ကြီးမားသော အပြောင်းလဲ (၂)
Vol. 16 Ch. 212
--------
အောင်းရွှီရန် ထွက်ခွာသွားချိန်၌ လုံထန်နှင့် တော်ဝင်ကြီးအကဲ များက အချိန် အတော်ကြာအောင် သူတို့ တံခါးပိတ်ကျင့်ကြံနေချိန်အရာများကို ပြောကြားခဲ့ကြသည်။
အချိန်အတော်ကြာမှသာလျှင် သူတို့အားလုံးက သူတို့၏ ကိုယ်နေရာများသို့ပျံသန်းသွားခဲ့ကြသည်။
∆∆∆∆
အားလုံးထွက်ခွာသွားချိန်၌ လုံထန်နှင့် အောင်းယွီရန်တို့သာလျှင် ခန်းမ၏ အတွင်း၌ ကျန်ရစ်နေခဲ့ကြတော့သည်။
ဒီအတောအတွင်း မင်းအတော်လေး တိုးတက်လာခဲ့တာပဲ ၊ လုံထန်က သူ၏ မိန်းမဖြစ်သူကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ ယခုအချိန်၌ အောင်းယွီရန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာက ယခင် ဆယ်စုနှစ်ကနှင့် နှိုင်းယျဉ်လိုက်ယှဉ် အဆပေါင်းများစွာပို၍ အားကောင်းလာခဲ့သည်။
ဟုတ်တယ် ~~~ ဒီဆယ်စုနှစ်အတွင်းမှာတော့ တိုးတက်မှု အနည်းငယ်ရရှိခဲ့တယ် ။ အောင်းယွီရန်က ပြုံးကာ ပြောလိုက်သည်။
အရှင်မင်းကြီးလဲ တိုးတက်မှုတွေရရှိခဲ့တယ် မလား ။ အောင်းယွီရန်က ပြုံးကာ မေးလိုက်သည်။ ယခင်က လုံထန်နှင့် နှိုင်းယှဉ်လိုက်ရင် ယခု လုံထန်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများက နက်ရှိုင်းသော ချောက်နက်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။ ဤအော်ရာက သူမကို တောင် အထိတ်လန့်ဖြစ်စေသည့်ဟု ပြောလျှင် လွန်မည်မဟုတ်ချေ။
ဤဆယ်နှစ်အတွင်းမှာ သူမက သားရဲနတ်ဘုရားဘုံ၏ ဒုတိယအဆင့်မှ နေ၍ ၊ ပဉ္စမအဆင့်၏ အထွတ်ထိပ်ထိပင် ရောက်ရှိခဲ့သည်။ ဤအခြေနေပင်လျှင် ထိုသိုသော် စိတ်ခံစားမှုကိုယ် ဖြစ်စေခြင်းက လုံထန်၏ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြောပြစရာပင် မလို့တော့ချေ။
∆∆∆
ယောင်္ကျား အခုကိစ္စကြောင့် အကြီးကဲတွေအားလုံးလဲ တံခါးပိတ်ကျင့်ကြံရာမှာ ထွက်လာခဲ့ကြပြီ အခု ဟိုကိစ္စာကို အကောင်ထည်ဖော်တော့မှာလား ။ အောင်းယွီရန်က လုံထန်ကိုကြည့်၍ လေးနက်စွာဖြင့် မေးလိုက်သည်။
အောင်းယွီရန်၏ အမေးကိုကြားတော့ လုံထန်တစ်ယောက် အချိန်အတော်ကြာစဉ်းစားပြီးနောက် သူ၏ ဦးခေါင်းကိုညိတ်လိုက်သည်။
ဟုတ်တယ် ~ အချိန်ထပ်မယူတော့ဘူး ။ အကြီးကဲ အောင်းကျန်းဟန်ပြန်ရောက်လာရင် စတင်ဖို့တွေးထားတယ် ။
ယနေ့ဖြစ်ပျက်ခဲ့သော် ကိစ္စများကြောင့် လုံထန်သူ၏ စိတ်အတွင်း၌ မကောင်းသောခံစားချက်များကိုရရှိနေခဲ့သည်။ဤအတွက်ကြောင့် အချိန်ထပ်၍ မဆွဲချင်တော့ချေ။ နောက်ထပ်တစ်ခုက တော်ဝင် အကြီးကဲများအားလုံး၌ ဟော်ရိ တစ်ယောက်ကလွဲ၍ ကျန်သောတော်ဝင်အကြီးကဲများအားလုံးက သားရဲနတ်ဘုရားဘုံ၏ နဝမအဆင့်၏ အဆင့်နိမ့်နှင့် သားရဲနတ်ဘုရားဘုံ၏ အဠမအဆင့်၏ အထွတ်ထိပ်တို့ပင် ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။
ယခု အခြေနေကြောင့် လုံထန်က သူတို့၏ အစီစဉ်ကို ကြိုတင်ကာ လုပ်ဆောင်ရင်ပင် အရမ်းတော့မဆိုးဘူးဟုခံစားမိသည်။
ယောင်္ကျားဘယ်နှစ်ယောက် စေလွတ်ဖို့ စီစဉ်ထားလဲ အောင်းယွီရန်က လုံထန်၏ စကားကိုကြားပြီးနောက် မေးလိုက်သည်။
မသေချာသေးဘူး ~~~ ယခင်က တော်ဝင်ကြီးကဲတွေ ပြောထားတဲ့ အတိုင်းတော့ အဆင်မပြေလောက်ဘူး ။ သူတို့အားလုံးပြန်ရောက်ချိန်၌ သေချာဆွေးနွေးကြည့်မှာရမယ် ။ အခုက အပြင်မှာကလဲ တော်တော်လေး ရှုပ်ထွေးနေမှာသေချာတယ် ။ အခြားသော အင်အားစုတွေလဲ လှုပ်ရှားလာမှာ သေချာတယ် ၊ အဲဒီအတွက်ကြောင့် တော်ဝင်အကြီးကဲတွေ အားလုံး စေလွတ်ဖို့တော့ အဆင်ပြေမှာမဟုတ်ဘူး ။ လုံထန်က စဉ်းစားပြီးနောက်ပြောလိုက်သည်။
ယခင်သူ၏ အစီစဉ်အရ သားရဲနတ်ဘုရား နဝမအဆင့်နှင့် အဠမအဆင့်များသို့ရောက်သော တော်ဝင်အကြီးကဲများအားလုံးကို စေလွတ်ရန် တွေးထားသော်လည်း ၊ ယခုအချိန်မှာတော့ မထင်မှတ်ပဲ အပြောင်းလဲတစ်ခုက ဖြစ်လာတဲ့အတွက် အင်ပါယာ၏ အရေးကြီးကိစ္စများကို ကိုင်တွယ် ရန်အတွက် ရှိနေသေးသောကြောင့် တော်ဝင်အကြီးကဲများအားလုံး စေလွတ်ရန်က မဖြစ်နိုင်တော့ချေ။
အရမ်းကြီးတော့ ဆိုးဝါးမှာမဟုတ်ပါဘူး ၊ အရမ်းမစိုးရိမ်ပါနဲ့ အောင်းယွီရန်က လုံထန်၏ တင်းကြပ်နေသော မျက်နှာထားကိုကြည့်၍ နှစ်သိမ့်လိုက်သည်။
ယခင်သာနာများကို မသိခဲ့ရင် ၊ ကမ္ဘာကိုတုန်လှုပ်စေသော အရာက အပြောင်းလဲဟု တွေးမိမည်မဟုတ်ချေ။ အောင်းယွီရန်က သူမလည်း စိတ်ပှုနေသောလဲ လုံထန်ကို နှိမ့်သိမ့်ပေးနေသေးသည်။
ဟုတ်ပါတယ် ~~~ အတွေးများနေတာ နေမှာပါ ။ လုံထန်လည်း အောင်းယွီရန်၏ စကားကြောင့် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
သွားကြရအောင် ~~~ မိန်းမနဲ့ အတူတူ ဝိုင်မသောက်ရတာကြာပြီ ။ အခုမှ အချိန်ရတော့ သောက်ကြရအောင် လုံထန်က အောင်းယွီရန်၏ လက်ကို ဆွဲ၍ ခန်းမ၏ အတွင်းမှ နေ၍ ထွက်ကာ ရှေးဦးနဂါးတောင်ထိပ်ရှိ ရှုခင်းများကြည့်ရှုရန် ဆောက်လုပ်ထားသော အဆောက်ဦးငယ်လေးထံသို့ ဦးတည့်သွားလိုက်သည်။
၎င်းနေရာ၏ မြင်ကွင်းက အလွန်ပင်လှပလှသည်။ မျောလွင့်နေသော တိမ်တိုက်များ ၊ အောက်ဘက်ရှိ ဧရာမ ရှေးဦးမြို့ကြီးနှင့် မြို၏ လမ်းမများထက်၌ အများပြားသွားလာလှုပ်ရှားနေသော သားရဲများကိုလည်း ရှင်းလင်းစွာဖြင့် တွေ့မြင်နေရသည်။
အစတုန်းက မိုင်တစ်ရာအကျယ်ရှိတဲ့ မြိုတော်က အတော်ကျယ်ပြန့်မယ်လို့ ထင်ထားပေမယ့် အခုတော့ အဲဒီအကျယ်က တော်တော်လေးပင် ကျဉ်းမြောင်းနေသေးတယ် ။ အောင်းယွီရန်က အောက်ဘက်က မြင်ကွင်းများကို ကြည့်၍ စိတ်ခံစားချက်များ ကောင်းမွန်လာ၍ ပြောလိုက်သည်။
ဟုတ်တယ် ~~~ အချိန်ရတဲ့ အခါ မြို့တော်ကြီးကို ဆက်လက်ချဲ့ထွင် ခိုင်းရမယ် ။ အခုတောင် အရေတွက်က အရမ်းများလွန်းတယ် ။ မဟုတ်ရင် နေရတာ အဆင်မပြေပဲ ဖြစ်သွားလေ့မယ် ။ လုံထန်ကလည်း ပြုံးကာပြောလိုက်သည်။
သူသည့်လည်း အောက်ဘက်ရှိ မြိုတော်ကြီးကိုကြည့်၍ သူ၏ စိုးရိမ်ပှုပန်နေသော စိတ်အခြေနေက ဖြေးညှင်းစွာဖြင့် ပျောက်ကွယ်သွား၍ ပြောလိုက်သည်။
လုံထန်နှင့်အောင်းယွီရန်က ဝိုင်ကိုသောက်ရင်းဖြင့် ရောက်တက်ရာရာ စကားများပြောနေကြသည်။
∆∆∆
အချိန်များ၏ ရွှေ့လျားမှုက အလွန်ပင် လျှင်မြန်လှသည်။ ဆယ်ရက်ဆိုသော အချိန်ကာလက မျက်တောင် တစ်ခက်အတွင်း၌ပင် လျှင်မြန် စွာကုန်ဆုံးသွားခဲ့သည်။
ယနေ့၌ အောင်းရွှီရန်၏ သတင်းကြောင့် အောင်းကျန်းဟန်နှင့် အောင်းလန်တို့လဲ လျှင်မြန်စွာဖြင့် ပြန်လာခဲ့သော်ကြောင့် ရှေးဦးမြို့တော်ပြန်၍ ရောက်လာကြသည်။
∆∆∆
ယခုအချိန်၌ ။
ခမ်းနားသော ခန်းမကြီး၏ အတွင်း၌ တော်ဝင်အကြီးကဲများထဲ၌ အောင်းရွှီရန်မှ လွဲ၍ ကျန်ရစ်နေသော တော်ဝင်အကြီးကဲများအားလုံးရှိနေခဲ့သည်။ သဘာဝမီးအရင်းမြစ်နယ်မြေ၌ အမြဲတန်းနေထိုင်လေ့ရှိသော် ဟော်ဖုပင်လျှင် ခန်းမ၏ အတွင်း၌ လေးနက်စွာရှိနေခဲ့သည်။
သူတို့အားလုံးက တစ်ယောက်ကို တစ်ယောက် ဖြစ်ပျက်ခဲ့သော် အကြောင်းများကို ပြန်လည့်၍ ပြောဆိုနေကြရင်းဖြင့် လုံထန်နှင့် အောင်းယွီရန်တို့ အလာကို စောင့်မျော်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် လုံထန်နှင့် အောင်းယွီရန်တို့က ခန်းမ၏ အတွင်းသို့ ရောက်ရှိလာကြသည်။
အရှင်မင်းကြီးနှင့် ဧကရီကို တွေ့ဆုံပါတယ် ။ တော်ဝင်အကြီးကဲများကို ထ၍ နှတ်ဆက်လိုက်ကြသည်။
အရမ်းကြီး ယျဉ်ကျေးမနေပါနဲ့ လုံထန်က ပြုံး၍ ပြောလိုက်သည်။ သူနှင့်အောင်းယွီရန်တို့ ပင်မပုလ္လင်၌ ထိုင်လိုက်ပြီးနောက် အောက်ဘက်မှ တော်ဝင်အကြီးကဲများကို ထိုင်ခိုင်းလိုက်သည်။
ထိုင်ကြပါ ။
အပိုင်း ၂၁၃ မျော်