အခန်း (၂၀၃၁)
Vol. 146 Ch. 2031
ညာ လက်မောင်းကို၊ ဆွဲခွာ ခံလိုက်ရ သောကြောင့်၊ ဘယ်ဘက် လက်နှင့် ချက်ချင်း ပြန်လည် အုပ်ထား ပစ်သည်။
မျက်နှာ ဖြူဖျော့ နေပြီး၊ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်ကာ၊ ကြောက်လန့် နေ တော့၏။
“ ယဲ့ချင်းရှန် ... ၊ နင့်ကို သတ်မယ် ဆိုတဲ့ အတွေးမျိုး၊ ငါ့ စိတ်ထဲမှာ ဘယ်တုန်း ကမှ မရှိ ခဲ့ပါဘူး။ ”
“ ဒါဆို မင်းကို ... ကျေးဇူးတင် ရမှာပေါ့၊ ငါသာ ဒီလောက် မသန်မာရင် ... ရှောင်ချင်းယန် လက်မှာ သေပွဲ ဝင်ရမယ် မဟုတ်လား။ ”
“ ဟမ့် ... ငါ့ကို အရမ်းကြီး အတင်း အကြပ် မလုပ်နဲ့နော် ... မဟုတ်ရင် နင့်အတွက် ကောင်း လာမှာ မဟုတ်ဘူး။ ”
“ ငါ သိတယ် ... ။ ”
“ ဟမ် ... နင်က ဘာ သိတာလဲ ... ။ ”
ယဲ့ချင်းရှန်မှ အဖြေကြောင့်၊ ဝမ်မူယန် တစ်ယောက် အံ့သြ သွား၏။
“ မင်း ခန္ဓာကိုယ် ထဲမှာ၊ တံဆိပ် တစ်ခု ရှိနေတယ်၊ မင်းကို အတင်းအကြပ် လုပ်မိရင် ငါလည်း စျေးပေးရ လိမ့်မယ်၊ ဒါပေမယ့် ငါ့မှာ ဝှက်ဖဲတွေ ရှိလို့ ... ၊ စိတ် မပူပါနဲ့။ ”
ဤအချိန်၌ ဝမ်မူယန်မှာ တကယ် ကြောက်နေပြီ ဖြစ်သည်။ လင်းယွန်မှ ကျန်ရှိ နေသော လက်တစ်ဖက်ကို ဖမ်းဆွဲ လာပြီ ဖြစ် သဖြင့်၊ မျက်လုံးများ မှိတ်ချ လိုက်ရသည်။
“ နင်က ... ဓားသမား တစ်ယောက် မဟုတ်ဘူးလား၊ ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုး ... ဘယ်လိုများ လုပ်ရဲ ရတာလဲ။ ”
ဝမ်မူယန်မှ တုန်လှုပ်သော လေသံဖြင့် မေးမြန်း လာသည်။
“ ဒါက ... မင်း ငါ့ကို ... နားမလည် သေးလို့ပါ။ ”
လင်းယွန်မှ နောက်ဆုံး လက်ကျန် အ၀တ် အစား များကို ဆွဲဖယ် လာပြီ ဖြစ်ရာ၊ ဝမ်မူယန် တစ်ယောက် စိတ်ပျက် အားငယ် သွား၏။
သို့သော် သူမ ကြောက်ရွံ့နေ သကဲ့သို့၊ ဖြစ်မလာ ခဲ့ဘဲ၊ လင်းယွန်မှ လမ်း တစ်ဝက်တွင်၊ ရပ်တန့် သွားတော့သည်။
“ ဒါဆို မင်းလည်း ... ၊ တကယ် ကြောက်တာပေါ့ ဟုတ်တယ် မလား၊ ကောင်းပြီ ဟန်ဆောင် နေတာကို ရပ်သင့်တယ်၊ ယဲ့ချင်းရှန် နဲ့ မင်းရဲ့ ပတ်သတ်မှုကို၊ ငါ သိချင်တယ်။ ”
ဝမ်မူယန် တစ်ယောက် ဒေါသ ထွက်လာပြီး၊
“ ယဲ့ချင်းရှန် ... လူယုတ်မာ နင် ငါ့ကို ရန်စခြင်းရဲ့ အကျိုးဆက်ကို ခံစား ကြည့်ချင် နေတာလား။ ”
-ဟု ပြန်လည် မေးမြန်း လာ၏။
“ ငါ့ကို ခြိမ်းခြောက် နေတာလား၊ စိတ် မကောင်း ပါဘူး၊ မင်းသာ မင်းရဲ့ ခန္ဓာ ကိုယ်မှာ ချိတ်ပိတ် ထားတဲ့ စွမ်းအင်ကို သုံးနိုင်ရင်၊ မင်း သုံးခဲ့တာ ကြာပြီပေါ့။ ”
လင်းယွန် စကားကြောင့် ဝမ်မူယန် မျက်နှာ ပြောင်းလဲ သွားပြီး၊
“ ငါ့ကို သတ်ချင်ရင် သတ်ပစ်လိုက်။ ”
-ဟု အံကြိတ်ပြီး ပြောလာ၏။
“ မင်းကို မသတ် ပါဘူး ... ၊ ပိုင်ရှုရင်နဲ့ မြောင်ရင် အပေါ် ... ၊ အန္တရာယ် မပြုပါ ဘူးလို့ သစ္စာ ဆိုရင် လွှတ်ပေးမယ်။ ”
“ ဆိုမယ် ... ၊ ဒါပေမယ့် နင် ငါ့ကို အနိုင် ကျင့်ခွင့် မရှိဘူး။ ”
“ ဒါက မင်းရဲ့ သစ္စာ စကား အပေါ် မူတည်လိမ့်မယ်။ ”
“ နင် ... လွန်မလာ နဲ့နော် ... ။ ”
ဝမ်မူယန်မှ ဒေါသတကြီး အော်ငေါက် လိုက်စဉ်၊ မိုးကြိုး လိပ်နက်ကြိုးများ ထွက်လာ ကာ၊ သူမအား တုပ်နှောင် လာတော့၏။
“ ငါ့ကို လွှတ် ... ။ ”
လေထဲ မြှောက်တင် ခံလိုက် ရသဖြင့်၊ ယက်ကန်-ယက်ကန် ဖြစ်သွား လေသည်။
“ နင် ... ဘာလုပ်ဖို့၊ ကြိုးစား နေတာလဲ။ ”
သံကြိုးများ အရေပြားထဲ နစ်ဝင်လာ သောကြောင့်၊ အသက်ရှူကြပ် သွားပြီး၊ ခန္ဓာ ကိုယ် အနှံ့၊ သွေးများ စီးကျ လာ၏။
“ အား ... ။ ”
ထို့စဉ် သံကြိုး တစ်လျှောက် လျှပ်စီးများ လက်ကာ၊ မီးလျှံများ တောက်လောင် လာလေ သည်။ နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ် လိုက်မိ၏။
“ ယဲ့ချင်းရှန် ... ဒါကို ... ၊ ငါ မှတ်မိ နေမှာပါ။ ”
ဝမ်မူယန်မှ ယဲ့ချင်းရှန်အား စိုက်ကြည့်ကာ၊ ပြောကြား မိသည်။ လက်ရှိ အချိန်၌ ဤလူကို အစိမ်းလိုက် ကိုက်စားချင် နေ၏။
“ မင်း ... ငါ့အပေါ် လုပ်ခဲ့ တာနဲ့ ယှဉ်ရင်၊ ဒါက ဘာမှ မဟုတ်သေး ပါဘူး၊ ကျန်းယွီ အဖြစ် မျိုး ... ခံစားကြည့် ချင်လား။ ”
လင်းယွန် စကားကြောင့် ဝမ်မူယန် မျက်နှာ ပြောင်းသွားပြီး အံကြိတ်လျက်၊
“ ကောင်းပြီ ... ၊ ငါ ကတိ ပေးပါတယ်။ ”
-ဟု တစ်ထစ်လျော့ လိုက်သည်။
“ ဒါဆို သစ္စာ ဆိုပါ။ ”
လင်းယွန်မှ ပြောသည်။ ကောင်းကင် သစ္စာသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ ခွန်လွန်၌ မည်သူမျှ မလှည့်ဖျား ဝံ့ချေ။
ကျန့်ကျင်းရှန် ကျိန်ဆိုမှု ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းသည်။ ဝမ်မူယန်မှ သစ္စာ ဆိုပြီးသော အခါ၊ လိပ်နက် မိုးကြိုး သံကြိုး များကို၊ လင်းယွန်မှ ဖယ်ရှား ပေး လိုက်၏။
“ ငါ အခု ထွက်သွားလို့ ရပြီလား။ ”
ဝမ်မူယန် တစ်ယောက် မြေပြင်ပေါ် ပြုတ်ကျသွား သဖြင့်၊ ပေကျံ သွားသော ဖုန်မှုန့် များကို၊ ရိုက်ပုတ် ဖယ်ရှား လျက်မှ၊ မေးမြန်း လာသည်။
“ အလျင် မလို ပါနဲ့ ... ။ ”
ငွေပြာရောင် နဂါး တစ်ကောင်က၊ ဓားနှလုံးသားမှ ခုန်ထွက် လာပြီး၊ ဝမ်မူယန်ကို လေထဲ ဆွဲတင် လိုက်သည်။
“ နင် ... ဘာလုပ် တာလဲ။ ”
လင်းယွန်က တံဆိပ် တစ်ခု ဖန်တီးကာ၊ ဝမ်မူယန် နဖူးထဲ ထည့်သွင်း၏။ ဤသည်မှာ ငရဲ သံကြိုး တံဆိပ် ဖြစ်သည်။
“ ဒါ ... ဒါ ဘာလဲ။ ”
ဝမ်မူယန်မှ သူ့နဖူးကို ကြောက်ရွံ့စွာ ပွတ်သပ် ကြည့်သည်။
“ ကောင်းကောင်း နေရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းက သတ္တိ ရှိလို့ လုပ်ဝံ့ တယ် ဆိုရင်တော့၊ ကောင်းကင် ဘုံမှာ ရှိနေ ရင်တောင်၊ မင်း အသက်ကို ငါ လာယူမယ်။ ”
လင်းယွန်က အေးစက်စွာ ပြန်ဖြေ၏။
“ ယဲ့ချင်းရှန် ... ဒါ မပြီး သေးဘူး။ ”
“ မှန်တယ် ... ၊ မင်း ဆန္ဒ ရှိရင် ... ၊ ငါ့ဆီ အချိန်မရွေး လာလို့ ရတယ်၊ ဒါပေမယ့် နောင်တ မရနဲ့ ... ။ ”
လင်းယွန်မှ ပြုံးပြီး ပြောလိုက်သည်။ သူ့ အပြုံးကို မြင်သော အခါ ဝမ်မူယန် တစ်ယောက် ပို၍ ဒေါသ ထွက်လာ တော့၏။
“ လူ ယုတ် မာ ... ၊ ဒီနေ့ ... နင် ဘာတွေ လုပ်ခဲ့လဲ သိလား၊ နတ်သမီးကို စော်ကားလိုက် တာပဲ၊ နောင်တ မရ စေနဲ့။ ”
စကား ဆုံးသည်နှင့်၊ အဝတ် အစားများ ပြန်ဝတ်ကာ ချက်ချင်း ပျောက်ကွယ် သွားတော့ သည်။
( ငရဲ သံကြိုး တွေက ... သူ့ကို အချိန် အကြာကြီး ခြိမ်းခြောက် နိုင်မှာ မဟုတ်ဘူး၊ သူ့ ခန္ဓာကိုယ် ထဲမှာ ... ချိတ်ပိတ် ထားတဲ့ စွမ်းအားက ထူးဆန်း လွန်းတယ်။ )
ခရမ်းငယ်မှ ထိတ်လန့်စွာ ဝင်ပြော လာသည်။
( အကြာကြီး မလို ပါဘူး၊ ငါ အမည်ခံ သူတော်စင် နယ်ပယ် ရောက်ပြီးရင် ... ၊ အဆင် ပြေတယ်၊ စကား မစပ် သူ့ခန္ဓာ ကိုယ်ထဲက တံဆိပ်က ဘာလဲ၊ မင်း သိလား ... ။ )
( မသိဘူး၊ ဒါပေမယ့် မရိုးရှင်းဘူး။ )
ဝမ်မူယန်အား လွှတ်ပေးခဲ့ သည်မှာ၊ ခရမ်းငယ် အကြံ ဖြစ်သည်။ သူမကို အတင်း အကြပ် လုပ်ဆောင် ခြင်းဖြင့်၊ ကြီးမားသော အဖိုးအခ ပေးဆောင် ရနိုင်၏။ ကံဆိုးသော် ဤနေရာ ၌ပင်၊ သေဆုံး သွားနိုင်မည်။
တစ်ဖက်တွင် ဝမ်မူယန် သည်လည်း ထိုစွမ်းအားကို ထုတ်သင့်-မသင့် ဆိုသည်ကို ချီတုံ-ချတုံ ဖြစ်နေပုံ ရသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် မြောင်ရင်က ကောင်းကင်မှ ဆင်းသက် လာသည်။
“ ဝမ်မူယန် ထွက်သွား ပြီလား။ ”
“ အင်း ... ။ ”
လင်းယွန်က ခေါင်းညိတ် ပြ၏။
“ မင်း သူ့ကို သတ်ပစ် မိမှာ စိုးလို့ ... ငါ လိုက်လာတာ၊ အခုက သူမကို သတ်ဖို့ အချိန် မဟုတ် သေးဘူး။ ”
မြောင်ရင်မှ သက်ပြင်းချကာ ပြောကြား လာ၏။ ဝမ်မူယန်သည် ဝမ်-မိသားစု မင်းသမီး ဖြစ်ပြီး၊ သွေး-လ ဂိုဏ်း၏ နတ်သမီး ဖြစ်သည်။ သူမ သေဆုံးခဲ့ ပါက၊ ဒုက္ခ ရောက်နိုင်၏။
“ သူ့ အထောက် အထားကို၊ တော်တော် များများ သံသယ ဝင်ခဲ့ ဖူးတယ်၊ ဒါပေမယ့် ဝမ်-မိသားရဲ့ ... အကာ အကွယ်ကြောင့်၊ ဘယ်သူမှ ဘာမှ မလုပ်ရဲ ခဲ့ဘူး၊ ...
... တကယ်ပဲ သူက သွေး-လ ဂိုဏ်းရဲ့ နတ်သမီး ဆိုရင်၊ ဝမ်-မိသားစုလည်း ဒီကိစ္စမှာ ပတ်သတ် နေရမယ်၊ ငါ ... ဆိုလိုတာကို မင်း နားလည်တယ် မဟုတ်လား။ ”
“ ဟုတ်ကဲ့ ... ။ ”
ဤသည်မှာ ဝမ်မူယန်အား ပြန်လွှတ် ပေးလိုက် ရသည့်၊ အကြောင်း ပြချက် ပေပင်။ ရန်သူများ ထိတ်လန့် သွားသော်၊ ကောင်းကင် တာအို ဂိုဏ်းတစ်ခုလုံး ပရမ်း ပတာ ဖြစ်သွား နိုင်၏။
နောက်တစ်နေ့တွင် မြောင်ရင် ဦးဆောင်သော သူတို့ အဖွဲ့သည်၊ ကောင်းကင် တာအို ဂိုဏ်းသို့၊ လုံခြုံစွာ ပြန်ရောက် လာသည်။
ယဲ့ချင်းရှန် အမည်မှာ၊ အရှေ့ဘက် ပျက်စီးမြေ၌ ပျံ့နှံ နေပြီ ဖြစ်ရာ၊ ဂိုဏ်းအတွင်း ဂုဏ်သတင်း ကြီးမား လာ၏။
သူ ထွက်သွား ချိန်၌ ကောင်းကင် သန့်စင်ခြင်း တောင်၏ ရလာဒ်များ ထွက်ပေါ် လာခဲ့ သဖြင့်၊ ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန် ကြသည်။
၎င်းအကြောင်းကို ဆွေးနွေး နေစဉ်၊ ကျင်းရွှမ်ယီနှင့် အမည်ခံ သူတော်စင် တစ်ပါး အား သတ်ကာ၊ နတ်သွေးပန်း ရယူ နိုင်ခဲ့ ပြန်သည်။
ထို့ကြောင့် လက်ရှိ အချိန်၌၊ ယဲ့ချင်းရှန် ဂိုဏ်သတင်းသည် တာအို ယန်-နန်းတော်မှ သန့်ရှင်းသော သားတော် အောက်၌၊ ကပ်၍ လိုက်ပါ နေခဲ့သည်။
လင်းယွန်က အဆိုပါ ကိစ္စ များကို ဂရု မစိုက်ဘဲ၊ ပြန်ရောက် သည်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်အား သွားတွေ့ ခဲ့သည်။
ဝမ်မူယန်နှင့် ပတ်သတ်ပြီး၊ အနန္တ သင်္ချိုင်း တောင်ကြား၌ ဖြစ်ပျက်ခဲ့ သမျှကို၊ ပြန် ပြောပြ လိုက်၏။
“ မင်း လုပ်တာ မှန်တယ်၊ မဟုတ်လို့ သူ့ကို သတ်ခဲ့ရင် ... ဒုက္ခ ဖြစ်လာ လိမ့်မယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ လေးနက်သော အမူအရာဖြင့် ပြောကြား လာ ခဲ့သည်။ ထိုတုန့်ပြန်မှုကြောင့် လင်းယွန်ပင် အနည်းငယ် အံ့အားသင့် သွားသည်။
“ သူနဲ့ ပတ်သက်ပြီး ... သခင်မတောင် စိုးရိမ်နေရ တာလား။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူမ ကပင်။
“ အရေှ့ဘက် ပျက်စီး မြေမှာ၊ ကောင်းကင် တာအို ဂိုဏ်းနဲ့ ယှဉ်နိုင်တာ နတ်ဖီးနစ် တောင်ပဲ ရှိတယ်လို့၊ အများစုက ထင်ကြတယ်၊ တကယ် တော့ ဟိုးရှေးရှေး တည်းက ကောင်းကင် တာအို ဂိုဏ်း ထဲမှာ၊ ...
... အက်ကြောင်း တစ်ခု ရှိတယ်၊ ဝမ်-မိသားစုက သွေးလဂိုဏ်းနဲ့ မရှင်း-မရှင်း ဖြစ်နေ သလို၊ ယဲ့-မိသားစု ကလည်း နတ်နဂါး အင်ပါယာနဲ့ ဆက်သွယ်တယ်၊ ...
... ကျန်း-မိသားစုက ... နတ်မိစ္ဆာ တံခါးနဲ့၊ အဆက် အသွယ် လုပ်ပြီး၊ ပိုင်-မိသားစု ကသာ သူတို့ မျိုးနွယ်စု လေးခု ထဲမှာ ... ၊ အသန့်ရှင်း ဆုံးပဲ၊ ဒါပေမယ့် အဲဒါ ကလည်း ... ‘ခန့်မှန်းချက်၊’ လောက် ပါပဲ။ ”
“ ကျောက်စိမ်ဓား သူတော်စင်က ဒီကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဖူးလား။ ”
လင်းယွန်မှ မျက်မှောင် ကြုတ်ကာ မေးလိုက်၏။
“ ကောင်းကင် တာအို ဂိုဏ်းရဲ့၊ သမိုင်း တစ်လျှောက်မှာ၊ ရှုပ်ထွေးတဲ့ အခြေ အနေတွေ အမြဲ ရှိတယ်၊ ဒါပေမယ့် ... ဂိုဏ်းချုပ် ပေါ်လာ ရင်တော့၊ ဂိုဏ်းက ပြန်ထ လာမှာပါ။ ”
လင်းယွန်မှ ဘာပြော ရမည်မှန်း မသိတော့ သဖြင့်၊ တိတ်ဆိတ်သွား၏။ ကောင်းကင် တာအို ဂိုဏ်းသည်၊ ဤမျှ ကြာအောင် တည်ရှိ နေနိုင် ရသည့် အကြောင်းရင်း တစ်ရပ် ရှိရ ပေမည်။
သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့်၊ ဤအရေး ကိစ္စများကို လက်ဝင်လျို နေစရာ အကြောင်း မရှိချေ။
“ ဒါပေမယ့် စိတ် မပူပါနဲ့ ... ၊ သူတို့ ပတ်ဝန်းကျင်မှာ ပြိုင်ဘက် မိသားစု နှစ်ခု ရှိနေ တာမို့၊ ဘယ်သူမှ ဘာမှ မလုပ် နိုင်သေး ပါဘူး။ ”
“ ဒီလို ခြိမ်းခြောက်မှု မျိုးကို ကြိုတင် ရှင်းထား ရင်ရော၊ အဆင် မပြေ ဖူးလား။ ”
လင်းယွန်မှ မေးမိသည်။
“ ငတုံး ... ၊ မင်း တစ်ယောက်ပဲ ဝမ် မိသားစုကို သတိ ပြုမိ တယ်လို့ ထင်နေလား၊ လူတော်တော် များများက ဒါကို သတိ ထားမိ နေတာ ကြာပြီ၊ ဂိုဏ်းချုပ် အသစ် ပေါ်လာ မှသာ၊ ပြေလည် သွားလိမ့်မယ်။ ”
“ ဒါဆို ဘယ်သူက ... ဂိုဏ်းချုပ် ဖြစ်လာ နိုင်မလဲ။ ”
“ သေဖို့ မကြောက်တဲ့ လူပေါ့ ... ၊ ပခုံး ပေါ်မှာ ကောင်းကင်ကို ... ထမ်းထားနိုင် သရွေ့ ဘယ်သူ မဆိုပဲ ... ၊ ဘယ်လိုလဲ ... မင်းရော စမ်းကြည့် မလား။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ စကားကို လင်းယွန်မှ ခေါင်းယမ်း ပြသည်။ သူ မသေချင် သေးချေ။
ကောင်းကင် တာအို ဟူသည်၊ မည်သူ မဆို ခံနိုင်သော အရာ မဟုတ်မှန်း လင်းယွန် သိ၏။ မဟုတ်သော် ဂိုဏ်းချုပ် ထလုပ်မည့် လူများ ပေါ်လာ ပေလိမ့်မည်။
“ မူလ နဂါး မဟာ သူတော်စင် ... ၊ ပြန်လာရင် ငါ ပြောပြ လိုက်မယ်၊ မင်း ဒီကိစ္စထဲ ပါဝင်ဖို့ မစဉ်းစား နဲ့ဦး ... ။ ”
“ ဟုတ်ကဲ့ ... ၊ ဒါနဲ့ ကျွန်တော့် ဆရာ ဘယ်သွား တာလဲ။ ”
“ မင်းကို ပြောပြ မသွားခဲ့ ဖူးလား ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အံ့သြသွား တော့သည်။
“ ဟုတ်ကဲ့ ... ။ ”
“ မင်း ဆရာက ... တကယ့်ကို ... ၊ မဆင်မခြင် လုပ်ဝံ့တဲ့ လူပဲ၊ မင်းရဲ့ မိုးပြာ နဂါး နတ်ခန္ဓာ အတွက်၊ နတ်ဘုရား အသွေးတော် သစ်သီး ရှာဖို့၊ နတ်နဂါး မုန်တိုင်း ပင်လယ်ကို သွားနေတယ်။ ”
နတ်ဘုရား အသွေးတော်သည် ရှားပါးပြီး၊ သူတော်စင်များ အတွက်ပင်၊ အန္တရာယ် ရှိသော အရပ်တွင် ပေါက်ရောက် ချေ၏။
ထို့ကြောင့် ၎င်းအမည်ကို ကြားရုံဖြင့် နတ်နဂါး မုန်တိုင်း ပင်လယ် ဟူသည် မည်မျှ ကြောက်စရာ ကောင်းမှန်း သိနိုင်သည်။
အရေးကြီးဆုံးမှာ သူ့၌ နတ်ဘုရား အသွေးတော် သစ်သီး ရှိနေခြင်း ဖြစ်လေသည်။
***