← Chapters

ကြီးမားသောအပြောင်းလဲ (၁)

Vol. 16 Ch. 211

ကြီးမားသောအပြောင်းလဲ (၁)

Vol. 16 Ch. 211

--------

အချိန်၏ရွှေ့လျားမှုက အလွန်ပင် မြန်ဆန်လွန်းလှသည်။ မျက်မိတမှိတ်လို့ ထင်ရသော်ငြား တစ်လခွဲ‌ဆိုသော် ချိန်ကကုန်ဆုံးသွားခဲ့သည်။

ပင်မကျွန်းပင်၏ လေ့ကျင့်ရေးခန်းမ၏ အတွင်း၌ လုံထန်တစ်ယောက် လေ့ကျင့်နေချိန်၌ စနစ်၏ အချက်ပေးသံကြောင့် သူ၏ ကျင့်ကြံနေချင်းကို ရပ်တန့်လိုက်သည်။

ဒင် ~~~ လေနဂါးမျိုးနွယ်စုကို သိမ်းပိုက်နိုင်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြပါတယ် ။

ဆုလာဘ် ~~~ ယင်လေနှလုံးသားကို ရရှိပါသည်။ ဆုလာက်ကို " စနစ် " ရဲ့ သိုလှောင်ရာမှာသိမ်းစည်းထားပါတယ်။ ထုတ်ယူလို့ပါသလား ။

လုံထန်တစ်ယောက် ရုတ်တရက်ကြားရသော စနစ်၏ အချက်ပေးသံကြောင့် ပျော်ရွှင်သွားခဲ့သည်။ သူစနစ်၏ သိုလှောင်ရာ နေရာသို့ ကြည့်လိုက်ချိန်၌ တိတ်နေသော သို့လှောင်ရာနေရာ၌ တိတ်တဆိတ်လွင့်မျောနေသော စိတ်ပြာရောင် အလုံးလေးတစ်ခုကို တွေ့လိုက်ရသည် ။ ထိုစိမ်းပြာ‌ရောင် အလုံးလေး၏ ပတ်လှည်၌ ရှုပ်ထွေးဆန်းကြယ်သော အက္ခရာများ လည်းရှိနေခဲ့ပြီး ထက်ရှသော လေ၏ စွမ်းအားအတက်များကို ထုတ်လွတ်နေခဲ့သည်။

စနစ် ~~~ ယင်လေနှလုံးသားကို ရှင်းပြပါအုန်း။ လုံထန်က " ယင်လေနှလုံးသား၏ " အသေးစိတ်ကို သူမသိ၍ စနစ်ထံသို့မေးလိုက်သည်။

ဒင် ~~~ ယင်လေနှလုံးသားက လေစွမ်းအင်အရင်းမြစ်ရဲ့ အနီးကပ်ဆုံးနေရာမှာ အလိုအလျောက်ရောက် မွေးဖွားလာတဲ့ ရတနာဖြစ်ပါတယ် ။ သူကို အသုံးပြုလိုက်သူက လေစွမ်းအားနိယာမများကို အချိန်တိုအတွင်းနားလည်နိုင်ပြီး အချိန်အနည်းငယ်‌လေ့ကျင့်ရုံဖြင့် လေ့ကျင့်ရုံခြင်းရဲ့ရလဒ်က သုံးဆဖြစ်နေပါလေ့မယ် ။

စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံထန်တစ်ယောက် အံဩသွားခဲ့သည်။ ဤရတနာက အလွန်ပင် အဖိုးတန်လှသည်။ အပြင်မှာသာ ထွက်ပေါ်လာပါက မသေမျိုးအဆင့် ဖြစ်တည်မှုများကြား၌ ပင် သွေးထွက်သံယိုတိုက်ပွဲတစ်ခု ဖြစ်ပေါ်သွားနိုင်အောင် စွဲဆောင်နိုင်သော ရတနာပင် ဖြစ်နေခဲ့သည်။

လုံထန်က သူ၏ ထိုအရာများကို ကြည့်ပြီးနောက် အခုချိန်၌ သူအသုံးမပြုသေးပဲ မသေမျိုးအဆင့်သို့ရောက်ချိန်မှ အသုံးပြုရန်တွေးထားခဲ့သည်။ ထိုအဆင့်သို့ရောက်မှအသုံးပြုခြင်းသာ ရလဒ်က ပို၍ ကောင်းမွန်၍ ဖြစ်သည်။ အခုအချိန်အသုံးပြုခြင်းက သူ၏ စွမ်းအားကို တိုးတက်စေနိုင်သော်လည်းပဲ ဖြုန်းတီးခြင်းဟု သူခံစားရသော်ကြောင့်ပင် ။

လုံထန်က ထိုအကြောင်းရာများကို တွေးကြည့်ပြီးနောက် ပြန်လှည့်၍ ကျင့်ကြံရန်ပြုစဉ် ရုတ်ရက်ဆိုသလို့ အလွန်ပြင်းထန်သော ငလျင်ရင်တစ်ခုလှုပ်လိုက်သကဲ့သို့ ကမ္ဘာငယ်တစ်ခုလုံး တုန်ခါသွားသည့်ကို ခံစားလိုက်ရသည်။

ဘာဖြစ်တာလဲ ~ ။

ဤအဖြစ်ပျက်က ကြောင့် လုံထန်လည်း သူ၏ ရှိရာနေကာကို တစ်ယောက် ယောက် လာ၍ တိုက်သည့်ဟု တွေးကာ သူလေ့ကျင့်ရာနေရာမှ လျှင်မြန်စွာဖြင့် ပြေးထွက်လာခဲ့သည်။

လုံထန်က ကျင့်ကြံရာခန်းမအတွင်းမ ထွက်၍ ပင်မကျွန်းပျံ၏ ကောင်းကင်ယံ၌ ရပ်တန့်၍ ပတ်ဝန်းကျင့်ကို ကြည့်နေခဲ့သည်။ သို့သော်လည်း ရန်သူ၏ အရိပ်ယောင်ကိုပင် မခံစားရချေ။ တုန်ခါနေမှုကတော့ ဆက်လက်၍ ဖြစ်ပေါ်နေစဲ့ပင် ။

ဤပြောင်းလဲလာသော ရုတ်တရက် အပြောင်းလဲကြောင့် တံခါးပိတ်ကျင့်ကြံနေသော အောင်းယွီရန်တို့နှင့် အခြားသော အကြီးကဲများက လည်း သူတို့ကျင့်ကြံရာနေရာမှာ ထွက်ပေါ်လာပြီးတော့ လုံထန်ရှိရာနေရာသို့ ပျံသန်းလာကြသည်။

အရှင်မင်းကြီး ကို တွေစုံပါတယ် ။

ယျဉ်ကျေးနေစရာမလို့ပါဘူး ~ ။ ဒါကဘာဖြစ်လဲသိရအောင် အပြင်ကိုသွားကြည့်ရအောင် လုံထန်က အကြီးကဲ အုပ်စုကို ကြည့်၍ ပြောလိုက်ရင်းဖြင့် သူက ဦးဆောင်၍ အပြင်သို့ ထွက်သွားခဲ့သည်။

∆∆∆

သူတို့ ၏ ပုံရိပ်များက ရှေးဦးနဂါးတောင်၏ ထိပ်မှ နေ၍ ထွက်ပေါ်လာကြသည်။ မြင့်မားသော တောင်၏ ထိပ်မှကြည်လိုက်ချိန်၌ ကမ္ဘာမြေတစ်ခုလုံး ကြမ်းတမ်းသော ပင်လယ်လှိုင်းများကဲ့သို့ တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

ဒါက ~ ဒါက ။

ဤဖြစ်ပေါ်နေသော မြင်ကွင်းကြောင့် လုံထန်နှင့် သူ၏ နောက်ရှိ အကြီးကဲများမှာ စကားပင် ဖြောင့် အောင် မပြောနိုင်ချေ။

အရှင်မင်းကြီး ~ တစ်ခုခုတော့ဖြစ်သွားပြီ ။ ဒါက ဟိုအကြောင်းရာနဲ့များ သက်ဆိုင်နေလားမသိဘူး ။ အောင်းယွီရန်က လုံထန်၏ အနီးသို့ တိုးလာရင်းနှင့် သူမ၏ မျက်နှာက လေးနက်နေကာ လုံထန်ကိုပြောလိုက်သည်။

မပြောတက်ဘူး ~~~ အချိန်တွေအရတော့ မဖြစ်နိုင်သေးဘူး ။ ဒါပေမဲ့ စုံစမ်းကြည့်မှပဲရမယ် ။ လုံထန်ကလည်း လေးနက်သော အမှုရာဖြင့် သူ၏ မိန်းမဖြစ်သူကို ကြည့်၍ ပြောလိုက်သည်။

သွားကြစို့ ~ ဒီကိစ္စကို စုံစမ်းကြည်ဖို့ တစ်ယောက်ကို စေလွတ်ရမယ် ။ ပြီးတော့ အပြင်မှာရှိနေတဲ့ အကြီးကဲအောင်းကျန်းဟန်တို့ကို အမြန်ပြန်လာခိုင်းလိုက်ပါ ။ လုံထန်က ပြောပြီးတော့ ရှေးဉီး တောင်ထိပ်ရှိ နန်းတော်ခန်းမသို့ ဝင်သွားခဲ့သည်။

အောင်းယွီရန်လဲ လုံထန်၏ စကားအတိုင်း အောင်းကျန်းဟန်တို့ ထံသို့ပြန်လာစေရန် သတင်းပို့လိုက်ပြီးနောက် လုံထန်နှင့် အတူတူ ခန်းမကြီး၏ အတွင်းသို့ ‌လိုက်ပါသွားခဲ့သည်။

သူတို့နှစ်ဦး၏ နောက်မှ တော်ဝင်အကြီးကဲများ ၏အဖွဲ့ကလည်း လိုက်ပါသွားခဲ့သည်။

နန်းတော်ခန်းမ၏ အတွင်းသို့ ရောက်ချိန်၌ လုံထန်က ထိပ်ဆုံးရှိ ပုလ္လင်၌ ထိုင်ချလိုက်သည်။ သူ၏ ဘေး၌ အောင်းယွီရန်က ထိုင်နေခဲ့သည်။

ဒီကိစ္စကို သေချာ သိဖို့ အကြီးကဲတွေကို စုံစမ်း စစ်ဆေး စေချင်တယ် ။ ဘယ်သူသွားမလဲ လုံထန်ကအောက်ဘက်မှ အကြီးကဲများကို ကြည့်၍ မေးလိုက်သည်။

လက်အောက်ငယ်သားများကို စေလွတ်၍ အဆင်ပြေသော်လည်း အချိန်အရမ်းကြာမြင့်နေလေ့မည်ဖြစ်သည်။ အဲဒီလောက်အထိ သူမစောင့်ချင်ချေ။ နတ်ဘုရားသားရဲ အဆင့် တော်ဝင်အကြီးကဲများကို စေလွတ်လိုက်ပါက အချိန်တိုအတွင်း အဖြေကို သိနိုင်သောကြောင့်ဖြစ်သည်။

အရှင်မင်းကြီး ဒီအကြီးကဲကပဲ အပြင်ထွက်ပြီးတော့ စုံစမ်းပေးပေါ့မယ် ။ အောင်းရွှီရန်က ထရပ်၍ ပြောလိုက်သည်။ သူက အင်ပါယာ၏ ထောက်လှမ်းရေးနှင့် ပတ်သက်သော အရာများကို ယခင်က သူမကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ ဤအချင်း ရာများနှင့်ပတ်သက်ရင် သူမက ပို၍ သင့်တော်၍ ဖြစ်သည်။

လုံထန်လည်း အောင်းရွှီရန်ကိုယ်ကြည့်၍ ခေါင်းညိတ်လိုက်သည်။

ကောင်းပြီ ~ အကြီးကဲ အောင်းရွှီရန်ပဲ အပြင်က ဘာတွေဖြစ်နေလည်းဆိုတာ အသေးစိတ် စုံစမ်းလာခဲ့ပါ ။

နားလည်ပါပြီ ~~~ အရှင်မင်းကြီး အောင်းရွှီရန်က ရိုသေစွာနှတ်ဆက်ပြီးနောက် သူမက ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။

အပိုင်း ၂၁၂ မျော်

All Chapters