အနီရောင်သွေးဝိညာဉ် သစ်သီး
Vol. 16 Ch. 221
----------
အောင်းကျန်းဟန်နှင့် အခြားနှစ်ကောင်က အတားစီးကိုဖြတ်ကျော်ပြီးနောက် ကြီးမားသော အပြောင်းလဲ ကြီးကို တွေလိုက်ရသည်။ တစ်ချိန်ထဲမှာပဲ ကြောက်မက်ဖွယ်ရာ အရိုန်ဟုန်ကြီးက သူတို့၏ ပြင်ပ ခန္ဓာကိုယ်များမှ တစ်ဆင့် စိတ်ဝိညာဉ်ထိပင် ဖိနှိပ့်လာခဲ့သည်ကို ကြုံလိုက်ရသည်။ သူတို့၏ နတ်ဘုရား အာရုံများသည့်ပင် ထိုဖိနှိပ့်မှုကြီး အောက်၌ မီတာတစ်ထောင်ထိပင် ကန့်သက်ခံလိုက်ရသည်။
ဤအခြေနေအောက်၌ ချက်ချင်းဆိုသလို့ သူတို့၏ စစ်မှန်သောဝိညာဉ်ချီစွမ်းအင်များကို ထုတ်လွတ်၍ ပြင်ပအကာကွယ်တစ်ခုကို ကာကွယ်လိုက်ရသည်။
ထိုအချိန်၌ သူတို့ကိုယ် ညှင်းပင်းနှိပ်စက်နေသော ဆိုးဝါးသော အရိုန်ဝါများက ဖြေးညှင်းစွာပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှသာလျှင် အောင်းကျန်းဟန် အခြားသူနှစ်ယောက်က ပတ်ဝန်းကျင့်ကို ဖြေးညှင်းစွာဖြင့် စူးစမ်းလိုက်ကြသည် ။ ထိုနေရာက ပြင်ပကမ္ဘာနှင့်ခြားနားသော ကမ္ဘာကြီးတစ်ခုကဲ့သို့ပင် ။ ကောင်းကင်ကြီးထက်က တိမ်ဆိုင်များကလည်း နီရဲနေ၍ ကောင်ကင်ယံတစ်ပြင်လုံးက သွေးနီရောင် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ထိုမျှသာမက သူတို့မြင်နေရသော မြင်ကွင်းတစ်ဆုံး အနီရောင်ဖြစ်နေခဲ့ကာ ၊ ၎င်း၏ လေထုကြီးကပင် အနီရောင် အမှုန့်မွှားများဖြင့် ရစ်သိုင်းနေခဲ့သည်။
ထိုလေထုအတွင်းသို့ အသက်တစ်ကြိမ်ရှုရှိုက်လိုက်တိုင်းတွင် ၎င်း လေထု၏ အတွင်း၌ လက်ဆက်သော သွေး၏ ရနံကိုပင် ရနိုင်သေးသည်။
ထိုအခြေနေမျိုးဖြစ်လာအောင် သက်ရှိမည်မျှ သေဆုံးခဲ့ရပါသနည်း ။ ထိုအဖြေကို မည်မျှသူမျှ ပေးနိုင်မည်မထင်ချေ။
အောင်းကျန်းဟန်၊ အောင်းထန်းရန် ၊ ဟော်ဖုတို့က ထိုအခြေနေအောက်မှာ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုကိုယ် မဖုံးကွယ်နိုင်ချေ။
မြေပြင်တွင်လည်း ရွှေရောင်အလင်းတန်းများအနည်းငယ်ထွက်ပေါ်နေသော အမှုန့်အချို့နှင့် အဖြူရောင် အမှုန့်များကို တွေ့လိုက်ရသည်။
အဲတာတွေက ဒါတွေက ~~~ အနည်းဆုံး သားရဲအရှင်သခင်နဲ့ သားရဲနတ်ဘုရားနယ်က သန်မာတဲ့သူတွေရဲ့ အရိုးတွေပဲ ။ အောင်းကျန်းဟန်က သူ၏ ခြေထောက်အောက်၌ ရှိသော အဖြူရောင် အမှုန့်စများနှင့် ရွှေရောင်အလင်းဖျော့ဖျော့ရှိသော အမှုန့်များကို မြင်ချိန်၌ တီးတိုးရေရွတ်လိုက်သည်။
အောင်းထန်းရန်နှင့် ဟော်ဖုလည်း ခေါင်းညိတ်လိုက်သည်။ သားရဲအရှင်သခင်တစ်ယောက်၏ သေဆုံးသွားရင် သူ၏ ခန္ဓာကိုယ်က မပျက်စီးပဲ နှစ်ပေါင်းတစ်ထောင်ခန့် ကျန်ရှိနိုင်သည်။ နှစ်ပေါင်း တစ်ထောင်ကုန်ဆုံးသွားသည့်နှင့် သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီးတော့ ထို သူ၏ အရိုးများကသာ ကျန်ရစ်နေတော့မည်ဖြစ်သည်။ ထိုမရိုးများ ကတော့ အဖျက်ဆီးမခံရရင် နှစ် သောင်းချီပင် ကြာမြင့်စွာတည်ရှိနိုင်သည်။
သားရဲနတ်ဘုရားနယ်ပယ်သို့ရောက်သွားသော သန်မာသူ၏ ရုပ်အလောင်းက မပျက်စီးပဲ နှစ်ပေါင်းတစ်သောင်း တည်ရှိနိုင်သည်။သူသူများ၏ ရုပ်ခန္ဓာကိုယ်က နှစ်သောင်းချီကြာလို့ပျက်စီးရင်တောင့်မှ သူ၏ အရိုးများကတော့ နှစ်သန်းချီအထိ မပျက်စီးပဲ ရှိနေနိုင်သည်။
( မှတ်ချက် --- ဤအချက်များက မဖျက်စီးမခံရခြင်းကို ပြောခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်၏ ဖျက်စီးခံရရင် တော့ချက်ချင်းပျက်စီးသွားမှာပါ ။)
ဤနေရာ၌ ကျဆုံးခဲ့သော များပြားသော သားရဲအရှင်သခင်နှင့် သားရဲနတ်ဘုရားနယ်ပယ်က သန်မာသူတွေမည်မျှရှိသနည်း ။ သူတို့၏ အောက်၌ အချိန်၏ တိုက်စားမှုအောက်၌ သန်မာသော သူတို့၏ အရိုးများ၏ အမှုန့်များကပင် မြေပြင်တစ်ခုလုံးကို ဖုံးလွမ်းနေခဲ့သည်။
ထိုသို့အတွေးများနှင့် မြင်ကွင်းများကြောင့် အောင်းကျန်းဟန်၊ အောင်းထန်ရန် နှင့် ဟော်ဖိုတို့မှာ ဦးရေပြားများပင် ထုံကျင်လာသလို့ခံစားလိုက်ရသည်။
ဟူး ~~~~ အောင်းကျန်းဟန်က သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်စေရန် သက်ပြင်းကိုရှည်လျားစွာချလိုက်သည်။ သူ၏ စိတ်ကို နည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ၏ နောက်မှာ သူများကို အရှေ့သို့ဆက်သွားရန် ဦးဆောင်လိုက်သည်။
အောင်းကျန်းဟန်၏ ဦးဆောင်မှု အောက်၌ အောင်းထန်ရန်နှင့် ဟော်ဖုတို့က ဂရုတစိုက်ဖြင့် လိုက်ပါသွားခဲ့ကြသည်။
သူတို့စတင်ဝင်ရောက်လာသည့် နေရာနှင့် မီတာ တစ်ထောင်နီးပါးလှမ်းလျှောက်ပြီးချိန်၌ အောင်းကျန်းဟန်က သူ၏ ဘယ်မှာ မီတာတစ်ထောင်အကွာမှာ သူ၏ စိတ်အာရုံကို ဆွဲဆောင်မှု ရှိသော အရာတွေလိုက်ရသည်။
ဟမ့် ~~~ ။
သွေးနီရောင် သွေးဝိညာဉ် သစ်သီး အောင်းကျန်းဟန်၏ စိတ်များက အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ သူတို့လျှောက်လာတာ မီတာ တစ်ထောင်အကွာသို့သာရောက်သေးသည်။ အဖိုးတန် ရတနာအချို့ကို ပင် တန်းတွေလိုက်ရသည်။ ဤဆေးပင်မှ ထွက်ပေါ်နေသော အရိုန်ဝါများမရ ၎င်းက ကြယ်ကိုးပွင့်အဆင့်တွင် ရှိနေမည်မှာ မလွဲချေ။
စိတ်လှုပ်ရှားနေသော အောင်းကျန်းဟန်ကြောင့် အောင်းထန်ရန်နှင့် ဟော်ဖုလည်း အောင်းကျန်းဟန်ကြည့်နေသော အကြည့်အောက်သို့ လိုက်ကြည့်လိုက်သည်။
ဟမ့် ~~~ ဒါက အနီရောင်ဝိညာဉ် သွေးသစ်သီး လား။ အောင်းထန်းရန်နှင့် ဟော်ဖုလည်း ချက်ချင်းပင် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
အနီရောင် သွေးဝိညာဉ်သစ်သီးက ဤကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရာနေရာများ၌သာ ပေါက်ရောက်သော ဝိညာဉ်ဆေးတစ်တစ်မျိုးဖြစ်သည်။ ၎င်းက ပတ်ဝိညာဉ်က သွေးများကို စုစည်းထားပြီးတော့ ရုင်သန်နေသော အပင်များလည်းဖြစ်သည်။
ထိုသစ်ပင်၏ သစ်သီးများက ပတ်ဝန်းကျင် ကီမီတာ တစ်ထောင်၏ အကွာမှ သွေးများကိုစုပ်ယူထားကြသည်။ ထိုအပင်၏ အသီးများက ပတ်ဝန်းကျင့်တစ်ခုလုံး၏ သွေး၏ အနှစ်သာရများကို စုပ်ထားသည့်အတွက် အသုံးပြုသူအတွက် အလွန်ပင် တန်ဖိုးကြီးသော ရတနာဖြစ်သည်။
ချီနှင့်သွေးများ ကျဆင်းနေသော သက်တမ်း များကုန်ဆုံးနေခါနည်း သူများပင်လျှင် ၊ ဤအနီရောင် သွေးဝိညာဉ်သစ်သီးကို အသုံးပြုလိုက်ပါက သူတို့၏ သက်တမ်းနှင့် ချီနှင့် သွေးများပင် လျှင် အထွတ်ထိပ်အခြေနေသို့ပြန်ရောက်နိုင်ပြီးတော့ အသုံးပြုသူ၏ သက်တမ်းကို အနည်းဆုံး နှစ်ပေါင်း ၃၈၀၀၀ တိုးပေးနိုင်သည်။
ဤအတွက်ကြောင့် အောင်းကျန်းဟန်နှင့် အခြားနှစ်ယောက် အလွန်စိတ်လှုပ်ရှားနေသည့်မှာ မဆန်းချေ။ သူတို့က သက်တမ်းမကုန်ဆုံးသေးသည့်အတွက် သူတို့က ဤဝိညာဉ်ဆေးကို သုံးလိုက်သည်နှင့် သူတို့၏ ကျင့်ကြံမှုအတွက် အလွန်ထိရောက်လာမည်မှ မလွဲချေ။
သွားကြစို့ ~~~ အောင်းကျန်းဟန်က စိတ်လှုပ်ရှားနေတာကို တည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် သူ၏ နောက်မှာ ကျန်နှစ်ယောက်ကိုပြောလိုက်သည်။
သွားကြစို့ ~~~ ။
သူတို့သုံးယောက်သားက စိတ်လှုပ်ရှားစွာဖြင့် အနီရောင် သွေးဝိညာဉ်သစ်သီး၏ အပင်နားတို့ တိုးကပ်သွားခဲ့သည်။
အပိုင်း ၂၂၂ မျော်