← Chapters

အခန်း (၂၁၄)

Vol. 16 Ch. 214

အခန်း (၂၁၄)

Vol. 16 Ch. 214

---------

‌တော်ဝင်အကြီးကဲများ ထွက်ခွာသွားချိန်၌ ခန်းမ၏ အတွင်း၌ ‌လုံထန်နှင့် အောင်းယွီရန်သာကျန်ရစ်နေခဲ့သည်။

အောင်းယွီရန်၏ မျက်နှာက အနည်းငယ် ညိုမဲ့နေခဲ့သည်။ သိသာသိက သူမသည် အကြီးကဲများကို စိုးရိမ်နေခြင်းဆိုတာ ကြည့်ရုံနှင့်ပင်သိနိုင်သည်။

လုံထန်က ၎င်းကိုယ်မြင်သည့်နှင့် သူ၏ ထိုင်နေရာပုလ္လင်မှ ထ၍ အောင်းယွီရန် ထိုင်နေရာသို့သွား၍ သူ၏ လက်ကိုဖဝါးလေးကို ညှင်သာစွာဖြင့် ဆုပ်ကိုင်လိုက်သည်။

အရမ်းကြီး စိတ်မပှုပါနဲ့ ၊ တော်ဝင်အကြီးကဲတွေက နတ်ဆိုးနဲ့ နတ်ဘုရား စစ်မြေပြင်ထဲကိုယ်ရောက်ပြီးရင် အချို့သောတားမြစ်အရာများကို မထိမိသ၍ သူတို့ အန္တာရာယ်ကင်းမှာပါ ။ နောက်ပြီးတော့ နှစ်သန်းပေါင်းများစွာ ကြာပြီးတော့ စစ်မြေပြင်မှာ ရှိတဲ့ မသေမျိုးစွမ်းအင်အကြွင်းကျန်တွေက မှုလတုန်းက လောက် ပြင်းထန်မှာ မဟုတ်တော့ပါဘူး ။

အကြီးကဲအောင်းကျန်ဟန်ရဲ့ သားရဲနတ်ဘုရားအဆင့် ဒဿမအဆင့်နှင့် အရာတော်တော်များကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မှာပါ ။ လုံထန်က အောင်ယွီရန်ကို နှစ်သိမ့်ပေးလိုက်သည်။

အွန်း ~~~ မိန်းမအရမ်းစိတ်ပှုနေတာ ဖြစ်မှာပါ ။ အောင်းယွီရန်က လုံထန်၏ စကားကိုကြားပြီးနောက် ပြုံးကာ စိတ်သက်သာရာ ရဟန်ဖြင့် ပြောလိုက်သည်။

လုံထန်က ‌အောင်းယွီရန်နှင့် နေတစ်ပိုင်းအကြာစကားပြောနေခဲ့သည်။ နေလည်သို့ရောက်ချိန်၌ သူက ဗိုလ်ချုပ်များအားလုံးကို ဆင့်ခေါ်ခဲ့သည်။

ယခုရက်များအတွင်း၌ အပြင်ဘက်၌ အနည်းငယ် ဖရိုဖရဲဖြစ်နေသော ကြောင့် စစ်တပ်များကို ပြင်ဆင်ထားရန်နှင့် မြို့တော်ဂိတ်များကို သေချာ စောင့်ရှောက်ရန် ညွှန်ကြားခဲ့သည်။

အားလုံးကို လုပ်ဆောင်ပြီးနောက် လုံထန်လည်း သူ၏ စွမ်းအားကို မြင့်တင်ရန် ပြင်ဆင်ခဲ့သည်။ ယခင်နှစ်‌များအလျှောက် တွင် လျို့ဝှက်နည်းစနစ်များကို အာရုံစိုက်ထားခဲ့သော်ကြောင့် သူကျင့်ကြံမှုက ထင့်သလောက် မြင့်တက်လာခြင်းမရှိပေ ။ ယခုမှ သားရဲဧကရာဇ်အဆင့် နဝမအဆင့် ထွတ်ထိပ်၌ သာရှိသေးသည်။ ဤအတွက်ကြောင့်သူ၏ အဆင့်ကို ချိုးဖြတ်ရန် ပြင်ဆင်နေခဲ့သည်။

∆∆∆

ထိုအချိန် ပြင်ပ၌ ။

သတင်းအချက်လက်များကို စုံစမ်းရန်အတွက် ထွက်ခွာသွားသော အောင်းရွှီရန်သည်။ အရှေ့ပိုင်းတိုက်ကြီးမှ ထွက်ခွာ၍ အကန်မဲ့ပင်လယ်၏ အစပ်သို့ရောက်လာခဲ့သည်။

သူမက ဆက်လက်၌ အကန်သတ်မဲ့ပင်လယ်အတွင်းသို့ ဝင်ရောက်ပြင်ဆင်လိုက်ချိန်၌ သူ၏ ပတ်ဝန်းကျင့်၌ လေဟာနယ်များကို လှုပ်ရှားသွားအက်ကွဲသွားကာ သားရဲနတ်ဘုရားအဆင့်၏ အော်များက ဖြာထွက်လာခဲ့ပြီးနောက် ပုံရိပ်နှစ်ခု တစ်ချိန်ထဲ၌ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည့်ကို သူမ မြင်လိုက်သည်။ တစ်ခုမှ မီတာသောင်းချီရှိသော ဧရာမ ခေါင်းကိုးလုံးရှိသော မြွေနဂါးကြီးဖြစ်သည်။ အခြားတစ်ယောက်မှာ ကျားခန္ဓာကိုယ် နဂါးဦးခေါင်းနှင့် ကောင်းကင်ကိုပင် ဖုံးအုပ်မတက်ကြီးမားသော အတောင်ကြီးရှိသော သားရဲကြီးပင် ။၎င်းတို့က လေဟာနယ်မှာ ထွက်ခွာလိုက်ချိန်၌ လူသားအသွင်သို့ ချက်ချင်းပင် ပြောင်းလဲလိုက်ကြသည်။

ဟမ့် ~~~ ‌ခေါင်းကိုးလုံး မြွေနဂါးမျိုးနွယ် ၊ ချုံချီမျိုးနွယ် ထွက်ပေါ်လာသော သူများ၏ အ‌ထောက် ထားများကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးကလည်း သူမကဲ့သို့ သားရဲနတ်ဘုရားဘုံ၏ အဠမအဆင့်၏ အထွတ်ထိပ်နဲ့ အလယ်လတ် အဆင်၌ ရှိကြသည်။ သူတို့၏ ရည်ရွယ် ချက်များကလား သူမကဲ့သို့ပင် ဖြစ်နေသည့်မှာ ထင်ခြင်းသည်။

ခေါင်းကြိးလုံး မြွေမိစ္ဆာနှင့် ချုံချီတို့ကလည်း သူတို့နှင့် ဦးကိုကြည့်နေသော ပုံရိပ်ကို ချက်ချင်းပင် တွေလိုက်သည်။

ဟမ့် ~~~ နဂါးမျိုးနွယ်စု ဒီကိုအရင်ဆုံးရောက်လာမယ် မထင်ထားဘူး ။ ချုံချီသားရဲမှာ လူသားအသွင်ယူထားသော အမျိုးသားမှ အောင်းရွှီရန်ကိုပြုံးကြည့်ကာ ပြောလိုက်သည်။

ခေါင်းကိုးလုံးမြွေမိစ္ဆာမှ အသွင်ပြောင်းထားသော အမျိုးသမီးကတော့ အောင်းရွှီရန်ကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်ပြီးနောက် စကားမပြောချေ။ သူမ၏ ပုံပန်းအသွင်ပြင်အရ သူမက နဂါးမျိုးနွယ်စုကို မဘောကြသည့်က ထင်ရှားလေသည်။

ရှင်တို့လည်း ဒီကို အမြန်ရောက်လာမယ်လို့ မမျော်လင့်ထားဘူး ။ ရောက်လာမှာတော့ အတူတူ သွားကြတာပေါ့ ။ အောင်းရွှီရန်က ပြုံးကာပြောလိုက်သည်။

သူမက ဤအကြောင်းရာများလေးနက်မှုကို ထိုသူများထက် အသေးစိတ်ပိုသိသောကြောင့် သူမတစ်ယောက်ထဲ သွားခြင်းထက် သန်မာသော သူအချို့နှင့် သွားခြင်းက ပို၍ ကောင်းမွန်သည့်ဟု ခံစားရသောကြောင့်ဖြစ်သည်။

ကျုပ်တော့ ပြသာနာမရှိပါဘူး ။ ချုံချီမျိုးနွယ်စုမှ အမျိုးသားက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ခေါင်းကိုးလုံးမြွေမိစ္ဆာအမျိုးသမီးက ‌နှာခေါင်းရှုံလိုက်သော်လည်း စကားမ ပြောချေ။ သို့သော်လည်း သူမ၏ သဘောထားမှာ အောင်းရွှီရန်ကဲ့သို့ ဖြစ်နေခဲ့သည်။

သူတို့သုံးဦးက နည်းငယ်စကားပြောပြီးနောက် အကန့်သတ်မဲ့ပင်လယ်ပြင်သို့ ဝင်ရောက်သွားကြသည်။

∆∆∆

အကန့်သတ်မဲ့ပင်လယ်သည်။ အကန့်သတ်မဲ့ဆိုသည့်အတိုင်း အလွန်ပင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးဖြစ်သည်။ မည်သည့်နေရာသို့ကြည်သည့်ဖြစ်စေ ဆန်းကျယ်သောအငွေ့သက်များရှိသည့် နက်ပြာရောင်ရေများသာ ရှိနေခဲ့သည်။

ရှေးဟောင်းမှတ်တမ်းများအရ ဤအကန့်သက်မဲ့ ပင်လယ်သာ တိုက်များကြား၌ တည်ရှိနေသည့်ဟုဆိုကြသည်။ အကန်သတ်မဲ့ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် အခြားသော တိုက်ကြီးကို ရောက်ရှိနိုင်သည်ဟု ပြောကြသည်။

အချို့ရှေးခောတ်တုန်းက သားရဲများအချို့က ဤအကန့်သက်မဲ့ ပင်လယ်ကြီးကို ဖြတ်ကျော်၍ တစ်ဖက်ရှိ လူသားများနေထိုင်သော တိုက်ကြီးသို့သွားကြသည့်ဟုဆိုကြသည်။

တစ်ရံတစ်ခါ လူသားများက အနောက်ပိုင်းတိုင်ကြီး၌ ပေါ်လာတက်သောလည်း သားရဲအများကတော့ အနောက်ပိုင်းတိုက်ကြီးမှ မည်သည့်အခါမှ ထွက်ခွာခြင်းအရှိချေ။ ဤ အတွက် သူတို့၏ နားလည်မှုက ရှေးဟောင်းမှတ်တမ်းများကိုသာ အခြေခံသည်။

သူတို့သုံးဦး အနည်းငယ်စကားပြောရင်းဖြင့် ပျံသန်းနေခဲ့သည်။ ချုံချီမျိုးနွယ်စု၏ အမျိုးသားပြောသော ဤစကားများ‌ကြောင့် အောင်းရွှီရန်က ပြုံးလိုက်သည်။

သူမသည့် ရှေးဟောင်းမှတ်တမ်းများကို လေ့လာပြီးနောက် တိုက်ကြီးက အရှေ့နဲ့ အနောက်တင်မကပဲ။ တောင်ဘက်နှင့် မြောက်ဘက် တိုက်ကြီးပါ ရှိသည်ကို သိခဲ့ရသည်။ ဤအကန့်သက်မဲ့ ပင်လယ်ကြီးသည့် အမှန်ပင် တိုက်ကြီးလေးခုကြား၌ တည်ရှိနေခြင်းဖြစ်သည်။

အစွမ်းထက်သော တည်ရှိမှုများသာလျှင် အကန့်သက်မဲ့ပင်လယ်ကြီးကို ဖြတ်ကျော်၍ တိုက်ကြီးလေးခုလုံးကို သွားရောက်နိုင်ကြသည့်ဟုဆိုသည်။ မဟုတ်ပါက ပင်လယ်ထဲမှာနေထိုင်တဲ့ ရက်စက်တဲ့ နတ်ဆိုးသားရဲများ၏ အစာများအဖြစ်သာ ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအချိန်က သူမ၏ ထိတ်လန့်မှုက လုံထန်ထက်ပင် မလျော့နည်းချေ။

အောင်းရွှီရန်က ထိုအကြောင်းများကို တွေးပြီးနောက် ခေါင်းယမ်းလိုက်သည်။ သူမက အတွေးများကို ရပ်တန့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်၌ သူတို့က အကန့်သတ်မဲ့ပင်လယ်၏ အတွင်းထဲသို့ နက်ရှိုင်းစွာရောက်လာကြောင်း တွေလိုက်ရသည်။

တစ်ရက်နီးပါးပြန်သန်းပြီးနောက် အခြားသောမျိုးနွယ်စုမှ သားရဲများကို တွေလိုက်ရသည်။ ၎င်းတို့က ‌ရွမ်မင်လိပ်မျိုးနွယ် ၊ နတ်မိချောင်းမျိုးနွယ်နှင့် နတ်ဆင်မျိုးနွယ်တို့မှာ လူများဖြစ်သည်။

သူတို့က တစ်ယောက်နှင့် တစ်ယောက် အနည်းငယ်စကားပြောဆိုပြီးနောက် တစ်ယောက်ကို တစ်ယောက် သတိထားကာ ရှေသို့ဆက်လက်၍သွားကြသည်။

ခုနက်ရက်ခန့်နီးပါးပျံသန်းပြီးနောက် အောင်းရွှီရန်တို့အုပ်စုက အကန်သက်မဲ့ပင်လယ်၏ နက်ရှိုင်းရာသို့ ပို၍ ရောက်လာကြသည်။ ယခုအချိန်၌ အနောက်ပိုင်းတိုက်ကြီး၏ ထိပ်တန်း သားရဲမျိုးနွယ်စုများမှ သတင်းစုံစမ်းရန်အတွက် ရောက်လာကြ သောစွမ်းအားကြီးသူများဖြစ် စုံနေကြပြီဖြစ်သည်။

အပိုင်း ၂၁၅ မျော်

All Chapters