အခန်း (၂၂၀)
Vol. 16 Ch. 220
--------
လုံထန်နှင့် အောင်းယွီရန်တို့ စကားပြောနေပြီးတော့ ဆယ်ငါးမိနှစ်အကြာ၌ ခန်းမ၏ အတွင်းသို့ ပုံရိပ်တစ်ခုက လျှောက်၍ ဝင်လာခဲ့သည်။
အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။
လုံထန်က ခန်းမ၏ အောက်ဘက်သို့ပြုံးကာကြည့်၍ ပြောလိုက်သည်။ ယျဉ်ကျေးနေစရာမလို့ ပါဘူး အဘိုးဖေး ။
ထိုပါအုန်း ။
ကျေးဇူးတင်ပါတယ် ~~~ အရှင်မင်းကြီး ။အဘိုးကြီးဖေးက လုံထန်၏ စကားအတိုင်း ထိုင်ခုံ၌ ဝင်၍ ထိုင်လိုက်သည်။
အဘိုးကြီးဖေး နေရာယူပြီးနောက် လုံထန်က စကားကို စလိုက်သည်။ အဘိုးဖေး အင်ပါယာကျောင်းတော်ရဲ့ အခြေနေက အဆင်ပြေရဲ့လား ။
အရှင်မင်းကြီးကို ပြန်ဖြေပါတယ် ။အင်ပါယာကျောင်းတော်ရဲ့ အဆဆအရာရာက ပုံမုန်အတိုင်း ဖွံဖြိုးတိုးတက်နေပါတယ် ။ ကျောင်းတော်ရဲ့ အတွင်းမှာလည်း ပါရမီရှိပြီး သန်မာတဲ့ သူတွေ တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ များပြားလာကြပါတယ် ။ အဘိုးကြီးဖေးက ကျေနပ်အားရစွာဖြင့် လျှောက်တင်လိုက်သည်။
လုံထန်လည်း ထိုစကားကြောင့် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤရာရာတိုင်းက ပုံမှန်အတိုင်းတိုးတက်နေပေမယ့် လိုအပ်နေတာ အချိန်ပဲ ။ လုံထန်က ထိုအရာကို တွေးမိသည့်နှင့် သက်ပြင်းမချပဲ မနေနိုင်ချေ။
ကံကြမ္မာဧကရာဇ်၏ စကားတိုင်းသာဖြစ်ပါကာ သူအတွက် အချိန်က လုံလောက်ရုံတင်မက ပိုပါပိုလျံနေသေးသည်။ အခုတော့ အချိန်က မည်မျှရှိသည့်ကို သူတစ်ကယ်မသိတော့ချေ။
ဟူး ~~~ တက်နိုင်ဘက်ကတော့ ကြိုးစားပြီးလုပ်ရမှာပဲ ၊ လုံထန်က သူ၏ အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် အဘိုးကြီးဖေးကိုကြည့်လိုက်သည်။
အဘိုးဖေးက နောက်ထပ်အင်ပါယာရဲ့ ကျောင်းတော်အတွက် အထောက်ပံကို တစ်ရာရာခိုင်နှုန်းထပ်တိုးမယ် ။ သန်မာတဲ့သူတွေပိုပြီးတော့ တိုးပွားလာအောင် လုပ်ဆောင်ပါ ။ ကျောင်းတော်က လူငယ်တွေကို ပိုပြီးတော့ တင်းကြပ်ကြပ် လုပ်ဆောင်ပါ ၊ ပြီးတော့ ပါရမီပါပြီးတော့ အလားလာ ကောင်းတဲ့ ငယ်ရွယ်တဲ့ သူတွေကို အရင်းမြစ်တွေပိုပြီးတော့ ထောက်ပံပေး လိုက်ပါ လုံထန်ရ အဘိုးကြီးဖေးကိုကြည့်ကာ ပြောလိုက်သည်။
ဟမ့် ~~~ အဘိုးကြီးဖေးက လုံထန်၏ ရုတ်တရင် ဤစကားကြောင့် ထိတ်လန့်သွားသော်လည်း ၊ သူက စကားများထပ်မံ၍ မမေးတော့ပဲ ခေါင်းညိတ်လိုက်သည်။
ကျေးဇူးတင်ပါတယ် ~~~ အရှင်မင်းကြီး ။ အရှင်မင်းကြီးပြောတဲ့ အတိုင်း တစ်သွေ့မတိမ်း လုပ်ဆောင်လိုက်ပါမယ် ။
ကောင်းပါပြီ ~~~ အဘိုးဖေး သွားလို့ပါရပါပြီ ။လုံထန်က အဘိုးကြီးဖေးကို ပြန်ထွက်ခိုင်းလိုက်သည်။
နားလည်ပါပြီအရှင်မင်းကြီး အဘိုးကြီးဖေးက နှတ်ဆက်ပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ယွီရန် ဒီည ဝိုင်သောက်ရအောင် ပြင်ဆင်ပေးပါအုန်း ၊ လုံထန်က အောင်းယွီရန်ကို ပြောလိုက်သည်။
ခနစောင့်ပေးပါ ~~~ အရှင်မင်းကြီး ချက်ချင်းပြင်ဆင်ပေးပေါ့မယ် ။ အောင်းယွီရန်က လုံထန်၏ စကားကို ကြားချိန်၌ ပုလ္လင်ထက်မှ ထ၍ ချက်ချင်းပင် ပြောလိုက်သည်။
အင်း ~~~ လုံထန်က ခေါင်းညိတ်ပြလိုက်သည်။
∆∆∆
ထိုအချိန် တစ်ဖက်၌ ။
ရှေးဦးနဂါးအင်ပါယာနှင့် အလွန်ပင် ဝေးကွာလှသော အကန့်သတ်မဲ့ပင်လယ်ပြင်၏ ရှန်းယွမ်ပင်လယ်ကွေ့ရှိ လူသူအရောက်ပေါက်နည်းလှသော ရှန်းယွမ် ကျွန်း၏ အထက်ကောင်းကင်ယံ၌ လေဟာနယ်က အက်ကွဲကြောက်ကြီးဖြစ်လာခဲ့ကာ ထိုအက်ကြောင်း၏ အတွင်းမှ ပုံရိပ် သုံးခုထွက်လာခဲ့သည်။
နောက်ဆုံးတော့ ငါတော့ ရှန်းယွမ် ကျွန်းကိုရောက်ပြီ ၊ ပုံရိပ်သုံးခုအနက်မှထိပ်ဆုံးမှ ဦးဆောင်သူက ပြောလိုက်သည်။ ၎င်းတို့က ကောင်းကင်ယံမှနေ၍ ကျွန်းကိုငုံကြည့်ရင်းဖြင့် ပြောလိုက်သည်။ ရှန်းယွမ်ကျွန်းက အရမ်းမကြီးမားချေ။ ဆယ်မိုင်ပတ်လယ်ခန့်သာရှိသော သေးငယ်သော ကျွန်းတစ်ခုဖြစ်သည်။ ကျွန်းကသေးငယ်သော်လည်းပဲ မြေပြင်ထက်၌တော့ ဧရာမသစ်ပင်ကြီးဖြင့် ပေါက်ရောက်နေသောကျသည်။
၎င်းတို့သုံးဦးက အောင်းကျန်းဟန် ၊ အောင်းထန်ရန် နှင့် ဟော်ဖုတို့ဖြစ်သည်။
သွားကြစို့ ~~ ။
အောင်းကျန်းဟန်က ရှေဆုံးမှနေ၍ သူ၏ နောက်မှ လူများပြောလိုက်ရင်းဖြင့် ကျွန်း၏ မြေပြင်ထက်ဆင်းသက်သွားခဲ့သည်။
အောင်းထန်ရန်နှင့် ဟော်ဖုလည်းပဲ ခေါင်းညိတ်ကာ အောင်းကျန်းဟန်၏ ဦးဆောင်အမှုနောက်သို့လိုက်ပါသွားကြသည်။
သူတို့က အောင်းကျန်းဟန်နှင့် ကျွန်း၏ မြေပြင်ထက်သို့ရောက်ချိန်၌ မြေပုံသို့ကြည့်၍ အမှတ်သားပြထားသော နေရာသို့ တိုက်ရိုက်သွားကြသည်။ မြေပုံ၏ သတ်မှတ်ထားသော နေရာသည် ကျွန်း၏ အလယ်ဗဟိုဖြစ်သည်။
အောင်းကျန်းဟန်တို့၏ အရိုန်ဟုန်ဖြင့် ကျွန်း၏ အလယ်ဗဟို့သို့ အချိန်အနည်းငယ်သာယူရပြီးနောက် ရောက်ရှိသွားကြသည်။
အလယ်ဗဟိုသို့ရောက်ချိန်၌ လုံထန်ပြောခဲ့ဖူးသလို့ ကျွန်း၏ အလယ်ဗဟို၌ ကြီးမားသော ဧရာမ သစ်ပင်ကြီးကလွဲလို့ အခြားသော ထူးရှားမှုများမရှိချေ။
ကြီးမားသော သစ်ပင်ကြီး၏ အရွယ်စားကအလွန်ပင်ကြီးမားသော်လည်း သူ၏ အမြင့်က သာမန် သစ်ပင်တစ်ပင်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ဒါက ဖုံးကွယ်ထားတဲ့ အစီရင်ကို အသုံးပြုထားတဲ့ နေရာပဲ ဖြစ်ရမယ် ။ အောင်းကျန်းဟန်က ဧရာမသစ်ပင်ကြီးကို ကြည့်၍ ပြောလိုက်သည်။
ဟုတ်တယ် ~~~ ။
အခြားနှစ်ယောက်က လည်း အောင်းကျန်းဟန်၏ စကားကို ထောက်ခံလိုက်သည်။
စကြမယ် ။
အောင်းကျန်းဟန်က ပြောပြီးသည့်နှင့် သူ၏ သားရဲနတ်ဘုရားနယ်ပင် ဒဿမအဆင့်၏ စွမ်းအားကို ထုတ်လွတ်လိုက်သည်။ အောင်းကထန်းရန်နှင့် ဟော်ဖုလည်း သူတို့၏ စွမ်းအားများကို ထုတ်လွတ်လိုက်ပြီးတော့ သူတို့၏ စွမ်းအင်များကို ဧရာမသစ်ပင်ကြီးကိုင်ကာ စွမ်းအင်များကျု ဧရာမသစ်ပင်ကြီးအတွင်းသို့ ပို့လွတ်လိုက်သည်။
ဤအချက်က မြေပုံ၌ မှတ်တမ်းတင်ထားတဲ့ အတိုင်း အပြုလုပ်ခြင်းဖြစ်သည်။ ဤနေရာက နတ်ဆိုးနတ်ဘုရားစစ်မြေပြင်၏ နေရာဆိုရင် သူတို့၏ စွမ်းအားများကို သွန်းလှောင်းလိုက်သည်နှင့် နတ်ဆိုးနတ်ဘုရား စစ်မြေပြင်သို့ ဝင်လို့ရမည် ပေါ်တယ်တစ်ခု ပေါ်လာမှာပဲဖြစ်သည်။
အောင်းကျန်းဟန်နှင့် အခြားနှစ်ယောက်တို့က ဧရာမသစ်ပင်ကြီးကို ကိုင်ဆောင်၍ သူတို့၏ စွမ်းအားများကို သွန်းလောင်းလိုက်ချိန်က တစ်မိနှစ်အကြာ၌ ဧရာမသစ်ပင်ကြီးက တုန်ခါလာပြီးတော့ အလင်းတန်းများ ဖြာ၍ ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းများကြား၌ မီတာတစ်ရာကျယ်ရှိသော ဧရာမ ပေါ်တယ်တစ်ခုပေါ်လာခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်သည့်နှင့် အောင်းကျန်းဟန် ၊အောင်းထန်းရန် ၊ ဟော်ဖုတို့၏ မျက်လုံးများက အလွန်ပင် တောက်ပလာခဲ့သည်။
သွားကြစို့ .....
အောင်းကျန်းဟန်က တုန့်ဆိုင်းမနေပဲ ပေါ်တယ်၏ အတွင်းထဲသို့ ချက်ချင်းပင်ဝင်လိုက်သည်။ အောင်းထန်ရန်နှင့် ဟော်ဖုလည်း နောက်နှေးမနေပဲ ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။
သူတို့သုံးဦးဝင်ရောက်သွားချိနိ၌ ဧရာမပေါ်တယ်ကြီးက ချက်ချင်ပင် ပျောက်ကွယ်သွားခဲ့သည်။ အလင်းတန်းများကလည်း မှေးမှိန်သွားပြီးတော့ ဧရာမ သစ်ပင်ကြီးတစ်ခုလုံးက မှုလအတိုင်းပဲ ပြန်လည်၍ တိတ်ဆိတ်သွားခဲ့ကာ သာမန်ဆန်သော သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သွားခဲ့သည်။
အပိုင်း ၂၂၁ မျော်