သားရဲအရှင်သခင်နယ်ပယ်
Vol. 16 Ch. 223
---------
လုံထန်က ကောင်းကင်ယံထက်မှကျဆင်းလာသော ကပ်ဘေးမိုးကြိုး၏ အသွင်က မိုးကြိုးမြွေလေးများကဲ့သို့ ပြောင်းလဲသွားကာ သူအပေါ်သို့ အုပ်မိုးလာသည့်ကို တွေလိုက်ရချိန်၌ သူ၏ မျက်နှာက အနည်းငယ်လေးနက်သွားခဲ့သည်။
ထိုအရာက သူကိုယ်အနည်းငယ်လေးတော့ ဒုက္ခရောက်စေနိုင်သည်။ ထိုအမျှသာ အနည်းငယ်လေးသာဖြစ်သည်။
ကောင်းကင်ယံသို့ကြည့်နေရင်းဖြင့် လုံထန်က သူ၏ ကိုယ်အတွင်းမှ ဝိညာဉ်ချီစွမ်းအင်များကို လုံဆော်လိုက်သည်။ ယခင်အကြိမ်က သူအသုံးပြုခဲ့သော " ဒြပ်စင်ငါးခု နဂါးလက်ဝါး " က သူ၏ စွမ်းအား ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်ကပ်ဘေးမိုးကြိုး၏ စွမ်းအားက ယခင်ထက် တစ်ဆ ပို၍ ကြောက်မက်ဖွယ်ကောင်းသောကြောင့် လုံထန်က သူ၏ ဝိညာဉ်ချီစွမ်းအားများကို ၆၀ ရာခိုင်နှန်းခန့် လုံဆော်လိုက်သည်။
ဝိညာဉ်ချီစွမ်းအင်များက နဂါးချီများအဖြစ်သို့ပြောင်းလဲသွားကာ ၊ သမုဒ္ဒရာထဲမှာ ဧရာမ လှိုင်းကြီးသဏ္ဍန် လုံထန်၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာထက်ပေါ်လာခဲ့သည်။ ကြီးတမ်းသော စွမ်းအားကလုံထန်၏ ခန္ဓာကိုယ်မှာ ထွက်ပေါ်လာချိန်၌ ကြီးစိုးသော နဂါးဧကရာဇ်၏ အော်ရာက ရှေးဦးမြို့တော်တစ်ခုလုံးကိုပင် တစ်ခနခြင်း လွှမ်းခြုံသွားခဲ့သည်။
ထိုစွမ်းအားက ကောင်းကင်ထက်က ကျဆင်းလာနေသော ကပ်ဘေးမိုးကြိုးထက် နိမ့်ကျခြင်းမရှိချေ။
ရှေးဦးနဂါးမြို့တော်အတွင်းမှ ရှိသူများပင်လျှင် ၊ အဆင်နိမ့်ကျသောသူများမှာ ချက်ချင်းပင် ဒူးထောက်ကျသွားကာ ၊ အဆင့်မြင့်သော တော်ဝင်အကြီးကဲများပင်လျှင် သွေးမျိုးဆက်ဖိနှိပ့်မှုကြောင့် သူတို့၏ မျက်နှာများက လေးနက်နေခဲ့သည်။ သူတို့၏ အစွမ်းထက်သော ခွန့်အားကို အသုံးပြုကာ ခုခံနေခဲ့ရသည်။
ဤအော်ရာက စွမ်းအားက သာမာန်ထုတ်လွတ်မှုဖြစ်သော်လည်း လုံထန်၏ ကျင့်ကြံမှု အဆင့်မြင့်လာသည့်နှင့် အမျှ ဒြပ်စင်ကိုးခုနဂါးစွမ်းအားကလည်း အဆင့်မြင့်မားလာသော ကြောင့် သဘာဝအလျှောက် ဖြစ်ပေါ်လာသော သွေးမျိုးဆက်ဖိနှိပ့်မှုဖြစ်သည်။
∆∆∆
လုံထန်ကတော့ သူ၏စွမ်းအား သဘာဝမှဖြစ်ပေါ်လာသော အပြောင်းလဲကိုယ်သတိမထားမိချေ။ ကောင်းကင်ယံထက်သို့ သူ၏ တိုက်ခိုက်မှုကိုယ် ထုတ်လွတ်လိုက်သည်။
" လျှိုဝှက်ကျင့်စဉ် " ... ဒြပ်စင်ငါးခုနဂါးလက်ဝါး"
ဝေါင်း ~~~ ဝေါင်း ။
လုံထန်၏ လက်ဝါးချက်က ကောင်းကင်ယံထက်သို့ နဂါးဟိန်းဟောက်သံနှင့် အတူတူ ဒြပ်စင်ငါးခု ပေါင်းစည်းထားသော မီတာ တစ်ထောင်နည်းပါးရှည်လျားသော ဧရာမ နဂါးကြီးသဏ္ဍန် ပြောင်းလဲသွားကာ ကောင်းကင်ယံထက်သို့ ပြေးတက်သွားခဲ့သည်။
ဧရာမနဂါးကြီးက သူ၏ ပါးစပ်ကြီးကို ဟလိုက်ပြီးတော့ ကောင်းကင်ယံမှ ကျဆင်းလာသော ကပ်ဘေးမိုးကြိုးမှ အသွင်ပြောင်းလဲသွားသော မိုးကြိုးမြွေများကို တိုက်ခိုက်လိုက်သည်။ သူ၏ ဧရာမလက်သည်းကြီးကို ဝှေ့ရမ်းလိုက်တိုင်း ကပ်ဘေးမိုးကြိုးမြွေများက ချက်ချင်းပင် အလင်းမှုန့်များအဖြစ်သို့ ဖျက်စီးခံလိုက်ရသည်။
အသက်ရှုချိန် ဆယ်ရှိုက်ခန့်အကြာ၌ ကောင်းကင်ယံတစ်ခွင်ဖုံးလွှမ်းထားသော ကပ်ဘေးမိုးကြိုးမြွေလေးများမှာ တစ်စွန်းတစ်စပင်လျှင် မကျန်ရစ်ပဲ အကုန်ဖျက်စီးခန့်လိုက်ရသည်။ ဧရာမ နဂါးကြီးက ကောင်းကင်ယံထက်မှ ဟိန်းဟောက်လိုက်ပြီးနောက် အလင်းမှုန့်များအဖြစ်သို့ ကောင်းကင်နဲ့မြေပြင်ကြား ပြန့်ကျဲသွားခဲ့သည်။
ဒုတိယအကြိမ်ကပ်ဘေးမိုးကြိုး ပျက်ပြယ်သွားချိန်၌ ကောင်းကင်ယံထက်မှ တိမ်မဲများက ပို၍ သိပ်သည်းလာခဲ့ကာ မိုးခြိမ်းသံများကလည်း ပို၍ပင် ကျယ်လှောင်၍ ၊ တတိယအကြိမ်မြှောက်မိုးကြိုးက ကျဆင်းလာခဲ့သည်။
ဂျိန်း ~။
စတုတ္ထ အကြိမ်မြောက် မိုးကြိုး .....
ပဉ္စမ အကြိမ် မြောက်မိုးကြိုး .......
ဆဠမ အကြိမ် မြောက် မိုးကြိုး .....
သတ္တမ အကြိမ် မြောက်မိုးကြိုး .....
အဠမ အကြိမ် မြောက် မိုးကြိုး ..... များအထိပင်လျှင် လုံထန်၏ အလွယ်တကူ ဖြိုခွင်းခြင်းကို ခံလိုက်ရသည်။
သို့သော်လည်း နဝမအကြိမ်မြှောက် နောက်ဆုံး မိုးကြိုးက ၊ ယခင်အကြိမ်များကဲ့သို့ ချက်ချင်းပင်လျှင် ကျဆင်းလာခဲ့ခြင်းမရှိချေ။
ထိုအစား ကောင်းကင်ယံမှ တိမ်မဲများက ပို၍ပင် လျှင်မြန်စွာဖြင့် စုစည်းလာခဲ့သည်။ မိုးခြိမ်းသံများကလည်း နဂိုထက်ပို၍ ကျယ်လှောင်လာခဲ့ကာ ကမ္ဘာဖျက်မိုးကြိုးကြီးများ ပစ်ခွင်းတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။
တိမ်ဆိုင် ၊ တိမ်မဲများက ယခင် မိုင်တစ်ရာကို ဖုံးလွှမ်းထားရာမှာ တစ်ခနချင်းပင် မိုင်တစ်ရာငါးဆယ်ကျော်ကို ဖုံးအုပ်သွားခဲ့သည်။ ထိုမျှနှင့်ပင် ရပ်တန့်မည်ဟန်မပြသေးချေ။ တိမ်မဲများနှင့် မိုးခြိမ်းသံများကဆက်လက်၍ ကျယ်ပြန့်နေပြီး မိုင်ပေါင်း သုံးရာခြောက်ဆယ် အကျယ်ရောက်မှသာ ရပ်တန့်သွားတော့သည်။
မိုင်ပေါင်းသုံးကာခြောက်ဆယ်၏ အတွင်း၌ ရုတ်ချည်းဆိုသလို့ အမှောင်ကျသွားခဲ့ကာ ၊ ထိုအတွင်းမှာ ရှိသော သက်ရှိတိုင်းကာ ကြီးမားသော ဖိနှိပ့်ချုပ်ချယ်မှုကြီးကို ခံစားနေကြရသည်။ ဤအရာက အခြားမဟုတ် .... ကောင်းကင်တာအို၏ စွမ်းအားသာဖြစ်သည်။
လုံထန်၏ ကပ်ဘေးမိုးကြိုးဖြတ်ကျော်မှုကို ကြည့်နေသော တော်ဝင်အကြီးကဲများနှင့် ၊ ရှေးဦးမြိုတော်အတွင်းမှ လူများက မိုင်ပေါင်းသုံးရာခြောက်ဆယ်ကို ဖုံးအုပ်ထားသော တိမ်မဲများကို ကြည့်၍ သူတို့၏ ဦးရည်ပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဟမ့် ~~~ ဘယ်လိုတောင် ဖြစ်နိုင်မှာတုန်းက ဒါက သားရဲနတ်ဘုရားနယ်ပယ်ရဲ့ ပထမအကြိမ်မြှောက်ကပ်ဘေးမိုးကြိုးနဲ့ နှိုင်းယှဉ်နိုင်နေပြီ ။ လုံပါ့ထန်းက ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။
ဤသည့်က သားရဲအရှင်သခင်အဆင့်ကို ဖြတ်ကျော်ခြင်းသာဖြစ်သည်။ သို့သော်လည်း နဝမမြောက် ကပ်ဘေးမိုးကြိုး၏ စွမ်းအားက သားရဲနတ်ဘုရားနယ်ပယ်၏ ပထမအကြိမ်မြောက်မိုးကြိုးနဲ့ အမှန်ပင် နှိုင်းယှဉ်လို့ရနေခဲ့သည်။ ဤအတွက်ကြောင့် သူတို့ မထိတ်လန့်ပဲ မနေနိုင်ချေ။
သူတို့နေထိုင်ခဲ့သည့် သက်တမ်းများ အလျှောက် သားရဲ အရှင်သခင်အဆင့်၏ အစွမ်းထက်ဆုံးသူ၏ နဝမအကြိမ်မြောက်ကပ်ဘေးမိုးကြိုးက မိုင်ပေါင်း နှစ်ရာ နှစ်ဆယ် အကျယ်သာရှိသည်။ ဤပမာဏ မည်မျှ ကွာခြားပါသည့်နည်း နှိုင်းယှဉ်လို့ပင် မရချေ။
∆∆∆
တစ်ဖက်၌ ကြည့်နေသူတိုင်းက ဦးရေပြားများထုံကျင်နေသကဲ့သို့ လူတိုင်းခံစားနေရချိန်၌ လုံထန်၏ ဘက်၌ တွင် ......
လုံထန်က ကောင်းကင်ယံထက်မှာ အုပ်မိုးထားသော တိမ်မဲများနှင့် ကမ္ဘာကိုယ်ဖျက်ဆီးတော့မည်ကဲ့သို့ အသံကျယ်များဖြင့်ခြိမ်းနေသော မိုးခြိမ်းသံများနှင့် လျှပ်စီးကြောင်းများကို ကြည့်၍ သူ၏ မျက်နှာက အလွန်ပင်လေးနက်လာခဲ့သည်။
ကောင်းကင်ယံက ကျဆင်းလာသော ဖိနှိပ့်မှုကပင် သူကိုယ် အလွန်ပင် စိတ်မသက်မသာခံစားရစေသည်။
ဤကြိမ်အတွက် သူကအလွန်ပင် အလေးနက်ထားပြီးတော့ တစ်ချိန်ထဲမှာပင် လုံထန်က သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးနည်းစနစ်ကို အသက်သွင်းလိုက်သည်။
" နဂါးကိုးကောင် မဟာကျင့်စဉ် " ။
ဆယ်မီတာနည်းပါးရှိသော အနီရောင်မီးနဂါးလေးတစ်ကောင်က လုံထန်၏ ခန္ဓာကိုယ် တစ်ဝှိုက်တွင် ထွက်ပေါ်လာခဲ့သည်။ ဆယ်မီတာရှိသော မီးနဂါးငယ်လေးက ကျယ်လှောင်စွာဟိန်းဟောက်လိုက်ပြီးတော့ သူ၏ ခန္ဓာကိုယ်အရွယ်စားက မျက်လုံးဖြင့် မြင်နိုင်သော အရိုန်ဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ တစ်ခနချင်းပင်လျှင် မီတာထောင်ရှည်လျားသော ဧရာမ မီးနဂါးကြီးဖြစ်သွားခဲ့သည်။
အနီရောင်မီးတောက်အကြေးခွံများနှင့် မီးနဂါးကြီးက လုံထန်ကို ရစ်ပတ်နေပြီးတော့ သူ၏ကြီးမားသော ဦးခေါင်းကြီးကို ကောင်းကင်ယဲထက်သို့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
အပိုင်း ၂၂၄ မျော်