← Chapters

"စစ်နတ်သမီး၏ မနှစ်သက်ခြင်းခံရမှု"

Vol. 50 Ch. 780

"စစ်နတ်သမီး၏ မနှစ်သက်ခြင်းခံရမှု"

Vol. 50 Ch. 780

မြှားသုံးချောင်းကို ပစ်လွှတ်လိုက်သည့်အချိန်တွင် လူပေါင်းများစွာရယ်ချင်စိတ်ပင်ပေါက်သွား၏။

"ချမ်းဘော့ဒ်ဘုရင်မက အတော်လေးရိုးရှင်းတာပဲ။ ငှက်ပစ်တယ်များထင်နေတာလားမသိဘူး..." လူများတွေးလိုက်မိကြသည်။ "နေအဆင့်ရောက်ခါနီးသိုင်းဆရာတစ်ယောက်က လယ်ဗယ်၈လက်စွဲတော်လက်နက်ကိုင်ထားတာကို သုံးတဲ့သိုင်းကွက်က ရိုးရှင်းလွန်းနေတယ်။ နဂါးတစ်ကောင်ကို သွားကြားထိုးတံနဲ့ထိုးနေသလိုပဲ..."

အဖြူရောင်၀တ်ရုံနှင့် ဘရန်ဒိုပင် ရယ်ချင်စိတ်ပေါက်သွား၏။ သူ၏ သစ်တောဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို အမြင့်ဆုံးထုတ်လွှတ်ထားပြီး ကျယ်လောင်စွာပေါက်ကွဲသည့် အသံများသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာနေလျှက်ရှိသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လန်းဆန်းသည့် အစိမ်းရောင်စွမ်းအင်မီးတောက်များလွှမ်းခြုံသွားပြီး သူ့အား တစ်ခြားလူများမမြင်နိုင်တော့ပေ။ သူ၏ငွေရောင်လယ်ဗယ်၈လက်စွဲတော်လက်နက်သည် တောက်ပလာပြီး ထိုလက်နက်ကိုအသုံးပြု၍ ရိုက်ချလိုက်သည်။

"သေစမ်း" ဘရန်ဒိုသည် တိုက်ခိုက်နေရင်းဖြင့် အညှာတာကင်းမဲ့စွာအော်ဟစ်လိုက်သည်။

သူ၏စိတ်ထဲတွင် သေစေနိုင်သောတိုက်ကွက်တစ်ခုဖြစ်နေပြီး သူ၏ရန်သူများသည် ခုခံရှောင်ရှားနိုင်လိမ့်မည်ဟုလုံး၀မထင်ပေ။

သို့သော် ယုံကြည်ချက်ရှိရှိဖြင့် ရယ်မောကာတိုက်ခိုက်နေသည့်အချိန်တွင် ရုတ်တရက်ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်က သူ့အားပစ်မှတ်ထားလိုက်သလို ခံစားလိုက်ရသည်။ မကောင်းသည့်ခံစားချက်သည် အရိပ်ယောင်တစ်စုံတစ်ရာမပြပဲ သူ့အားလျှင်မြန်စွာပင်လွှမ်းခြုံသွားသည့်အတွက် သူ့အားထိတ်လန့်စေသည်။ လပြည့်နောက်ဆုံးအဆင့်သို့ရောက်ရှိခဲ့ပြီး နေအဆင့်နှင့်နီးကပ်လာခဲ့သည့်အချိန်တွင် သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို ခံစားခဲ့ရခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွှေးမျှင်များအားလုံးထောင်မက်သွားတော့သည်။

"ဒါ...ဘာတွေဖြစ်ကုန်တာလဲ...အား..."

ဘရန်ဒို၏ မျက်နှာအရောင်ပြောင်းလဲသွားသည်။ သူတုန့်ပြန်နိုင်စွမ်းမရှိသေးခင်မှာပင် သူ၏လည်ပင်းနှင့် ရင်ဘက်တို့တွင် အေးစက်သောစွမ်းအင်များကိုခံစားလိုက်ရသည်။

နောက်အခိုက်တန့်တွင် စွမ်းအင်များအားလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ရေပန်းများကဲ့သို့ပင် စီးထွက်လာပြီး တစ်ခါမှမကြုံဖူးသည့် ပင်ပန်းနွမ်းနယ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် လေထဲတွင်ရပ်နိုင်ခြင်းပင်မရှိတော့ပဲ ယိမ်းယိုင်ကာ နွယ်ပင်တစ်ခုပေါ်သို့ လဲကျသွား၏။ လက်ထဲတွင်ကိုင်ထားသည့် လယ်ဗယ်၈လက်စွဲတော်လက်နက်သည်လည်း လေးသထက်လေးလံလာသလိုခံစားနေရပြီး ဆုပ်ကိုင်နိုင်ခြင်းမရှိတော့သလိုပင်။

တောက်ပနေခဲ့သည့် အစိမ်းရောင်အတွင်းအားစွမ်းအင်များသည်လည်း ရေနွေးကဲ့သို့ပင် အငွေ့ပျံသွားပြီး ချက်ချင်းပင် နေရာမှပျောက်ကွယ်သွား၏။

ထို့နောက်တွင် ပေါက်လာခဲ့သည့် မြက်ပင်များ၊ နွယ်ပင်များသည် မြင်နိုင်လောက်သည့်အမြန်နှုန်းဖြင့်ပျောက်ကွယ်ကုန်တော့၏။ ထို့နောက်တွင် ခြောက်သွေ့သွားပြီး အ၀ါရောင်ဖုန်မှုန့်များအဖြစ်လေထဲတွင်လွှင့်ပျံသွားတော့၏။

သစ်သောကဲ့သို့ဖြစ်သွားသည့် ရင်ပြင်သည် ပုံမှန်အတိုင်းမူလလိုပြန်ဖြစ်သွားပြီး စွန်းထင်းနေသောသွေးများအလောင်းများကိုလည်း ပြန်လည်ကာ မြင်တွေ့လိုက်ရသည်။

"မင်း...မင်း..." ဘရန်ဒိုသည် ချက်ချင်းပင် မြေပြင်ပေါ်သို့လဲကျသွားပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ခါလာတော့သည်။ မက်တပ်ရပ်နိုင်ခြင်းမရှိတော့ပေ၊။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည့်အချိန်တွင် လီယွန်အင်ပါယာမှ သိုင်းဆရာသည် ပြိုင်ဘက်ကင်းသည့်ပုံမပေါက်တော့ပေ။ သူ၏ခေါင်းကို ဖြေးညှင်းစွာငုံ့ကြည့်လိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သည့်အပေါက်လေးသုံးခုရှိနေသည်ကိုတွေ့လိုက်ရသည်။ လည်ပင်းပေါ်တွင် အပေါက်တစ်ခု ရင်ဘက်ပေါ်တွင် အပေါက်နှစ်ခုရှိနေ၏။

မြှားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်သွားခဲ့ပြိး ရှေးကျသည့်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သည်။ လက်ရှိတွင် ရေခဲများသည် သူ၏ခန္ဓာကိုယ်ထဲတွင် စတင်ဖြစ်ပေါ်လာနေပြီဖြစ်ပြီး သွေးများသည်လည်း ခန္ဓာကိုယ်အတွင်းမှာပင် စတင်၍ အေးခဲနေကြသည်။

ယခုအချိန်တွင် ဘရန်ဒိုသည် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။

"ချမ်းဘော့ဒ်ဘုရင်ဘေးမှာရှိနေတဲ့ မိဘုရားက တကယ်တန်းတော့ အတော်စွမ်းအားမြင့်တဲ့ သိုင်းဆရာတစ်ယောက်ပဲ။ သူမ ပစ်လွှတ်လိုက်တဲ့ မြှားသုံးချောင်းက င့ါကို လွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့တယ်။ ငါ့ ခန္ဓာကိုယ်ထဲကို ဘယ်တုန်းက မြှားတွေထိုးစိုက်သွားတယ်ဆိုတာကိုတောင် ငါမသိလိုက်ဘူး။ ဒါ...ငါက ..ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသွားခဲ့တာပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး..." သူတွေးလိုက်မိသည်။

ချက်ချင်းလိုလိုပင် ရေခဲစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်အား ထင်ရှားသည့် ရေခဲရုပ်တုတစ်ခုအဖြစ်သို့ပြောင်းလဲသွားစေ၏။

ရေခဲမြှားသုံးချောင်းသည် နေအဆင့်ရောက်ခါနီးလပြည့်နောက်ဆုံးအဆင့်သိုင်းဆရာတစ်ယောက်အားလွယ်ကူစွာသတ်ဖြတ်လိုက်၏။

ဤအချက်သည် ရင်ပြင်ပေါ်တွင်ရှိနေသည့် လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်။

"ဘုရင်မအယ်လီနာမှာ ဒီလိုစွမ်းအားမျိုးရှိနေတာလား။ ဘုရင်အလတ်ဇန္ဒားက အဲ့လိုလှပပြီးတော့ စွမ်းအားမြင့်တဲ့ဘုရင်မတစ်ယောက်ကို ဘယ်ကများရှာလာခဲ့တာလဲ။ ဘုရင်မကတောင် နေအဆင့်ရောက်ခါနီးသိုင်းဆရာတစ်ယောက်ကို လွယ်လွယ်ကူကူသတ်ပစ်နိုင်တာပဲ..." လူများတွေးလိုက်မိကြသည်။

"ငါသူ့ကို မကြိုက်ဘူး၊ သတ်လို့ရလား..." အယ်လီနာပြောခဲ့သည့်စကားကိုလူတိုင်း၏ နားထဲတွင်ကြားနေရဆဲပင်။ လူများသည် သူမက ချစ်စရာကောင်းအောင်ပြုမူနေခြင်းဟုထင်ခဲ့ကြသော်လည်း ယခုအချိန်တွင်မူ သူမ မကြိုက်ခြင်းခံရသည့် အကျိုးဆက်ကို ကိုယ်တိုင်မြင်ခဲ့ရပြီးဖြစ်၏။

စိတ်ဓာတ်တက်ကြွနေကြပြီး စိတ်ကူးယဥ်တတ်လေ့ရှိသည့် လူငယ်များအားလုံးကြောက်လန့်သွားရသည်။ သူတို့အားလုံး ချမ်းဘော့ဒ်မိဘုရား၏ လှပသောခန္ဓာကိုယ်အား မည်ကဲ့သို့ စိတ်ထဲမှပစ်မှားမိခဲ့ကြောင်းကို တွေးပြီးသည့်အချိန်တွင် ခေါင်းများငုံ့ထားကာ ဘုရင်မ၏ မကြိုက်ခြင်းခံရမည်ကိုသာ ကြောက်လန့်နေကြ၏။

မည်သူမှ စစ်နတ်သမီး၏ မနှစ်သက်ခြင်းခံရခြင်း၏ အကျိုးဆက်များကို လက်ခံနိုင်မည်မဟုတ်ပေ။

ဤအဖြစ်ပျက်နှင့်ပတ်သက်၍ ဖှေးတစ်ယောက်ထဲသာ မအံ့သြပဲရှိနေ၏။

အယ်လီနာ၏ စွမ်းအားသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၉၈တွင်ရှိနေသောကြောင့် ဒိုင်ယာဘလိုကမ္ဘာမှ မရဏငရဲခက်ခဲမှုအဆင့်သို့ ရောက်ရှိရန်ခြေတစ်လှမ်းခန့်သာလိုတော့သည်။ ထို့ကြောင့် သူမသည်လည်း နေအဆင့်သို့ ရောက်ခါနီးသိုင်းဆရာတစ်ယောက်ဟု ဆိုနိုင်၏။

ထို့အပြင် အယ်လီနာကိုင်ဆောင်သည့် မာဗီနာလေးသည်လည်း ဒိုင်ယာဘလိုကမ္ဘာတွင်အဆ့င်မြင့်လက်နက်တစ်ခုဖြစ်၏။ ဘရန်ဒို၏ လယ်ဗယ်၈လက်စွဲတော်လက်နက်ထက်ပင်များစွာပို၍ စွမ်းအားမြင့်မားသည်။

အယ်လီနာသည် နောက်ပြောင်နေသကဲသို့မြှားသုံးချောင်းကိုပစ်လွှတ်လိုက်သည်ဟုထင်ရသော်လည်း တကယ်တန်းတွင် သူမသည် သူမ၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်များကို အသုံးပြုကာပစ်လွှတ်လိုက်ခြင်းပင်။ ရှေးမျိုးနွယ်မော်ဒတ်၏ ပုဆိန်ပစ်ပေါက်ခြင်းအစွမ်းကိုလည်း နားလည်ခဲ့သည့်အတွက်ကြောင့် သူမ၏ လေးအတတ်တွင်လည်း ထည့်သွင်းအသုံးပြုနိုင်ခဲ့သည်။

ထိုအချက်များအားလုံးနှင့် ဘရန်ဒို၏ မာနထောင်လွှားနေကာ သတိတရားကင်းမဲ့ခဲ့မှုတို့ကိုပါ ပေါင်းထည့်လိုက်ပါက အယ်လီနာသည် ဘရန်ဒိုအား မြှားသုံးချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ ယုတ္တိရှိလှ၏။

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ငွေရောင်အလင်းတန်းတစ်ခုသည် ရင်ပြင်ပေါ်မှ ပျံသန်းလာပြီး သူ၏လက်အတွင်းသို့ ရောက်ရှိလာ၏။

ထိုအလင်းတန်းသည် ဘရန်ဒို၏ လယ်ဗယ်၈လက်စွဲတော်လက်နက်ဖြစ်သော ဓားရှည်ပင်။

ဤမြင်ကွင်းသည် သိုင်းဆရာတစ်ချို့ကို ပြန်လည်နိုးထလာစေခဲ့သည်။ ဖှေးထိုကဲ့သို့ လုပ်လိုက်သည်ကို မြင်သည့်အချိန်တွင် မြင်ခဲ့သည့်အရာများကြောင့်တွေ၀ေနေခဲ့သည့် မိမိကိုယ်မိမိဒေါသဖြစ်လိုက်မိကြသည်။ သူတို့သည် အဆင့်မြင့်လက်စွဲတော်လက်နက်အား လုယူရန်အတွက် မေ့လျှော့နေခဲ့ပြီးချမ်းဘော့ဒ်ဘုရင်မှ အရင်လက်ဦးသွားပြီဖြစ်သောကြောင့်ပင်။

ဓားရှည်သည် အချိုးကျသော ဥရောပစတိုင်ဓားတစ်လက်ဖြစ်သည်။ ဓားကိုယ်ပေါ်တွင် သွေးစီးကြောင်းလေးခုပါ၀င်၏။ ဓားရိုးမှာ ရိုးရှင်းသော်လည်း အကြောက်တရားကင်းမဲ့သည့်ဟန်ရှိကာ ကိုင်ဆောင်ရသည့်လူတိုင်းကို မြဲမြံသည့်ခံစားချက်ပေးလျှက်ရှိသည်။ လုံလောက်စွာစွမ်းအားမြင့်မားပါက ထိုလက်နက်ကို လက်တစ်ဖက်ထဲဖြင့် ကိုင်ဆောင်၍အသုံးပြုနိုင်၏။

ရှားပါးသည့် အဆင့်မြင့်လက်စွဲတော်လက်နက်တစ်ခုဖြစ်သော်လည်း လမ်းပါ့ဒ်လက်ရှိတွင်အသုံးပြုနေသည့် [မဟူရာလျှပ်စီး]ဓားထက် အနည်းငယ်နိမ့်ကျနေသေးသည်။

စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်ရင်းဖြင့် ဖှေးသည် ဓားသွားပေါ်သို့ လက်နှစ်ချောင်းတင်ကာ စွမ်းအင်များကို ဓားထဲသို့ စီး၀င်စေလိုက်ပြီး ဓား၏ မူလပိုင်ရှင်နှင့်ဆက်နွယ်နေသည့် ၀ိဉာဥ်ပိုင်းဆိုင်ရာဆက်နွယ်မှုကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် ထိုဓားအား သူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းသို့ ထည့်လိုက်တော့၏။

ထိုမြင်ကွင်းသည် လူပေါင်းများစွာကို တံတွေးမျိုချသွားမိစေသည်။

All Chapters