အခန်း (၂၁၉)
Vol. 16 Ch. 219
-------
ဤကဲ့သို့သော လုံထန်၏ စကားပြောလာချိန်၌ ခန်းမ၏ အတွင်း၌ လေထုက ပို၍ လေးလံထိုင်းမှိုင်းသွားခဲ့သည်။
တော်ဝင်အကြီးကဲများ၏ မျက်နှာများကလည်း အလွန်ပင် မှုန့်မှိုင်းနေခဲ့သည်။
တော်ဝင်အကြီးအကဲ အောင်းရွှီရန်ပြန်လာပြီ ၊ အောင်းလန် မှ ထ၍ ပြောလိုက်သည်။
လုံထန်လည်း ထိုအချိန် အဝေးမှ နီးကပ်လာသော အားနည်းနေသော အရိုန်ဝါကို အာရုံခံမိလိုက်သည်။
လုံထန်က ချက်ချင်းပင် ထိုင်နေရာမှ ထ၍ အပြန်သို့ လျှောက်သွားလိုက်သည်။ သူ၏ နောက်မှာ အောင်းယွီရန်နှင့် ကျန်ရစ်နေသော တော်ဝင်ကြီးကဲများရော လိုက်ပါသွားကြသည်။
သူတို့အုပ်စုက ခန်းမ၏ အပြင်သို့ရောက်သည့်နှင့် ရှေးဦးတောင်ထိပ်၏ လေဟာနယ်က ရွှေရောင်အလင်းများဖြင့် တောက်ပလာပြီးတော့ ဆယ်မီတာ အရွယ်ရှိသော အက်ကြောင်းကြီးတစ်ခုဖြစ်သွားခဲ့သည်။
၎င်းအက်ကြောင်းအတွင်းမှ ရွှေရောင် အလင်းများဖုံးလွှမ်းထားသော ၊ ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။ ၎င်းက အောင်းရွှီရန်သာဖြစ်သည် ။
သူမက ပြင်းထန်သော ဒဏ်ရာရနေသော အသွားတုန်းကလို့ ကိုယ်တိုင်ပျံသန်းမသွားတော့ပဲ၊ လေဟာနယ် ဖြိုခွင်းခြင်းကျောက်ကို သုံးပြုပြီးတော့ မိုင်သိန်းချီကို ဖြတ်ကျော်လာခြင်းဖြစ်သည်။
သူမ၏ အရှေ့မှ လုံထန်နှင့် အခြားသူများကို မြင်လိုက်ရချိန်မှ အောင်းရွှီရန်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သူမက မျက်နှာဖြူလျော့နေပြီး သူ၏ စွမ်းအင်များက မတည်မငြိမ်ဖြစ်နေသော်လည်း လုံထန်နှင့် အောင်းယွီရန်ကိုယ် တွေချိန်၌ ချက်ချင်းပင် အရိုသေပေးလိုက်သည်။
အရှင်မင်းကြီးနဲ့ ဧကရီကို တွေဆုံပါတယ် ။
ယျဉ်ကျေးမနေပါနဲ့ ~ အကြီးကဲ ဒဏ်ရာတွေကိုယ် သက်သာလာစေဖို့ အရင်ကုသလိုက်ပါ ။ လုံထန်က လျှင်မြန်စွာပြောလိုက်သည်။
ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ။
အောင်းရွှီရန်က ထိုနေရာ၌ပင် ကုသရေး ဆေးတစ်လုံးကို ထုတ်ကာ သောက်လိုက်ပြီးနောက် သူမ၏ ဒဏ်ရာအချို့ကို စတင်၍ ကုသလိုက်သည်။
သူမစတင်၍ ကုသနေချိန်၌ လုံထန်နှင့် အခြားသူများက တိတ်ဆိတ်စွာဖြင့် ဘေးမှနေ၍ စောင့်ကြည့်နေခဲ့သည်။
မိနှစ်သုံးဆယ်နည်းပါးကြာပြီးနောက် အောင်းရွှီရန်၏ မျက်နှာက အနည်းငယ်ပြန်၍ သွေးရောင်သမ်းလာခဲ့သည်။ ထိုအချိန်၌ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်များကလည်း အနည်းငယ်ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်မှ အောင်းရွှီရန်က မျက်လုံးများပြန်၍ ဖွင့်လာခဲ့သည်။
သွားကြရအောင် ~~~ ခန်းမထဲကို လုံထန်လည်း အောင်းရွှီရန် ပြန်၍ အဆင်ပြေလာသည့်ကို သိ၍ ပြောလိုက်သည်။
နားလည်ပါပြီ ~~~ အရှင်မင်းကြီး ။
လုံထန် ခန်းမထဲ ပြန်ဝင်သွားချိန်၌ အောင်းရွှီရန်နှင့် အခြားအကြီးကဲများလည်း လိုက်ပါ၍ လာခဲ့သည်။
ခန်းမ၏ ထိပ်ဆုံးရှိ ပုလ္လင်၏ အထက်၌ ထိုင်ပြီးနောက် လုံထန်က အောင်းရွှီရန်ကိုကြည့်ကာ ပြောလိုက်သည်။ တော်ဝင်အကြီးကဲ ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ်အချက်လက်များကို သေချာပြောပြပါအုန်း ။
နားလည်ပါပြီ အရှင်မင်းကြီး ။
အောင်းရွှီရန်က သူမ အကန်သက်မဲ့ပင်လယ်သို့ရောက်ချိန်၌ ချုံချီမျိုးနွယ်စု ၊ ခေါင်းကိုးလုံးမြွေမိစ္ဆာ မျိုးနွယ်စုများနှင့် တွေစုံသည့်မှအစ နောက်ပိုင်း၌ အနောက်ပိုင်းတိုက်ကြီး တစ်လုံးမှ အင်အားစုများတွေပြီးတော့ အကန်သက်မဲ့ ပင်လယ်ပြင်၏ နက်ရှိုင်းရာသို့သွားသည့်အထိ ၊ ထိုမှ တစ်ဆင့် လေဟာနယ်အက်ကွဲကြောင်းထံမှ အစွမ်းက်သော ဧရာမ မျက်လုံးကြီး၏ အစွမ်းကြောင့် အချင်းချင်းပြန်ပြီး သတ်ဖြတ်ကျသည့်မြင်ကွင်းများနှင့် အားလုံးပြီးဆုံးပြီးနောက် လူသားဗိမာန်တော်၏ အဘိုးအိုဝမ်၏ အကြောင်းများကိုပင် အသေးစိတ်ပြောပြခဲ့သည်။
အောင်းရွှီရန်၏ စကားဆုံးသွားချိန်၌ လူတိုင်းက အေးစက်သော လေအေးများကို ရှုရှိုက်လိုက်မိသည်။ အကြည့်တစ်ချက် သားရဲနတ်ဘုရားနယ်ပယ် ခြောက်ဆယ် ၊ ခုနှစ်ဆယ်နီးပါးကို သေဆုံးသွားစေခဲ့သည်။ ဤအရာက ဘယ်လောက် တောင် အစွမ်းထက်တဲ့ စွမ်းအားလဲ ၊ သေချာတာ ထိုစွမ်းအားကြီးသူက မသေမျိုးနယ်ပယ် ၊ ထိုအထက်က ပင် ဖြစ်နေနိုင်သည်။
လုံထန်းလည်း ထိုအတွေးများကို တွေးနေရင်းဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။ နောက်ဆုံးမှ သေချာစဉ်းစားပြီးနောက် နယ်ခြားစည်းက အားနည်းလာပေမယ် အရမ်းကြီးအားမနည်းသေးပဲ ခုခံနေသေးသည်။ ဤအတွက်ကြောင့် သူတို့မှ အချိန်ရနေသေးသည်။
နောက်ထက်က အောင်းရွှီရန်၏ စကားများအရ ထူးဆန်းသော လူသားဗိမာန်တော်ကဲ့သို့ ပြင်ပကိစ္စများကို အသေးစိတ်စောင့်ကြည့်နေသော ရှေးခောတ်အင်အားစုများလည်း ရှိနေသေးသည်။ ဤအတွေးများက သူ၏ စိတ်ခံစားချက်များကို အနည်းငယ်ပေါ့ပါးသွားစေသည်။
ယခင်က ထိုအင်အားစုများရှိကြောင်းသူသိထားသောလဲ သူသိထားသည့်က အားလုံးက ပုန်းကွယ်နေထိုင်သွားသည့်ဟုသာ ဆိုထားသောကြောင့်ပင် ။ အခုတော့ အင်အားစုအချို့က စောင့်ကြည့်နေသေးသောကြောင့် ပြင်ပအခြေနေက အရမ်းဆိုးဝါးသော အခြေနေသို့ ရောက်နေအုန်းမည်မဟုတ်သေးချေ။
ထိုအတွေးများက သူကိုယ်စိတ်သက်သာရာ ရစေသော်လည်း ၊ ဤအရာက သူပိုင်ဆိုင်သော ခွန့်အားမဟုတ်သည့်အတွက် စိတ်တော့မအေးနိုင်သေးချေ။
ကောင်းပြီ ~~ အခုအခြေနေက အရမ်းကြီးဆိုးဝါးတဲ့ ဘက်တော့ ရောက်မနေသေးဘူး ။အချိန်ရသေးတယ် ။ အားလုံးပဲ ကျင့်ကြံရာမှာ အာရုံစိုက်ကြပါ ။ ရတနာကို အသုံးပြု ကျင့်ကြံမှုကို မြင်တက်ကျပါ ။ သားရဲနတ်ဘုရား နဝမအဆင့်ကို ရောက်တဲ့ သူတိုင်း နတ်ဆိုးနဲ့ နတ်ဘုရား စစ်မြေပြင်ကို သွားရမယ် ။ လုံထန်က အားလုံးကိုကြည့်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်သည် ။
နားလည်ပါပြီ အရှင်မင်းကြီး ။
တော်ဝင်အကြီးကဲများကလည်း လေးနက်စွာဖြင့် ပြောလိုက်သည်။ သူတို့မှာ အချိန်ရသေးသော ကြောင့် တက်နိုင်သဖြင့် ကျင့်ကြံမှုကိုယ် မြင်တင်ရမည်ဖြစ်သည်။
ကောင်းပြီ ~~~ ဒါဆိုအားလုံးအရင် သွားနိုင်ပြီ ။ လုံထန်က တော်ဝင်အကြီးကဲများကို ထွက်ခွာသွားရန် ပြောလိုက်သည်။
တော်ဝင်အကြီးကဲများအားလုံးက လုံထန်ကို နှတ်ဆက်ပြီးနောက် ခန်းမ၏ အတွင်းမှ ထွက်ခွာသွားကာ ကျင့်ကြံမှု ပြန်လုပ်ရန် သူတို့၏ နေထိုင်ရာနေရာများသို့ ပြန်သွားကြတော့သည်။
ခန်းမ၏ အတွင်း၌ လုံထန်နှင့် အောင်းယွီရန်သာ ကျန်ရစ်ခဲ့တော့သည်။
လုံထန်က တော်ဝင်အကြီးကဲများ အားလုံးထွက်ခွာသွားပြီးနောက် အင်ပါယာကျောင်းတော်ကို တာဝန်ယူထားသော အဘိုးကြီးဖေးကို ခန်းမသို့ လာရန် ဆင့်ခေါ်လိုက်သည်။
ယွီရန်မင်းလည်း အခုရက်မှာ ပိုပြီးတော့ လေ့ကျင့်သင့်တယ် ။ နန်းတော်က အရင်းမြစ်တွေကို အသုံးပြုပြီးတော့ စွမ်းအားကိုမြင့်တင်ပါ ။ လုံထန်က အဘိုးကြီးဖေးကို ဆင့်ခေါ်ထားပြီးနောက် ဘေးနားမှ ထိုင်နေသော အောင်းယွီရန်ကိုကြည့်ကာ ပြောလိုက်သည်။
စိတ်မပှုပါနဲ့ အရှင်မင်းကြီး ။ အရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေကို ဝေမျှနိုင်အောင် ကြိုးစားပြီး ကျင့်ကြံပါမယ် ။ အောင်းယွီရန်က လုံထန်၏ စိုးရိမ်ပှုပန်မှုကို ခံစားမိ၍ ပြုံးကာပြောလိုက်သည်။
လုံထန်လည်းအောင်းယွီရန်ကိုပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
အပိုင်း ၂၂၀ မျော်