ကြီးမားသော အပြောင်းလဲ (၃)
Vol. 16 Ch. 213
---------
လုံထန်၏ စကားကြောင့် တော်ဝင်ကြီးကဲများ အုပ်စုမှာလဲ သူတို့၏ ထိုင်ခုံများနှင့်ချက်ချင်းပင် ထိုင်လိုက်ကြသည်။
တော်ဝင်အကြီးကဲ အောင်းကျန်ဟန် ကျန်နဂါးမျိုးနွယ်သုံးခုကို ဘယ်လို့ လုပ်ဆောင်ထားခဲ့လဲ ။ လုံထန်က တော်ဝင်ကြီးကဲများထိုင်ပြီးနောက် အောင်းကျန်းဟန်ကို ကြည့်၍ ချက်ချင်းပင်မေးလိုက်သည်။
ယခုကိစ္စ၌ အောင်းကျန်းဟန်က ဦးဆောင်ထားသောကြောင့် သူကိုယ်မေးရသည့်မှ သဘာဝပင်ဖြစ်သည်။ တဖက်၌ စနစ်၏ သတိပေးချက် သိပြီးသော်လည်း အသေးစိတ်အချက်လက်ကို တော့ သူမသိရသေးချေ။
အရှင်မင်းကြီးကို ပြန်ဖြေပါတယ် .....
အရင်က ဒီအကြီးကဲက လေနဂါးမျိုးနွယ်စုနှင့် သစ်တောနဂါးမျိုးနွယ်စု ၊ မြေနဂါးမျိုးနွယ်စုတို့နဲ့ အတူတူ ပြန်လာဖို့ စီစဉ်ထားခဲ့တာပါ ။ အင်ပါယာက ရုတ်တရက်ရောက်လာတဲ့ သတင်းအချက်လက်ကြောင့် သူတို့ကိုယ် ချန်ထားရစ်ခဲ့ပြီးတော့ အမြန်ဆုံးပြန်ခဲ့ပါတယ် ။
အရှင်မင်းကြီး စိတ်မပူပါနဲ့ ၊ လေနဂါးမျိုးနွယ်စု ၊သစ်တောနဂါးမျိုးနွယ်စု ၊မြေနဂါးမျိုးနွယ်စုတို့က အင်ပါယာကို လက်နက်ချပြီးပါပြီ ။ သူက သူတို့ရဲ့ မျိုးနွယ်စုအားလုံးနှင့် အတူတူ ရှေးဦးနဂါးအင်ပါယာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပါတယ် ။ ဘာပြသာနာမှ မရှိခဲ့ရင် မြေနဂါးမျိုးနွယ်စုက တစ်လအတွင် ရောက်နိုင်ပါတယ် ။ သစ်တောနဂါးမျိုးနွယ်စုက ဝေးကွာတဲ့ ခရီးလမ်းကြောင်း တစ်လခွဲလောက် အချိန်ယူရပါမယ် ။ လေနဂါးမျိုးနွယ်စုက တော့ ရှေးဦးနဂါးအင်ပါယာကို ရောက်ဖို့ အချိန်နှစ်လနီးပါးလောက်ကြပါမယ် ..... အရှင်မင်းကြီး ။
လုံထန်လည်း အောင်းကျန်းဟန်၏ စကားကို ကြားပြီးနောက် ဦးညိတ်လိုက်သည်။
ကောင်းပြီ ~~~ ဒီကိစ္စအတွက်တော့ တော်ဝင်အကြီးကဲတို့ ပင်သွားခဲ့ရပါပြီ ။ လုံထန်က အောင်းကျန်းဟန်က အောင်းလန်ကို ကြည့်၍ ပြောလိုက်သည်။
အရှင်မင်းကြီးအတွက် ~~~ လုပ်ဆောင်ပေးရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ အရှင်မင်းကြီး ။
အင်း ~~~ ကောင်းပြီ ~~~ ဒီနေ့ ဒီဧကရာဇ်က တော်ဝင်အကြီးကဲတွေကို ဘာလို့ပြန်ခေါ်လဲဆို တာ အကြီးကဲတို့လည်း သိမှာပါ ။ လုံထန်က သူ၏ စကားများကို ကွေ့ဝှိုက်က ခြုံပုတ်ကို ရိုက်မနေပဲ ပြောလိုက်သည်။
လုံထန်၏ စကားကိုကြာချိန်၌ အခန်းမအတွင်း လေထုက တင်းကြပ်သွားခဲ့ကာ တော်ဝင်ကြီးကဲများ၏ မျက်နှာများကလဲ လေးနက်သွားခဲ့သည်။
အခုဒီဧကရာဇ်ကို တောင်ဝင်အကြီးကဲ အောင်းရွှီရန်က သတင်းပို့တယ် ။ လှုပ်ရှားမှုဖြစ်တည်လာတဲ့ ဗျဟိုအရင်းမြစ်က အကန့်သတ်မဲ့ ပင်လယ်စီမှလို့ ပြောတယ် ။ အဲဒီအတွက်ကြောင့် သူမက အကန့်သတ်မဲ့ပင်လယ်စီသို့ သတင်းကို သေချာစွာစုံစမ်းဖို့အတွက် ထွက်ခွာသွားတယ်လို့ ပြောထားတယ် ။
လမ်းကြောင်းမှာလား အခြား အင်အားစုအသီးရဲ့ အကြီးကဲတွေရှိတယ်လို့ သတင်းကြားထားတယ် ။ ဒီကိစ္စက လေးနက်မှုက ဒီဧကရာဇ် ခန့်မှန်းထားသလို့ဖြစ်နိုင်တယ် ။
အဲဒီအတွက်ကြောင့် အချိန်အကြာကြီးဆက်ပြီးတော့ အချိန်မဆွဲတော့ပဲနဲ့ နတ်ဆိုးနဲ့ နတ်ဘုရား စစ်မြေပြင်ကို စေလွတ်ဖို့ တွေးထားတယ် ။
တော်ဝင်အကြီးကဲတို့ ဘယ်လို့ထင်လဲ ~~~ လုံထန်က အောက်ဘက်မှ တော်ဝင်အကြီးကဲများကို မေးလိုက်သည်။
တော်ဝင်အကြီးကဲများကလဲ ဤကိစ္စ၏ လေးနက်မှု နှင့် ဖြစ်ပျက်လာနိုင် သော ပြသာနာကိုယ် သူတို့သိကြသည်။ ဤအတွက်ကြောင့် စဉ်းမနေပဲ ချက်ချင်းပင် သဘောတူလိုက်ကြသည်။
ကျုပ်တို့ သဘောတူပါတယ် အရှင်မင်းကြီး ။ တော်ဝင်အကြီးကဲ၏ မျက်နှာများက လေးနက်နေပြီးတော့ လုံထန်ကိုယ် ပြန်၍ ပြောလိုက်ကြသည်။
အင်း ~ ဒါပေမဲ့ ဒီဧကရာဇ် ပြောချင်တဲ့ အကြောင်းရာ ရှိသေးတယ် ။ လုံထန်က အတော်ဝင်အကြီးကဲများကို ကြည့်၍ ပြောလိုက်သည်။
တော်ဝင်အကြီးကဲများကို ချက်ချင်းညိမ်သက်သွားကာ လုံထန်၏ စကားများကို နားထောင်နေကြသည်။
လုံထန်က တော်ဝင်အကြီးကဲများကို ကြည့်လိုက်ကာ သူစကားကိုယ်ဆက်လိုက်သည်။ အခြားတော့ မဟုတ်ဘူး ။ အရင်ပြောခဲ့သလို့မျိုး နတ်ဆိုးနဲ့ နတ်ဘုရား စစ်မြေပြင်ကို စေလွတ်တဲ့ ကိစ္စပဲ ။အရင်တုန်းက ဘာပြသာနာမှ မရှိတဲ့အတွက် သားရဲနတ်ဘုရားဘုံ အဠမအဆင့်သို့ ရောက်တဲ့ တော်ဝင်အကြီးကဲများကိုပါ အတူတူ စေလွတ်ဖို့ တွေးထားခဲ့ပေမဲ့ အခုတော့ မမျော်လင့်တဲ့ အဖြစ်ပျက်ကြောင့် အစီစဉ်ပြောင်းထားတယ် ။
အခုကိစ္စကြောင့် အင်အားစုအားလုံးက လှုပ်လှုပ်ရှားဖြစ်သွားကြပြီ လာမည်အချိန်ကလာတွေက ငြိမ်းချမ်းတော့မှာမဟုတ်ဘူး ။ အဲဒီအတွက်ကြောင့် အင်ပါယာက သန်မာသူတွေကို အကုန်စေလွတ်လိုက်တာက ဉာဏ်ရှိရာမရောက်ဘူး ။ ဒီအတွက်ကြောင့် ပြသာနာများရှိလာရင် အဆင့်သင့်ကိုင်တွယ်ရန် အတွက် ရှိနေစေဖို့အတွင် သားရဲ နတ်ဘုရား ဘုံ နဝမအဆင့်သို့ရောက်ရှိသူများကိုပဲ စေလွတ်ဖို့တွေးထားတယ် ။
ဘာလို့လဲဆိုတော့ သူတို့က ပိုပြီးတော့ အခွင့်လမ်းပိုများလို့ပဲ ။ ကျန်ရန်တဲ့ အကြီးကဲတွေကလဲ စိတ်ပှုစရာမလိုဘူး ၊ ဒီစစ်မြေပြင်နဲ့ ပတ်သက်တဲ့ အရာတွေက ငါတို့ပဲ သိထားတော့ သားရဲနတ်ဘုရားနဝအဆင့်ကိုယ် ရောက်တိုင်း ဝင်ရောက်နိုင်တယ် ။ လုံထန်က သူ၏ အရှေ့မှ တော်ဝင်အကြီးကဲများကို ပြောလိုက်သည်။
လက်ရှိ၌ ရှေးဦးနဂါးအင်ပါယာ၌ နဝမအဆင့်သို့ရောက်ရှိသူမှာ အောင်းကျန်းဟန်မှလွဲ၍ နှစ်ဦးသာရှိသည် ။ တစ်ဦးမှာ အောင်းကျန်းဟန် ၊ နောက်တစ်ဦး အောင်းထန်းရန်နှင့် ဟော်ဖုတို့သာရှိသည်။ ကျန်နေသော တော်ဝင်အကြီးကဲများမှာ များပြားသော အရင်းမြစ်များကို အသုံးပြု၍ ကျင့်ကြံခဲ့ကျသော်လည်း သတ္တမဆင့်၏ အထွတ်ထိပ်သို့ဟုတ် ၊ အဠမအဆင့်၏ အထွတ်ထိပ်များတွင်သာရှိနေကြသေးသည်။
ဤအတွက်ကြောင့် ဤအကြိမ်၌ နတ်ဆိုးနတ်ဘုရားစစ်မြေပြင်သို့ ဝင်ရောက်နိုင်မည်သူများမှာ သုံးဦးသာရှိသည်။
လုံထန်၏ စကားများ၏ ဆိုလိုရင်းကို နှစ်ပေါင်းများစွာ မျိုးနွယ်စု၏ ဘိုးဘေးများအဖြင့် နေထိုင်ခဲ့သော် တော်ဝင်အကြီးကဲများက နားလည်သဖြင့် ငြင်းဆန်ခြင်းမရှိပဲ ချက်ချင်းပင်နားလည်ကြသည်။
ယခုအချိန်၌ သူတို့ကအခုအကြိမ်မဝင်ရသော်လည်း အင်ပါယာမှနေ၍ စောင့်ရှောက်ရင်းဖြင့် အေးဆေးဆေးဖြင့် ကျင့်ကြံပြီးတော့ နဝမအဆင့်သို့ ဖြတ်ကျော်ပြီးနောက်မှာ စစ်ပြင်သို့ဝင်ရန်လည်း အရမ်းနောက်မကျသေးပေ ။
အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို နာခံပေါ့မယ်။ တော်ဝင်အကြီးကဲများ လုံထန်ကို ပြန်၍ ရိုသေစွာဖြင့် ပြောလိုက်သည်။
ကောင်းပြီ ~~~ လုံထန်က တော်ဝင်ကြီးကဲများ၏ စကားကို ကြားပြီးနောက် သူ၏ လက်ကိုဝှေ့ရမ်းလိုက်သည်။ ဆန်းကျယ်သော စွမ်းပင်များနှင့် ဟောင်းနွမ်းနေသော အရေခွံဖြင့် ပြုလုပ်ထားသော မြေပုံတစ်ခုက ထွက်ပေါ်လာကာ ခန်းမ၏ အလယ်၌ လွင့်မျောနေခဲ့သည်။ လုံထန်က ၎င်းကို အောင်းကျန်းဟန် ထံသို့ လွဲပေးလိုက်သည်။
ဤသည့်က ရွှေခြင်္သေ့များပေးခဲ့သော ရတနာမြေပုံဟု ခေါ်သော အရာဖြစ်သည်။ ဒီမြေပုံရဲ့ ဖော်ပြချက်များ အရ နတ်ဆိုးနဲ့ နတ်ဘုရားရဲ့ စစ်မြေပြင်နေရာက အကန်သတ်မဲ့ပင်လယ်ထဲက ရှန်းယွမ် ပင်လယ်ကွေ့မှာတည်ရှိတယ် ရှန်းယွမ် ကျွန်းလို့ ခေါ်တဲ့နေရာမှာပဲ ။ သူကိုယ်က ဖုံးကွယ်ထားတဲ့ အစီရင် နဲ့ ဖုံးကွယ်ထားမှာသေချာတယ် ။ လုံထန်က မြေပုံကို လက်လွဲပေးပြီးနောက် အောင်းကျန်းဟန်ကို ပြောလိုက်သည်။
သူ၏ နားလည်မှုအရ နတ်ဆိုးနဲ့ နတ်ဘုရားများ၏ စစ်မြေပြင်ကို ပြင်ပကမ္ဘာနဲ့ ကန့်သက်ထားသော အစီရင်က ဤရှေးဦးတောင်တွေ သူတွေ့ဖူးသော် အစီရင်ထက်ပင် ပို၍ အားကောင်းနိုင်သည်။ မဟုတ်ပါက လူတိုင်း တွေ့မြင်နေရမည်ဖြစ်သည်။ ဤသည်ကို သတိထားမိ၍လုံထန်က သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
နားလည်ပါပြီ အရှင်မင်းကြီး ။ အောင်းကျန်းဟန်က လုံထန်၏ သတိပေးစကားကို ကြား၍ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ပြီးတဲ့နောက်မှာတော့ လုံထန်နှင့် တော်ဝင်အကြီးကဲများ နောက်ပိုင်းကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ သုံးနာရီ ခန့်ကြာပြီးနောက် တော်ဝင်အကြီးကဲများအားလုံးက ခန်းမ၏ အတွင်း၌ ထွက်သွားတော့သည်။
ခန်းမ၏ အတွင်း၌ အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ ဟော်ဖုတို့သာရှိတော့သည်။
လုံထန်က သူ၏ အရှေ့မှ လူများကို သေချာကြည့်လိုက်သည်။ အားလုံးပဲ ဂရုစိုက်ပါ ။ အရာရာကို သတိနဲ့ လုပ်ဆောင်ပါ ။ နတ်ဆိုးနဲ့ နတ်ဘုရားစစ်မြေပြင်က အခွင့်လမ်းတွေပြည့်နေသလို့ မသေမျိုးတွေကို တောင် စက္ကန့်ပိုင်းအတွင်းသက်နိုင်တဲ့ အန္တာရယ်တွေ ပြည့်နက်နေတဲ့ နေရာပဲ ။လုံထန်က သူ၏ အခြေမှ လူများကိုကြည့်၍ သတိပေးလိုက်သည်။
နားလည်ပါတယ် အရှင်မင်းကြီး ။
အောင်းကျန်းဟန်နှင်ြ အခြားနှစ်ယောက်ကလဲ နားလည်ကြသည်။ ဤနေရာက တစ်ချိန်က အကြည့်တစ်ချက်နှင့် သားရဲနတ်ဘုရားဘုံ သောင်းချီကို သတ်ပစ်နိုင်သော စွမ်းအားကြီးသူများ၏ စစ်မြေပြင်ဖြစ်သည်။ အခွင့်ရေးမှန်းနှင့် အန္တာရယ်ကို သူကို သဘောပေါက်ကြသည်။ သူတို့ ထိုနေရာကို အလေးမထားပါက သူတို့ ထိုနေရာ၌ ထာဝရ အိပ်ပျော်သွားမှာပဲဖြစ်သည်။
ကောင်းပြီ အကြီးကဲတို့ အန္တာရယ် ကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျော်လင့်နေပါတယ် ။ လုံထန်က တော်ဝင်အကြီးကဲ များကို ကြည့်၍ ပြောလိုက်သည်။
ဒီအကြီးကဲတို့က အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး ။ အကြီးကဲသုံးယောက်က လုံထန်ကို လေးနက်စွာဖြင့် ကြည့်၍ ပြောလိုက်သည်။
ဘေးနားတွင်ထိုင်နေသော အောင်းယွီရန်က လည်း အောင်းကျန်းဟန်နှင့် အောင်းထန်းရန်ကြည့်ကာပြောလိုက်သည်။
ဂရုစိုက်ပါ ~~~ အကြီးကဲတို့ ။
နားလည်ပါပြီ ~~~ ဧကရီ ။ အကြီးကဲများ အောင်းယွီရန်ကို ပြန်၍ ပြောပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွားပြီးနောက် အပြင်ဘက်ရှိ စောင့်နေကြသော တော်ဝင်အကြီးကဲများနှင့် နှတ်ဆက်စကားအချို့ ပြောပြီးနောက်တွင်တော့ သူတို့က လေဟာနယ်ကို ခွဲက သူတို့၏ ပုံရိပ်များ ရှေးဦးနဂါးတောင်မှာ ပျောက်ကွယ်သွားကြတော့သည်။
အပိုင်း ၂၁၄ မျော်