← Chapters

သားရဲအရှင်သခင်နယ်ပယ်

Vol. 16 Ch. 224

သားရဲအရှင်သခင်နယ်ပယ်

Vol. 16 Ch. 224

---------

မီးနဂါး၏ ဟိန်းဟောက်သံကြောင့် ကောင်းကင်ယံထက်မှ ကပ်ဘေးမိုးကြိုးက ပို၍ ဒေါသထွက်သွားဟန်ရသည်။ ပို၍ ကျယ်လှောင်သော မိုးခြိမ်းသံကျယ်ကြီးများနှင့်အတူတူ လျှပ်စီးကြောင်းများက ပို၍ ထူထပ်လာခဲ့သည်။

ဂျိမ်း ..... ဂျိမ်း ။

တိမ်မဲများက၏ အလယ်ဗဟိုမှ မိုးခြိမ်းသံများ ၊ လျှပ်စီးများက ပို၍ပင် သိပ်သည်းသည့်ထက်သိပ်သည်းသွားခဲ့ကာ ၊ လွန်ကျယ်လှောင်လှသော မိုးခြိမ်းသံကြီးနှင့်အတူတူ ပြင်းထန်သော ဖိနှိပ့်မှုက နဂိုထက် အဆများစွာပို၍ အားကောင်းလာခဲ့သည်။

ဂျိမ်း ...... ဂျိမ်း ...... ဂျိမ်း ။

မိုးခြိမ်းသံအကျယ်ကြီးထွက်လာပြီးနောက် တိမ်မဲများ၏ အလယ်ဗဟိုမှနေ၍ ဆယ်မိုင်အကျယ်ရှိသော ခရမ်းရောင် မိုးခြိမ်းအလင်းတန်းတစ်ခုက လုံထန်၏ ဦးတည်ရာသို့ အလျှင်၏ အမြန်နှုန်းကဲ့သို့ ပစ်ခွင်းချလိုက်သည်။

ကပ်ဘေးမိုးကြိုး၏ အမြန်နှုန်းက အလွန်ပင်လျှငိမြန်လှသည်။ အသက်ရှုချိန် တစ်ရှိုက်အကြာအတွင်း လုံထန်နှင့် မီတာတစ်ထောင်အကွာသို့ ရုတ်ချည်း ရောက်လာခဲ့သည်။

ဤအမြန်နှုန်းကြောင့် လုံထန်တစ်ယောက် ထိတိလန့်သွားပြီး နောက် ချက်ချင်းကင် တိုက်ခိုက်လိုက်သည်။ ဧရာမမီးနဂါးကြီးကလည်း သူ၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ဟလိုက်ပြီးနောက် အလွန်ပှုပြင်းလှသော မီးစွမ်းအား အလင်းတန်းကြီးကို ကပ်ဘေးမိုးကြိုးအလင်းထံ ပစ်လွတ်လိုက်သည်။

ဒြပ်စင်ငါးခုနဂါးကြီး၏ ပုံသဏ္ဍန်နှင့် မီးနဂါးကြီး၏ မီးစွမ်းအားအလင်း‌တို့က ကောင်းကင်ယံအထက်၌ ကပ်ဘေးမိုးကြိုး၏ အလင်းတန်းတို့ က လေဟာပြင်ထဲမှာ ထိတွေသွားကြသည်။

တိုက်ခိုက်မှုသုံးခုက ထိတွေ့သွားသော်လည်း ၊ မည်သို့သော် ပေါက်ကွဲသံမှ မထွက်လာခဲ့ချေ။ ထိုအစား အချိန်များပင် ရပ်တန့်သွားသကဲ့သို့ ပတ်ဝန်းကျင့်တစ်ခွင်လုံး တိတ်ဆိတ်သွားခဲ့သည်။ စူးရှတောက်ပနေသော တိုက်ခိုက်မှု၏ အလင်းတန်းသုံးခုသာလျှင် လောကကြီးထဲ၌ ကျန်ရှိနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

‌ဘေးမှာကြည့်နေသော တော်ဝင်အကြီးကဲများပင်လျှင် ဤပုံစံကြောင့်ခနတာ အံအားသင့်သွားပြီးနောက် ၊ သူတို့၏ မျက်နှာများက အလွန်ပင် ထိတ်လန့်နေမှုကြောင့် သူတို့၏ မျက်နှာများက ဖြူလျော့သွားကြသည်။

ကြည့်ရှုနေကြသော တော်ဝင်အကြီးကဲများကြား၌ အသက်အကြီးဆုံးဟုထင်ထင်ရသော အောင်းလန်နှင့် အောင်းမင် တို့က ချက်ချင်းပင် သတိရသွားပြီး အ‌ထိတ်လန့်ဖြင့် အော်လိုက်သည်။

မြန်မြန် .... ရှေးဦးမြိုတော်ကို ကာကွယ်ဖို့ပြင်တော့ ။ ဒါက ဒဏ္ဍာရီတွေထဲမှာပေါ်လာတဲ့ ကပ်ဘေးမိုးကြိုး အလင်းပဲ ။ မြန်မြန် မြိုတော်ကိုကာကွယ်ဖြို ပြင်တော့ ၊ အောင်းလန်နှင့် အောင်းမင်တို့၏ အထိတ်လန့်တကြား အသံကြောင့် ၊ အံဩမင်သက်နေသော အခြားတော်ဝင်အကြီးကဲများက ချက်ချင်းပင်လျှင် ရှေးဦးမြို့တော်၏ နေရာအနှံသို့ချက်ချင်းပျံသန်းသွားခဲ့သည်။

သူတို့က ရှေးဦးမြိုတော်၏ နေရာတိုင်း၏ ကောင်းကင်ယံထက်၌ ပျံဝဲနေပြီးနောက် ကပ်ဘေးမိုးကြိုးအလင်း၏ နောက်ဆက်တွဲဖြစ်ပေါ်လာမည် ပြသာများကို ကိုင်တွယ် သူတို့၏ စွမ်းအားများကို စုစည်းထားကာ ကောင်းကင်ယံထက်က စူးရှစွာဖြင့် ထွက်ပေါ်နေသော အလင်းတန်းသုံးခုကို ကြည့်ရှုနေခဲ့သည်။

အားလုံး၏ ကြည့်ရှုနေသော အကြည့်များအောက်၌ အလင်းတန်းသုံးခုက သူမသာကိုယ်မသာ ခွန့်အားခြင်း ယှဉ်ပြိုင်နေခဲ့သည်။

သတိထားပြီးကြည့်မယ်ဆိုရင် မီးစွမ်းအားအလင်းတန်းနှင့် ဒြပ်စင်ငါးခုနဂါးကြီး၏ ပုံရိပ်‌တို့က အနည်းငယ် အောက်ဘက်သို့ ကျနေသည့်ကို မြင်တွေလိုက်သည်။

လုံထန်လည်း ထိုမြင်ကွင်းကြောင့် သူကချက်ချင်းပင် သူ၏ မှုလသားရဲသဏ္ဍန် ချက်ချင်းပြောင်းလဲလိုက်သည်။ ဒြပ်စင်အလင်းတန်းများတောက်ပစွာထွက်ပေါ်နေသော မီတာတစ်ထောင်နည်းပါးအရှည်ရှိသော ဧရာမ နဂါးကြီး၏ အသွင်ပြင်က ကောင်းကင်ယံထက်၌ ကြီးစိုးသော ဟန်ပန်ဖြစ် ပေါ်ထွက်လာခဲ့သည်။

လုံထန်က သူ၏ မှုလသားရဲခန္ဓာကိုယ်အသွင်ပြောင်းပြီး‌နောက် ချက်ချင်းပင်လျှင် သူ၏ ကြီးများသော ခန္ဓာကိုယ်ကြီးကို ရွှေ့လျားလိုက်ပြီးနောက် ခွန့်အားချင်းယှဉ်ပြိုင်နေသော တိုက်ခိုက်မှုထံသို့ သူ၏ ဧရာမ လက်ဝါးကြီးကို ရိုက်ချလိုက်သည်။

နဂိုက အနည်းငယ်အောက်ဘက်သို့ရောက်နေသော မီးနဂါး၏ စွမ်းအားနှင့် ဒြပ်စင်ငါးခုနဂါး၏ ပအသွင်ပြင်တို့က ချက်ချင်းပင် ထက်စီးသို့ရောက်လာပြီး ကပ်ဘေးမိုးကြိုးအလင်းကို ဖြိုခွင်းပစ်လိုက်သည်။

အိန်း ..... ဝုန်း ..... ဝုန်း ။

အလွန်ပင်ကျယ်လှောင်လှသော တော်လှဲသံကြီးက ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ပင် ၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံးများက ရှေးဦး‌နဂါးတောင်ကြီးကို ဗဟိုပြုလျက် ပတ်ဝန်းကျင် မိုင်ထောင်ချီထိပင် ပြန့်နှံသွားခဲ့သည်။

ဗဟိုဖြစ်ခဲ့သော် ရှေးဦးတောင်ထိပ်ရှိ ခမ်းနားလှသော နန်းတော်ကြီးများက ယခုအချိန်၌ အပျက်စီးပုံကြီးအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။

တော်ဝင်အကြီးကဲများကလည်း ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများကို သူတို့၏ စွမ်းအားများကို အဆုံးစွန့်အထိ သုံးစွဲကာ ရှေးဦးမြို့တော်တစ်လုလုံးကို ကာကွယ်ပေးထားခဲ့သည်။

မဟုတ်ပါက ..... ဤ‌အဖျက်စွမ်းအား ရှေးဦးမြို့တော်နှင့် မြို့တော်အတွင်းသက်ရှိအားလုံး၏ အသက်များကို တိုက်ရိုက်ယူဆောင်သွားနိုင်သောကြောင့်ဖြစ်သည်။

∆∆∆

တစ်ဖက်၌ ။

ကောင်းကင်ယံထက်၌ ရပ်တန့်နေသော လုံထန်လည်း ကပ်ဘေးမိုးကြိုးအလင်းကိုအောင်မြင်စွာတားစီးနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ပေါက်ကွဲမှု၏ အဖျက်စွမ်းအားများကြောင့် သူ၏ခန္ဓာကိုယ်အထက်၌ ဒဏ်ရာများရှိနေခဲ့သည်။ ၎င်းတို့က ပြင်ပဒဏ်ရာများသာဖြစ်သော်လည်း ဧရာမအက်ကြောင်းကြီးများဖြစ်နေခဲ့ကာ အက်ကြောင်းကြီးများအတွင်းမှာ ဒြပ်စင်အလင်းများပါသော သွေးများစီးကျ‌ေနခဲ့သည်။

လုံထန်က ကောင်းကင်ယံထက်၌ လူသားသဏ္ဍန်ပြန်၍ အသွင်ပြောင်းလဲပြီးနောက် သူ၏ မျက်နှာက် အလွန်ပင် ဖြူလျော့နေခဲ့ကာ သူ၏ နှတ်ခမ်းများထက်မှလည်း သွေးများစီးကျနေခဲ့သည်။

ထိုအချိန်၌ ကောင်းကင်ယံမှ တိမ်မဲများက လျှင်မြန်စွာ ပြန်ကျဲသွားပြီးတော့ ကောင်းကင်ယဲထက်မှ ရွှေရောင်အလင်းတန်းတစ်ခုက လုံထန်၏ ခန္ဓာကိုယ်ပေါ်သို့ ရေတံခွန်ကဲ့သို့ ကျဆင်းလာခဲ့သည်။

ရွှေရောင်အလင်းတန်းများကျဆင်းလာချိန်၌ လုံထန်၏ နဂိုက ဖြူလျော့နေသောမျက်နှာနှင့် သူ၏ ခန္ဓာကိုယ်ထက်မှ အက်ကြောင်းများက မြင်သာသော အမြန်နှုန်းဖြင့် ပြန်၍ ကောင်းမွန်လာခဲ့တော့သည်။

အပိုင်း ၂၂၅ မျော်

All Chapters