← Chapters

"နေအဆင့်သခင်များ၏ တိုက်ပွဲ"

Vol. 50 Ch. 785

"နေအဆင့်သခင်များ၏ တိုက်ပွဲ"

Vol. 50 Ch. 785

လီမော့ဇ်ပြောလိုက်သည့်အရာကြောင့် ဆီးနစ်၏မျက်လုံးများပြန်လည်ကာတောက်ပလာသည်။

"ဟုတ်တယ် ဟားဟားဟား အခုချိန်မှာတော့ အရာအားလုံးကို တသက်မှတ်ထဲပြောလို့မရသေးဘူး။ ငါတို့မှာ အခွင့်ရေးရှိသေးတယ်..." ဆီးနစ်သည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်၏။

"ခင်ဗျားမှာအခွင့်ရေးရှိသေးတယ်ဆိုရင် ၀တ်ရုံနက်ကျောင်းတော်မှာလည်း အခွင့်ရေးရှိသေးတာပဲ။ မျှမျှတတတိုက်ခိုက်လို့ရတယ်။ ဒီအခြေအနေမှာဆိုရင် [ဘုရားသခင်၏ လမ်းစဥ်]အရ ဘယ်ဘုရားကျောင်းကို ၀င်ချင်တယ်ဆိုတာကို သူတော်စင်မ အန်ဂျယ်လာကပဲ ဆုံးဖြတ်ရမယ်။ ပလတ်တီနီတောင် အရှင်မကို ရှီရဲကျောင်းတော်ထဲ၀င်ဖို့တွန်းအားမပေးနိုင်ဘူး.." ဘတ်စတီမှ ပြောလိုက်သည်။

သို့သော် သူလျို့၀ှက်စွာဖြင့် သက်ပြင်းချကာတွေးလိုက်မိသည်။ "လီမော့ဇ်က ဉာဏ်များတဲ့အဖိုးကြီးတစ်ယောက်ပဲ။ ဒီကောင်က ငါတို့အစီစဥ်ရဲ့ဟာကွက်ကို ချက်ချင်းမြင်နိုင်တယ်။ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့မှာ ပလတ်တီနီရဲ့အမိန့်ကို လွန်ဆန်ဖို့အကြောင်းပြချက်ကောင်းတစ်ခုရှိနေသေးတယ် အဆိုးဆုံးအခြေအနေတော့မဟုတ်သေးပါဘူး..."

"ဟမ် အရှင်မက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ပဲရှိသေးတာ။ သူမက ဘာသိမှာမို့လို့လဲ။ သူမကိုယ်တိုင် ဆုံးဖြတ်လို့မရသေးဘူး။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျုပ်တို့လိုအသက်ကြီးပိုင်းတွေပဲ ဆုံးဖြတ်ရမှာ ဒါကပဲ အရှင်မအနာဂတ်ကောင်းဖို့အတွက်ပဲ..." ကျန်ရှိနေသည့် ရှီရဲဘုရားကျောင်းမှ အဖိုးကြီး ဒီအောမှအေးစက်စွာပြောလိုက်သည်။

ထိုလူများပြောနေသည့်စကားများသည် ဖှေးအားဒေါသဖြစ်စေ၏။ ထို့ကြောင့် သူသည် မျက်မှောင်ကြုံ့ကာ သက်ဖြတ်လိုသည့်ဆန္ဒများဆူပွက်နေလျှက်ရှိသည်။

"စကားပြောနေတာတွေလုံလောက်ပြီ။ ဒီပြသနာကို လက်သီးနဲ့ပဲဖြေရှင်းကြတာပေါ့။ ဘုရင်မအန်ဂျယ်လာက လက်သီးအမာဆုံးအဖွဲ့စီကိုလိုက်လိမ့်မယ် စလိုက်ရအောင်..." ဖှေး၏ ဘေးတွင်ရှိနေသည့် အနက်ရောင်၀တ်ရုံနှင့်လူသည် စိတ်မရှည်စွာပြောလိုက်၏။

ဖှေးပြုံးကာ တွေးလိုက်မိသည်။ "အောက်လမ်းဆရာဟေဇယ်-ဘန့်ခ်က င့ါအကြောင်းကို အသိဆုံးပဲ.."

အနက်ရောင် ၀တ်ရုံနှင့်လူသည် အောက်လမ်းမှော်ဆရာဟေဇယ်-ဘန့်ခ်ပင်။

ဒဏ်ရာများသက်သာပျောက်ကင်းစေရန်အတွက် အတန်ကြာအောင်အနားယူခဲ့ပြီးသည့်နောက်တွင် သူ၏စွမ်းအားများသည် ကောင်းကင်ပေါ်သို့ပင်ထိုးတက်လာခဲ့သည်။ ယခင်ကလို စွမ်းအားအမြင့်ဆုံးအခြေအနေသို့ ပြန်မရောက်သေးသော်လည်း သူ၏ မကောင်းဆိုး၀ါးအရှိန်၀ါကို ဖုံးကွယ်ထားနိုင်နေပြီဖြစ်သည်။ ထို့အပြင် နတ်ဘုရားအစီရင်များကို နားလည်ခဲ့ပြီးသည့်နောက်တွင် အာကာရာနှင့်ကိန်းတို့သည် နတ်ဘုရားလှည့်စားခြင်းတံဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ဟေဇယ်-ဘန့်ခ်သည် သူ၏ နေမူမမှန်ခြင်းကိုအသုံးပြုခြင်းမရှိပါက သူ၏ စွမ်းအင်သုံးတိုက်ခိုက်မှုများမှ သူသည် အောက်လမ်းမှော်ဆရာတစ်ယောက်ဖြစ်ကြောင်းကို မည်သူမှ သိရှိနိုင်လိမ့်မည်မဟုတ်ပေ။

သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနစ် မျက်မှောင်ကြုံ့လိုက်သည်။

ဟေဇယ်-ဘန်ခ့်အား အသေချာစိုက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူယဥ်ကျေးစွာမေးလိုက်သည်။ "ခင်ဗျားက..."

"ကျုပ်က နာမည်ကြီးတဲ့လူတစ်ယောက်မဟုတ်ဘူး။ အရှင်မင်းကြီးဘုရင်အလတ်ဇန္ဒားရဲ့လူတစ်ယောက်ပါ..." အောက်လမ်းဆရာမှ တည်ငြိမ်စွာပြောလိုက်သည်။

ထိုအဖြေသည် မြောက်ပိုင်းဘုရားကျောင်းဘက်မှ လူသုံးယောက်အား ထိတ်လန့်အံ့သြသွားစေသည်။

အမဲရောင်၀တ်ရုံနှင့် နေအဆင့်သခင်သည် ချမ်းဘော့ဒ်ဘုရင်ဖိတ်ခေါ်ထားသည့် သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့ထင်ထားခဲ့သည့်အတွက်ပင်။ နေအဆင့်သိုင်းဆရာများအားလုံးသည် ဂုဏ်ယူ၀င့်ကြွား၍ အရှိန်၀ါကြီးမားသည့်လူများဖြစ်သည့်အတွက်ပင်။ သူတို့သည် ပုံမှန်အားဖြင့် တစ်ခြားလူများ၏ လူယုံတပည့်တပန်းများမဟုတ်ကြပေ။

သို့သော် အမဲရောင်၀တ်ရုံနှင့်လူမှ ထိုကဲ့သို့လွယ်လွယ်ကူကူပင် ၀န်ခံလိုက်သည်။

"ဒါကကြောက်စရာပဲ ချမ်းဘော့ဒ်တိုင်းပြည်က ဘယ်လောက်တောင်များစွမ်းအားကြီးမားတာလဲ..." သူတို့တွေးလိုက်မိကြသည်။

ဘုန်းတော်ကြီးဆီးနစ်သည် ယခုအချိန်တွင် မသေချာသလိုခံစားနေရသည်။ သူသည် ယနေ့ညအတွက် အရာရာကိုအသေချာအသေးစိတ်ပြင်ဆင်ခဲ့သည်။ ရန်သူကိုလည်း အထင်သေးခဲ့ခြင်းမရှိပေ။

ခြင်္သေ့တစ်ကောင်သည် ယုန်လေးတစ်ကောင်ကို အမဲလိုက်နေပါကလည်း အားကုန်သုံးအမဲလိုက်မည်ဖြစ်သောကြော့င်ပင်။

သို့သော် သူသည် အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက်ကြောင့် သူ၏ယုံကြည်မှုမှာ အနည်းငယ်လှုပ်ခါနေ၏။

"ခင်ဗျားက ဘာကောင်မှမဟုတ်ဘူးဆိုရင် ထွက်သွားလိုက်။ မဟာဘုရားကျောင်းရဲ့အတွင်းရေးမှာ ခင်ဗျားကဘာကောင်မို့၀င်ပါနေတာလဲ။ ခင်ဗျားသေချင်လို့လား..." ရှီရဲကျောင်းတော်၏ အဖိုးကြီး လီမော့ဇ်သည် အေးစက်သည့်အသံနေအသံထားတစ်ခုဖြင့် ခြိမ်းခြောက်လိုက်သည်။

"ဟီးဟီးဟီး အဖိုးကြီး ခင်ဗျားရဲ့ ဒိတ်အောက်နေတဲ့ခြိမ်းခြောက်မှုတွေကိုလာမသုံးစမ်းနဲ့။ ခင်ဗျား ဘယ်လောက်အစွမ်းရှိလဲဆိုတာကိုသာ ပြလိုက်စမ်းပါ..."

အောက်လမ်းဆရာသည် အလွန်မာနကြီးသည့် လူတစ်ယောက်ပင်။ သူသည် ငယ်ရွယ်စဥ်အခါက သူ့အား ရန်စသည့် လူသိန်းပေါင်းများစွာကို သတ်ဖြတ်ပစ်ရန်ကိုပင် ၀န်လေးသည့်လူတစ်ယောက်မဟုတ်ခဲ့ပေ။ အတိတ်တွင် မဟာဘုရားကျောင်းမှ သိုင်းဆရာများစွာသည် သူ့လက်ချက်ကြောင့်သေဆုံးခဲ့ဖူး၏။ ဖှေးမှလွဲ၍ သူ၏ရင်းနှီးမှုကို မည်သူ့ကိုမှပြသလိမ့်မည်မဟုတ်ပေ။

အမဲရောင်မြူခိုးများသည် အောက်လမ်းဆရာ၏ အင်္ကျီလက်ကောက်၀တ်အတွင်းမှ ထွက်ပေါ်လာပြီး ချွန်ထက်သည့် စူးချွန်များစွာအဖြစ်သို့ ပြောင်းလဲသွားကာ ရှီရဲဘုရားကျောင်း၏ အဖိုးကြီးလီမော့ဇ်အား ပစ်မှတ်ထားလိုက်သည်။

ဟေဇယ်-ဘန့်ခ်၏ ထိန်းချုပ်မှုနှင့် နတ်ဘုရားလှည့်စားခြင်းတံဆိပ်များ၏ သက်ရောက်မှုတို့ကြောင့် ထိုစွမ်းအင်သည် အေးစက်မှောင်မိုက်နေသော်လည်း မကောင်းဆိုး၀ါးစွမ်းအင်၊ မရဏစွမ်းအင်ဟုမထင်ရပေ။ ထို့ကြောင့် မဟာဘုရားကျောင်းမှသိုင်းဆရာသုံးယောက်သည် မြင့်မြတ်သောစွမ်းအင်အား နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော်လည်း အမဲရောင်မြူခိုးများသည် တကယ်တန်းတွင် မကောင်းဆိုး၀ါးစွမ်းအင်များဖြစ်သည်ကို အာရုံခံနိုင်စွမ်းမရှိကြပေ။

လီမော့ဇ်သည် ယုံကြည်မှုမလွန်ကဲရဲပေ။ သူ၏ ရန်သူသည် နေအဆင့်သခင်တစ်ပါးဖြစ်သည့်အတွက်ကြောင့် ခြေလှမ်းမှားပါက အန္တရာယ်တွင်းထဲသို့ ကျရောက်မည်ဖြစ်သည်။

သူ၏လက်များကို ဆန့်တန်း၍ သစ်ကိုင်းခြောက်များကဲ့သို့သော လက်ချောင်းများကိုဆန့်ကာ အပြင်သို့တွန်းထုတ်လိုက်သည်။ မြင့်မြတ်သောစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ထူထပ်သောငွေရောင်စွမ်းအင်နံရံတစ်ခုသည် သူ၏အရှေ့တွင်ချက်ချင်းထွက်ပေါ်လာကာ ထောင်နှင့်ချီသော အမဲရောင်စူးချွန်များကိုကာရံလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် စွမ်းအင်များကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်သည့်အတွက် စွမ်းအားအကြွင်းကျန်များ ဘေးပတ်၀န်းကျင်သို့ လွှင့်စင်ခြင်းမရှိသည့်အတွက် ရင်ပြင်အား ထိခိုက်စေခြင်းမရှိပေ။

သူတို့၏ခန္ဓာကိုယ်များတောက်ပလာပြီး အမဲရောင်မီးတောက်များနှင့် အဖြူရောင်မီးတောက်များထွက်ပေါ်လာကာ အခြင်းခြင်းထိတွေ့တိုက်ခိုက်ကြတော့သည်။

တိုက်ခိုက်မှုများပြင်းထန်လာသည့်အတွက် သူတို့၏စွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိကြတော့သည့်အတွက် စွမ်းအားအကြွင်းကျန်များသည် နေရာတစ်၀ိုက်တွင်စတင်၍ လွှင့်စင်လာတော့သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်လုံးအော်ဟစ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။

လူများမြင်ရသည့်အရာများသည် တောက်ပသည့်စွမ်းအင်မီးတောက်များသာရှိတော့၏။

နေအဆင့်သခင်များသည် လွန်စွာစွမ်းအားမြင့်မားလှ၏။ စွမ်းအားအကြွင်းကျန်များကပင် တောင်များကိုဖျက်ဆီးနိုင်၊ ရေကန်များကိုအငွေ့ပျံစေနိုင်ပြီး၊ ကုန်းမြေကို အက်ကွဲစေနိုင်သည်။

တိုက်ပေါ်တွင် ဖျက်ဆီးမှုများစွာဖြစ်ပေါ်စေနိုင်သည့်အတွက် နေအဆင့်သခင်အများစုသည် ကောင်းကင်ပေါ်တွင်သာတိုက်ခိုက်လေ့ရှိကြ၏။

"ဟားဟားဟား တိုက်ပွဲစပြီဆိုတော့ ကျုပ်တို့လဲရပ်ကြည့်မနေသင့်တော့ဘူး တိုက်ခိုက်ကြတော့မလား..." ဘတ်စတီသည် ရယ်မောကာ ကျန်ရှိနေသည့် ရှီရဲဘုရားကျောင်းမှ အဖိုးကြီး ဒီအော်အား ပစ်မှတ်ထားလိုက်သည်။

ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး လက်အတွင်းမှထွက်ပေါ်လာသည့် ငွေရောင်မြင့်မြတ်သောစွမ်းအင်အလင်းတန်းများသည် ကြီးမားသည့် ဓားသွားကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။

ဒီအော်အား ထိုဓားဖြင့်ခုတ်ချလိုက်သည့်အချိန်တွင် ကောင်းကင်တစ်ခုလုံးပင်ကွဲအက်သွားတော့မည့်အတိုင်းပင်။ သူသည် စွမ်းအားများကို ထိန်းချုပ်ထားခြင်းမရှိပေ။

"ကောင်းပြီလေ။ ကျုပ်လဲခင်ဗျားနဲ့တိုက်ခိုက်ချင်တာကြာပြီ။ ၀တ်ရုံနက်ကျောင်းတော်ရဲ့ကျဆုံးမှုကို ခင်ဗျားရှောင်လွှဲလို့မရဘူးဆိုတာကို သိအောင်ပြပေးရမှာပေါ့။ ခင်ဗျားဘယ်လိုပဲကြိုးစားကြိုးစားအသုံး၀င်မှာမဟုတ်ဘူး..." ဒီအော်မှာ အေးစက်စွာရယ်မောလိုက်သည်။

ထိန်းချုပ်ခြင်းမရှိပဲ သူ၏ မြင့်မြတ်သောစွမ်းအင်များကိုလည်း ထုတ်လွှတ်လိုက်သည်။ သူသည် အလိုရှိပါက ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးနိုင်နေသည့်အတိုင်းပင်။ သူ၏ မြင့်မြတ်သောစွမ်းအင်များသည် သိပ်သည်းသွားပြီး ငွေရောင်ဒိုင်းကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အား ခုတ်လိုက်သည့် ဘတ်စတီ၏ ဓားသွားကို လွယ်ကူစွာ ကာရံလိုက်သည်။

အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်သည်လည်း ဆက်လက်တိုက်ခိုက်ရန်အတွက် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့၏။

နေအဆင့်သခင်များ၏ သူသေကိုယ်သေတိုက်ပွဲကြီးသည် စတင်ဖြစ်ပွားနေပြီဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်တော့ပေ။

လက်ရှိအချိန်တွင် မြေပြင်ပေါ်တွင်ရှိနေသည့် လူများ အာခေါင်ခြောက်သလိုခံစားနေရပြီး နှလုံးခုန်သံများမြန်ဆန်နေ၏။ သူတို့သည် အခြင်းခြင်းပင်စကားပြောနိုင်ကြခြင်းမရှိပေ။

ကောင်းကင်ပေါ်တွင် နေမင်းခြောက်ခုတစ်ပြိုင်နက်ထဲတောက်ပနေသလိုခံစားနေရပြီး နေအဆင့်သခင်များ၏ အရှိန်၀ါအနည်းငယ်ကပင် သူတို့အား မွမ်းကြပ်စေ၏။

သူတို့သည် တုန်ခါနေရင်းဖြင့် အသက်ပင်ရဲရဲမရူရဲပေ။

[၁၁ရက်နေ့မှာ စာစဥ်၅၁ ထွက်ပါမယ်]

All Chapters