"ရန်သူအစစ်များ"
Vol. 50 Ch. 781
ဖှေးသည် လယ်ဗယ်၈လက်စွဲတော်လက်နက်တစ်ခုအား လွယ်လွယ်ကူကူပင်ရရှိသွားခဲ့သည်။ ဤသည်မှာ စစ်သည်တော်များစွာ၏ အိမ်မက်ပင်။
သို့သော် ချမ်းဘော့ဒ်ဘုရင်ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် လူပေါင်းများစွာအား သူတို့၏ လောဘတက်နေသောအတွေးများမှ ပြန်လည်နိုးထလာစေသည်။
မကြာမှီတွင် နဂါးသတ်မဟာမိတ်အဖွဲ့မှ သိုင်းဆရာများအားလုံး သူတို့ရောက်ရှိနေသည့်အခြေအနေကိုနားလည်သွားကြတော့သည်။
ချမ်းဘော့ဒ်တိုင်းပြည်တွင် ဘုရင်အလတ်ဇန္ဒားနှင့် ဘုရင်မအယ်လီနာတို့ရှိနေသည့်အတွက်ကြောင့် ထိန်းချုပ်မှုအပြည့်၀ရသွားပြီဖြစ်သည်။ သူတို့လိုချင်ပါက နဂါးသတ်စစ်ဆင်ရေးမဟာမိတ်တပ်ဖွဲ့မှ လအဆင့်သိုင်းဆရာများအားလုံးကိုချက်ချင်းပင်သတ်ဖြတ်ပစ်နိုင်၏။
တစ်ခြားအရာများဖြစ်ပျက်မလာပါက ချမ်းဘော့ဒ်တိုင်းပြည်သည် နောက်ဆုံးအောက်နိုင်သည့်လူဖြစ်တော့မည်ဖြစ်သည်။
သို့သော် ချမ်းဘော့ဒ်ဘုရင်သည် မဟာဘုရားကျောင်းမှလူများထိုင်နေသည့် နေရာသို့ ရုတ်တရက်လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင်ရှိနေသည့်လူများနှင့် မျက်လုံးခြင်းဆုံသွား၏။
ဖှေး၏ အကြည့်များကိုတွေ့လိုက်ရပြီးသည့်နောက်တွင် သူတော်စင်ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်းလူစီယာနိုတို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားကာ ကြောက်လန့်လာကြပြီး ထိုင်ခုံများမှထ၍ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ သူတို့သည် အလွန်ပင်တုန်ယဥ်နေပြီး စကားပင်ပြောနိုင်ကြခြင်းမရှိကြပေ။
ဖှေးသည် ခေါင်းခါရမ်းလိုက်ပြီး ထိုလူနှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။ သူသည် ထိုလူနှစ်ယောက်၏အနောက်တွင်ထိုင်နေသည့် ဆံပင်အဖြူရောင်နှင့် သူတော်စင်အဖိုးကြီးအားကြည့်နေခြင်းဖြစ်သည်။ ထိုအဖိုးကြီးသည် တည်ငြိမ်ကာအေးအေးဆေးဆေးပင်။
ရုတ်တရက်ပင် ဖှေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မည်သူမှထင်မထားသည့်အရာတစ်ခုကို ပြောလိုက်သည်။
"ဒီအချိန်တောင်ရောင်နေပြီ မစ်စတာ ဆီးနစ်၊ ခင်ဗျားထွက်မလာသေးဘူးလား..."
ဖှေးထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် ဆံပင်အဖြူရောင်များနှင့် သူတော်စင်အဖိုးကြီးသည် သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး ဖှေးအားစိုက်ကြည့်လိုက်သည်။ သူသည် လူသားစားသည့် သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းသည့်အပြုမူမျိုးမရှိတော့ပေ။ နေရာတစ်၀ိုက်တွင်ရှိနေသည့် အပူချိန်သည် ဒီဂရီပေါင်းများစွာကျဆင်းသွားပြီး ဧည့်သည်များအားလုံးကောင်းကောင်းအသက်မရှူနိုင်သလိုခံစားလိုက်ရသည်။
ခနတာကြာသည့်အချိန်တွင် သူတော်စင်အဖိုးကြီးသည် ပြန်လည်ကာ တည်ငြိမ်သွားသည်။ ထို့နောက်တွင် ရုတ်တရက်ပြောလိုက်၏။ "ချမ်းဘော့ဒ်ဘုရင် ငါမင်းကို တကယ်အထင်သေးခဲ့မိတာပဲ။ မင်းငါဘယ်သူလဲဆိုတာကို အရင်ကတည်းကသိနေခဲ့တာလား..."
"မစ်စတာဆီးနစ် ခင်ဗျားက မြောက်ပိုင်းဘုရားကျောင်းမှာ စွမ်းအားအမြင့်ဆုံး ဘုရားကျောင်းငါးကျောင်းထဲက တစ်ကျောင်းဖြစ်တဲ့ သဲနီဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ ခင်ဗျား ရုတ်တရက် ကျွန်တော့တိုင်းပြည်ထဲရောက်လာတာကို ကျွန်တော်က ဘယ်လိုဖြစ်ပြီး မသိပဲနေနိုင်မှာလဲ။ ခင်ဗျားလို အရှိန်၀ါကြီးမားတဲ့လူတစ်ယောက်ရောက်လာမှတော့ ကျွန်တော်တို့ကလည်း ကောင်းကောင်းကြိုဆိုနိုင်ဖို့ ပြင်ဆင်ရမှာပေါ့..."
"ဖှေး၏အသံကို လူတိုင်း၏ နားထဲတွင်ရှင်းလင်းစွာကြားလိုက်ရသည်။
လူတိုင်းရုတ်တရက် ဆံပင်အဖြူရောင်၏ အဖိုးကြီးအား မတူညီစွာကြည့်လိုက်ကြသည်။ သူတို့၏ တုန်လှုပ်သောအမူယာများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
လူများသည် မဟာဘုရားကျောင်းမှ ဧည့်သည်များကို အာရုံစိုက်ခဲ့ကြသည်။ သူတော်စင်ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်းလူစီယာနိုတို့ကို လစ်လျူရှုထားခဲ့ပြီး အမဲရောင်သစ်သားချောင်းကိုင်ထားသည့် ဆံပင်အဖြူရောင်နှင့်အဖိုးကြီးကိုမူ သူ့ထံမှ စွမ်းအင်အရှိန်၀ါများခံစားရခြင်းမရှိသည့်အတွက်ကြောင့် အားနည်းသည့်လူတစ်ယောက်ဟုသာ ထင်မှတ်ထားခဲ့ကြသည်။ လူများ၏ အာရုံစိုက်မှုရခဲ့သည့်လူများသည် သူတို့၏အနောက်တွင်ရပ်နေသည့် မြင့်မြတ်သောသူရဲကောင်းငါးဦးသာဖြစ်၏။ သူတို့၏ အရှိန်၀ါများသည် စွမ်းအားမြင့်မားပြီး သူတို့သည် စွမ်းအားကြီးသည့် သိုင်းဆရာများဖြစ်သည်မှာ ထင်ရှားလှသည်။
သို့သော် အားနည်းကာအသုံးမ၀င်သည့်အဖိုးကြီးတစ်ဦးသာဖြစ်သည်ဟု သူတို့ထင်ထားခဲ့သည့်လူသည် သဲနီဘုရားကျောင်း၏ဘုန်းတော်ကြီးဖြစ်နေမည်ဟု မည်သူမှ မထင်ခဲ့ပေ။
သူ၏ ရာထူးအရှိန်၀ါသည် လယ်ဗယ်၁ လယ်ဗယ်၂ အင်ပါယာအရှင်သခင်များထက်ပင် သာလွန်နေ၏။
နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ လအဆင့်သိုင်းဆရာများသည် အံ့သြပျော်ရွှင်သွားကြ၏။ ဆီးနစ်၏ လက်ထဲမှ မီးလောင်ထားသကဲ့သို့ သစ်သားချောင်းအားမြင်လိုက်ရပြီးသည့်နောက်တွင် မနေ့ကလျို့၀ှက်ခန်းထဲတွင်ဖြစ်ပျက်ခဲ့သည့်အကြောင်းရာကို ပြန်တွေးခဲ့လိုက်မိကြပြီး သူတို့သည် ချက်ချင်းပင်တစ်စုံတစ်ရာကိုနားလည်သွားကာ ချမ်းဘော့ဒ်ဘုရင်ကြောင့် ဖြစ်ပေါ်နေသည့် ကြောက်စိတ်များအားလုံးကွယ်ပျောက်သွားတော့သည်။
"မင်းက ငါဘယ်သူလဲဆိုတာသိတယ်ဆိုတော့။ ငါဘာ့ကြောင့် ဒီကိုလာရတာလဲဆိုတာကိုရော သိမှာပေါ့ ဘုရင်လေး..."
သရုပ်မှန်ပေါ်သွားပြီးသည့်နောက်တွင် ဆီးနစ်၏အရှိန်၀ါသည်လည်း သိသိသာသာပြောင်းလဲလာတော့သည်။ သူသည် အသက်ကြီးကြီးအိုမင်းနေသည့် သူတော်စင်တစ်ပါးလိုမဟုတ်တော့ပဲ ခန့်ညားထည်၀ါကာ ဖိအားပေးနိုင်သည့်အရှိန်၀ါတစ်မျိုးထွက်ပေါ်လာ၏။
ထိုအရှိန်၀ါသည် ဆီးနစ် သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးလုပ်လာခဲ့သည်မှာ အချိန်ကြာမြင့်သည့်အချိန်တွင် အလိုလိုဖြစ်ပေါ်ရရှိလာခဲ့သည့်အရှိန်၀ါပင်။ လီယွန်အင်ပါယာမှ ဘရန်ဒိုကဲ့သို့ လုပ်ယူထားသည့်အရှိန်၀ါမဟုတ်ပေ။
စွမ်းအားမြင့်သောအရှိန်၀ါ၏ အောက်တွင် ဆီးနစ်ရင်ပြင်၏ အလည်ကို လမ်းလျှောက်လာခဲ့သည်နှင့်တပြိုင်နက် ဖှေး၏ ပြိုင်ဘက်ကင်းမဲ့သော ပုံရိပ်သည် နေရောင်အောက်မှ နှင်းပွင့်များကဲ့သို့ အရည်ပျော်သွားရတော့၏။
သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနစ်၏အနောက်တွင် လအဆင့်ရှိသည့် မြင့်မြတ်သောသူရဲကောင်း ငါးဦးတို့သည် အတူတကွလိုက်ပါလာ၍ ဆီးနစ်အား ၀န်းရံထားသည်။ သူတို့ထဲမှ တစ်ယောက်သည် မျက်နှာနီနီဖြင့် ထွားထွားကျိုင်းကျိုင်းလူတစ်ယောက်သည်။ ထိုလူသည် လမ်းပါ့ဒ် လအဆင့်သို့ ရောက်ခဲ့ပြီး သဘာ၀တရားကြီး၏ စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့သူဖြစ်၏။ သူ၏နာမည်သည် ဒီဇော့ပင်။
ထိုမြင့်မြတ်သောသူရဲကောင်းငါးဦးသည် ရန်လိုနေသည့်ပုံရှိပြီး သူတို့၏အမူယာများသည်လည်း မောက်မာနေသည်။ သူတို့သည် ဖှေးနှင့် ချမ်းဘော့ဒ်သားများကိုတင် အထင်သေးသည့်ပုံစံဖြင့် ကြည့်နေကြခြင်းမဟုတ်ပဲ နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ တစ်ခြားသောသိုင်းဆရာများကိုလည်း အထင်မြင်သေးသာ စိတ်ပျက်သည့်ဟန်ဖြင့် ကြည့်နေကြ၏။ သူတို့သည် မဟာမိတ်အဖွဲ့များ၏ စွမ်းဆောင်ရည်အား စိတ်ကျေနပ်ခြင်းမရှိကြသည်မှာထင်ရှားလှသည်။
"မစ်စတာဆီးနိတ် ခင်ဗျားက အတော်လေးထူးခြားတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီးတစ်ယောက်ပဲလေ။ ခင်ဗျား ရည်ရွယ်ချက်ကို တိုင်းပြည်ငယ်လေးရဲ့ ဘုရင်သာဖြစ်တဲ့ ကျွန်တော်ကဘယ်လိုလုပ်ပြီးသိမှာလဲ။ ကျွန်တော်သိအောင် ကျယ်ကျယ်လေးပြောလိုက်ပါလား..." ဖှေးထိုကဲ့သို့ပြောကာ လက်ထပ်ခြင်းအခမ်းနားအဆောက်ဦးပေါ်မှ ခုန်ဆင်းလာခဲ့၏။ ထို့နောက်တွင် လက်၀ှေ့ရမ်းလိုက်ရာ ချမ်းဘော့ဒ်စစ်သည်များသည်လည်း ဘေးနှစ်ဖက်သို့ရွှေ့သွားပြီး သူတို့၏ဘုရင်အား လမ်းဖယ်ပေးလိုက်ကြသည်။
ဖှေးသည် လမ်းလျှောက်သွားလိုက်ပြီး သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနိတ်အား မျက်နှာခြင်းဆိုင်လိုက်သည်။
လူတိုင်းထိုလူနှစ်ယောက်ကို အာရုံစိုက်နေကြ၏။
ဖှေးပြောသည့်အရာကိုကြားသည့်အချိန်တွင် ဘုန်းတော်ကြီးဆီးနစ်သည် ခေါင်းငြိမ့်ကာ ထူးဆန်းသည့်အပြုံးတစ်ခုနှင့်အတူပြန်ပြောလိုက်သည်။
"အော် ဘုရင်အလတ်ဇန္ဒားမသိတဲ့ ကိစ္စတွေတောင်ရှိတယ်ဆိုပါလား။ ကောင်းပြီလေ ငါလဲရိုးရိုးသားသားပဲပြောတာပေ့ါ။ ငါက ဒီနေရာကို ဘုရင်မအန်ဂျယ်လာအတွက်လာခဲ့တာပဲ။ ရှီရဲဘုရားကျောင်းက သူတော်စင်ဘေးလ်ပြောတဲ့ပုံအရ ဘုရင်မအန်ဂျယ်လာမှာ ကမ္ဘာပေါ်က အသန့်စင်ဆုံး၀ိဉာဥ်ကို ပိုင်ဆိုင်ထားတယ်တဲ့။ သူမက နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်တဲ့ဖြစ်နိုင်ချေရှိတယ်။ မဟာဘုရားကျောင်းရဲ့ သူတော်စင်မဖြစ်လာဖို့အကောင်းဆုံးလူတစ်ယောက်ပဲ။ မြောက်ပိုင်းဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး ပလတ်တီနီက င့ါကို ဒီနေရာကို ဘုရင်မအန်ဂျယ်လာကိုကြည့်ဖို့ စေလွှတ်လိုက်တာ။ ငါသူမကို မြောက်ပိုင်းဘုရားကျောင်းဌနာချုပ်ကို ခေါ်သွားပြီးတော့ ဘုန်းတော်ကြီး ပလတ်တီနီက ဘိသိတ်သွင်းပေးလိမ့်မယ်။ အဲ့တာပြီးရင် သူမက မြောက်ပိုင်းဘုရားကျောင်းရဲ့အသာလွန်ဆုံးသူတော်စင်မတစ်ယောက်ဖြစ်လာလိမ့်မယ်.." သူပြောလိုက်၏။
[အပိုင်း(၄၀၉) တွင် သူတော်စင်ဘေးလ်မှ အန်ဂျယ်လာအား စတင်မြင်တွေ့ဖူးပြီး သတိထားသွားမိခဲ့သည်။ ]
သူထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် ရင်ပြင်ပေါ်တွင် အာမေဍိတ်သံများစွာထွက်ပေါ်လာ၏။
လူတိုင်းသည် လက်ထပ်ခြင်းအဆောက်ဦးပေါ်တွင်ရှိနေသည့် မိန်းမလှလေးကိုကြည့်လိုက်မိကြသည်။ သူမ၏ လှပသောအဖြူရောင်၀တ်စုံသည် လေထဲတွင်လွှင့်ပျံနေ၏။ ကြည့်နေရင်းဖြင့် ဘုရင်မအယ်လီနာထံတွင် ထူးခြားသည့် သန့်စင်မြင့်မြတ်သည့်အရှိန်၀ါတစ်ခုကို ရှိနေသကဲ့သို့ လူများခံစားနေရသည်။ သူမသည် နတ်သမီးတစ်ပါးလိုပင်။
ထို့နောက်တွင် ဧည့်သည်များအားလုံးသည် ဖှေးအားသနားသည့်မျက်လုံးများဖြင့် ကြည့်လိုက်မိကြသည်။
ဘုန်းတော်ကြီးဆီးနိတ်သည် ယဥ်ကျေးစွာသုံးနှုန်းသွားခြင်းဖြစ်သော်လည်း အဓိပ္ပါယ်အစစ်မှန်မှာ ရှင်းလင်းရက်စက်လှသည်။ သူသည်ချမ်းဘော့ဒ်ဘုရင်၏ လှပသောမိဘုရားအား မဟာဘုရားကျောင်းလက်ထဲသို့ ထည့်ပေးရန်တောင်းဆိုနေခြင်းပင်။ ရန်လိုကာ ပြိုင်ဘက်ကင်းမဲ့သည် ချမ်းဘော့ဒ်ဘုရင်အတွက် စောက်ခွက်ဖြတ်ကန်ခံလိုက်ရသလိုပင်။
မင်္ဂလာဦးညတွင် သူ၏ဇနီးနှစ်ယောက်ထဲမှ တစ်ယောက်ကို ပေးလိုက်ရခြင်းဖြစ်၏။ ထိုသတင်းသာ ပြန့်နှံ့သွားပါက သူ၏ ဂုဏ်သတင်းသည် ရယ်စရာဖြစ်နေတော့မည်ဖြစ်သည်။
ယခုအချိန်တွင် တစ်ချို့လူများသည် ချမ်းဘော့ဒ်ဘုရင်အား သနားနေကြသည်။
သူသည် တိုက်ပေါ်တွင် အင်အားအကြီးမားဆုံးဖြစ်သည့် မဟာဘုရားကျောင်းအား မည်ကဲ့သို့လွန်ဆန်နိုင်မည်နည်း။ စွမ်းအားမြင့်သော လယ်ဗယ်၉အင်ပါယာကြီးများမှ အင်ပါယာအရှင်သခင်များပင် မဟာဘုရားကျောင်းနှင့် ဂရုတစိုက်ဆက်ဆံရ၏။
ချမ်းဘော့ဒ်တိုင်းပြည်ထံတွင် အံ့သြဖွယ်ကောင်းလောက်သည့် အင်အားကိုပိုင်ဆိုင်ထားသော်လည်း မဟာဘုရားကျောင်းနှင့်ရင်ဆိုင်နိုင်ရန်လုံလောက်ခြင်းမရှိသေးပေ။
ယခုအချိန်တွင် လူတိုင်းသည် ချမ်းဘော့ဒ်ဘုရင်အား အာရုံစိုက်နေကြသည်။
မာ့စ်အင်ပါယာမှ မင်းသားဆိုင်မွန်နှင့် ၀င်္ကဘာအင်ပါယာမှ မင်းသားဆာ့ခ်တို့ကဲ့သို့သော ဖှေးအားကြောက်လန့်ကာ မုန်းတီးနေခဲ့သည့်ဧည့်သည်များသည် လက်ရှိအချိန်တွင် ကျေနပ်နေကြ၏။ သူတို့သည် ချမ်းဘော့ဒ်ဘုရင်၏ မျက်နှာပေါ်မှ နာကျင်ကာ အရှုံးပေးလိုက်ရသည့်အမူယာကို မြင်တွေ့ရရန်အတွက် မစောင့်နိုင်တော့ပေ။