← Chapters

"သိုင်းဆရာတစ်ယောက်၏ နိဂုံး"

Vol. 50 Ch. 778

"သိုင်းဆရာတစ်ယောက်၏ နိဂုံး"

Vol. 50 Ch. 778

"ငါ..." ချမ်းဘော့ဒ်ဘုရင်နှင့် မျက်နှာခြင်းဆိုင်လိုက်ရသည့်အချိန်တွင် မယ်ဘာ့သည် အားနည်းသည့်လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားကို သူကိုယ်တိုင်မြင်လိုက်ရသည့်အတွက်ကြောင့် သူထင်ထားသည်ထက် အဆပေါင်းများစွာကျော်လွန်နေသည်ကို သိလိုက်ရသည်။ ဓားသွားစွမ်းအင်လေးခုတွင်ပါ၀င်နေသည့် စွမ်းအင်များကိုကြည့်ရုံဖြင့်ပင် ထိုဘုရင်ငယ်သည် အနည်းဆုံးလပြည့်နောက်ဆုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်ကာ နေအဆင့်သို့ ရောက်ခါနီးဖြစ်သည်ကို သိလိုက်ရ၏။

ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်လို့မရသည်ကို မယ်ဘာ့ကိုယ်တိုင်သိ၏။ အကယ်၍ သူအတင်းကြပ်လုပ်ပါက သေချာပေါက်သေရမည်ဖြစ်သည်။

သို့သော် အခြေအနေများသည် လက်လွန်ကြက်သွန်ဖြစ်နေပြီးဖြစ်သောကြောင့် နောက်ပြန်ဆုတ်၍မရတော့ပေ။ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအား လေးပေါ်သို့ပြန်တင်နိုင်ခြင်းမရှိတော့သလိုပင်။

တစ်ဖက်သို့လှည့်ပြီး ပို၀ေးသောနေရာတွင်ရှိသောထိုင်ခုံများပေါ်တွင်ထိုင်နေသည့်လူများကို မြင်လိုက်ရပြီးနောက်တွင် မယ်ဘာ့သည် ရုတ်တရက်ယုံကြည်မှုတစ်ချို့ရလာကာ ပြောလိုက်သည်။ "မနေ့ညက ငါတို့အဖွဲ့ရဲ့ ကြေးစားစစ်သည်အယောက်၁၅၀ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ငါ့ရဲ့ညီအကိုတွေကို သတ်လိုက်တာက ချမ်းဘော့ဒ်စစ်သည်တွေလက်ချက်ဆိုတာကို င့ါမှာသတ်သေအလုံလောက်ရှိတယ် အလတ်ဇန္ဒား။ မင်းဘယ်လိုပြန်ပြီးတော့ အလျှော်ပေးနိုင်မလဲ"

"အလျှော်ပေးရမယ် ဟုတ်လား" ဖှေးသည် ကမ္ဘာပေါ်ရှိ အရယ်ရဆုံးဟာသတစ်ခုအား ကြားလိုက်ရသလိုရယ်မောလိုက်သည်။ "ခင်ဗျားက ဒီအခွင့်ရေးကို ဖြုန်းတီးပစ်လိုက်တာပဲ။ ခင်ဗျားကို ဘာဖြစ်လို့ ကျုပ်ကအလျှော်ပေးရမှာလဲ။ ကြေးစားစစ်သည်အယောက်၁၀၀ကျော် တိုင်းပြည်ထဲကို ခွင့်ပြုချက်မရပဲ ဘာလို့ခိုး၀င်လာကြတာလဲ။ အကြောင်းပြချက်ကိုတော့ ခင်ဗျားကိုယ်တိုင်သိမှာပါ။ သူတို့မှာ မကောင်းတဲ့အကြံစည်တွေရှိနေမှတော့ ချမ်းဘော့ဒ်တိုင်းပြည်ဘက်က သုတ်သင်ရမှာပဲ"

"မဖြစ်နိုင်ဖူး။ မြင်းလေးညှင်းတပ်ဖွဲ့က ငါတို့ညီအကိုတွေက ဂုဏ်သရေရှိတဲ့ ကြေးစားစစ်သည်တွေပဲ။ သူတို့မှာ မကောင်းတဲ့အကြံစည်မရှိနိုင်ဘူး။ တကယ်လို့ ရှိခဲ့တယ်ဆိုရင်တောင် ဂိုဏ်ချုပ်ဖြစ်တဲ့ ငါကပဲအပြစ်ပေးသင့်တယ်။ မနေ့ညက ချမ်းဘော့ဒ်မြို့ထဲမှာ ငါရှိနေခဲ့တယ်။ မင်းတို့ ငါ့ညီအကိုတွေကို မသတ်ဖြတ်ခင်မှာ ဂိုဏ်းချုပ်ဖြစ်တဲ့င့ါကို အရင်ဆုံးအကြောင်းကြားသင့်တယ်..." မယ်ဘာ့တ်သည် ဖှေးအား အေးစက်သည့် အပြုံးတစ်ခုနှင့်အတူ ပြန်လည်ကာ မေးခွန်းထုတ်လိုက်သည်။

"ဟားဟားဟား ခင်ဗျားကို အကြောင်းကြားရမယ်ဟုတ်လား။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ" ဖှေးရယ်မောလိုက်သည်။

နောက်အခိုက်တန့်တွင် ဖှေးသည် ရယ်မောနေခြင်းအား ရုတ်တရက်ရပ်တန့်လိုက်ပြီး မယ်ဘာ့တ်အား သနားသည့်မျက်လုံး၊ လှောင်ပြောင်သည့်အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

"မြင်းလေညှင်းတပ်ဖွဲ့က သူတို့ရဲ့စွမ်းအားအစစ်မှန်ကိုတောင် မသိတော့တဲ့ပုံပဲ။ ခင်ဗျားပြောတာမှန်ပါတယ် ခင်ဗျားရဲ့ကြေးစားစစ်သည်တွေကို င့ါစစ်သည်တော်တွေက တစ်ယောက်ခြင်းသတ်ဖြတ်ပစ်လိုက်တာပဲ။ ဒါကိုလည်း ငါငြင်းစရာအကြောင်းမရှိဘူး။ ဒါပေမယ့် မယ်ဘာ့ ခင်ဗျားရဲ့ နာမည်ပြောင်က စစ်ပင်လယ်ဓားပြနော် အဲ့ကြေးစားစစ်သည်အယောက်၁၅၀က ချမ်းဘော့ဒ်တိုင်းပြည်ထဲကို ဘာလို့ရောက်လာခဲ့တယ်ဆိုတာကို ခင်ဗျားတကယ်မသိဘူးပေါ့။ ခင်ဗျားကိုယ်တိုင် လူရွေးပြီးတော့ သူတို့ကို တိုင်းပြည်ထဲခိုး၀င်ခိုင်းခဲ့တာမဟုတ်ဘူးလား။ ကျုပ်ထင်တောင်မထားဘူး ခင်ဗျားက မောက်မာတဲ့လူဆိုပေမယ့် အနည်းဆုံး မှန်ရာပြောရဲတဲ့ သတ္တိတော့ရှိလိမ့်မယ်ထင်ထားခဲ့တာ။ အတော်စိတ်ပျက်စရာကောင်းတာပဲ။ လာခဲ့ပါ ခင်ဗျားရဲ့စစ်သည်တွေအတွက် လက်စားခြေချင်တယ်ဆိုရင် အခုလာလို့ရတယ်။ မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့မှ အဲ့လိုလုပ်နိုင်တဲ့စွမ်းအားမျိုးရှိလားဆိုတာကို ကြည့်ရသေးတာပေါ့..."

"မင်း..." ဖှေး၏ စကားလုံးများသည် မယ်ဘာ့ကို အောင်မြင်စွာရန်စနိုင်လိုက်ပြီး ဂိုဏ်းချုပ်သည် ဒေါသဖြစ်သွား၏။

သူသည် ဖှေးအား မေးခွန်းမေးနေသည့်အချိန်တွင် စကားမမှားစေရန်အတွက် ဂရုစိုက်နေခဲ့ပြီး အနည်းငယ်ပင် လိမ်လိုက်သေးသည်။ ထိုကဲ့သို့ပြုမူခြင်းသည် သူ၏ စတိုင်မဟုတ်ပေ။ သူသည် စစ်ပင်လယ်ဓားပြဖြစ်ပြီး သူ၏ ပုံစံသည် ဒဲ့ရှင်းနေကျဖြစ်သောကြော့င်ပင်။

မူလအစကတည်းက ဖှေးသည် အခြေအနေကိုထိန်းချုပ်ကာ မယ်ဘာ့အား ဖိအားပေးနိုင်ခဲ့သည်။ ထို့ကြောင့် မယ်ဘာ့သည် အားနည်းသည့်လူတစ်ယောက်လို ခံစားနေရပြီး ထိုအချက်သည် သူ့အတွက် ဒေါသဖြစ်စရာပင်။

သူသည် တစ်ဖက်သို့လှည့်ကာအနောက်တွင်ရှိနေသည့် လအဆင့်သိုင်းဆရာနှစ်ယောက်ကို ကြည့်လိုက်သည်။ "အတူတိုက်ခိုက်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်ကို သတ်ပစ်ရအောင်..."

သူ၏စကားမဆုံးခင်မှာပင် မယ်ဘာ့၊ အိုင်းစက်နှင့် စွမ်းအင်အကာရံ၏ တွန်းထုတ်ခြင်းကို ခံခဲ့ရသည့် သတ္တုစွမ်းအင်သုံးလအဆင့်သိုင်းဆရာတို့သည် တစ်ပြိုင်နက် ပြိုင်တူလှုပ်ရှားကာ တိုက်ခိုက်လိုက်ကြသည်။

လွန်ခဲ့သည့်နှစ်များတွင် မယ်ဘာ့သည် ဒေသတစ်၀ိုက်တွင် စွမ်းအားအကြီးမားဆုံးလူများထဲမှ တစ်ယောက်ပင်။ သူ၏လက်အောက်တွင် လအဆင့်သိုင်းဆရာများစွာရှိသည့်အပြင် သူကိုယ်တိုင်သည်လည်းစွမ်းအားမြင့် သိုင်းဆရာတစ်ယောက်ဖြစ်သည်။

သူ၏စွမ်းအင်မီးတောက်များကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး သူ၏ အရှိန်၀ါမှနေ၍ အနည်းဆုံး လယ်ဗယ်၈ သို့ လယ်ဗယ်၉ လပြည့်နောက်ဆုံးအဆင့်ရှိသည်ကို ဖှေးသိလိုက်ရသည်။

သူတို့သုံးယောက်သည် စွမ်းအားမြင့်သိုင်းဆရာများစွာကို မကြာခနတိုက်ခိုက်ဖူးသည့်အတွက်ကြောင့် ချောမွေ့စွာပူးပေါင်းတိုက်ခိုက်နိုင်ကြသည်။ သူတို့၏ စွမ်းအားများသည် အခြင်းခြင်းပြည့်စုံစွာစုပေါင်းသွား၏။ ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ပင် အရှိန်ဟုန်ဖြင့် ဖှေးထံသို့ စီး၀င်လာ၏။

ကြောက်မက်ဖွယ်ခံစားချက်တစ်ခုသည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူတို့၏ သိုင်းကွက်များသည် မြောက်ဘက်တွင်ရှိသော အဆောက်ဦး၏ ကိုးထပ်မြောက်တွင်ရပ်နေသည့် ဖှေးထံသို့ ပျံသန်းသွား၏။

သူတို့၏ ပူးပေါင်းတိုက်ခိုက်ခြင်းသည် ကြောက်မက်ဖွယ်ပင်။ ထိခိုက်စေနိုင်စွမ်းသည် နေအဆင့်သို့ ရောက်ခါနီး လအဆင့်နောက်ဆုံးသိုင်းဆရာတစ်ယောက်၏ စွမ်းအားအမြင့်မားဆုံးသိုင်းကွက်လိုပင်။

လူတိုင်းအသက်အောင့်ကာာ ဤတိုက်ပွဲအပေါ်တွင်အာရုံစိုက်နေကြသည်။ သေစေနိုင်သည့် အချိန်ဖြစ်သောကြောင့်ပင်။

ဘုရင်သည် ထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအားကိုပြသခဲ့သော်လည်း လအဆင့်သိုင်းဆရာသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခုခံနိုင်ရန်မှာလွယ်ကူလိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုလူများသည် ချမ်းဘော့ဒ်ဘုရင်ကို အချိန်ဆွဲထားနိုင်ပါက ကျန်ရှိနေသည့် ချမ်းဘော့ဒ်သိုင်းဆရာများသည် အခြေနေကောင်းလိမ့်မည်မဟုတ်ပေ။

နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့တွင်စစ်သည်အင်အား သာလွန်နေသောကြောင့်ပင်။

သို့သော် အရာရာသည် စီစဥ်ထားသလိုမဖြစ်ခဲ့ပေ။

"မြင်းလေညှင်းတပ်ဖွဲ့ရဲ့ စွမ်းအားဆိုတာဒါလား။ စိတ်မကောင်းပေမယ့် ဒီလောက်နဲ့တော့ မရသေးဘူး..."

လက်ထပ်ခြင်းအဆောက်ဦးပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးသည် ခေါင်းကို ညှင်သာစွာခါရမ်းကာ သူ၏လက်ကို မြှောက်လိုက်သည်။

ကြီးမားသည့် ရွှေရောင်လက်ဖ၀ါးကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင်ပေါ်လာ၏။ ထိုလက်ဖ၀ါးသည် အလွန်ထင်ရှားပြတ်သားသည့်အတွက်ကြောင့် လက်ချောင်းများ၊ အမွှေးများ၊ ချွေးပေါက်များ၊ သွေးကြောများ စသည့်အသေးစိတ်အချက်လက်တို့ကိုပင်မြင်နေရ၏။ နတ်ဘုရားတစ်ပါး၏ လက်ဖ၀ါးလိုပင် ဖော်ပြ၍မရနိုင်သည့် ကြီးကျယ်ခမ်းနားသော အရှိန်၀ါသည် အရာရာကိုလွှမ်းခြုံသွား၏။

ဖှေးလက်သီးဆုပ်လိုက်သည့်အချိန်တွင် စွမ်းအင်များဖြင့်ပြုလုပ်ထားသည့် ရွှေရောင်လက်ဖ၀ါးကြီးသည်လည်း လက်သီးဆုပ်လိုက်၏။ လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ပြီး အလွန်ဖြေညှင်းစွာဖြစ်ပျက်နေသည်ဟုထင်ရ၏။ အ၀ေးမှကြည့်ပါက ရွှေရောင်ကြာပန်းပွင်တစ်ခုသည် ဖြေးညှင်းစွာဖြင့် အဖူးငုံအဖြစ်သို့ ပြန်လည်ပြောင်းလဲနေသလိုပင်။ လှပသည့်မြင်ကွင်းတစ်ခုဖြစ်၏။

လက်၀ါးသည် လက်သီးအဖြစ်သို့ ပြောင်းလဲသွားသည်။

"ပြိုင်ဘက်ကင်း အင်ပါယာအရှင်သခင်လက်သီး"

ဖှေးသူ၏လက်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် မီတာ၀က်ခန့်ရှိသည့် လက်သီးကြီးသည် အရှေ့သို့ ပျံသန်းသွား၏။

ထိုအရာအားများအားလုံးသည် တစ်စက္ကန့်မျှသောအချိန်တွင်ဖြစ်ပွားသွားခြင်းဖြစ်၏။

လက်သီးလှုပ်ရှားသွားခြင်းမှလွဲ၍ မည်သည့်အရာမှဖြစ်ပွားသွားခဲ့ခြင်းမရှိပေ။ ကြောက်မက်ဖွယ်ဖိအားနှင့် စွမ်းအင်အရှိန်၀ါများလည်း ထွက်ပေါ်လာြခင်းမရှိပေ။

နှိုင်းယှဥ်ကြည့်ပါက ဖှေးပစ်လွှတ်လိုက်သည့်စွမ်းအင်လက်သီးသည် လအဆင့်သိုင်းဆရာသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်နှိုင်းယှဥ်ပါက စွမ်းအားမြင့်မားသည့် နဂါးကြီးတစ်ကောင်၏ ရှေ့သို့ ဖှေးမှ လိပ်ပြာလေးတစ်ကောင်ပစ်လွှတ်လိုက်သလိုပင်။ ထိုကဲ့သို့သော အမြင်ပိုင်းအသွင်ပြင်ကြောင့် ချမ်းဘော့ဒ်ဘုရင်၏ သိုင်းကွက်သည် သုံးယောက် ပူးပေါင်းတိုက်ခိုက်ခြင်းအား ခုခံနိုင်လိမ့်မည်မဟုတ်ဟု လူပေါင်းများစွာမှ ထင်လိုက်မိကြ၏။

သို့သော် အမှန်တရားသည် ထိုကဲ့သို့မဟုတ်ပေ။

စွမ်းအင်နှစ်ခုထိတွေ့လိုက်မိသည့်အချိန်တွင် အရာရာသည် ခန့်မန်းထားသည်များနှင့်သွေဖယ်သွား၏။ ထောပတ်ခဲတစ်ခုအား ပူလောင်နေသည့် ဓားတစ်လက်ဖြင့် လှီးဖြတ်လိုက်သလိုပင်။ ဖှေး၏ ရွှေရောင်စွမ်းအင်လက်သီးသည် သိုင်းဆရာသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်ခြင်းအား ထူးခြားသည့်နည်းလမ်းတစ်ခုဖြင့် ဖျက်ဆီးပစ်လိုက်သည်။

ရွှေရောင်စွမ်းအင်လက်သီးနှင့် ထိတွေ့လိုက်မိသည့်အချိန်တွင် ပူးပေါင်းသိုင်းကွက်ကြောင့်ဖြစ်ပေါ်နေသည့် စွမ်းအင်အရှိန်၀ါများ၊ ဖိအားများသည် လျှင်မြန်စွာပျောက်ကွယ်သွား၏။

"ဖုန်း ဖုန်း.."

မြင်းလေညှင်းတပ်ဖွဲ့၏ အကြံပေးဖြစ်သူ အိုင်းစက်နှင့် သတ္တုစွမ်းအင်သုံးလအဆင့်သိုင်းဆရာတို့သည် မြေပြင်ပေါ်သို့ ပြန်ကျလာပြီးသည်နှင့်တပြိုင်နက် သူတို့၏ ခန္ဓာကိုယ်များပေါက်ကွဲသွားကြကာ ရင်ပြင်အားသွေးများဖြင့် ချယ်သလိုက်သည်။

မယ်ဘာ့သည်လည်း အခြေနေမကောင်းလှပေ၊ သူ၏ခန္ဓာကိုယ်သည် သွေးများ ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် သူ၏ အရေပြားအောက်တွင် ကောင်းဆိုး၀ါးတစ်ကောင်သွားနေသလို ဖောင်းကြွလှုပ်ရှားနေလျှက်ရှိသည်။

ယခုအချိန်တွင် သူသည် ဆုံးဖြတ်ချက်များအားလုံးကို နောင်တရနေ၏။

သူသည် ရတနာများစွာရရှိလိမ့်မည်ဟု ကမ်းလှမ်းလာသော်လည်း နဂါးသတ်စစ်ဆင်ရေးတွင် ပါ၀င်ရန်အတွက် လက်မခံခဲ့သင့်ပေ။ ချမ်းဘော့ဒ်တိုင်းပြည်သို့ လာခဲ့ခြင်းကြောင့် မြင်းလေညှင်းတပ်ဖွဲ့၏ စွမ်းအားမြင့်သိုင်းဆရာများစွာ ဆုံးရှုံးသွားခဲ့သည်။

ထို့အပြင် နဂါးသတ်စစ်ဆင်ရေးအားစီစဥ်ခဲ့သည့်လူသည် ထိုင်ရာမှ မထပဲဖြစ်ပျက်သမျှအားလုံးကိုသာ သူနှင့်မဆိုင်သလို ကြည့်နေသည်ကိုလည်း သူအံ့သြမိသည်။

"မင်း...မင်းပျော်မနေနဲ့...မြင်းလေညှင်းတပ်ဖွဲ့ရဲ့ ဂိုဏ်းချုပ်အစစ်က မင်းရဲ့ချမ်းဘော့ဒ်တိုင်းပြည်ငယ်လေးကို ဖျက်ဆီးပစ်လိမ့်မယ်...မင်းလဲ သေရ..လိမ့်မယ်...အား..."

မယ်ဘာ့သည် နောက်ဆုံးစကားကိုပြောပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဖှေး၏ အတွင်းအားစွမ်းအင်များကို ဆက်လက်ဖိသိပ်ထားနိုင်စွမ်းမရှိတော့ပဲ သူ၏ခန္ဓာကိုယ်သည် လေပူဖောင်းတစ်လုံးလိုဖောင်းလာကာ ပေါက်ကွဲထွက်သွားတော့သည်။

"ဖုန်း..."

သူ၏လူယုံနှစ်ယောက်လိုပင် သူ၏ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားပြီး သွေးများ၊ အသားစများ၊ အရိုးစများသည် အရပ်မျက်နှာအနှံ့သို့ လွှင့်စင်သွားတော့သည်။

ကျော်ကြားသော သိုင်းဆရာတစ်ယောက် နိဂုံးချုပ်သွားပြီဖြစ်သည်။

မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့သည်လည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။

All Chapters