← Chapters

"ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားအစစ်မှန်"

Vol. 50 Ch. 783

"ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားအစစ်မှန်"

Vol. 50 Ch. 783

ဆီးနစ်သည် မြောက်ပိုင်းဘုရားကျောင်းများထဲတွင် အထင်ရှားဆုံးကျောင်းတော်များထဲမှတစ်ခုဖြစ်သည့် သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဖြစ်သည်မှာ အံ့သြစရာမဟုတ်ပေ။ သူဖော်ပြလိုက်သည့်စွမ်းအားသည် သူ၏ ရာထူးအရှိန်၀ါတို့နှင့် ညီမျှနေ၏။ သူ၏နတ်ဘုရားကဲ့သို့သော အရှိန်၀ါသည် လူများအားစိတ်ဓာတ်ကျကာ အင်အားချိနဲ့စေသည်။ ရင်ပြင်ပေါ်တွင်ရှိနေသည့် ဧည့်သည်တော်များအားလုံး သူနှင့်မယှဥ်နိုင်သလိုခံစားလိုက်ရသည်။

သို့သော် အံ့သြလောက်စွာပင် ထိုအရာသည် ဘုန်းတော်ကြီးဆီးနစ်၏ ၀ှက်ဖဲမဟုတ်သေးပေ။

စွမ်းအင်အကာရံပျက်ဆီးသွားသည့်အချိန်တွင် ကောင်းကင်ပေါ်တွင် တိတ်ဆိတ်စွာဖြင့် ပျံ၀ဲနေသည့်လူနှစ်ယောက်ကိုပါထပ်မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လုံးသည် အမဲရောင်ဘုရားကျောင်း၀တ်ရုံများ၀တ်ဆင်ထားပြီး စွမ်းအင်တစ်စုံတစ်ရာအသုံးပြုခြင်းမရှိပဲ လေပေါ်တွင်ပျံ၀ဲနေလျှက်ရှိသည်။

သို့သော် သူတို့၏ ဖြစ်တည်မှုတစ်ခုတည်းကပင် လူတိုင်းအားမွန်းကြပ်သည့်ခံစားချက်တစ်ခုကိုပေးနေလျှက်ရှိသည်။ ဧည့်သည်များသည် အာကာသတွင်းနက်ကြီးနှစ်ခုအား စိုက်ကြည့်နေသလိုခံစားနေရပြီး သူတို့အား စုပ်ယူနေသလိုပင်။

ဤအရာသည် နောက်ထပ် နေအဆင့်သခင်နှစ်ပါးပေလား...

ထိုလူနှစ်ယောက်သည် စွမ်းအားပြသခြင်း စကားပြောခြင်းမရှိသော်လည်း သူတို့သည်လည်း ဘုန်းတော်ကြီးဆီးနစ်ကိုယှဥ်နိုင်စွမ်းရှိသည့် နေအဆင့်သခင်နှစ်ပါးဖြစ်သည်ကို ရင်ပြင်ပေါ်တွင်ရှိနေသည့်သိုင်းဆရာများအားလုံးပြောနိုင်၏။ ဘုရားကျောင်း၀တ်ရုံနှင့်လူနှစ်ယောက်သည် သူတို့အား မွမ်းကြပ်သည့် ခံစားချက်များပေးနေလျှက်ရှိသည်။

"ချမ်းဘော့ဒ်ဘုရင် မင်းအံ့သြနေကောင်းနေလိမ့်မယ်။ မစ်စတာ ပလတ်တီနီက ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားပြီးသား။ မင်းက သူ့အမိန့်ကို လွန်ဆန်မယ်ဆိုတာကြိုသိလို့ ရှီရဲဘုရားကျောင်းရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံးနှစ်ယောက်ကိုပါ ငါနဲ့စေလွှတ်လိုက်တယ်။ မစ်စတာဒီရော်နဲ့ မစ်စတာလီမေါ့ဇ်တို့က သူတော်စင်မအန်ဂျယ်လာကို ခေါ်ဆောင်ဖို့ငါနဲ့လိုက်လာခဲ့တာပဲ။ ငါက ကြင်ကြင်နာနာနဲ့ မင်းကို အခွင့်ရေးပေးဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမယ့် ချမ်းဘော့ဒ်ဘုရင် မင်းက နတ်ဘုရားတွေရဲ့ဆန္ဒကို ဆန့်ကျင်ရဲတဲ့မကောင်းဆိုး၀ါးတစ်ကောင်ပဲ။ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးလဲ ဒီလိုပဲနေမှာပေါ့။ မင်းက ခုခံဖို့ဆုံးဖြတ်ထားတော့ ငါနဲ့ဒီလူကြီးမင်းနှစ်ယောက်လုံးက ချမ်းဘော့ဒ်တိုင်းပြည်ကို ကောင်းသောရည်ရွယ်ချက်အတွက်နဲ့ ဖျက်ဆီးပစ်ရလိမ့်မယ်..."

ထိုကဲ့သို့သောပြီးသည့်နောက်တွင် ဘုန်းတော်ကြီးဆီးနစ်၏ ခန္ဓာကိုယ်သည် လေပေါ်သို့ ပျံ၀ဲလာပြီး ကျန်ရှိနေသည့် နေအဆင့်သခင်နှစ်ပါးနှင့်အတူ ပခုံးခြင်းယှဥ်ရပ်လိုက်သည်။ သူ၏အသံသည် ကျယ်လောင်သောခေါင်းလောင်းသံတစ်ခုလိုပင်။ အသံလှိုင်းများသည် လူတိုင်းအား မူးနောက်သည့် ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။

ကြီးမားသည့်အပြောင်းလဲကြီးတစ်ခုပင်။

ဤအရာသည် လူများထင်မထားသည့် ကြီးမားသည့်အပြောင်းလဲကြီးတစ်ခုပင်။

ဘုရင်ငယ်လေးတစ်ပါး၏ လက်ထပ်မင်္ဂလာပွဲတစ်ခုသည် လူအများစုဒဏာရီများထဲတွင်သာကြားဖူးသည့် နေအဆင့်သခင်သုံးပါးအား လာရောက်စေလိမ့်မည်ဟုမည်သူမှထင်မထားခဲ့ပေ။

သူတို့သည် ၀ေးလံခေါင်ဖျားသည့် တိုင်းပြည်ငယ်လေးတစ်ခုသို့ လာရောက်ခဲ့ခြင်းဖြစ်သည့်အတွက် ချမ်းဘော့ဒ်ဘုရင်နှင့် ချမ်းဘော့ဒ်တိုင်းပြည်တို့၏ အဆုံးသက်ဖြစ်သည်မှာ သေချာသလောက်ပင်။ ချမ်းဘော့ဒ်တိုင်းပြည်ထံတွင် စွမ်းအားမြင့်မားသောရန်သူများနှင့် ရင်ဆိုင်နိုင်လောက်သည့် နေအဆင့်သိုင်းဆရာများရှိနေလိမ့်မည်ဟုမည်သူမှ မထင်ကြပေ။

"ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းတော့သေပြီလေ။ မင်းသေမှာပါလို့ ငါမပြောခဲ့ဘူးလား..." မာ့စ်အင်ပါယာ၏ မင်းသားဆိုင်မွန်မှ စိတ်အေးလက်အေးဖြင့် ရယ်မောကာပြောလိုက်သည်။

"အမှန်ပဲ ဒီအခြေအနေကို မင်းဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့ ဟားဟားဟား ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံး ဒီနေညမှာပဲအဆုံးသက်လိမ့်မယ်..." ၀င်္ကဘာအင်ပါယာ၏ မင်းသားဆာ့ခ်သည်လည်း ရယ်မောလိုက်သည်။ သူတို့သည် ယနေ့ညသူတို့လုပ်ခဲ့သည့်အရာများအတွက် ချမ်းဘော့ဒ်ဘုရင်၏ လက်စားခြေခြင်းခံရမည်ကို စိုးရိမ်စရာမလိုတော့သည့်အတွက်ပင်။

လက်ရှိအခြေအနေသည် ချမ်းဘော့ဒ်အတွက် အဆုံးသက်ပင်။ နေအဆင့်သခင်သုံးယောက်ရောက်ရှိလာခြင်းကပင် ရလဒ်အား ဖော်ပြနေပြီဖြစ်သည်။

"ဟုတ်တယ်ဟေ့ ငါ့ကောင်တို့မစိုးရိမ်နဲ့တော့ အတူပေါင်းပြီးတော့ ချမ်းဘော့ဒ်ကသိုင်းဆရာတွေကို သတ်ပစ်ကြရအောင် အဲ့လိုမှ ငါတို့တွေအနာဂတ်ပြသနာတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာ..." မျက်နှာတွင်ပ၀ါအုပ်ထားသည့်လအဆင့်သိုင်းဆရာတစ်ယောက်သည်လည်း သူ၏ ဘေးမှလူများကို သတိပေးလိုက်သည်။

ယနေ့ညတွင် ချမ်းဘော့ဒ်တိုင်းပြည်ပြသခဲ့သည့်စွမ်းအားသည် သူတို့အား ထိတ်လန့်သွားစေခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးသည် ချမ်းဘော့ဒ်တိုင်းပြည်အား ဖျက်ဆီးလိုနေကြ၏။ သူတို့သည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်ထဲတွင်ပါ၀င်ခဲ့သည့်အတွက်ကြောင့် အနာဂတ်တွင်ဖြစ်လာနိုင်သည့်အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချမ်းဘော့ဒ်သားများအားလုံးကို သက်ကြီးလူငယ်မရွေးသတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ထား၏။

ချမ်းဘော့ဒ်ဘုရင်နှင့် ဘုရင်မအယ်လီနာတို့အား ဖိအားပေးထားနိုင်သည့် နေအဆင့်သခင်သုံးပါးရှိသည့်အတွက်ကြောင့် သူတို့သည် ချမ်းဘော့ဒ်မှသိုင်းဆရာများကို လူအင်အားသာလွန်မှုဖြင့် အနိုင်ယူနိုင်သည်ဖြစ်သည်။ သိုင်းဆရာများကို သတ်ဖြတ်ပြီးသည့်နောက်တွင် သူတို့သည် သာမန်ချမ်းဘော့ဒ်ပြည်သူများကိုလည်း ချမ်းသာပေးလိမ့်မည်မဟုတ်ပေ။

"ချမ်းဘော့ဒ်ဘုရင် ခုခံနေတာကို ရပ်လိုက်ပါ မင်းအခုချိန်မှာ အရှုံးပေးမယ်ဆိုရင် အပြစ်ကင်းမဲ့တဲ့ ချမ်းဘော့ဒ်ပြည်သူတွေကို ငါချမ်းသာပေးမယ်။ ချမ်းဘော့ဒ်တိုင်းပြည်ကလည်း ပုံမှန်ဆက်လက်လည်ပတ်လို့ရသွားမယ်..." ဘုန်းတော်ကြီး ဆီးနစ်သည် ဖှေးအားငုံ့ကြည့်ရင်းဖြင့် ပြောလိုက်သည်။

ရှီရဲဘုရားကျောင်းမှ အဖိုးကြီးနှစ်ယောက်သည် ဘာမှမပြောပေ။ သူတို့၏ အရှီန်၀ါများကို ထုတ်လွှတ်၍ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးကိုလွှမ်းခြုံထားကာ ဖှေးဘက်မှသိုင်းဆရာများကို ဖိအားပေးနေ၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ ပြိုလဲခြင်းသည် ရှောင်လွှဲ၍မရတော့သလိုပင်။

သို့သော် လက်ရှိအခိုက်တန့်တွင် သွေးရူးသွေးတန်းဖြစ်နေသင့်သည့် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားသည် ကြောက်လန့်ပုံမပေါ်ပေ။ ထိုအစားသူသည် ပေါ့ပေါ့ပါးပါးပြုံးလိုက်၏။

ထိုအပြုံးသည်အလွန်တောက်ပသည့်အတွက် ချမ်းဘော့ဒ်ဘုရင်ဖိအားများအောက်တွင် စိတ်ဖောက်ပြန်သွားပြီဟု ဧည့်သည်များအားလုံးထင်လိုက်မိကြသည်။

"မင်းဘာတွေပြုံးနေတာလဲ သေစမ်းကွာ..."ဘုန်းတော်ကြီးဆီးနစ်သည် ဖှေး၏ အပြုံးကြောင့် စိတ်အနှောင့်ယှက်ဖြစ်လိုက်ရ၏။ ထိုအပြုံးမှ မကောင်းသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။

ဒေါသဖြစ်သွားသည့်အတွက် လက်ဖ၀ါးဖြင့် ရိုက်ချလိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖှေးထံသို့ ပျံသန်းလာတော့သည်။ ထိုအလင်းတန်းတွင်ပါ၀င်နေသည့်စွမ်းအားသည် ဖျက်ဆီးနိုင်သည်ထက်ပင် ကျော်လွန်နေ၏။

"ဖုန်း..."

"ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ပြောဖို့စောပါသေးတယ်..." ဖှေးသည် သူ၏လက်အား မြှောက်လိုက်ပြီး ကောင်းကင်အားလက်သီးဖြင့် ထိုးလိုက်သည်။

ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏လက်သီးမှ ထွက်ခွာသွားပြီး အောက်သို့ဆင်းလာသည့် ငွေရောင်အလင်းတန်းနှင့် ချက်ချင်းရိုက်ခတ်သွား၏။

"ဘုန်း..."

ကျယ်လောင်ကာကြောက်မက်ဖွယ်ကောင်းသည့်အသံလှိုင်းများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင်လှုပ်ခါသွားစေသည်။

ထူဆန်းသည့်အရာမှာ ဘုန်းတော်ကြီးဆီးနစ်၏ အလင်းတန်းသည် လူအများထင်ထားသလို ချမ်းဘော့ဒ်ဘုရင်အား ပြာဖြစ်သည်အထိလောင်ကျွမ်းသွားစေခြင်းမရှိပေ။ ထိုအစား ဖှေး၏ ရွှေရောင်အလင်းတန်းသည် ငွေရောင်အလင်းတန်းအား ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်ပြီး ကျန်ရှိနေသေးသောရွှေရောင်စွမ်းအင်များသည် ရပ်တန့်ခြင်းမရှိပဲ ကောင်းကင်ပေါ်သို့ ဆက်လက်ပျံတက်သွား၏။

ဆီးနစ် တုန်လှုပ်သွားသည်။

သူ့ထံသို့ ပျံသန်းလာနေသည့် ရွှေရောင်စွမ်းအင်များသည် သေခြင်းတရားကဲ့သို့ အေးစက်သည့်ခံစားချက်တစ်ခုကို ယူဆောင်လာပေးနေ၏။

ဤကဲ့သို့သော အချိန်တွင်သူသည် ရှောင်ရှားရုံသာတတ်နိုင်၏။ ဆီးနစ် တယ်လီပေါ့ပြုလုပ်ကာ ရှောင်ရှားလိုက်ရသည်။

"၀ှစ်"

ရွှေရောင်အလင်းတန်းသည် ဆီးနစ်ပျောက်ကွယ်သွားသည်နှင့် ကပ်လွဲသွား၏။ မှောင်မိုက်သောညကောင်းကင်ရံအောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားသည် ဘုန်းတော်ကြီးဆီးနစ်၏ ၀တ်ရုံတစ်ပိုင်းတစ်စကို လောင်ကျွမ်းသွားစေခဲ့သည်။

"မင်..." ဘုန်းတော်ကြီး ဆီးနစ်၏ ကြောပြင်သည် သွေးများဖြင့်စိုရွဲနေပြီး လက်ရှိအခိုက်တန့်တွင် ကြောက်လန့်ကာ ဒေါသဖြစ်နေလျှက်ရှိသည်။ သူသည် ဖြစ်ပျက်နေသည်များကို မယုံနိုင်သလိုအော်ဟစ်လိုက်၏။ "မင်းကနေအဆင့်ကိုရောက်သွားတာလား။ မင်းအသက်က ဘယ်လောက်လဲ။ မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ...ဘယ်လိုလုပ်.."

နေအဆင့်သခင်များသာလျှင် နေအဆင့်သခင်များနှင့်တိုက်ခိုက်နိုင်သည်။ ဤသည်မှာ လူတိုင်းသိသည့်အရာတစ်ခုပင်။

"ဘာလဲ ခင်ဗျားအံ့သြသွားတာလား.." ဖှေးသည်လည်း ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။

ယခုအချိန်တွင် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ သိုင်းဆရာများအားလုံးတုန်လှုပ်သွားသည်။ သူတို့သည် ကောင်းကင်ပေါ်တွင်ရှိနေသည့် ဖှေးအားကြည့်ရင်းဖြင့် သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရလိုက်မိသည်။ အကယ်၍ ပြန်ပြင်လို့ရပါက ချမ်းဘော့ဒ်တိုင်းပြည်ကို လာမည့်အစား အေဇာရုတိုက်ပေါ်မှအန္တရာယ်အများဆုံးနေရာဆယ်ခုကိုသာ သွားလိုက်မိကြမည်ဖြစ်သည်။

ချမ်းဘော့ဒ်ဘုရင်သည် ကမ္ဘာကြီး၏ ပါရမီရှင်များနှင့် စွမ်းအားတို့အပေါ်နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

"အသက်၂၀လောက်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ နေအဆင့်ကိုရောက်သွားတာလဲ..." လူများတွေးလိုက်မိကြသည်။ "သူက နတ်ဘုရားကများ လူ၀င်စားတာလား..."

"ဒါပေမယ့် ကောင်းတဲ့အချက်က ငါတို့ဘက်မှာနေအဆင့်သခင်သုံးယောက်ရှိနေတာပဲ။ အခြေအနေက မဆိုးသေးပါဘူး။ ဒီနေအဆင့်သခင်သုံးပါးကသာ ချမ်းဘော့ဒ်ဘုရင်ကို သတ်နိုင်မယ်ဆိုရင် ဒီညအတွက် အနိုင်ရတဲ့လူက နဂါးသတ်မဟာမိတ်တွေပဲဖြစ်နေဦးမှာပဲ"

All Chapters