← Chapters

လူသားဗိမာန်တော်

Vol. 16 Ch. 217

လူသားဗိမာန်တော်

Vol. 16 Ch. 217

--------

အဘိုးအိုက ပြင်းထန်သော ဒဏ်ရာကြောင့် အနည်းငယ်နှေးကွေးစွာဖြင့် အောင်းရွှီရန်ရှိရာထံသို့ ပျံသန်းလာခဲ့သည်။

ကျုပ်က လူသားဗိမာန်တော်ရဲ့ စတုတ္ထအကြီးကဲ ဝမ်ကျန်းလို့ ခေါ်ပါတယ် ။ အဘိုးအိုက အောင်းရွှီရန်နဲ့ ဆယ်မီတာ အကွာသို့ရောက်ချိန်၌ ရပ်တန့်လိုက်ပြီးနောက် သူကိုယ်သူ ဦးစွာဖြင့် မိတ်ဆက်လိုက်သည်။

ရှေးဦးနဂါးအင်ပါယာရဲ့ တော်ဝင်အကြီးကဲ အောင်းရွှီရန်ပါ ။ ဒီက ရောင်းရင်း ဝမ်က ဘာများ ပြောချင်လို့လဲမသိဘူး ။ အောင်းရွှီရန်ကလည်း သူမကို သူမပြန်လည်၍ မိတ်ဆက်လိုက်ရင်းဖြင့် မေးလိုက်သည်။

အောင်းရွှီရန်၏ မိတ်ဆက်ကိုကြားပြီး နောက် လူသားဗိမာန်တော်အကြီးကဲ ဝမ်က အနည်းငယ်မျက်မှောက်ကြုတ်သွားခဲ့သည်။

ရှေးဉီးနဂါးအင်ပါယာ ~ ဤအင်အားစုကို သူတစ်ခါမှပင်မကြားဖူးချေ။ ဤအတွက်ကြောင့် သူ၏ မှတ်ဉာဏ်များကများ မေ့ပျောက် နေသလား ဟုသော အတွေးနှင့် သူ၏ ဦးနှောက်ကိုယ်အပြင်းအထန် အလုပ်ပေးသော်လည်း မည်ကဲ့သို့သော မှတ်ဉာဏ်အပိုင်း အဆမှ မထွက် ပေါ်လာခဲ့ချေ။

အနောက်ပိုင်းတိုက်ကြီး၏ ရှေးဦးနဂါးအင်ပါယာ ဒါက တစ်ကယ်ကို အင်အားစုအသစ်လား ၊ ဗိမာန်တော်အကြီးကဲ ဝမ်က သေချာစဉ်းပြီးနောက် အဖြေမထွက်လာသဖြင့် အောင်းရွှီရန်ကိုပြန်ကြည့်လိုက်သည်။

အနောက်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင်အင်အားစုတွေကို ကြားဖူးပေမယ့်လို့ ရှေးဉီးနဂါးအင်ပါယာက ဘယ်လို့မျိုးလဲဆိုတာ ဒီကမိတ်ဆွေက ပြောပြပေးလို့ရမလား ။တစ်မျိုးတော့ မထင်ပါနဲ့ ကျုပ်က အခြားစိတ်မျိူးမရှိပါဘူး ။ ကျုပ်နေလာတဲ့ သက်တမ်းတစ်လျောက်လုံး အနောက်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင်အင်အားစုတွေကို သိပေမဲ့ ရှေးဦးနဂါးအင်ပါယာရဲ့ အကြောင်းကို သေချာ ဂဃယရ မသိလို့ပါ ၊ ဗိမာန်တော်အကြီးကဲ ဝမ်က အနည်းငယ်အရိုသေပေးပြီးနောက် အောင်းရွှီရန်ကို ပြောလိုက်သည်။

အောင်းရွှီရန်က ရုတ်တရက်အခုမှ တွေခဲ့သည့်ဤလူက ၊ အခု‌လိုမေးလာသည့်အတွက်အနည်းငယ်မျက်မှောက်ကြုတ်လိုက်သည်။ သူမတို့အင်ပါယာအကြောင်း ပြောသည်က ပြသာနာမဟုတ်သော်လည်း ယခုမှ တွေ၍ အရမ်းရင်းနှီးသလို့ မေးချင် နေခြင်းက သူမကို မကျေမနပ်ဖြစ်စေခဲ့သည်။

ဟူး ~~~ ထားပါလိုက်ပါလေ ပြောပြလိုက်လဲပြသာနာမဟုတ်ပါဘူး ။ အောင်းရွှီရန်က သူမဘာသာဖြင့် စိတ်ထဲမှနေ၍ တွေးကာ ပြောလိုက်သည်။

ရှေးဦးနဂါးအင်ပါယာက ကျွန်မတို့ရဲ့ အရှင်ဧကရာဇ်မင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက နဂါးမျိုးနွယ်စုတွေအားလုံးကို ပေါင်းစည်းထားပြီးတော့ ထူထောင်ထားတဲ့ ကြီးမြတ်တဲ့အင်ပါယာပါတစ်ခုပဲ ၊ အောင်းရွှီရန်က ထိုစကားကို ပြောသည့်အခါသူမ၏ လေသံမှ တစ်ဆင့် မည်မျှဂုဏ်ယူဝင့်ကြွားနေကြောင်းမြင်နိုင်သည်။

နဂါးမျိုးနွယ်စုတွေကို ပေါင်းစည်းထားတဲ့ အင်ပါယာ ၊ အဘိုးအိုဝမ်က ထိုစကားကို ကြားချိန်၌ သူ၏ စိတ်အာရုံများက ကြီးမားသော ကမ္ဘာဖျက်မိုးကြိုးကြီး ဖြင့် အပစ်ခံလိုက်ရသကဲ့ သို့ အလွန်ပင်တုန်လှုပ်သွားခဲ့သည်။

ဘယ်လို့ဖြစ်နိုင်မှာလဲ ~~~ဘယ်လို့ဖြစ်နိုင်မှာလဲ ~~~ ဒီလောက် မာနကြီးတဲ့ နဂါးမျိုးနွယ်စုတွေကို ၊ သူကဘယ်လို့တောင် စုစည်းထားတာလဲ ၊ တွေးလေ တွေးလေ သူမယုံကြည့်နိုင်ဖြစ်လာဖြစ်နေခဲ့သည်။

သိသင့်သည်က အဘိုးအိုဝမ်က သူ၏ လူသားဗိမာန်တော်က ယခင် နှစ်သန်းဘီလီယံရှိသော အခြေခံအုပ်မြစ်များနှင့် ခိုင်ခံသော အင်အားစုဖြစ်သည်။ ရှည်လျားသော သက်တမ်းများကြောင့် အမျိုးမျိုးသော ခောတ်များအလျှောက် ၊ အမျိုးမျိုးသော အတက်အကျများကို သိမ်းစည်းမှတ်တမ်းတင်ထားနိုင်သော အနည်းငယ်သော အင်အားစုများထဲမှ တစ်ခုဖြစ်သည်။

ဤကဲ့သို့သော် မှတ်တမ်းအမျိူးမျိုးကို ဗိမာန်တော်၏ အကြီးကဲဖြစ်သူနှင့်အညီ ၊ အဘိုးအိုဝမ်လဲ သူအားသောအချိန်များ လေ့လာတက်သည်။ ထိုခောတ်အတက်အကျများ၌ နဂါးမျိုးနွယ်စုများ ပေါင်းစည်းထားသော အင်အားစုဆို၍ နဂါးမျိုးနွယ် မဟာမိတ်ဟုသာ ရှိခဲ့သည်။ အင်ပါယာဆိုသည့်က တစ်ခါမှပင် မရှိခဲ့ချေ။ ဤအတွေးများကြောင့် သူအလွန်ပင် တုန်လှုပ်နေခဲ့သည်။

အဘိုးအိုဝမ်က သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်စေရန် အ‌ချိန်အတော်ကြာယူခဲ့ရသည်။ တစ်မိနှစ်လောက်ကြာမှာသာလျှင် ပြန်လည်၍ ငြိမ်သက်သွားခဲ့သည်။

ဟူး ~~~ ဒီလိုမျိုးတွေ ဖြစ်ပျက်လာမည်မထင်ထားဘူး ။ အဘိုးအိုဝမ်က သက်ပြင်းကိုရှည်လျားစွာ စွဲ၍ ချရင်း တီးတိုးရေရွတ်လိုက်သည် ။

သူကစိတ်အာရုံများကို ပြန်လှည့်၍ စုစည်းလိုက်ပြီး အဓိကကျသော အကြောင်းရာများကို ပြောကြားရန် အောင်းရွှီရန်ကိုကြည့်လိုက်သည်။

တာအိုမိတ်ဆွေ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေရဲ့ အကြောင်းရာကိုသိပါသလား ။ အဘိုးအိုဝမ်က လေးနက်စွာဆိုလိုက်သည်။ ယနေ့အဖြစ်ပျက်က သိပ်မကြာတော့မည် အနာဂတ်မှာ ပျက်သုဉ်းခြင်းခောတ်၏ တိုက်ပွဲများ စတင်၍ ဖြစ်ပျက်လာတော့မည် အဖြစ်ပျက်၏ စတင်ခြင်းဖြစ်သည်။ ပုံမှန်ဆိုရင် ဝေးကွာနေသေးပေမယ့် အမှောင်ထဲမှ သစ္စာဖောက်အချို့၏ အကူညီကြောင့် နယ်ခြားစည်းက တဖြေးဖြေး အားနည်းလာခဲ့သည်။ ဤအတွက်ကြောင့်ယနေ့အဖြစ်ပျက်က သက်သေသာဖြစ်သည်။

အောင်းရွှီရန်က အဘိုးအိုဝမ်ကို လေးနက်စွာကြည့်လိုက်သည်။ တာအိုမိတ်ဆွေ ရှင်လည်း ဒီကိစ္စကို သိလို့လား ။

အောင်းရွှီရန်၏ အရမ်းမအံဩပဲ ၊ သူကိုယ်မေးခွန်းပြန်ထုတ်ဟန်ကြောင့် အဘိုးအိုဝမ်က နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ပုံမှန်သာဆိုရင် သူမက ထိတ်လန့်တကြားဖြင့် သူကိုယ်ပြန်၍ ပြသာနာ၏ အရင်းမြစ်ကိုယ်မေးသင့်သည်။ သို့သော်သူမ၏ လေသံများမှတစ်ဆင့် ဤအဖြစ်ပျက်သူတွေးထားတဲ့ အခြေနေများအတိုင်းဖြစ်သည်ကို ခံစားရသည်။

တာအိုမိတ်ဆွေ မင်းတို့လည်း ဒီပြသာနာကြီးကို သိတယ်လား ။ အဘိုးအိုဝမ်က အောင်းရွှီရန်ကိုကြည့်၍ အံဩကာ မမေးနေနိုင်ပဲ မနေနိုင်ချေ။

ဤကဲ့သို့သော် အဖြစ်ပျက်ကြီးက ၊ ယခင်ကထဲက သူတို့၏လူသားဗိမာန်ကဲ့သို့ ပရမစ်၏ အထွတ်ထိပ်အင်အားစုကြီးများသာ သိသည်။ ထိုအင်အားစုကြီးများ တိုက်ပွဲကြီး၏ အဆုံးသတ်နှင့် သီးခြားနေထိုင်သွားကြပြီးတော့ အပြင်သို့ ထွက်ပေါ်လာခြင်းမရှိတော့ချေ။ ဤကဲ့သို့သော အခြေနေများကြောင့် သစ္စာဖောက်များ၏ အပြုမှုနှင့် လုပ်ရက်တွေကြောင့် ၊ အခုနောက်ပိုင်းမျိုးဆက်များက အဖြစ်ပျက်ကြီးကို မသိကျတော့ချေ။

လူသားဗိမာန်တော်ကလည်း သစ္စာများ၏ လှုပ်ရှားမှုများကို သတိထားမိပြီးတော့ အစပိုင်း ‌နှစ်များ ခြေရာခံပြီး ဖျက်ဆီးခဲ့သော်လည်း ၊ ၎င်းတို့က လောက်ကောင် များကဲ့သို့ပင် အမြဲပဲ ပေါ်‌လိုက် ပျောက်လိုက်ဖြစ်နေခဲ့သောကြောင့် အရင်းမြစ်ကို ဖျက်စီးချင်သောကြောင့် စောင့်ကြည့်နေခဲ့သည်။ ဤအခြေနေကြောင့် ယနေ့ခောတ်အဖြစ်များ ဖြစ်ပျက်လာခြင်းဖြစ်သည်။

ယခုသူတို့ကဲ့သို့ သိသော သူများ နှင့်သိသူနှင့် တွေမည်ဟု မထင်ခဲ့ချေ။ တွေးကြည့်တော့လည်း အရမ်းကြီးဆိုးသည်မဟုတ်ချေ။ အနောက်ပိုင်းတိုက်ကြီး၌ ဖုံးကွယ်၍ နေထိုင်သော ရှေးဟောင်း အင်အားစုများ ရှိနေသေးသည်။

အဘိုးအိုဝမ်ကသေချာတွေးကြီးပြီးနောက် ရှေးဦးနဂါးအင်ပါယာ၏ ဧကရာဇ်က ရှေးဟောင်းအင်အားစုများမှ ဆင်းသက်လာသူဟုပင် တွေးမိသွားခဲ့သည်။ ဤအတွေးက တွေးလေ တွေးလေဖြစ်နိုင်သည်ဟု ခံစားမိလေဖြစ်သည်။

ကောင်းပြီ ~~~ အဘိုးအိုဝမ်က အသက်ပြင်းရှုလိုက်ကာ အောင်းရွှီရန် ကြည့်ကာ ပြောလိုက်သည် ။တာအိုမိတ်ဆွေလည်း ဒီအဖြစ်ပျက်ကြီး ကြောင့် ၊ အရေးကြီးလုပ်စရာများရှိလာတော့မည်ဖြစ်လို့ ၊ အခုတော့ သတင်းအချက်လက်တွေဖလှယ်ဖို့ လုပ်ဆောင်ထားလို့ ရမလား ။ နောက်ပိုင်းတွေကရင် ကျုပ်တို့ အတူတူတွဲပြီး အလုပ်တွေလုပ်ရနိုင်တယ် ။

အစတုန်းက အဘိုးအိုဝမ်က ဒီကိစ္စနဲ့ ကြုံတွေပြီးနောက် အကြောင်းရာအချို့ကို အကျဉ်းရှုံး ရှင်းပြဖို့ စီစဉ်ထားတာပဲ ဖြစ်သည်။ အခုတော့ တစ်ဖက်လူက သိပြီးသားဆိုတော့ ပြောစရာမလို့တော့ချေ။ နောက်ပိုင်း ကိစ္စများ ကိုင်တွယ်ရန် သတင်းအချက်လိုက်များ ဖလှယ်ထားရုံနှင့်အဆင်ပြေသည်။ သူလည်း အချိန်မဖြုန်းပဲ ဗိမာန်တော် သခင်ကို အကြောင်းရာမြန်ဆုံးသတင်းပို့ပြီးတော့ ဒီနေ့အဖြစ်ပျက်များအတွက် ကိုင်တွယ်စရာများရှိသေးသည်ဖြစ်သည်။

အောင်းရွှီရန်လည်း ခေါင်းညိတ်လိုက်၍ သတင်းအချက်လဲများကို ဖလှယ်ရန် အတွက် လဲလှယ်လိုက်ကြသည်။ ပြီးတဲ့နောက်မှာတော့ တစ်ယောက်ကို တစ်ယောက် နှတ်ဆက်လိုက်ပြီးတော့ လျှင်မြန်စွာ ပြန်လည့်၍ ထွက်ခွာသွားခဲ့ကြတော့သည်။

အပိုင်း ၂၁၈ မျော်

All Chapters