← Chapters

"ငါသူ့ကို သတ်လို့ရလား"

Vol. 50 Ch. 779

"ငါသူ့ကို သတ်လို့ရလား"

Vol. 50 Ch. 779

"တိတ်ဆိတ်မှု"

"ငြိမ်သက်မှု"

"ဆုတ်ခွာနေကြခြင်း"

"ကြောက်လန့်တကြား ဆုတ်ခွာနေကြခြင်း"

ရင်ပြင်ပေါ်တွင် ရပ်နေကြသည့် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ လအဆင့်စစ်သည်များသည် ယခုအချိန်တွင် အသံမထွက်ပဲ ဆုတ်ခွာရုံသာ တတ်နိုင်တော့၏။

သူတို့သည် အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟုထင်ထားခဲ့သော်လည်း ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင် စွမ်းအားများပြသလိုက်သည့်အချိန်တွင် သူတို့သည် နဂါးတစ်ကောင်အား ရန်စလိုက်မိသည့် သိုးများကဲ့သို့ခံစားလိုက်ရ၏။ ဤသည်မှာ ရယ်စရာပင်။

သူတို့၏ လူအင်အားသာလွန်မှုသည် စွမ်းအားကြီးမားမှုအောက်တွင် လုံး၀အသုံးမ၀င်ဖြစ်သွားတော့၏။ သူတို့အားလုံး ချမ်းဘော့ဒ်ဘုရင်ကို စုပေါင်း၍တိုက်ခိုက်စေကာမူ အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။ သူတို့အားလုံးသာ သေဆုံးသွားမည်ဖြစ်၏။ မယ်ဘာ့နှင့် သူ၏လူယုံနှစ်ယောက်တို့သည် အကောင်းဆုံးသာဓကပင်။

ယခုအချိန်တွင် မင်းသားဆိုင်မွန်နှင့် မင်းသားဆာ့ခ်တို့နှစ်ဦးလုံးကြောက်လန့်ကာ ဖြူဖက်ဖြူယော်မျက်နှာများဖြင့် တုန်ယဥ်နေကြသည်။

သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အား ရန်စခဲ့စဥ်က ပြောခဲ့သည့်စကားများကို ပြန်တွေးလိုက်မိကြသည်။ သူတို့သည် ချမ်းဘော့ဒ်ဘုရင်ကိုပင် နာမည်တပ်ခေါ်ခဲ့မိကြ၏။ ဤသည်မှာ သေမင်းကို အနမ်းပေးလိုက်မိသလို။ မီးနှင့်ကစားလိုက်မိသလိုပင်။

ဖှေး ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ သူကြည့်လိုက်သည့်လူများအားလုံး ခေါင်းငုံ့သွားရသည်။

နဂါးသတ်စစ်ဆင်ရေးမှ လအဆင့်သိုင်းဆရာများသည် အနောက်သို့ ဆုတ်ခွာနေရပြီး နောက်သို့ ဆုတ်နေရပြီး သူတို့၏ ကြောများပင် တောင်ဘက်ပိုင်းတွင်ရှိသည့် ထိုင်ခုံများနှင့် ကပ်နေတော့သည်။ ယခုအချိန်တွင် သူတို့သည် ထိုင်နေဆဲဖြစ်သည့် ဧည့်သည်များကိုပင် အားကျနေပြီး ခုန်ထကာ ချမ်းဘော့ဒ်တိုင်းပြည်အား ရန်စလိုက်ခဲ့မိသည့်အတွက်ကြောင့် နောင်တရနေကြ၏။

"အခုချိန်မှာ ငါသာထိုင်ခုံမှာ ထိုင်နေတုန်းဆို အတော်ကောင်းမှာပဲ..." သူတို့တွေးလိုက်မိကြသည်။

"၀ုတ် ၀ုတ် ၀ုတ်"

မင်းသား ဒိုမင်းဂူ၏ မသန်စွမ်းခွေးလေးအိုကာ၏ ဟောင်သံထွက်ပေါ်လာသည်။

ထူးဆန်သည့် တိတ်ဆိတ်မှုအောက်တွင် အိုကာ၏ ဟောင်သံသည် နားစူးရှကာ ကြောက်မက်ဖွယ်ပင်။

"ဒါက ကြီးမြတ်တဲ့မြေပါ...မိတ်ဆွေအားလုံးကိုနွေးထွေးစွာကြိုဆိုပေမယ့်...၀ံပုလွေတွေရောက်လာခဲ့ရင်တော့ လှံတွေမြှားတွေနဲ့ လက်ခံပေးပါမယ်.."

ချမ်းဘော့ဒ်သားများဆိုနေသည့်သီချင်းကို ဧည့်သည်များ၏ နားထဲတွင် ကြားနေရဆဲဖြစ်ပြီး စာသားများ၏ အဓိပ္ပါယ်ကို ပို၍နက်နက်ရှိုင်းရှိုင်းသိလာရ၏။

"နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့ဆိုတာက ဟာသတစ်ခုလိုပါပဲ..." ဖှေးသည် ခေါင်းခါရမ်းကာ တွေးလိုက်မိသည်။

သူ့အား ရင်ဆိုင်နေသည့် ရန်သူများသည် လအဆင့်သိုင်းဆရာများဖြစ်ကြသော်လည်း သူတို့၏ ရဲစွမ်းသတ္တိသည်၊ ဥပဒေပြုအရာရှိများ၊ စိန့်-ဆဲယာများနှင့် နှိုင်းယှဥ်ပါက အားနည်းနေ၏။ သက်တောင့်သက်သာနေရခြင်းသည် ထိုသိုင်းဆရာများကို ပျက်ဆီးစေခဲ့သလိုပင်။ သူတို့၏ စိတ်ဓာတ်များကို ပျော့ညံ့စေ၏။

ချမ်းဘော့ဒ်ဘုရင်၏ စကားလုံးများသည် လှောင်ပြောင်နေသော်လည်း လအဆင့်သိုင်းဆရာများ ဒေါသမဖြစ်ရဲပေ။ တကယ်တန်းတွင် ချမ်းဘော့ဒ်ဘုရင်နှင့် မျက်လုံးခြင်းပင်မဆုံရဲကြပေ။

စွမ်းအားခြင်းကွာဟမှုသည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အား စိတ်ဓာတ်ကျဆင်းစေလျှက်ရှိ၏။

တစ်ချို့ဆိုလျှင် အသက်ရှင်ခွင့်ရစေရန်အတွက် အညံ့ခံရန်ကိုပင်တွေးနေကြ၏။

သို့သော် ဤအခိုက်တန့်တွင်--

"ဖျောင်း ဖျောင်း ဖျောင်း ဖျောင်"

လက်ခုပ်သံတစ်ခုထွက်ပေါ်လာ၏။

လူအတိုင်းအံ့သြသွားပြီး အသံထွက်ပေါ်လာသည့်နေရာသို့ကြည့်လိုက်သည်။

အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် အနောက်ဘက်တွင်ရှိနေသည့် ထိုင်ခုံများထံမှ ထရပ်လိုက်သည်။

သူသည် အရပ်ရှည် ထွားကျိုင်းခြင်းမရှိပဲ သူ၏ သာမန်မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခုရှိနေ၏။

သူသည် လက်ခုပ်တီးနေရင်းဖြင့် ရင်ပြင်အလည်သို့လမ်းလျှောက်လာကာ ရယ်မောလိုက်သည်။ "ကောင်းတယ် ဒါအတော်ကောင်းတာပဲ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား။ မင်းက င့ါကို စိတ်မပျက်စေဘူးပဲ။ လပြည့်နောက်ဆုံးအဆင့်။ နေအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ မင်းက ငယ်သေးတယ်ဆိုပေမယ့် ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်။ တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ မင်းဂုဏ်ယူသင့်တယ်...မင်းရဲ့ စွမ်းအားက ငါနဲ့ထိုက်တန်တယ်..."

မောက်မာသည့် စကားလုံးများပင်။

ဤအသက်လတ်ပိုင်းအရွယ်လူ၏ အပြုမူအား ရှင်းပြရန်အတွက် အကြောင်းပြချက်နှစ်ခုသာရှိ၏။ သူသည် စောက်ပိန်းတစ်ယောက်မဟုတ်ပါက အမှန်တကယ်စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ပင်။

အဖြေအား မကြာခင်သိရလိမ့်မည်ဖြစ်သည်။

ကျယ်ပြန့်သောစွမ်းအင်များသည် ထိုလူ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင်ပေါ်လာပြီး သစ်တောဂုဏ်သတ္တိအတွင်းအားစွမ်းအင်မီးတောက်များ တောက်ပလာတော့သည်။ ထိုစွမ်းအင်သည် ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားပြီး အပင်မျိုးစုံစတင်၍ ပေါက်လာတော့၏။ မကြာမှီတွင် ရင်ပြင်ပေါ်တွင် ခင်းထားသည့် အုတ်ပြားများကြားမှ မြက်ပင်များထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံး မြက်ခင်းပြင်တစ်ခုလိုဖြစ်သွားတော့၏။

ထိုလူသည် ပတ်၀န်းကျင်အနေထားကိုပင် ပြောင်းလဲနိုင်သည့်အတွက် လပြည့်နောက်ဆုံးအဆင့် နေအဆင့်သို့ ခြေလှမ်းနေပြီဖြစ်သည့် သိုင်းဆရာတစ်ဦးပင်။

အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသည့် သာမန်ကဲ့သို့ထင်ရသောလူသည် တကယ်တန်းတွင် နေအဆင့်သို့ရောက်ခါနီး စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ပင်။

"ငါက ဘရန်ဒို။ လီယွန်အင်ပါယာရဲ့ တော်၀င်သက်တော်စောင့်တပ်ဖွဲ့ခေါင်းဆောင်ပဲ အလတ်ဇန္ဒား။ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ပါ။ အဲ့လိုမှပဲ ငါမင်းကို သတ်စရာမလိုတော့ပဲ မင်းက ဂုဏ်သရေရှိတဲ့ သေဆုံံးခြင်းကို ရနိုင်သေးတယ်။ မင်းသေပြီဆိုရင် ချမ်းဘော့ဒ်ပြည်သူတွေပုန်ကန်မှုမလုပ်ဘူးဆိုရင် ပြည်သူတွေကို ချမ်းသာပေးမယ်လို့ ငါကတိပေးတယ်.."

ထိုလူသည် စကားပြောနေရင်းဖြင့် ဖှေးရှိနေသည့် ကိုးထပ်မြောက်ပေါ်သို့ ဦးတည်လာနေလျှက်ရှိသည်။ ထိုခြေလှမ်းလိုက်သည့်အချိန်တိုင်း ခြေထောက်အောက်တွင် နွယ်ပင်များပေါက်လာပြီး သူ့အား လေပေါ်တွင်ရပ်နိုင်အောင်ပြုလုပ်ပေးနေ၏။ ထည်၀ါသည့်မြင်ကွင်းတစ်ခုပင်။

ဖှေး၏ နှုတ်ခမ်းများတွန့်လိမ်သွားသည်။ သို့သော် လည်း မဆဲမိအောင် ထိန်းချုပ်လိုက်ရ၏။

ဘုရင်သည် သူ့ကိုယ်သူဟိတ်ဟန်များသည့်လူတစ်ယောက်ဟုထင်သော်လည်း သူ့ထက်ဟိတ်ဟန်များသည့်လူတစ်ယောက်အား မြင်လိုက်ရသည့်အတွက်ပင်။

"ဒီဘဲခေါင်းများထိထားတာလား။ သူ့ပါးစပ်ဟလိုက်တာနဲ့ တစ်ခြားလူတွေကို ကိုယ့်ကိုယ်ကိုယ်သတ်သေခိုင်းနေတာပဲ။ လီယွန်အင်ပါယာကလူတွေအကုန် ဒီလိုပဲလား။ လီယွန်အင်ပါယာက နံပါတ်၁မှော်ဆရာ ဒိုမိန်းလဲ ဒီဘဲလိုပဲ။ ဒိုမိန်းနဲ့ ဘရန်ဒို ဘယ်သူကပိုပြီး ရယ်စရာကောင်းလဲဆိုတာတောင် ငါမပြောတတ်တော့ဘူး.."

ဖှေးထံမှ တုန့်ပြန်မှုတစ်စုံတစ်ရာကို မြင်ရခြင်းမရှိသည့်အတွက်ကြောင့် အဖြူရောင်၀တ်ရုံနှင့် ဘရန်ဒိုသည် မျက်မှောင်ကြုံ့ကာအော်ဟစ်လိုက်သည်။ "ဘာလဲကွ။ မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ်သတ်မသေသေးတာလဲ။ မင်းက တကယ်ပဲ င့ါလက်က လွတ်နိုင်မယ်ထင်နေတာလား..."

ထိုကဲ့သို့ပြောနေရင်းဖြင့် ထိုလူသည် သူ၏လက်ကို ဂုဏ်ယူစွာ၀ှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် ငွေရောင်ဓားတစ်လက်သည် သူ၏လက်ထဲတွင်ပေါ်လာကာ ထိုဓားနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခုကိုပါယူဆောင်လာ၏။ ဓားကို ကိုင်ဆောင်လိုက်သည့်အခါတွင် ဘရန်ဒို၏ စွမ်းအားများသည် ၇ဆ၈ဆခန့်မြင့်မားသွား၏။

လယ်ဗယ်၈ လက်စွဲတော်လက်နက်တစ်ခုပင်။

ထိုဓားသည် လယ်ဗယ်၈လက်စွဲတော်လက်နက်တစ်ခုဖြစ်၏။

အဖြူရောင်၀တ်ရုံနှင့် ဘရန်ဒိုသည် မောက်မာသည်မှာ မဆန်းကျယ်လှပေ။ သူသည် အဆင့်မြင့်လက်စွဲတော်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသလို၊ သူ၏ ကိုယ်ပိုင်စွမ်းအားသည်လည်း နေအဆင့်နှင့်နီးကပ်နေသည့်အတွက်ကြောင့် သူသည် အဆင့်တက်ပြီးခါက နေအဆင့်သခင်တစ်ယောက်နှင့်ပင် နှိုင်းယှဥ်နိုင်၏။ ထို့ကြောင့်သူသည် ချမ်းဘော့ဒ်ဘုရင်အား လွယ်ကူစွာအနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်ရှိနေခြင်းပင်။

"ဟမ် အေး ကောင်းပြီလေ မင်းက အညံ့မခံဘူးဆိုမှတော့ မင်းကို မျှော်လင့်ချက်မဲ့အောင်လုပ်ပေးရမှာပေါ့..." ဖှေး၏ မျက်နှာပေါ်တွင် အကြောက်လန့်မရှိသည်ကို မြင်ရသည့်အတွက်ကြောင့် ဘရန်ဒိုဒေါသဖြစ်သွား၏။

သူ၏မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခုနှင့်အတူ လယ်ဗယ်၈လက်စွဲတော်လက်နက်အား ကိုင်စွဲလိုက်ရာ သူ၏စွမ်းအားများသည် မိုးပေါ်သို့ ရောက်သည်အထိပင် ထောင်တက်သွားတော့သည်။ သူသည် စတင်၍ တိုက်ခိုက်တော့မည်ဖြစ်သည်။

"စောက်ရူး" ဖှေးသည် စိတ်မထိန်းနိုင်တော့ပဲ စိတ်ထဲမှ ကျိမ်ဆဲလိုက်မိသည်။ သူသည် ဤယင်ကောင်အား သေဆောင်ဆုံးမတော့မည့်အချိန်တွင် တိတ်ဆိတ်နေခဲ့သည့် အယ်လီနာသည် ဖှေး၏ အင်္ကျီစကိုဆွဲကာပြောလိုက်သည်။ "အလတ်ဇန္ဒား ငါသူ့ကို သဘောမကျဘူး။ သတ်လို့ရလား"

အယ်လီနာ၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်းသူမ၏အသံကို ရှင်းလင်းစွာကြားလိုက်ရသည်။ ရလဒ်အနေဖြင့် သူတို့အားလုံး တုန်လှုပ်သွားတော့၏။

ပါးစပ်အဟောင်းသားဖြင့် ကြားလိုက်ရသည်ကိုပင်မယုံနိုင်ဖြစ်နေကြ၏။

"ချမ်းဘော့ဒ်ဘုရင်တင် မောက်မာပြီးတော့စွမ်းအားမြင့်မားတာမဟုတ်ပဲ..သူ့မိဖုရားကလည်းအတော်မာနကြီးတာပါလား.." လူများတွေးလိုက်မိကြသည်။ "တစ်ချို့လူတွေပြောတာတော့ ချမ်းဘော့ဒ်ဘုရင်မ အယ်လီနာက အရည်ချင်းရှိတဲ့လေးသည်တော်တစ်ယောက်လို့ပြောတယ်။ ဒါပေမယ့် နေအဆင့်ရောက်ခါနီးသိုင်းဆရာတစ်ယောက်နဲ့ယှဥ်နိုင်လောက်တဲ့ထိတော့ စွမ်းအားကြီးမားတယ်လို့ သတင်းအချက်လက်တွေထဲမှာမပါဘူး။ ဒါပေမယ့် သူမအသံနေအသံထားအရဆိုရင် ဒီမိန်းမလှလေးက လယ်ဗယ်၆လက်စွဲတော်လက်နက်ကိုင်ထားတဲ့ ဘရန်ဒိုကို သားသတ်ရုံထဲက ၀က်တစ်ကောင်လိုသဘောထားတဲ့ပုံပဲ"

ချမ်းဘော့ဒ်ဘုရင်မ အယ်လီနာသည် ရန်သူ၏ စွမ်းအားကို သေချာမသိသည့်အတွက်ကြောင့် ချမ်းဘော့ဒ်ဘုရင်ရှေ့တွင် ချစ်စရာကောင်းအောင်လုပ်နေခြင်းသာဖြစ်သည်ဟု ဧည့်သည်များအားလုံးတွေးလိုက်မိကြသည်။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် အယ်လီနာ၏ စကားကို အလေးနက်စဥ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ..ဒါမယ့် မြန်မြန်တော့လုပ်နော်.."

ထိုအရာကို ကြားသည့်အချိန်တွင် ဧည့်သည်များအားလုံး ထက်မံ၍ တုန်လှုပ်သွားရ၏။

"ချမ်းဘော့ဒ်ဘုရင်ရဲ့ ဦးနှောက်လဲအလုပ်မလုပ်လုပ်တော့တာလား။ ဘာလို့ သဘောတူလိုက်တာလဲ..." လူများတွေးလိုက်မိကြသည်။

"ဟားဟားဟား မောက်မာလှချည်လား ငါကမင်းတို့သုံးယောက်လုံးကို သရဲတစ္ဆေတွေဖြစ်သွားအောင်ပြောင်းလဲပေးလို့ရတယ်။ မင်းတို့ ငရဲပြည်မှာ ဆက်ချစ်လို့ရတာပေါ့..." ဖှေးနှင့် အယ်လီနာတို့ပြောနေသည့် စကားများကိုကြားသည့်အချိန်တွင် ဘရန်ဒိုမှာ ဒေါသဖြစ်သွား၏။ သူ့အား စောက်ရေးမပါသည့်လူတစ်ယောက်လို ပြောနေသည့်အတွက်ကြော့င်ပင်။

လယ်ဗယ်၈ လက်စွဲတော်လက်နက်ကို ကိုင်ဆောင်ထားရင်းဖြင့် သူ၏ စွမ်းအင်များကို အမြင့်ဆုံးထုတ်လွှတ်လိုက်သည်။ စွမ်းအားအရှိန်၀ါတို့မှာ တောက်ပလွန်းသည့်အတွက်ကြောင့် လူတိုင်းမျက်လုံးများကို ဖွင့်ထားနိုင်ရန်ပင်ခက်ခဲနေ၏။ စွမ်းအင်အကာရံ၏အနောက်တွင်ရှိနေသည့် ချမ်းဘော့ဒ်ပြည်သူများမှလွဲ၍ လအဆင့်သို့ မရောက်သေးသည်ရင်ပြင်ပေါ်ရှိ ဧည့်သည်များအားလုံးသည် မြေပြင်ပေါ်သို့ လဲကျကုန်ကြ၏။

သူတို့၏မျက်လုံများရှေ့တွင် ၀တ်စုံအနီ၀တ်ဆင်ထားသည့် အယ်လီနာသည် စင်မြင့်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ရပ်နေပြီး ဤအရာများအားလုံး၏ သက်ရောက်ခြင်းမရှိသည်ကို တွေ့နေရ၏။

သူမ၏ လက်များကို ညင်သာစွာဆန့်တန်းလိုက်သည့်အချိန်တွင် ရိုးရှင်းသော်လည်း ရှေးကျသည့် လေးတစ်လက် သူမ၏လက်အတွင်းသို့ ရောက်ရှိလာ၏။

"ဖုန်း"

လေးကြိုးသည် ညင်သာစွာတုန်ခါသွားသည်။

အားစိုက်လိုက်ခြင်းမရှိ၊ ချိန်ရွယ်လိုက်ခြင်းပင်မရှိပဲ သူမသည် တစ်ချိန်တည်းမှာပင် မြှားသုံးချောင်းကို ပစ်လွှတ်လိုက်၏။

All Chapters