အခန်း (၂၁၈)
Vol. 16 Ch. 218
-------
အောင်းရွှီရန် ထွက်သွားပြီးနောက် အဘိုးအိုဝမ်လည်းပဲ အရှေပိုင်းတိုက်ကြီးထံသို့ လျှင်မြန်စွာပျံသန်းသွားကြသည်။
ဤအချိန်၌ ။
အရှေ့ပိုင်းတိုက်ကြီးဖြစ်စေ ~~~ အနောက်ပိုင်းတိုက်ကြီးဖြစ် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အုပ်စိုးရှင်အင်အားစုများ၏ စွမ်းအားကြီးတည်ရှိမှုများ၏ သေဆုံးမှုက သူတို့၏ မျိုးနွယ်စုများထံမှ သိရှိသွားသောကြောင့်ဖြစ်သည်။
၎င်းတို့က ထိပ်တန်း အာဏာရှင်တပ်ဖွဲ့များဖြစ်သည့်နှင့်အညီအမျှ ၊ သူတို့၏ ထိပ်တန်းအဖွဲ့ဝင်များ၏ ဝိညာဉ်အပိုင်းအစကိုအသုံးပြု၍ ထိန်းသိမ်းထားသော ဝိညာဉ်ကျောက်ပြားများရှိကြသည်။ ထိုကျောက်ပြားများ ကောင်းမွန်နေလျှင် ထိုကျောက်ပြား၏ ပိုင်ရှင်က အသက်ရှင်နေပြီးတော့ ထိုကျောက်ပြားက ကွဲကျေသွားခဲ့လျှင်တော့ ထိုကျောက်ပြားပိုင်ရှင်က သေဆုံးခြင်းကို ကိုယ်စားပြုသည့်ဖြစ်သည်။
ယခုအချိန်၌ ထိပ်တန်းအုပ်စိုးရှင်များ၏ စွမ်းအားကြီးသူများက တပြိုင်နက်ကျဆုံးသွားကျသောကြောင့် ၎င်းတို့၏ ဝိညာဉ်ကျောက်ပြားများတစ်ပြိုင်နက် ကွဲကျေသွားကြသည်။
ဤအတွက်ကြောင့် ကြီးမားသော ပေါက်ကွဲမှုလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်ကမလွဲ ၏ကန် ပေ ။ မည်သို့သော အုပ်စိုးရှင်အင်အားစုများတွင်မဆို သားရဲနတ်ဘုရားနယ်ပယ်၏ အဠမအဆင့် သတ္တမအဆင့်များက မျိုးနွယ်စုများ၏ ကြီးမားသော ထောက်တိုင်ကြီးများဖြစ်ကြသည်။
အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံး၏ အရှေပိုင်းဒေသ ၊ အနောက်ပိုင်းဒေသ ၊ တောင်ပိုင်းဒေသ ၊ မြောင်ပိုင်းဒေသတို့မှာ အုပ်စိုးရှင်အင်အားစုများထံမှာ ဒေါသတကြီးအော်ဟစ်သံများနှင့်အတူတူ ကြောက်မက်ဖွယ်အော်ရာများ နယ်မြေများကို ဖြန့်ကျက်သွားကြသည်။ အစွမ်းထက်သော အော်ရာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားခဲ့ကာ ကောင်းကင်ပင်လျှင် မဲမှောင်၍ အရောင်ပြောင်သွားခဲ့ကာ ၊ လျှပ်စီးများ မိုးကြိုးများဖြင့် ၊ မိုးခြိမ်းသံများဖြင့် ပြည့်နက်လာခဲ့သည်။
ဤလှုပ်ရှားမှုများနှင့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းများက ၊ ကျန်ရစ်နေသော အနီးနားတွင်ရှိသော အင်အားစုငယ်များက စကားတောင်ကျယ်ကျယ်မပြောရဲတော့ချေ။ ထိုလူကြီးများက ရူးကာသူတို့ကိုယ် ဒေါသပုံချမည်ကို ကြောက် နေကြသောကြောင့်ဖြစ်သည်။
∆∆∆
တစ်ဖက်၌ ။
ဤသို့သော်ကြီးမားမှုကြီးက ဖြစ်နေသော်လည်း ရှေးဦးနဂါးတောင်၏ ထိပ်တွင်ရှိသော ကျင့်ကြံသောနေရာ၌ ကျင့်ကြံနေသော လုံထန်ကတော့ သတိပင် မထားမိချေ။
ဤရက်များအတွင်း၌ သူ၏ ကျင့်ကြံမှုကိုယ်မြင်တင်ရန်အတွက် အရှုးအမှုးလေ့ကျင့်နေခဲ့သည်။ ယခင်အချိန်များကထဲက အသုံးပြုထားသော တန်ဖိုးကြီးရတနာများ၏ စွမ်းအင်များကြောင့် ရက်အနည်းငယ်အတွင်း၌ လုံထန်၏ ကျင့်ကြံမှု အရှိန်ဝါက တိုင်းတာမရနိုင်လောက်သည့်အထိပင် ကြီးထွားလာခဲ့သည်။ လုံထန်၏ ယခုအချိန်သူ၏ ခန္ဓာကိုယ်မှာထွက်ပေါ်နေသော အရှိန်ဝါများအရ ယခင်ကထက်အလွန်ပင် သာလွန်နေပြီး သားရဲဧကရာဇ်နယ်ပယ်၏ ဒဿမအဆင့်၏ အထွတ်ထိပ်သို့ရောက်ရှိလာခဲ့သည်။ သူ၏ ကျင့်ကြံမှုက သားရဲအရှင်သခင်အဆင့်နှင့် ခြေတလှမ်းသာလျှင် ဝေးကွာတော့သည်။
ယခုအချိန်၌ ကျင့်ကြံနေသော လုံထန်၏ မျက်လုံးများက ဖွင့်လာခဲ့သည်။ သူ၏ မျက်လုံးများ တစ်ခါနချင်းဖြင့် တောက်ပသော အလင်းတန်းများဖြာထွက်လာခဲ့သည်။ အချိန်အနည်းငယ်ကြာမှသာလျှင် အလင်းတန်းများက ပျောက်ကွယ်သွားပြီးတော့ ပုံမှန်ပြန်၍ဖြစ်သွားခဲ့သည်။
ဟူး ~~~ လုံထန်တစ်ယောက် သူ၏ ကိုယ်တွင်းမှ လေပှုများကို မှုတ်ထုတ်လိုက်ပြီးနောက် ၊ သတင်းအချက်လက်များ ပို့ထားသော ဆက်သွယ်ရေးသတ္တုပြားသို့ကြည့်လိုက်သည်။
ဤဆက်သွယ်ရေး သတ္တု၏ အချက်ပေးမှုကြောင့် လုံထန်တစ်ယောက် ကျင့်ကြံနေရာမှ ရပ်နားလိုက်ခြင်းဖြစ်သည်။ ယခင်က သူသားရဲအရှင်သခင် အဆင့်သို့ မရောက်မရှင်း ကျင့်ကြံရန်ဆုံးဖြတ်ထားတာပဲ ဖြစ်သည်။
သို့သော်လည်း အပြင်ဘက်၏ အခြေနေကို သိချင်သေးသောကြောင့် အောင်းရွှီရန်ကို သူကိုယ် တိုက်ရိုက် သတင်းပို့ခိုင်းထားတာပဲဖြစ်သည်။
ဆက်သွယ်ရေးသတ္တုပြား၏ သတင်းအချက်လက်များကို ကြည့်ပြီးနောက် လုံထန်၏ မျက်နှာက လုံးဝပြောင်းလဲသွားခဲ့သည်။
ဖြစ်လာပြီ ~ နောက်ဆုံးတော့ တွေးထားသလို့ပါပဲ ။ လုံထန်က စိုးရိမ်စွာဖြစ် ရေရွတ်လိုက်သည်။ ဤအခြေနေကို တွေးထားခဲ့သော်လည်း ယခုလောက် မြန်မြန်ဆန်ဆန်ကြီးဖြစ်လာမယ်တော့ မမျော်လင့်ထားချေ ။
အပြင်ကိုထွက်ပြီးတော့ အသေးစိတ်အခြေနေကို မေးမှရမယ် ။ အချိန်ဘယ်လောက် ကျန်နိုင်သေးလည်း မသိဘူး ။ လုံထန်က ထိုသို့တွေးပြီးနောက် သူ၏ ပုံရိပ်က ခန်းမအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
လုံထန်ပြန်ပေါ်လာချိန်၌ ဆွေးမှုများပြုလုပ်သော ခန်းမ၏ အတွင်းသို့ရောက်ရှိလာပြီဖြစ်သည်။ သူက တော်ဝင်အကြီးကဲများနှင့် အောင်းယွီရန်ကို ချက်ချင်းပင် အကြောင်းကြားလိုက်ကာ ခန်းမအတွင်း စုဝေးရန် သတင်းပို့လိုက်သည်။
အားလုံးကိုယ်ဆင့်ခေါ်ပြီးနောက် လုံထန်က ခန်းမ၏ ထိပ်ဆုံးမှ ပုလ္လင်ထက်သို့သွား၍ ထိုင်ကာ သတင်းအချက်လက်များအကြောင်းကို စဉ်းနေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ခန်းမ၏ အတွင်းသို့ အောင်းယွီရန်နှင့်အတူတူ ပုံရိပ်များတစ်ယောက်ခုပြီးတစ်ခုရောက်လာကြသည်။
အရှင်မင်းကြီးကို တွေစုံပါတယ် ။ အောင်းယွီရန်နှင့် တော်ဝင်အကြီးကဲများက သူတို့ကိုယ် စောင့်မျော်နေသော လုံထန်ကိုယ်ကြည့်၍ နှတ်ဆက်လိုက်သည်။
ယျဉ်ကျေးနေစရာမလို့ပါဘူး ထိုင်ကြပါ ။ လုံထန်က အောက်ဘက်မှာသူများကိုကြည့်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်သည်။
လုံထန်၏ စကားကြောင့် အောင်းယွီရန်လည်း လုံထန်၏ အနီးနားမှ ပုလ္လင်သို့လာ၍ ထိုင်လိုက်ကာ တော်ဝင်အကြီးကဲများကလည်း သူတို့၏ ထိုင်ခုံများမှ ထိုင်၍ နောက်ပြောလာမည်စကားများကို စောင့်မျော်နေခဲ့သည်။
လုံထန်က အားလုံးထိုင်ပြီးနောက် စကားကို စတင်လိုက်သည်။
အခုအားလုံးကို ခေါ်လိုက်ရတာက တော်ဝင်အကြီးကဲ အောင်းရွှီရန်ဆီကနေ့ သတင်းရလာလို့ပဲ ။ ကြီးမားတဲ့ အရာတစ်ခုဖြစ်ပျက်သွားတယ် ။
အကန်သက်မဲ့ ပင်လယ်ရဲ့ အထက်မှ အက်ကြောင်း တစ်ခုပေါ်လာပြီးတော့ ပြသာနာတွေဖြစ်သွားတယ် ။ မြေအောက်လောကရဲ့ မိစ္ဆာတွေ ပေါ်လာတယ်ပြောတယ် ။ သူရဲ့စွမ်းအားက သားရဲနတ်ဘုရားနယ်ပယ်ကို ကျော်လွန်နေပြီ အကြည့်တစ်ချက်နဲ့ပဲ အနောက်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင်အင်အားစုများ၏ လူအားလုံးကို သတ်ပစ်လိုက်တယ်တဲ့ ။
တော်ဝင်အကြီးကဲအောင်းရွှီရန်က အခြေနေကို သတိထားပြီးဆောင်ရွက်ခဲ့သောကြောင့် သူမရဲ့ အသက် အန္တာရာယ်မှ ဘေးကပ်ပြီး လွတ်ခဲ့သော်လည်း ဒဏ်ရာကြီးကြီးမားရခဲ့တယ် သတင်းပို့ထားတယ် ။ အသေးစိတ်တော့ မဟုတ်ပေမဲ့ မြေအောက်လောကရဲ့ မိစ္ဆာတွေ မဝေးတော့အနာဂတ်မှာ ပြန်ပေါ်လာမယ် ။
လုံထန်၏ စကားဆုံးသွားသည့်နှင့် ခန်းမ၏ အတွင်းမှ လေထုက အလွန်ပင် ထိုင်းမှိုင်းသွားခဲ့ကာ နှလုံးခုန်သံများကြား ရသည့်အထိပင် တိတ်ဆိတ်သွားခဲ့သည်။
တော်ဝင်အကြီးကဲများ၏ မျက်နှာများက စက္ကန့်ပိုင်းအတွင်း၌ အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။ ထိတ်လန့်ခြင်း ၊ စိုးရိမ်ခြင်း ၊ ပှုပန်ခြင်း ၊ စွမ်းအားမဲ့ ခြင်းကြောင့် ဖြစ်ပေါ်လာသော ပုံပန်းသဏ္ဍန်အမျိုးမျိုးကို ထင်ထင်ရှားရှားမြင်နေခဲ့ရသည်။
အရှင်မင်းကြီး ~~ ဘယ်လိုလုပ်ကျမလဲ ။ အောင်းယွီရန်က တိတ်ဆိတ်မှု ဦးစွာဖြိုခွင်းပြီးတော့ လုံထန်ကိုကြည့်ကာ မေးလိုက်သည်။
အောင်းယွီရန်၏ အမေးစကားကြောင့် လုံထန်လည်း အတွေးနက်သွားခဲ့သည်။ အချေိန်အတော်ကြာသည့်အထိ စကားပြန်မပြောခဲ့ချေ။
မသိသေးဘူး ~~~ အချိန်ဘယ်လောက် ရအုန်းမလဲမသေးဘူး ။အခုခြေနေအရ နယ်ခြားစည်းက အားနည်းလာပေမယ့် အရမ်းကြီးဆိုးဝါးတဲ့ အခြေနေကို မရောက်သေးဘူး ။ အဲဒီကြောင့် မြေအောက်လောက မိစ္ဆာတွေရဲ့ စွမ်းအားကြီးတဲ့ တည်ရှိမှုတွေ ဝင်မလာနိုင်သေးဘူးလို့တော့ တွေးမိတယ် ။ ဒါက အတွေးသက်သက်ပါပဲ လုံထန်က ခေါင်းရမ်းကာပြောလိုက်သည်။
အခုအချိန်မှာ လုပ်နိုင်တာ တစ်ခုထဲက သန်မာလာအောင်လုပ်ပါ ၊ ဒါမှာသာလျှင် ဒီအခြေနေကြီးမှ ကျော်လွှားနိုင်လေ့မယ် ။ လုံထန်က တီးတိုးရေရွတ်ကာ ပြောလိုက်သည်။
အပိုင်း ၂၁၉ မျော်