မျက်လုံးတစ်လုံး၏ စွမ်းအား (၁)
Vol. 16 Ch. 215
----------
ခုနှစ်ရက်ဆိုသော အချိန်၌ ယခင်က နဂါးမျိုးနွယ်စုနှင့် ချုံချီ မျိုးနွယ်စု ၊ ခေါင်းကိုးလုံး မြွေမိစ္ဆာမျိုးနွယ်စုတို့အပြင် ယခုအချိန်၌ အကန့်သက်မဲ့ပင်လယ်ပြင်၏ ကောင်းကင်ယံ၌ အနောက်ပိုင်းတိုက်ကြီး၏ အုပ်စိုးရှင်အင်အားစုများ၏ စွမ်းအားကြီးသူများဖြင့် ပြည့်နက်နေခဲ့သည်။ (ယခင်က ထိပ်တန်းလို့ ရေးခဲ့ပေမဲ့ အခုကစလို့ အုပ်စိုးရှင်လို့ပြောင်းသုံးပေါ့မယ် ။)
အရေအတွက်အားဖြင့် အယောက်သုံးဆယ် နည်းပါးလောက် ရှိနေပြီဖြစ်သည်။ အားလုံးက သားရဲနတ်ဘုရားနယ်ပယ်၏ စွမ်းအားကြီးသူများဖြစ်ကြ၍ အကန့်သက်မဲ့ပင်လယ်အတွင်းနေထိုင်သော နတ်ဆိုးအုပ်စုများပဲ အနှောက်ယုက်မပေးဝံပေးပေ။
ငြိမ်းချမ်းနေသော နှစ်များအလျောက် ဤကဲ့သို့သော် သားရဲနတ်ဘုရားနယ်ပယ် စွမ်းအားကြီးသူတွေ များစွာ စုစည်းမှုများ ထူးထူးရှားရှား ဖြစ်နေခဲ့သည်။
ထွက်ပေါ်လာတဲ့ တုန်ခါမှုလိုင်းတွေအတိုင်းသာဆိုရင် ငါတို့ လူသားနေတဲ့ တိုက်ကြီးထိရောက်အောင် သွားရမှာလား မသိဘူး ။ ဖီးနှစ်မျိုးနွယ်စုမှ လှပေသော အမျိုးသမီးက ပျံသန်းနေရင်းဖြင့် ညီးညူလိုက်သည်။
ပြသာနာရဲ့ အဖြေကဘာလဲဆိုတာ မသိရမခြင်းတော့ သွားရမှာ ၊ ရွမ်မင်လိပ်မျိုးနွယ်စုမှ အနည်းငယ် အသက်ကြီးဟန်ရသော အဘိုးအိုမှ ပြန်၍ပြောလိုက်သည်။
အနောက်ပိုင်းတိုက်ကြီး၏ စွမ်းအားကြီးသူများက ပြသာနာ၏ အရင်းမြစ်ကို ရှာဖွေရန်လာနေကြသလို့ပင် ......
∆∆∆
အခြားတစ်ဖက်၌ ။
အရှေပိုင်းတိုက်ကြီး၏ အုပ်စိုးရှင်အင်အားစုများကလည်း အကန့်သက်မဲ့ ပင်လယ်၏ ကောင်းကင်ယံများ၌ ပျံသန်းက ပြသာနာ၏ အရင်းမြစ်ကို ရှာဖွေ့ရန် လာနေကြသည်။
လူသားမျိုးနွယ်စု၏ အုပ်စိုးရှင်များကို ဦးဆောင်နေသူက ဟောင်းနွမ်းနေသော ဖျှင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ အဘိုး၏ ခန္ဓာကိုယ်၌ မည်သည့်အော်ရာမှာ မထုတ်ဖော်ထားသော ခန့်မှန်းရခက်သော ရောင်ဝါက ဝန်းရံနေခဲ့သည်။ ယခုအချိန်၌ တော့ အဘိုးအို၏ မျက်နှာက အလွန်ပင်လေးနက်နေခဲ့သည်။
၎င်းကတော့ အရှေ့ပိုင်းတိုက်ကြီး၏ အုပ်စိုးရှင်အင်အားများ၏ ထိပ်ပိုင်း၌ အသန်မာဆုံးအင်အားစုဟု ခေါ်ဝေါ်သော လူသားဗိမာန်တော်မှဖြစ်သည်။
လူသားဗိမာန်တော်ကို နှစ်သန်းပေါင်းများစွာထဲက တည်ထောင်ထားခဲ့ပြီး ၎င်း၏ ရေအနက်ကို လူသားမျိုးနွယ်စု၏ ထိပ်တန်း အုပ်စိုးရှင်အင်အားစုများပင်လျှင် မသိနိုင်ချေ။
လူသားဗိမာန်က လည်း အရေးကြီးသော အရှေ့များကလွဲလို့ အရှေ့ပိုင်းတိုက်ကြီး၏ ပြသာနာများကို ဝင်ရောက်စွတ်ဖက်ရှင်းမရှိပဲ သီးသန့်နေထိုင်သော အင်အားစုကြီးဖြစ်သည်။
∆∆∆∆
တစ်ဖက်၌ ။
အောင်းရွှီရန်တို့က နောက်ထပ်တစ်လခန့်နီးပါးအကြာထိ အကန့်သက်မဲ့ ပင်လယ်၏ အထက်၌ ပျံသန်းနေပြီးတော့ သူတို့ရဲ့အရှေ့ မိုင်းတစ်သိန်းေလာက်အကွာမှနေ၍ အလွန်အားကောင်းသော တုန်ခါမှု လိုင်းများ ထွက်ပေါ်နေသည့်ကို အားလုံးက သတိထားမိလိုက်သည်။
၎င်းနေရာမှာ ထွက်ပေါ်လာသော လှိုင်းများက လူအများကို စိတ်မသက်သာသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
အောင်းရွှီရန်က ထိုခံစားချက်ကို ရသည့်နှင့်သူမက သတိကိုပို၍ ထားလိုက်ပြီးတော့ အချိန်မရွှေးတိုက်ပွဲ ဝင်နိုင်ရန်အတွက်ပြင်ဆင်ထားခဲ့သည်။
အခြားသော စွမ်းအားကြီးသူများမှာလဲ အောင်းရွှီရနလောက် အလေးနက်မထားသော်လည်း ၎င်းတို့လည်း သတိအနေထားဖြင့် အရှေ့သို့ဆက်၍ တိုးသွားကြသည်။
ရှေ့သို့ဆက်၍ တိုးသွားလေ တုန်ခါမှုလိုင်းများက ပို၍ တိုးလာလေ ၊ လူအများ၏ စိတ်ဝိညာဉ်ကို မသက်မသာဖြစ်စေသော ခံစားချက်များတိုးလာလေဖြစ်သည်။
၎င်းတို့အုပ်စုက အရှေ့သို့ မိုင်တစ်သောင်းနီးပါးတိုးသွားပြီးနောက်၌ မည်သူမှ ရီမောနိုင်ခြင်းမရှိတော့ချေ။ အားလုံး၏ မျက်နှာများက အလွန်ပင် လေးနက်နေခဲ့သည်။ အချို့မှာ သူတို့၏ တိုက်ပွဲဝင်လက်နက်များကိုပင် ထုတ်ထားကြသည်။
မိုင်နှစ်သောင်း ၊ မိုင်သုံးသောင်း ၊ မိုင်လေးသောင်း ၊ မိုင်ငါးသောင်း .......
ဝုန်း ~~~~ ။
မိုင်ငါးသောင်းသို့ရောက်ချိန်၌ ရုတ်တရက် ဆိုသလို့ ကောင်းကင်ယံ၌ မိုးခြိမ်းသံများ လျှပ်စီးများဖြင့် ပြည့်နက်လာခဲ့သည်။
ဂျိမ်း ~ ဂျိမ်း ~ ဂျိမ်း ။
ကျယ်လှောင်သော မိုးခြိမ်းသံများနှင့် နေရာတိုင်းတွင် မိုးကြိုးပစ်သံများအပြင် ၊ ဆိုးဝါးလှသော စိတ်ဝိညာဉ် ညှင်းဆဲမှုများကြောင့် ၊ ကမ္ဘာကြီး ပျက်စီးတော့မည်ကဲ့သို့ ထင်မှတ်ရသည်။
ဂျိမ်း ~ ။
ဝုန်း ~~~။
လျှပ်စီးများ မိုးကြိုးပစ်ခြင်း၏ ဆူညံသံများနေ၍ ရုတ်ရက်ဆိုသလိုပင် ပို၍ ကောင်းကင်ကြီးက ပို၍ မဲမှောင်သွားခဲ့သည်။ ဗလာအတိ တိတ်ဆိတ်သွားခဲ့သည်။
ခရှက် ~~~ ခရှက် ။
တိတ်ဆိတ်နေသော နေရာ၌ ကျယ်လှောင်သော အက်ကွဲသံများထွက်ပေါ်လာခဲ့သည်။
ဘာဖြစ်နေတာလဲ ~~~ စိုးရိမ်ထိတ်လန့်နေသော မျက်နှာထားဖြင့် ရွှေတောင်ပံမျိုးနွယ်စုမှာ တစ်ယောက်က မေးလိုက်သည်။
သို့သော်လည်း သူ၏ အမေးကို မည်သူမှ ပြန်မဖြေနိုင်ချေ။ အားလုံးက အသံလာရာ ကောင်းကင်သို့သာ မျော်ကြည့်နေခဲ့ကြသည်။
အောင်းရွှီရန်လည်း သူမ၏ စိတ်ခံစားချက်မှ အလွန်အန္တာရာယ် သတိပေးချက်များ ရလာသော ကြောင့် အနောက်သို့ ဖြေးဖြေးခြင်းဖြင့် ပြန်၍ ဆုတ်ခွာနေခဲ့သည်။
ခရှက် ~~~~ ခရှက် ~~~ ခရှက် ။
အောင်းရွှီရန်မိုင်တစ်သောင်းလောက် ပြန်ဆုတ်ပြီးနောက်တွင် ကောင်းကြီး၌ ဆယ်မီတာခန့်ရှိသော အက်ကြောင်းကြီး တစ်ခုက ရုတ်ရက်ပေါ်လာခဲ့သည်။
ဝုန်း ~~~~ ။
ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုနှင့် အတူတူ အနက်ရောင် အငွေ့သက်များက အက်ကြောင်း၏ အတွင်းမှ စိမ့်၍ ထွက်လာခဲ့သည်။
အပိုင်း ၂၁၆ မျော်