← Chapters

မျက်လုံးတစ်လုံး၏ စွမ်းအား (၂)

Vol. 16 Ch. 216

မျက်လုံးတစ်လုံး၏ စွမ်းအား (၂)

Vol. 16 Ch. 216

---------

အနက်ရောင် အငွေ့သက်များထွက်ပေါ်လာပြီးနောက် ပြင်းထန်သော ဖိအားက ပို၍ တိုးလာခဲ့သည်။

ဝုန်း ~ ။

ဆယ်မီတာရှည်သော အက်ကြောင်းကြီး ပြင်းပြင်းထန် တုန်လှုပ်နေလာပြီး အက်ကြောင်း၏ အတွင်းမှ မီးလုံးကြီးကဲ့သို့ နီရဲနေသော မျက်လုံးကြီးတစ်ခုက အကန်သက်မဲ့ ပင်လယ်ရှိ လူများကိုကြည့်လိုက်သည်။

ဝုန်း ~ ။

ကြောက်မက်ဖွယ်အော်ရာကို ကမ္ဘာကို ဖျက်စီးတော့မည်ကဲ့သို့ပင် ထွက်ပေါ်လာပြီး အကန့်သက်မဲ့ပင်လယ်နှင့် တိုက်ကြီးများကို ဖြတ်ကျော်သွားခဲ့သည်။

အား ~ အား ။

အရှေ့မှာရှိနေသော သားရဲများမှာ ရုတ်တရက်ဆိုစလို့ သူတို့၏ မျက်လုံးများက နီရဲသွားပြီး အချက်ချင်းပင် အနီးနားမှ လူများကိုထ၍ တိုက်ခိုက်ကြသည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော မိစ္ဆာများကဲ့သို့ပင် သူတို့ကိုယ် သူတို့မမှတ်မိတော့ချေ။

ကျန်ရစ်သော အချို့ကတော့ ဧရာမ မျက်လုံးကြီးမှ ထွက်ပေါ်လာသော စွမ်းအားကြောင့် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

အကန့်သက်မဲ့ပင်လယ်၏ ကောင်းကင်ယံ၌ သွေးမြူမှုန့်များက ရစ်သိုင်းနေကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီးနောက် အောင်းရွှီရန် တစ်ယောက် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ သူနသည့် သတိထားပြီး နောက်ပြန်ဆုတ်လိုက်၍ သာအနည်းငယ် တော်ကာကြသည်။ မဟုတ်ပါက သူမလည်း ထိုလူများ၏ ကဲ့သို့ပင် သေဆုံးသွားရမည်ဖြစ်သည်။

ယခင်က များပြားသော သားရဲနတ်ဘုရားနယ်ပင် စွမ်းအားကြီးသူများက ယခုက ဆယ်ယောက်ခန့်သာကျန်တော့သည်။ သို့သော်လည်း ၎င်းတို့က အကောင်းတိုင်းမဟုတ်ပဲ အချင်းချင်း အပြင်းထန် တိုက်ခိုက်နေ့ကြပြီးတော့ အကန့်သက်မဲ့ ပင်လယ်၏ အထက်၌ ကျယ်လှောင်သော ပေါက်ကွဲသံများဖြင့် ဆူညံနေခဲ့သည်။

‌အဝေးမှနေ၍ ကြည့် နေသော အောင်းရွှီရန်ပင်လျှင် တစ်ကိုယ်လုံးက ချွေးအေးများဖြင့် ဖုံးလွှမ်းကာ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ကောင်းကင်ယံမှာ ထိုမျက်လုံးကြီး၏ အရှေမှာ သူမ၏ စွမ်းအားများပင် မစုစည်းနိုင်ပဲ ပုရွတ်‌တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ကို ခံစားလိုက်ရသည်။

အောင်းရွှီရန်က ထိတ်လန့်မှုနှင့် အတူတူ သူမသည့် ဤနေရာမှ ထွက်ပြေးရန် တွေးသော သူမ၏ အတွေးကို ခန္ဓာကိုယ်က မလှုပ်ဆောင်နိုင်ချေ။ သူ၏ ခန္ဓာကိုယ်က ထိုနေရာ၌ လှုပ်မရှားပဲ ရပ်နေပြီး လက်ချောင်းလေးပင် လှုပ်ရှား၍ မရချေ။

မြေအောက်လောက ရဲ့ မိစ္ဆာတွေ ~ မိစ္ဆာတွေ ....

‌ အောင်းရွှီရန်တစ်ယောက် စကားလုံးများကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်။

∆∆∆

အနောက်ပိုင်းတိုက်ကြီး၏ သားရဲများပင် ထိုအဖြစ်ပျက်ကို ခံစားရသည့်မဟုတ်ချေ။

အခြားတစ်ဖက်၌ ။

အရှေ့ပိုင်းတိုက်ကြီး၏ လူသားမျိုးနွယ်စုဘာမှာလည်း အနောက်ပိုင်းတိုက်ကြီး ၏သားရဲများနှင့် နည်းတူ တူညီသော သက်ရောက်မှုများဖြစ်နေခဲ့သည်။

ဤမြင်ကွင်းက အလွန်ပင်ဝမ်းနည်းဖွယ်ရာကောင်းလှသည်။

တစ်မိနှစ်ထက်မနည်းသော အချိန်၌ အရှေ့ပိုင်းတိုက်ကြီးရှိ လူသားများဘက်၌ လူသားဗိမာန်၏ အဘိုးတစ်ဦးသာ ကျန်ရစ်တော့သည်။

∆∆∆

အနောက်ပိုင်းတိုက်ကြီးကို ကြည့်လိုက်ရင်တော့ အောင်းရွှီရန် တစ်ယောက်သာ ကျန်ရစ်နေတော့သည်။

အခြားသော စွမ်းအားကြီးသူများကတော့ အကန့်သတ်မဲ့ပင်လယ်၏ အထက်၌ သွေးမြူမှုန့်များအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

အက်ကြောင်း၏ အတွင်းမှ ဧရာမအနီရောင်မျက်လုံးကြီး အကန့်သက်မဲ့ပင်လယ်၏ ကောင်းကင်ပြင်မှ အရာများကို ကြည့်ရှုပြီး လှည့်ထွက်ခါနီး၌ သူက အပြင်ဘက်အရာအချို့ကို သတိထားမိသွားခဲ့သည်။

ဟမ့် ~ ပုရွတ်အချို့က မသေသေးဘူးလား ~ ၎င်း၏ အထင်မြင်သေး သောအသံက ကောင်းကင်ယံထက်က မိုးခြိမ်းသံကဲ့သို့ပင် ကြားရသူတိုင်းက ၎င်းတို့၏ ဝိညာဉ်များပင် တုန်ခါသွားကြသည်။

ဧရာမမျက်လုံးကြီး၏ အသံကြောင့် အောင်းရွှီရန်နှင့် လူသားဗိမာန်မှ အမျိုးသားတို့က သူတို့၏ ဦးခေါင်းများကို ဆုတ်ကိုင်ထားပြီးတော့ နာကျင်စွာဖြင့် အော်ဟစ်နေခဲ့ကြသည်။

သေ ~ .အက်ကွဲကြောင်းထံမှ အေးစက်သောကာ ရက်စက်ကြမ်းကြုတ်သော အသံက ထွက်ပေါ်လာခဲ့သည်။

ထိုအသံထွက်လာချိန်၌ ရုတ်ရက်ဆိုသလို့ ကောင်းကင်ယံမှ အက်ကြောင်းက ပြင်းပြင်းထန်တုန်ခါလာပြီးတော့ ပြန်၍ ကောင်းမွန်လာခဲ့သည်။

အား ~ ဒီနေရာက စည်းမျဉ်းတွေက တစ်ကယ်ကို စိတ်ရှုပ်စရာပဲ မင်းတို့ပုရွတ်ဆိတ်တွေ ခနတော့ ပျော်ထားလိုက်အုန်း ။ ဧရာမ လုံးပိုင်ရှင်က ရက်စက်ကြမ်းကြုတ်စွာပြောလိုက်သည်။ သူ၏ အသံဆုံးချိန်၌ အက်ကြောင်းက လျှင်မြန်စွာပြန်လည်၍ ပြုပြင်သွားခဲ့သည်။

ထိုအချိနရောက်မှသာလျှင် ကောင်းကင်ယံကလည်း ပြန်လည်၍ ကြည်လင်သွား၍ ကြောက်မက်ဖွယ်ရာအော်ရာများကလည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှသာလျှင် အောင်းရွှီရန်တစ်ယောက် အသက်ပြင်းပြင်းရှုနိုင်ခဲ့သည် သူမ၏ တစ်ကိုယ်လူံးက ချွေးအေးများဖြင့် ဖုံးလွမ်းနေခဲ့သည်။။ တစ်စက္ကန့်လောက်သာ နောက်ကျရင် သူမသေဆုံးသွားနိုင်သည်။ သူမသည် ယခင်တစ်ခန တစ်ကယ်ပင် သေမင်း၏ ကမ်းပါး၌ ရှိနေခဲ့သည်။

ထိုစွမ်းအားအရှေ့၌ သူမအနည်းငယ်မျှပင် ခုခံတွန်းလှန်နိုင်ခြင်းမရှိပေသည်။

မဖြစ်ဘူး ~ အင်ပါယာကို အမြန်ပြီးတော့ သတင်းပို့မှဖြစ်မယ် ။ အောင်းရွှီရန်ြ အသက်ပြင်းပြင်း ရှုပြီးတော့ လှည့်ပြန်ရန်ပြင်လိုက်သည်။

ထိူအချိန်၌ အသံတစ်ခု သူမကို တားစီးလိုက်သည်။

တာအိုမိတ်ဆွေ ~ တာအိုမိတ်ဆွေ ။ ခနလောက် နေပါအုန်း ။

ယခုအချိန်၌ ပြင်းထန်သော အတားစီးများ အရှိသော အဝေးမှာ အရာရာကို ရှင်းလင်းမြန်ရသည်။ မိုင်ပေါင်း ရှစ်သောင်းနီးပါးမှာ စကားပြောနေသော ပုံရိပ်တစ်ခုကို အောင်းရွှီရန် တွေလိုက်ရသည်။

လူသားတွေ ~ ။

ဘာများပြောချင်လို့လဲ ~ အောင်းရွှီရန်က ခနတာစဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။ တစ်ဖက်သူက သူမထက်သန်မာသော နဝမအဆင့်၌ ရှိသောသူဖြစ်သော ကြောင့် သူမက အနည်းငယ်သတိထားကာမေးလိုက်သည်။

အပိုင်း ၂၁၇ မျော်

All Chapters