← Chapters

ဘယ်တုန်းကမှ မလုပ်ခဲ့သင့်ဘူး

Vol. 3 Ch. 38

ဘယ်တုန်းကမှ မလုပ်ခဲ့သင့်ဘူး

Vol. 3 Ch. 38

"လေးစားပါတယ် မစ္စတာယဲ့!"

ထိုကျယ်လောင်သောအသံကြောင့် အခန်းထဲမှ သူများအားလုံး အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ရှုဖေးတို့အဖွဲ့က နေရာမှာတင် တောင့်ခနဲဖြစ်နေကာ မယုံနိုင်သော အမူအရာများ ဖြစ်နေကြသည်။

*ငါ… ငါ အိပ်မက်မက်နေတာလား*

ရှုဖေး သူ့ကိုယ်သူ အားနှင့်ဆွဲဆိတ်ပြီးနောက် တုန်ယင်သွားသည်။ သို့သော်လည်း သရဖူဟိုတယ်မှ ဝန်ထမ်းများက ယဲ့ဖန်ကို အရိုအသေပေးနေဆဲ ဖြစ်သည်။

ရှုဖေးပုံစံက သရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေပေသည်။ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့သည်လည်း မျက်လုံးအပြူးသား ဖြစ်နေပေ၏။

အစောပိုင်းတုန်းက သရဖူဟိုတယ်၏ ရာထူးကြီးပုဂ္ဂိုလ်များက ယဲ့ဖန်ကို ရက်ရက်စက်စက် လုပ်တော့မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့ပင်မယ့် သူတို့က ယဲ့ဖန်ကို အရိုအသေ ပေးနေကြသည်တဲ့လား။

*မ… မဖြစ်နိုင်ဘူး*

အန်းရှီတောင်မှ ခဏမျှ ကြောင်သွားပြီးနောက် မျက်လုံးများက တဖျက်ဖျက်တောက်ပလာသည်။

"ယဲ့ဖန်…"

သူမကို ဖက်ထားသော ယဲ့ဖန်ကို အန်းရှီ ကြည့်နေမိသည်။ အခြားသူများ ကြောင်အနေစဉ် ဝန်ထမ်းခေါင်းဆောင် ဖြစ်ပုံရသည့် သက်လတ်ပိုင်းအရွယ် လူကြီးက အရိုအသေပေးပြီး ယဲ့ဖန်အား black card ပြန်ပေးလိုက်သည်။

"ဒီအညတရလူကြီးနာမည်က ဝေ့ဖန်းလို့ ခေါ်ပါတယ်။ သရဖူဟိုတယ်ရဲ့ အထွေထွေမန်နေဂျာပါ။ မစ္စတာယဲ့ ရောက်နေမှန်း ကျွန်တော် မသိလိုက်လို့ပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ Emperor card ကို ပြန်ယူပေးပါ"

သူ့စကားကို ကြားပြီး ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ သွေးပျက်သွားကြသည်။

*ဝေ့ဖန်း*

*သူပဲ*

သူ့နာမည်ကို ကြားပြီး ရှုဖေးတို့အုပ်စု ပို၍ သွေးပျက်လာကြသည်။ ဒီလူကြီးက သရဖူဟိုတယ်၏ ရာထူးအကြီးဆုံးသူ ဖြစ်ပြီး ဟိုတယ်အုပ်ချုပ်သူလည်း ဖြစ်သည်။ ကျန်းရှီမြို့တွင်လည်း သူက နာမည်ကြီးလှပေသည်။

အချို့သော မိသားစုကြီးများ၏ ခေါင်းဆောင်များပင် သူ့ကို စိတ်အနှောင့်အယှက် မပေးရဲကြပါ။ ထို့ပြင် ဝေ့ဖန်းသည် အစိုးရအဖွဲ့အစည်းများနှင့် ဂိုဏ်းစတားများနှင့်ပါ အဆက်အသွယ် ရှိသည်။သူသည် ကျန်းရှီမြို့၏ အာဏာရှင် တစ်ဦးဖြစ်ပေသည်။

သို့သော် ဤမျှ အာဏာရှိသည့်သူက ယဲ့ဖန်ကို တလေးတစားနှင့် အရိုအသေပေးနေပြန်သည်။

*ဒါ…ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ထိုစဉ် ကျန့်ချိန်ပင်း၊ ကျန်းလူနှင့် ရှောင်မိန်တို့ အချက်တစ်ချက်ကို သတိထားမိသွားသည်။

*သူ…သူ ဘာပြောလိုက်တာလဲ? Em…Emperor Card! အဲ့ဒါ Emperor Cardတဲ့! ဘုရားရေ"

ရှုဖေးသည်လည်း တုန်လှုပ်နေသည်။ ရှုဖေး၊ ကျန့်ချိန်ပင်း၊ ရှောင်မိန်နှင့် ကျန်းလူတို့ ထို black card ကို ထိတ်လန့်တကြား ကြည့်မိကြသည်။

Emperor Card ၏ အဓိပ္ပာယ်အရ ယဲ့ဖန်သည် သရဖူဟိုတယ်၏ အင်ပါယာအဆင့် VIP ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကျန်းရှီတစ်မြို့လုံးတွင် Emperor Card ပိုင်သည့်လူဟူ၍ ငါးယောက်လောက်တောင် မရှိပေ။ ကျန်းရှီမြို့၏ အဓိကမိသားစုကြီးများပင် ထိုကဒ်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း မပြည့်မှီပေ။ ထိုကဒ်သည် လွတ်လပ်သော အချုပ်အခြာအာဏာ၏ သင်္ကေတ ဖြစ်ပေသည်။

မည်သည့် Emperor Card ပိုင်ရှင်မဆို ကျန်းရှီတစ်မြို့လုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ဒါတောင်မှ ယဲ့ဖန်မှာ Emperor Card တစ်ကဒ် ရှိနေသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ယဲ့ဖန်တောင်မှ အံ့အားသင့်မိသွားသေးသည်။ ထို Emperor Cardအား ပိုင်မိသားစု အကြီးအကဲက သူ့အင်္ကျီကို စုတ်ပြတ်သွားစေသည့်အတွက် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

အရင်တုန်းက ဒီကဒ်တန်ဖိုးကို သူ မသိ၍ ဒီအတိုင်း အိတ်ထဲထည့်ထားမိတာ ဖြစ်သည်။ မထင်မှတ်ထားဘဲ ဒီကဒ်က သရဖူဟိုတယ်၏ Emperor Card ဖြစ်နေသည်။

ယဲ့ဖန်ကို ပြန်ပေးလိုက်ပြီးနောက် ဝေ့ဖန်းက ယဲ့ဖန်ကို လေးစားစွာ ပြောလိုက်သည်။

"မစ္စတာဖန်… သရဖူဟိုတယ်က ပိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါ။ လွန်ခဲ့တဲ့ရက်တွေက အဘိုးအိုက ပိုင်မိသားစုရဲ့ လုပ်ငန်းတွေက အထွေထွေမန်နေဂျာတိုင်းကို မစ္စတာယဲ့က အကောင်းဆုံး ဆက်ဆံဖို့ မှာထားပါတယ်။ ပြီးတော့ ခင်ဗျားရဲ့ အသုံးစရိတ်တိုင်းက အခမဲ့ပါ၊ ပိုက်ဆံပေးစရာ မလိုပါဘူး"

….

ရှုဖေး၊ ကျန့်ချိန်ပင်း၊ ရှောင်မိန်နှင့် ကျန်းလူတို့ လဲကျမလို ဖြစ်သွားကြသည်။ အခုမှပဲ သရဖူဟိုတယ်က ပိုင်မိသားစု အပိုင်မှန်း သူတို့ သိတော့သည်။ ဒါကြောင့်လည်း ကုန်းမိသားစုက ပြန်မလုပ်ရဲတာကိုး။

ယဲ့ဖန်က ကောင်းကောင်းမွန်မွန် ဆက်ဆံခံရပြီးတော့ အလကားလည်း စားသောက်လို့ရသည်တဲ့လား။

ဒါကလည်း ပိုင်မိသားစု အကြီးအကဲက ပိုင်မိသားစုလုပ်ငန်းတိုင်းက မန်နေဂျာတိုင်းကို မှာထားတာတဲ့လား။

ကျန်းရှီတစ်မြို့လုံးက မည်သူမျှ အခုလို ဆက်ဆံမခံရပေ။ ရှုဖေး၊ ကျန့်ချိန်ပင်း၊ ရှောင်မိန်နှင့် ကျန်းလူတို့ ခေါင်းမူးချင်လာသည်။

သူတို့ ကဲ့ရဲ့နေသည့် ယဲ့ဖန်က ကဒ်လေးတစ်ကဒ်ထဲနှင့် ငါးခူကနေ နဂါးအဖြစ်သို့ ပြောင်းသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။

ပိုဆိုးတာက သူတို့ သူ့ကို ဝိုင်းပြီး အပြစ်ဖို့ထားမိသည်။ သူတို့လေးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ငိုချင်လာကြသည်။

*ချီးပဲ…ငါတို့တော့ သေတော့မှာပဲ*

*မင်းမှာ Emperor card ရှိရင်လည်း သူတို့ကို ပေးလိုက်ပါလား? ဘာလို့ အဲ့ကဒ်က ဘာလဲဆိုတာကို မသိဘူးလို့ ပြောရတာလဲ?*

*မင်း ဘယ်လိုတောင် လုပ်ရက်တာလဲ*

သူတို့ပိုက်ဆံအားလုံးပေါင်းတောင်မှ သရဖူဗော်ကာ တစ်ပုလင်းပဲ တတ်နိုင်နေသည့်အချိန်မှာ ယဲ့ဖန်က သူသောက်ချင်သလောက် သောက်လို့ရနေတာကြောင့် ရှုဖေး၊ ကျန့်ချိန်ပင်း၊ ရှောင်မိန်နှင့် ကျန်းလူတို့ သွေးအန်မတတ် ဖြစ်နေကြသည်။

ထိုသည်သာမကသေး ဝေ့ဖန်းက အလွန်ရိုသေသည့်ဟန်ဖြင့်

"မစ္စတာယဲ့… ဒါတန်ဖိုးအနည်းဆုံး VIP အခန်းပါ။ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ကျွန်တော် ခင်ဗျားကို အဆင့်အမြင့်ဆုံး Emperor အခန်းကို ခေါ်သွားပေးပါ့မယ်။ ပြီးတော့ ဒီနေ့က ခင်ဗျားချစ်သူရဲ့ မွေးနေ့လို့ ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော် ဝန်ထမ်းတွေကို ခင်ဗျားအတွက် Emperor အခန်း ပြင်ခိုင်းထားပါတယ်။ ခဏနေ ပြင်လို့ ပြီးတော့မယ် ထင်ပါတယ်"

ဝေ့ဖန်းစကားများကြောင့် ရှုဖေးတို့အဖွဲ့ သတိလစ်ချင်သွားသည်။

*တန်ဖိုးအနည်းဆုံး VIP အခန်းတဲ့လား*

ဝေ့ဖန်းစကားက သိသိသာသာကြီးကို လှောင်နေသလိုပင်။ ပို၍ ထိတ်လန့်စရာကောင်းတာက သရဖူဟိုတယ်မှ ဝန်ထမ်းများက သူ့အတွက် Emperor အခန်းကို အစွမ်းကုန် ပြင်ဆင်နေကြခြင်းပင်။

ပိုင်မိသားစု အကြီးအကဲက သေချာ ဂရုစိုက်ဖို့ မှာထားသည့်အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။

ရှုဖေးနှင့် သူ့လူတို့ စိတ်ရှုပ်လာကြသည်။ ဝေ့ဖန်းက သူမကို ယဲ့ဖန်၏ ချစ်သူဟု ပြောလိုက်သည့်အတွက် အန်းရှီ မျက်နှာလေး နီမြန်းသွားသည်။

ရှက်လွန်းသောကြောင့် ယဲ့ဖန်ရင်ခွင်ထဲ မျက်နှာလေး ဝှက်ထားမိသည်။ ရှုဖေးတို့အဖွဲ့ ထွက်သွားရန် ကြံစည်နေကြသည်။သူတို့ ယဲ့ဖန်နား စုပြုံနေတုန်း သူတို့အဖွဲ့က ပြေးပေါက်ရှာနေကြသည်။

ထိုစဉ် ယဲ့ဖန်က လှမ်းအော်လိုက်သည်။

"နေပါဦး"

"မစ္စတာယဲ့… ဘာများ အလိုရှိပါသလဲ"

ဝေ့ဖန်းက ခပ်မြန်မြန်မေးလိုက်သည်။

သူ့စကားကြောင့် ယဲ့ဖန်က ရှုဖေးတို့အဖွဲ့ကို ကြည့်ကာ မထိတထိ ပြုံးလိုက်သည်။

*ငါတို့တော့ သွားပြီ*

ရှုဖေးတို့အဖွဲ့ မျက်နှာဖြူရော်လာကာ ခေါင်းငုံ့သွားကြသည်။

*ကျုပ် အဲ့လူတွေကို တော်တော် သဘောမကျဘူး"

ယဲ့ဖန်စကားက အခန်းထဲ ပဲ့တင်ထပ်သွားသည်။ ယဲ့ဖန်စကားကို ကြားသည်နှင့် ဝေ့ဖန်းက ချက်ချင်း သဘောပေါက်သွားသည်။ ချက်ချင်း နောက်လှည့်ကာ သူ့နောက်က သက်တော်စောင့်တွေကို ပြောလိုက်သည်။

"မင်းတို့ ဘာရပ်လုပ်နေတာလဲ? ဒီလူတွေက မစ္စတာယဲ့ကို မတရား အမှုဆင်ထားတာ။ သူတို့က သေချင်နေတာပဲ၊ သူတို့ကို ခြေထောက်တစ်ချောင်းစီ ချိုးပြီး အပြင်ထုတ်လိုက်။ ဒီနေ့ကစပြီး သူတို့ကို သရဖူဟိုတယ်ကို ဝင်ခွင့်ပိတ်လိုက်ပြီ။  မဟုတ်လို့ကတော့ သတ်ပစ်လိုက်"

ဝေ့ဖန်းက ရက်စက်လွန်းလှသည်။

သူ့စကားက ရှုဖေး၊ ကျန့်ချိန်ပင်း၊ ရှောင်မိန်နှင့် ကျန်းလူတို့အတွက် အသုဘ ခေါင်းလောင်းတီးလိုက်သလိုပင်။

"အန်းရှီ ... မြန်မြန် ...မြန်မြန်…ငါတို့ကို ညှာတာပေးဖို့ မစ္စတာယဲ့ကို ပြောပေးပါဟာ။ ငါတို့မှားမှန်း သိပါပြီ။ မစ္စတာယဲ့…ကျုပ်တို့ကို သနားပါဦး"

ရှောင်မိန်က အန်းရှီကို နောက်ဆုံးသော ကောက်ရိုးမျှင်သဖွယ် ဆုပ်ကိုင်ထားမိသည်။ သို့သော် သူမစကားကြောင့် အန်းရှီက သူမကို အားနှင့် ပါးရိုက်လိုက်သည်။

ဖြန်း!

ဘယ်လောက် အားပြင်း၍ ကျယ်လောင်လှသည့်အသံပါလိမ့်?

ရှောင်မိန် ကြက်သေ သေသွားသည်။ ဖြူစင်သည့် အန်းရှီက သူမကို ပါးချလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

အေးစက်စက်အကြည့်နှင့် အန်းရှီက ပြောလာသည်။

"ရှောင်မိန်… နင် ယဲ့ဖန်ကို နာကျင်အောင် မလုပ်ခဲ့သင့်ဘူး။ နင် မလုပ်ခဲ့သင့်ဘူး။ ဘယ်တုန်းကမှ မလုပ်ခဲ့သင့်ဘူး"

All Chapters