်ပေးနေမှာလဲ။ ချမ်းဘော့ဒ်သားတွေအကုန်လုံးကို သတ်ပြီးပြီဆိုရင် တိုင်းပြည်ထဲမှာရှိတဲ့ရတနာတွေအားလုံးက ငါတို့အတွက်ဖြစ်လာလိမ့်မယ်..." စစ်ပင်လယ်ဓားပြမယ်ဘာ့သည် ရက်စက်ကြမ်းကြုတ်စွာအော်ဟစ်လိုက်သည်။ သူ၏ အဖွဲ့မှ လအဆင့်သိုင်းဆရာနှစ်ယောက်လုံးလျှောသွားပြီဖြစ်သည့်အတွက် မယ်ဘာ့သည် ချမ်းဘော့ဒ်တိုင်းပြည်အား အသဲခိုက်အောင်မုန်းတီးနေ၏။

"ဟားဟားဟား ဟုတ်တယ်ဟေ့ ငါသဘောတူတယ်။ အကုန်ပေါင်းပြီးတော့ တိုက်ခိုက်ကြတာပေါ့။ ငါတို့ကို ဘယ်သူမှ ရပ်တန့်နိုင်မှာမဟုတ်ဘူး..."

လအဆ့င်သိုင်းဆရာ၂၄ယောက်သည် သူတို့၏ အရှိန်၀ါများကိုထုတ်လွှင့်လိုက်ရာ ကြီးမားသည့် ဖိအားသည် ချမ်းဘော့ဒ်အရာရှိများထိုင်နေသည့်နေရာသို့ ဦးတည်သွား၏။ ကာကွယ်ပေးနေသည့် ဥပဒေပြုအရာရှိများသည်လည်း မုန်တိုင်းကြားမှ ကောက်ရိုးမျှင်များကဲ့သို့ လွှင့်စင်သွားကြတော့သည်။

လမ်းပါ့ဒ်၊ တိုးရိစ်၊ အိုလတ်ဂ်နှင့် အာကင်ဖိတို့သည်လည်း သူတို့၏အတွင်းအားစွမ်းအင်မီးတောက်များ တောက်ပအောင်လောင်ကျွမ်းနေသော်လည်း ရန်သူများစုပေါင်းထားသည့် အရှိန်၀ါကို လွန်ဆန်ရန်အတွက် မလုံလောက်ပေ။

စစ်သည်အင်အားခြင်းကွာဟချက်အား ကျော်လွှားနိုင်ရန်အတွက် ခဲယဥ်းလှ၏။

ဤအခိုက်တန့်တွင် မဟာဘုရားကျောင်းမှလူများထိုင်နေရာနေရာတွင်ရှိနေသည့် ဆံပင်အဖြူရောင် သူတော်စင်အဖိုးကြီးနှင့် သူ၏အနောက်မှမြင့်မြတ်သောသူရဲကောင်းများ၏ မျက်နှာပေါ်တွင်လည်း ယုံကြည်ချက်ရှိသည့်အပြုံးများရှိနေကြ၏။

အခြေအနေသည် အလွန်မင်းတိမ်းစောင်းနေပြီဖြစ်ပြီး ချမ်းဘော့ဒ်ဟုခေါ်သည့် လှေကြီးသည် နစ်မြုပ်ခါနီးအခြေအနေသို့ ရောက်ရှိနေ၏။

ချမ်းဘော့ဒ်တွင် ၀ှက်ဖဲများ၊ သို့မဟုတ် အကူညီပေးမည့်လူများမရှိတော့ပါက တိုင်းပြည်တစ်ခုလုံးပျက်ဆီးတော့မည့်ကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဤကဲ့သို့သော အချိန်မျိုးတွင် ရင်ပြင်၏ အတွင်းဘက်နှင့် အပြင်ဘက်တွင်ရှိနေသည့် ချမ်းဘော့ဒ်သားများသည် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ သူတို့အခြင်းခြင်း၏ နှလုံးခုန်သံများကို ခံစားလိုက်မိကြပြီး ကြောက်လန့်ခြင်းမရှိပေ။ အန္တရာယ်အောက်တွင် မည်သူမှကိုယ်လွတ်ရုန်းရန်ကြိုးစားကြခြင်းမရှိပေ။ ထိုအစား ခါးများကို ဆန့်တန်း၍၊ မျက်လုံးများကို ကျယ်ကျယ်ဖွ့င်ကာ ချမ်းဘော့ဒ်နိုင်ငံတော်သီချင်းကို အကျယ်လောင်ဆုံး သီဆိုလိုက်ကြသည်။

သူရဲကောင်းဆန်သော်လည်း အနည်းငယ်ကြေကွဲဖွယ်ကောင်းသည့် ဖော်ပြ၍မရနိုင်သောခံစားချက်တစ်ခုသည် တင်းမာနေသည့်လေထုထဲသို့ စိမ့်၀င်နေ၏။

ချမ်းဘော့ဒ်သားများသည် ဘယ်တော့မှ အရှုံးပေးလိမ့်မည်မဟုတ်ပေ။ အဆုံးသက်သည် သေခြင်းတရားဖြစ်နေစေကာမူ ရန်သူ၏အလိုကို လိုက်လျှောကြလိမ့်မည်မဟုတ်ပေ။

သူတို့ရဲရင့်နေရခြင်း၏ အကြောင်းပြချက်သည် သူတို့၏ ဘုရင်ကို ယုံကြည်သောကြောင့်ဖြစ်သည်။ သူတို့၏စိတ်ထဲတွင် ဘုရင်သည် ပြိုင်ဘက်ကင်းမဲ့နေ၏။

ထိုမြင်ကွင်းသည် နဂါးသတ်စစ်ဆင်ရေးတွင် ပါ၀င်သည့် လအဆင့်သိုင်းဆရာ၂၄ယောက်ကို တုန်လှုပ်စေ၏။ ဤအခိုက်တန့်တွင် သူတို့သာမန်လူတန်းစားများ၏ ထင်ထားခဲ့သည့် ချမ်းဘော့ဒ်ပြည်သူများသည် သူတို့ပင်နားမလည်နိုင်သည့် ရဲစွမ်းသတ္တိတစ်မျိုးကို ပြသနေလျှက်ရှိသည်။ တကယ်တန်းတွင် လအဆင့်စစ်သည်များအားလုံးပင် မည်သည့်အတွက်ကြောင့်မသိသော်လည်း မကောင်းသည့်ခံစားချက်တစ်ခုကို ခံစားလာရ၏။ ရှားပါးသည့် ဖြစ်စဥ်တစ်ခုပေ။

"သတ်လိုက်ကြစမ်း...ဒီကောင်တွေ သေရင် သီချင်းဆိုနိုင်သေးလားဆိုတာကို ကြည့်ကြသေးတာပေါ့..."

မျက်နှာတွင်ပ၀ါစတစ်ခုအုပ်ထားသည့် လအဆင့်သိုင်းဆရာတစ်ယောက်သည် ဆက်လက်ခံစားနိုင်ခြင်းမရှိတော့ပေ။ သူသည် ကြုံး၀ါးကာ လမ်းပါ့ဒ်ကဲ့သို့သော ချမ်းဘော့ဒ်တိုင်းပြည်မှ လအဆင့်သိုင်းဆရာတစ်ယောက်ထံသို့ ပြေး၀င်သွားလိုက်သည်။ သူ၏လုပ်ရပ်သည် မီးစာကဲ့သို့ပင် တူညီစွာ၀တ်ဆင်ထားကြသည့် ကျန်ရှိနေသောလအဆင့်သိုင်းဆရာသုံးယောက်သည်လည်း အော်ဟစ်ကာ အရှေ့သို့ပြေး၀င်သွား၏။

တိုက်ပွဲစတင်ပြီဖြစ်သည်။

ဖြစ်ပွားတော့မည့်တိုက်ပွဲသည် သွေးများစွာမြေခမည်ဖြစ်ပြီး တစ်ဖွဲ့သာလျှင်အသက်ရှင်ကျန်နိုင်မည်ဖြစ်၏။

လျှပ်စီးစွမ်းအင်များသည် လမ်းပါ့ဒ်၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ချိုးချိုးချွတ်ချွတ်မည်သံများဖြင့်တောက်ပလာ၏၊ တိုးရိစ်သည်လည်း သူ၏ လေးကြိုးကိုတင်လိုက်၏၊ အိုလက်ဂ်သည်လည်း ချိန်းကြိုးများတွဲထားသည့် သူ၏ တူကြီးကို ၀ှေ့ရမ်းလိုက်သည်၊ အာကင်ဖိသည် သူ၏ လက်ဖ၀ါးဖြန့်လိုက်ပြီး သစ်ကိုင်းတစ်ခုနှင့်တူသည့် အစိမ်းရောင်လေးတစ်လက်ကို ဆင့်ခေါ်လိုက်သည်။

"တိုက်ခိုက်ကြ၊ တိုက်ခိုက်ကြ၊ တိုက်ခိုက်ကြ"

ဤအခိုက်တန့်တွင် လူတိုင်း၏ စိတ်ထဲတွင် တိုက်ခိုက်ရန်သာရှိနေပြီး သူတို့၏စွမ်းအားများကို အမြင့်ဆုံးထုတ်လွှတ်လိုက်ကြသည်။

သို့သော် နဂါးသတ်မဟာမိတ်အဖွဲ့မှ လအဆင့်သိုင်းဆရာများထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခုဖြစ်ပျက်သွားသည်။

"၀ုန်း ၀ုန်း ၀ုန်း ၀ုန်း"

သိပ်မ၀ေးသောနေရာတွင်ရှိနေသည့် အဖြူရောင်လက်ထပ်ခြင်းအခမ်းနားအဆောက်ဦး၏ ကိုးထပ်မြောက်အဆင့်မှနေ၍ ရွှေရောင်ဓားသွားစွမ်းအင်လေးခုပျံသန်းလာသည်။ နတ်ဘုရား၏အလင်းရောင်များကဲ့သို့ပင် ဓားသွားစွမ်းအင်များ၏ တောက်ပမှုသည် မျက်စိစူးရှစေပြီး နေရာတွင်ရှိနေသည့် လူများ၏ မြင်ကွင်းများကိုပင် ၀ေ၀ါးသွားစေသည်။ နတ်ဘုရားများ၏ အမျက်ဒေါသပါ၀င်နေသလိုပင်။

ကောင်းကင်အား ဖြတ်သန်းကာ ဓားသွားစွမ်းအင်များသည် တိုက်ပွဲဖြစ်ပွားတော့မည့်နေရာသို့ ၀င်ရောက်လာ၏။

"အား.."

"အား...သေစမ်း"

"အမလေး ကယ်ပါဦး"

"အား သေပါပြီ"

ခနအတွင်းမှာပင် ကြောက်မက်ဖွယ်အော်သံများ ထွက်ပေါ်လာ၏။ အလွန်ကျယ်လောင်သည့်အတွက် လူများ၏ နားစည်ကိုပျက်စီးစေလုနီးနီးပင်။ တစ်ချိန်တည်းမှာပင် ထိုလအဆင့်သိုင်းဆရာများသည်လည်း တုန်လှုပ်သွားရသည်။

နောက်အခိုက်တန့်တွင် သွေးများသည် ကောင်းကင်ပေါ်သို့ ပန်းပွင့်များကဲ့သို့ ဖြာထွက်ကုန်ကာ လှပနေသလိုပင်။ အခိုက်တန့်တစ်ခုကြာခန့် သွေးများ၊ အသားစများ၊ အရိုးများ၊ ကြိုးပဲ့သွားသည့် ချပ်၀တ်များ၊ လက်နက်များ...

နတ်ဆိုးသားရဲများကဲ့သို့ပင် အရှေ့သို့ ပြေး၀င်လာခဲ့သည့် ပ၀ါများနှင့် လအဆင့်သိုင်းဆရာလေးယောက်တို့၏ အော်ဟစ်သံသည် ကောင်းကင်ရံတွင် ဟိန်းထွက်သွား၏။ သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပေါက်ကွဲထွက်သွားပြီး နေရာတစ်၀ိုက်ကို သူတို့၏ သွေးများဖြင့် ချယ်သလိုက်သည်။

"သေစမ်း.."

"ဘာလဲဟ နောက်ဆုတ်ကြ"

"အတော်စွမ်းအားကြီးတာပဲ။ ဘယ်သူလဲ...အခုတိုက်ခိုက်လိုက်တာဘယ်သူလဲ"

"သေစမ်း..အဲ့တာချမ်းဘော့ဒ်ဘုရင်ပဲ၊ ဘုရင်လုပ်လိုက်တာ..."

နဂါးသတ်စစ်ဆင်ရေး၏ လအဆင့်သိုင်းဆရာများအားလုံး ကြောက်လန့်သွားကြသည်။ သူတို့သည် စွမ်းအားကင်းမဲ့သလိုခံစားလိုက်ရ၏။ ရွှေရောင်ဓားသွားစွမ်းအင်လေးခုတွင် ပါ၀င်သည့် စွမ်းအားပမာနကို အာရုံခံလိုက်မိပြီးသည့်နောက်တွင် သူတို့အားလုံးရှုံးနိမ့်သွားသလိုခံစားလိုက်ရသည်။ သူတို့ထဲမှ မည်သူမှ ထိုဓားသွားစွမ်းအင်များကို ခုခံနိုင်ခြင်းမရှိသည့်အတွက်ပင်။ သူတို့၏ လောဘများနှင့် မကောင်းသည့်အကြံစည်များသည် ချက်ချင်းလိုလိုပင် ပျောက်ကွယ်သွားတော့၏။

သူသည် အရှေ့သို့ မြန်မြန်ဆန်ဆန်ပြေးတက်လာခဲ့သော်လည်း ပို၍မြန်မြန်ပင် နောက်ဆုတ်သွားလိုက်ကြသည်။

ယခင်က မောက်မာစွာဖြင့်အော်ဟစ်နေခဲ့ကြသည့် လအဆင့်သိုင်းဆရာများသည် ယခုအချိန်တွင် ဖြူဖက်ဖြူယော်မျက်နှာများဖြင့် နောက်ဆုတ်နေကြရ၏။

ရွှေရောင်ဓားသွားစွမ်းအင်များသည် စွမ်းအားကြီးမားလွန်းလှသည်။ ပ၀ါနှင့် သိုင်းဆရာလေးယောက်သည် နောက်ဆုံးလသစ်အဆင့်သိုင်းဆရာများဖြစ်ပြီး လ၀က်အဆင့်သို့ရောက်ခါနီးဖြစ်သော်လည်း ထိုဓားသွားစွမ်းအင်များကို နည်းနည်းလေးမျှပင် ခုခံနိုင်လိုက်ခြင်းမရှိပေ။

တစ်ဖက်သက် သတ်ဖြတ်ခံလိုက်ရ၏။

"ဒါအတော်ဆိုးတာပဲ..." သူတို့အားလုံး တွေးလိုက်မိကြ၏။

"ဟားဟားဟား မိုက်မဲတဲ့ကောင်တွေပဲ။ ရီရတယ်။ ငါရဲ့ ချမ်းဘော့ဒ်တိုင်းပြည်က မင်းတို့လို သတ္တိကြောင်တဲ့ကောင်တွေ ဖျက်ဆီးလို့ရတယ်ထင်နေတာလား..." အေးစက်သည့် အသံတစ်ခုကို လက်ထပ်ခြင်းအခမ်းနားအဆောက်ဦး၏ ကိုးထပ်မြောက်မှကြားလိုက်ရသည်။

ထိုအသံသည် ရက်စက်ကြမ်းကြုတ်ခြင်းမရှိသော်လည်း ခန့်ညားထည်၀ါကာ လူတိုင်းထက်သာလွန်နေ၏။ ကြားလိုက်ရသည့်လူတိုင်း ဒူးထောက်ကာ ကိုးကွယ်လိုစိတ်များပေါက်လာနိုင်စေသည့် အသံမျိုးပင်။

"ချမ်းဘော့ဒ်ဘုရင်"

"ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား"

ဧည့်သည်တော်များအားလုံး အပေါ်သို့ မော့ကြည့်လိုက်ရာ ဘုရင်ငယ်သည် လပ်ထပ်ခြင်းအဆောက်ဦး၏အပေါ်ဆုံးအထပ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်ပြာ၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံနွယ်များသည် လေထဲတွင် လွှ့င်ပျံနေ၏။ မိဖုရားနှစ်ပါးသည်လည်း သူ၏ဘေးတွင်ရှိနေပြီး ရင်ပြင်ပေါ်တွင်ရှိနေသည့်လူများကို ငုံ့ကြည့်နေလျှက်ရှိသည်။

တကယ်တန်းတွင် ဘုရင်၏ မျက်နှာပေါ်မှ အမူယာသည် တည်ငြိမ်နေ၏။ လအဆင့်သိုင်းဆရာ၂၄ယောက်တို့သည် သူ၏ မျက်လုံးများထဲတွင် ဘာာမှမဟုတ်သလိုပင်။ ဆိုးသွမ်းသည့် ကလေးများကို ကြည့်နေသလိုသာဖြစ်နေ၏။

သူ၏ အသွင်ပြင်သည် ထိုသိုင်းဆရာများ၏ ဂုဏ်သရေကို ချက်ချင်းပင် ညိုးနွမ်းသွားစေလိုက်သည်။

ထိုကဲ့သို့ဖြစ်သော်လည်း နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ သိုင်းဆရာများသည် ချမ်းဘော့ဒ်ဘုရင်အား ပြန်လည်ကာ မျက်လုံးခြင်းဆိုင်ကြည့်ရဲခြင်းမရှိပေ။ ရှေးမျိုးနွယ်သားရဲတစ်ကောင်သည် အချိန်အားဖြတ်သန်းလာပြီး သူတို့အား စိုက်ကြည့်နေသလို ခံစားနေရပြီး အနည်းငယ်ပင် တုန်ယဥ်နေကြ၏။

ရက်စက်ကြမ်းကြုတ်သည့် စစ်ပင်လယ်ဓားပြမယ်ဘာ့ပင် ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်နှင့် မျက်နှာခြင်းမဆိုင်ရဲပေ။

ရင်ပြင်၏ အတွင်းနှင့် အပြင်တွင်ရှိနေသည့် ချမ်းဘော့ဒ်ပြည်သူများသည်လည်း တုန်ယဥ်နေကြသည်။ သို့သော် သူတို့သည် ပျော်ရွှင်သည့်အတွက်ကြောင့် တုန်ယဥ်နေကြခြင်းဖြစ်သည်။

ထိုလူသည် သူတို့၏ ဘုရင်ဖြစ်သောကြောင့်ပင်။

သူတို့၏ ပြိုင်ဘက်ကင်းမဲ့သော ဘုရင်။

"စစ်ပင်လယ်ဓားပြကြီး မယ်ဘာ့။ ခင်ဗျားကျုပ်ကို ပြောစရာရှိတယ်ဆို။ ကျုပ်ခင်ဗျားကို အခွ့င်ရေးပေးလိုက်မယ်။ ကျုပ်ရဲ့ မင်္ဂလာပွဲကို နှောင့်ယှက်ရတဲ့ ခင်ဗျားအကြောင်းပြချက်ကို ပြောပြစမ်းပါ။ အဲ့အကြောင်းပြချက်က ခင်ဗျားရဲ့မကောင်းတဲ့အပြုမူကို ဖြေရှင်းနိုင်မလားကြည့်ကြသေးတာပေါ့..." ဖှေးသည် မြင်းလေညှင်းတပ်ဖွဲ့၏ ဂိုဏ်းချုပ်အား စိုက်ကြည့်ကာ တည်ငြိမ်သည့်အသံဖြင့်မေးလိုက်သည်။

တည်ငြိမ်နေသော်လည်း အမှန်ပင်ကြောက်စရာကောင်းလှ၏။

All Chapters