"ထိတ်လန့်အံ့သြခြင်း"
Vol. 50 Ch. 784
"ငါထင်မထားခဲ့ဘူး။ တကယ်ကိုထင်မထားခဲ့ဘူး။ မင်းက တကယ့်လို့ ပါရမီရှင်တွေထဲက ပါရမီရှင်တစ်ယောက်ပဲ။ မင်းလို့ ပါရမီရှင်တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ ဇီးနစ်အင်ပါယာထဲမှာမွေးဖွားလာရတာလဲ။ အင်ပါယာအရှင်သခင်ယရှင်းတောင် မင်းနဲ့မယှဥ်နိုင်ဘူး။ အတော်ဆိုးတာပဲ မင်းသာ မဟာဘုရားကျောင်းအတွက် အလုပ်လုပ်ပေးနိုင်မယ်ဆိုရင် ကောင်းမှာပဲ။ နတ်ဘုရားတွေက အမှားလုပ်ခဲ့မိပြီးတော့ မင်းကို ရယ်စရာကောင်းတဲ့အတွေးခေါ်တွေနဲ့ မကောင်းဆိုး၀ါးတစ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့လိုက်တယ်။ မင်းလိုအရည်ခြင်းရှိတဲ့လူတစ်ယောက်က တရားမျှတသန့်စင်မှုရဲ့ ဆန့်ကျင်ဘက်မှာရှိနေတာ စိတ်မကောင်းစရာပါပဲ.." ထိတ်လန့်အံ့သြသွားပြီးသည့်နောက်တွင် ဘုန်းတော်ကြီးဆီးနစ်သည် သူ၏ခေါင်းကို ခါရမ်းကာ သက်ပြင်းချလိုက်မိသည်။
ကျန်ရှိနေသည့် ရှီရဲဘုရားကျောင်းမှ အဖိုးကြီးနှစ်ယောက်သည်လည်း သူတို့၏ မျက်လုံးများပြူးကျယ်နေ၏။ ဤအရာသည်ဖြစ်နေသည်အား မယုံနိုင်သလိုပင်။ သူတို့သည် စိတ်အေးလက်အေးမရှိတော့ပဲ သူတို့၏စွမ်းအင်များကို အနည်းငယ်ထုတ်လွှတ်၍ သတိကြီးကြီးထားလိုက်ကြ၏။ နေအဆင့်သခင်တစ်ယောက်သည် သူတို့အား အန္တရာယ်ပြုနိုင်သည့်အတွက်ပင်။
"ဟုတ်လား ခင်ဗျားမသိတဲ့အရာတွေကျန်ပါသေးတယ်..." ဖှေးနှာခေါင်းရှုံ့လိုက်၏။
ဤအခိုက်တန့်တွင် သူ၏ စွမ်းအားများကိုဖုံးကွယ်ထားခြင်းမရှိတော့ပေ။ မရဏငရဲခက်ခဲမှုအဆင့် လယ်ဗယ်၅လူရိုင်းဇာတ်ကောင်၏စွမ်းအားများကိုထုတ်လွှင်လိုက်ပြီး ရွှေရောင်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စီးထွက်လာကာ ဘေးပတ်ပတ်လည်တွင် စီးဆင်းနေတော့သည်။ ထိုစွမ်းအင်များသည် အပြင်ဘက်သို့ ကျယ်ပြန့်လာရင်းဖြင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများသည် ပတ်၀န်းကျင်တွင်ရှိနေသည့်လေထုကို နွံအိုင်ကဲ့သို့ သိပ်သည်းစေသည်။
ဤအရှိန်၀ါသည် နေအဆင့်သခင်များ၏ ထူးခြားသည့်အရှိန်၀ါတစ်ခုပင်။
မည်သူမှ ဖှေး၏စွမ်းအားအစစ်မှန်ကိုသံသယမ၀င်ကြတော့ပေ။ ထင်ရှားလှ၏။
"ဟားဟား မင်းကနေအဆင့်သခင်တစ်ပါးဆိုပေမယ့် နေအဆင့်သခင်သုံးယောက်ကို မင်းတစ်ယောက်ထဲနဲ့ယှဥ်ချဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ မင်းကသုံးကိုယ်ခွဲရင်ခွဲ မခွဲရင်တော့ မင်းဘက်က ကူတိုက်ပေးမယ့် နေအဆင့်သခင်နှစ်ယောက်ကို ဆင့်ခေါ်နိုင်မှရလိမ့်မယ် အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မင်းက ဒီညတိုက်ပွဲကို သေချာပေါက်ရှုံးနိမ့်မှာပဲ..." ခနတာတုန်လှုပ်သွားပြီးသည့်နောက်တွင် သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနစ်သည် ပြန်လည်တည်ငြိမ်လာ၏။
"ဟုတ်တယ် ငါတို့ဘက်မှာ နေအဆင့်သခင်သုံးယောက်တောင်ရှိနေတယ်။ ငါတို့အားသာနေတာပဲ။ ချမ်းဘော့ဒ်ဘုရင်က အခုဆိုနေအဆင့်ရောက်နေတာအံ့သြစရာဆိုပေမယ့် သူ့မှာ လူအင်အားနည်းနေတုန်းပဲ။ ငါတို့ပဲနိုင်မှာပါ..." သူတွေးလိုက်မိသည်။
အခြေအနေအား မဟာဘုရားကျောင်းကအလုံးစုံထိန်းချုပ်ထားနိုင်နေသလိုပင်။
"ဟမ် ခင်ဗျားတို့ သုံးယောက်ကို ကျွန်တော်တစ်ယောက်ထဲချမယ်လို့ ဘယ်သူပြောလို့လဲ..." ဘုန်းတော်ကြီးဆီးနစ်၏ စကားဆုံးသွားသည့်အချိန်တွင် ဖှေးထက်မံ၍ပြုံးလိုက်သည်။ ထိုအပြုံးသည် လှောင်ပြောင်လိုဟန်တို့ဖြင့် ပြည်နှက်နေသည့်အတွက် ဆီးနစ်အား အလွန်ပင်စိတ်မသက်မသာဖြစ်စေ၏။
"ဖျောင်း..." ဘုရင် လက်ဖျောက်တီးလိုက်သည့်အခါတွင် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ မီးရှူးမီးပန်းတစ်ခုလိုပျံတက်သွားပြီး ကောင်းကင်ပေါ်တွင်ရွှေရောင်မြှားတစ်စင်း၏ ပုံရိပ်ကိုထင်ကျန်စေလိုက်သည်။
နောက်အခိုက်တန့်တွင် အနက်ရောင်နှင့် အဖြူရောင်မီးတောက်နှစ်ခုတို့သည် ချမ်းဘော့ဒ်၏ဓားငါးလက်တောင်တန်းများထံမှပျံတန်းလာ၏။ ထိုမီးတောက်များသည် ချက်ချင်းလိုလိုပင် ရင်ပြင်ပေါ်သို့ အချိန်တိုအတွင်းမှာပင်ရောက်ရှိလာခဲ့သည်။
မီးတောက်နှစ်ခုကွယ်ပျောက်သွားခဲ့ပြီးသည့်နောက်တွင် လူနှစ်ယောက်သည် ဖှေး၏ဘေးတွင်ရောက်လာခဲ့သည်။
သူတို့ထဲမှတစ်ယောက်သည် အသက်၃၀ခန့်အရွယ်ခန့်ဟုထင်ရသည့်လူလတ်ပိုင်းတစ်ယောက်ပင်။ ကြီးမားသည့် မျက်လုံးများ၊ ထူထဲသည့်မျက်ခုံးများရှိပြီး အမဲရောင်၀တ်ရုံတစ်ခုကို၀တ်ဆင်ထားသည်။ သူသည် ၀တ်ဆင်ထားသည့်အရာအားလုံးအမဲရောင်ဖြစ်နေသည့်အတွက်ကြောင့် အနက်ရောင်အားအလွန်ကြိုက်နှစ်သက်ပုံရသည်။ သူသည် သန်မာထွားကျိုင်းခြင်းမရှိပဲ မျက်နှာပေါ်တွင်တောက်ပသည့်အပြုံးတစ်ခုရှိနေသည့်အတွက်ကြောင့် မြင်ရသည့်လူတိုင်းသူ့အား နှစ်သက်မည့်ဟန်ပင်။
တစ်ခြားလူတစ်ယောက်သည် အဖြူရောင်၀တ်ရုံကို၀တ်ဆင်ထားပြီး ရွှေရောင်ဆံပင်ရှည်များသည် လေထဲတွင်လွှ့င်ပျံနေ၏။ သူ၏ ရုပ်ရည်အသွင်ပြင်များစူးရှပြီး ခန့်ညားသည့်ဟန်ပန်ရှိ၏။ သူသည် အသက်၄၀ငါးဆယ်အရွယ်ခန့်ပုံပေါက်သော်လည်း သူ၏ မျက်လုံးများထဲတွင်ဖုံးကွယ်ထားသည့် ဉာဏ်ပညာတို့သည် သူ၏အသက်ရွယ်နှင့်မလိုက်လှပေ။ ယခင်လူတစ်ယောက်နှင့်မတူသည်မှာ ထိုလူသည် အဖြူရောင်ကိုကြိုက်နှစ်သက်ပုံရသည်။ သူ၏ ရွှေရောင်ခါးပတ်သည် ရွှေဖြူဖြင့်ပြုလုပ်ထား၏။
တစ်ယောက်သည်အမဲရောင်၊ တစ်ယောက်သည်အဖြူရောင် တစ်ယောက်သည် ဘယ်ဘက်၊ တစ်ယောက်သည်ညာဘက် ထိုလူနှစ်ယောက်တို့သည် ဖှေး၏ ကိုယ်ရံတော်များကဲ့သို့ သူ၏ဘေးတွင်ရပ်နေလျှက်ရှိသည်။
ရုတ်တရက်ပင် သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနစ်နှင့် ရှီရဲဘုရားကျောင်းမှ အဖိုးကြီးနှစ်ယောက်တို့သည် တုန်လှုပ်သွားကာ ဒေါသဖြစ်နေကြသည့်ဟန်ပင်။ သူတို့၏စွမ်းအားများဖြင့် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံမှ ရုတ်တရက် ရောက်လာသည့်လူနှစ်ယောက်သည်လည်း နေအဆင့်သခင်များဖြစ်သည်ကို ပြောနိုင်သည့်အတွက်ပင်။
ထို့အပြင် အဖြူရောင်၀တ်ရုံနှင့်အသက်လတ်ပိုင်းလူသည်လည်း ဆီးနစ်သိရှိသည့်လူတစ်ယောက်ဖြစ်သောကြောင့်ပင်။
တကယ်တန်းတွင် ထိုလူသည် သူတို့ထဲမှ လူတစ်ယောက်ဖြစ်သောကြောင့်ပင်။
"အော် ငါဒါကိုတော့ ထင်မထားခဲ့ဘူး ဂျာဗီယာ မင်းက ဒီကို တကယ်ရောက်လာာခဲ့တာပဲ။ ဒါဆို ကောလဟာလတွေက အမှန်တွေပဲပေါ့။ ချမ်းဘော့ဒ်ဘုရင်က တကယ်ပဲ ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်လုပ်လိုက်တာလား။ သူကအခုဆိုရင် မင်းတို့ကျောင်းတော်ရဲ့ဘုန်းတော်ကြီးဖြစ်နေပြီလား..." ဘုန်းတော်ကြီးဆီးနစ်မျက်မှောင်ကြုံ့လိုက်ပြီး မကောင်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အခြေအနေများအားလုံးသည် သူထင်မထားသည့်ဘက်သို့ စတင်၍ ဦးတည်နေပြီဖြစ်သောကြောင့်ပင်။
အဆိုပါ ခန့်ညားသည့်အသတ်လတ်ပိုင်းအရွယ်လူသည် ၀တ်ရုံနက်ကျောင်းတော်၏ စွမ်းအားမြင့်မားသောအကြီးကဲများထဲမှ တစ်ယောက်ဖြစ်သည့် ဂျာဗီယာ-ဘတ်စတီဖြစ်သောကြော့င်ပင်။
"ဟားဟားဟား ဆီးနစ်ခင်ဗျားနဲ့ကျုပ်နဲ့ ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ခင်ဗျားပြောတာအမှန်ပဲ အရှင်မင်းကြီးဘုရင်အလတ်ဇန္ဒားက အခုဆိုရင် ကျုပ်တို့ကျောင်းတော်ရဲ့ ဘုန်းတော်ကြီးဖြစ်နေပြီ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး သူ့ကိုစော်ကားရဲရတာလဲ။ ဘုန်းတော်ကြီးအလတ်ဇန္ဒားက ဘုရားသခင်တွေရဲ့ချစ်ခင်ခြင်းခံရတဲ့ [ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်]တစ်ယောက်ပဲ။ ခင်ဗျားက သူ့ကို မကောင်းဆိုး၀ါးလို့ ဘယ်လိုဖြစ်ပြီးပြောလိုက်တာလဲ။ ဘာလဲ ခင်ဗျားက [ဘုရားသခင်၏ လမ်းစဥ်]ကိုချိုးဖောက်နေတာလား။ ဒါမှမဟုတ်ရင် တရားမျှတမှုကို တိမ်းစောင်းဖို့လုပ်နေတာလား..." ဘတ်စတီသည် အော်ဟစ်၏ ဆီးနစ်အား ပြန်လည်စွပ်စွဲလိုက်သည်။ သူ၏အရှိန်၀ါသည် ဓားသွားတစ်ခုလိုစူးရှနေပြီး တစ်ခြားလူများသည် သူ့အားစိုက်ကြည့်ရန်ပင်ခက်ခဲနေ၏။
"ဘုရင်အလတ်ဇန္ဒားက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်ဆိုတာကို မသိလို့ငါပြောခဲ့မိတာပဲ။ ငါပြောခဲ့တာကို ငါရုတ်သိမ်းတယ်..." ဘုန်းတော်ကြီးဆီးနစ်သည် ဘတ်စတီ၏ စွပ်စွဲမှုကို ပြန်လည်ကာ ချေပလိုက်သည်။
ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် သူမေးလိုက်၏။ "ဒါပေမယ့် သူတော်စင်မ အန်ဂျယ်လာကို မြောက်ပိုင်းဘုရားကျောင်းဌာနချုပ်ကိုခေါ်ဆောင်ဖို့အတွက်က ဘုန်းတော်ကြီး ပလတ်တီနီရဲ့အမိန့်ပဲ။ မြောက်ပိုင်းဒေသဘုရားကျောင်းများအဖွဲ့၀င်အနေနဲ့ ၀တ်ရုံနက်ကျောင်းတော်ကလည်း အမိန့်နာခံရမယ်။ ခင်ဗျားက အရှင့်ရဲ့အမိန့်ကိုလွန်ဆန်ပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်မဟာဘုရားကျောင်းကို ဆန့်ကျင်ရာမှာ ၀င်ကူညီနေတာလား။ ခင်ဗျား မဟာဘုရားကျောင်းကို သစ္စာဖောက်နေတာလား..."
သူတို့နှစ်ယောက်သည် တစ်ယောက်အကြောင်းတစ်ယောက်ကောင်းမွန်စွာသိရှိကြပြီး တစ်ယောက်နှင့်တစ်ယောက်ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် အခြင်းခြင်းစကားလုံးမားဖြင့် တိုက်ခိုက်နေကြ၏။
"ဘုန်းတော်ကြီးပလတ်တီနီကိုယ်တိုင် အဲ့အမိန့်ပေးခဲ့ရင်လည်း ဘာဖြစ်လဲ။ ဘုရင်မအန်ဂျယ်လာက ကျုပ်တို့၀တ်ရုံနက်ကျောင်းတော်ရဲ့ သူတော်စင်မဖြစ်နေပြီးပြီ။ ပလတ်တီနီက မြောက်ပိုင်းဒေသဘုရားကျောင်းရဲ့ အကြီးကဲဆိုပေမယ့် တစ်ခြားဘုရားကျောင်းတွေရဲ့ သူတော်စင်မကို လုယူပိုင်ခွင့်မရှိဘူး ဒါကိုလည်း [ဘုရားသခင်၏ လမ်းစဥ်]ထဲမှာပြဌာန်းထားပြီးသား..." ဘတ်စတီသည်လည်း ဆီးနစ်၏ အဆိုကိုလက်မခံပဲ ပြန်လည်ကာချေပလိုက်သည်။
"ဘာ...မင်း..."
ရုတ်တရက်ပင် သူဤနေရာသို့ရောက်ခဲ့ရသည့်အကြောင်းရင်းကို ပြောခဲ့စဥ်က ချမ်းဘော့ဒ်ဘုရင် အံ့သြတုန်လှုပ်ခြင်းမရှိခဲ့သည့်အကြောင်းရင်းကို ချက်ချင်းနားလည်သွားလိုက်၏။
"သူက အကုန်ပြင်ဆင်ထားခဲ့တာပဲ။ ငါ့ကို..." ဆီးနစ်တွေးလိုက်မိသည်။
အန်ဂျယ်လာသည် ၀တ်ရုံနက်ကျောင်းတော်၏ သူတော်စင်မဖြစ်နေနှင့်ပြီးဆိုပါက အရာအားလုံးသည် ဘတ်စတီပြောသလိုပင် မြောက်ပိုင်းဒေသဘုရားကျောင်း၏ ဘုန်းတော်ကြီး ပလတ်တီနီပင် အန်ဂျယ်လာအား ရှီရဲကျောင်းတော်၏ သူတော်စင်မတစ်ယောက်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အာဏာမရှိပေ။ မဟာဘုရားကျောင်း၏ စည်းမျဥ်းများထဲတွင် ဤကဲ့သို့ပြုမူခြင်းအား ပြင်းပြင်းထန်ထန်တားမြစ်ထားသည့်အတွက်ပင်။
"ဟမ် အဲ့လိုလုပ်ဖို့အတွက်ဆိုရင် ချမ်းဘော့ဒ်ဘုရင်ကို မြောက်ပိုင်းဒေသဘုရားကျောင်းဆီးနိတ်အဖွဲ့ကရော၊ ၀ေလုတောင်ပေါ်မှာနေတဲ့ ပုပ်ရဟန်းမင်းကြီး ဘလတ်တာကရော ခွင့်ပြုချက်ပေးဖို့လိုသေးတယ်။ အဲ့လိုမလုပ်ရသေးခင်ထိတော့ အရာအားလုံးကို တရား၀င်ပြီပြောလို့မရသေးဘူး။ အဲ့တာကြောင့် အန်ဂျယ်လာက ၀တ်ရုံနက်ကျောင်းတော်ရဲ့ သူတော်စင်မတစ်ယောက်မဖြစ်သေးဘူး။ ငါတို့ ရှီရဲကျောင်းတော်မှာလည်း အခွင့်ရေးရှိသေးတယ်..." ဆီးနစ် စိတ်ဓာတ်ကျနေသည့်အချိန်တွင် ရှီရဲကျောင်းတော်မှ အဖိုးကြီးနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့် လီမော့ဇ်မှ ရုတ်တရက်ပြောလိုက်သည်။