သိပ်မကြာပါဘူး (၁)
Vol. 18 Ch. 267
လင်းရှန် အံ့ဩသွားသည်။ သူသည် ထိုလူကို အကြိမ်ကြိမ် ကြည့်သော်လည်း မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိနိုင်ပေ။
ဒီလူကို သိသည်ဟု မထင်ပေ။
ချွီခယ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မျက်မှောင်ကြုတ်လိုက်သည် ။ "ခန်းဟိုင် ၊ မင်းဘာလုပ်နေတာလဲ"
အခြားသူများ မသိနိုင်သော်လည်း ရွှမ်တုတိုကင်သုံးခုထဲမှ တစ်ခုသည် ခန်းဟိုင်အတွက် မူလက ရည်ရွယ်ထားကြောင်း ချွီခယ်က သိသည်။
စစ်ဘက်ဌာန၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရွှမ်တုတိုကင်သည် လင်းရှန်ဆီရောက်သွားခဲ့သည်။
ခန်းဟိုင်သည် ဤအချိန်တွင် ပေါ်လာပြီး လင်းရှန်ကို မေးခဲ့သည်။ ဒါက ဒုက္ခပေးဖို့အတွက် သူဒီမှာရှိနေခဲ့တာ သိသာသည်။
မျှော်လင့်ထားသလိုပဲ ခန်းဟိုင်သည် ချွီခယ်ကို ရှုံ့ချပြီး အေးစက်စွာပြောသည် "ဒါက မင်းရဲ့အလုပ်မဟုတ်ဘူး ချွီခယ် ။ အလုပ်ရှုပ်တဲ့ကောင်မဖြစ်စေနဲ့”
သူက စကားပြောပြီးသည်နှင့် တပြိုင်နက် ချွီခယ်မျက်နှာကိုလျစ်လျူရှုပြီး လင်းရှန်နဲ ရှန်ကျီနင်ကို ဆက်လက်ကြည့်ရှုခဲ့သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။
"ဘာလဲ၊ မင်းနာမည်ကိုတောင် ဝန်မခံရဲဘူးလား"
လင်းရှန်အနေနဲ့ ထိုလူမှာ မကောင်းသော ရည်ရွယ်ချက်ရှိနေသလားဟု မသိနိုင်ပေ ။ သို့သော် သူ မထိတ်လန့်ပေ။ သူက တည်ငြိမ်စွာ ရှေ့သို့ လှမ်းပြီး ပြုံးလိုက်သည်။
"ကျွန်တော်က လင်းရှန် ပါ။ ဘာလို့ ကျွန်တော်ကို ရှာနေတာလဲ"
ခန်းဟိုင်၏အကြည့်များသည် လင်းရှန်ထံ ချက်ချင်းရောက်သွားပြီး အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။
"ဒါဆို မင်းက လင်းရှန်ပေါ့။ မင်း အထင်ကြီးစရာပုံလည်း မပေါ်ပါဘူး။ မင်းက ငါနဲ့ အလောင်းအစား တိုက်ပွဲလုပ်ဖို့ သတ္တိရှိလား။ မင်းရှုံးရင် ရွှမ်တုတိုကင်ပေးလေ”
ဒါကိုပြောပြီးတာနဲ့ ခန်းဟိုင်နှင့် ရှီကျင့်ရှန်၏ အမူအရာတွေ ပြောင်းသွားသည်။
သူတို့ထဲက တစ်ယောက်က အတွင်းဂိုဏ်း၏တပည့်ဖြစ်ပြီး နောက်တစ်ယောက်က တော့ ဂိုဏ်းနဲ့ အဆက်အသွယ်များစွာရှိသည့်အထက်အိမ်တော်၏ အဓိက တပည့်ကြီးပင်။ ထုံးစံအတိုင်း အလောင်းအစားတိုက်ပွဲက ဘာလဲဆိုတာ သူတို့သိသည်။
ရှန်ကျီနင်သည် တရားဝင် တပည့်တစ်ဦး မဟုတ်သဖြင့် ဘာမှ မပြောနိုင်ပေ။ သို့သော်လည်း ချွီခယ်တွင် ထိုကဲ့သို့ စိုးရိမ်ပူပန်မှု မရှိခဲ့ပေ။ ချက်ချင်းပင် သူ့ကို ပြစ်တင်ရှုံ့ချလိုက်သည်။
"ခန်းဟိုင်၊ ယုတ္တိမရှိတာတွေ လုပ်မနေနဲ့။ ရွှမ်တုတိုကင်ရဲ့ ဆုံးဖြတ်ချက်ကို စစ်ဘက်ဌာနအကြီးအကဲတွေက ဆုံးဖြတ်ခဲ့တာပါ။ မကျေနပ်ရင် သူတို့ဆီသွားပြီး တိုင်ကြားလိုက်။ ဂျူနီယာညီလေးလင်းနောက်ကို သီးသန့်လိုက်လာတာကို စည်းကမ်းထိန်းသိမ်းရေးဌာနကို ငါသွားပြောမှာကို မကြောက်ဘူးလား။”
သို့သော် ဤကြမ်းတမ်းသောစကားများသည် ခန်းဟိုင်ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။ ယင်းအစား သူက ပြန်အော်လေသည်။
“ဂိုဏ်းမှာ တပည့်တွေက အလောင်းအစားပွဲတွေကို လွတ်လွတ်လပ်လပ် စတင်နိုင်တဲ့ စည်းကမ်းရှိတယ်။ နိုင်ယန်းကျောင်းကလည်း ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုလေ။ လင်းရှန်နဲ့ ဘာလို့ တိုက်လို့မရနိုင်ရတာလဲ။"
ထိုအချိန်တွင် ခန်းဟိုင်၏ လေသံပြောင်းသွားပြီး လင်းရှန်အား မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။
"မင်းငါ့ရဲ့စိန်ခေါ်မှုကို လက်မခံရဲရင် ငါ့ကို လွတ်လွတ်လပ်လပ် ငြင်းပယ်လိုက်ပါ။ ဂိုဏ်းကပြောနေတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်က အလောင်းအစားကိုတောင် လက်မခံဝံ့တဲ့ သူရဲဘောကြောင်သူပဲဆိုတာ ငါသိရတာပေါ့”
"မင်း”
ချွီခယ်က ဒေါသထွက်နေပေမယ့် ဒါကို ငြင်းလို့မရပေ။
ဂိုဏ်းက တရားဝင်တပည့်များနှင့် ကျောင်း၏တပည့်များကြား အလောင်းအစားတိုက်ပွဲ မဖြစ်နိုင်ကြောင်း အတိအလင်းဖော်ပြထားခြင်းမရှိပေ။ နည်းစနစ်အရ ခန်းဟိုင်သည် ဂိုဏ်း၏စည်းမျဉ်းများကို မချိုးဖောက်ခဲ့ပေ။
ဒါကိုတွေးပြီး ချွီခယ်ကပြောလေ၏ "အတွင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျောင်းရဲ့တပည့်တွေကို စိန်ခေါ်ဖို့ အစပြုခဲ့တယ်။ မင်းကဒီလို အပြုအမူမျိုး လုပ်တယ်ပေါ့”
ခန်းဟိုင်က လုံးဝ ဂရုမစိုက်ပေ။ အဲဒီအစား သူက လင်းရှန်ကို လက်ညှိုးထိုးပြပြီး ရယ်
သည် ။ "အဲဒါဘာဖြစ်နေလို့လဲ။ သူက တောက်ပသောဝင်ပေါက် နဝမအဆင့်မှာရှိနေတုန်းမှာတောင် ကျင့်ကြံသူသခင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တဲ့ ပါရမီရှင်တစ်ဦးလေ။ အတွင်းဂိုဏ်းတပည့်ထဲမှာ ဘယ်သူက အဲ့လိုလုပ်နိုင်လို့လဲ။ သူနဲ့ အလောင်းအစားပွဲစဖို့က သဘာဝမကျဘူးလား”
လင်းရှန်ကို ချီးကျူးနေသော်လည်း သူ့လေသံမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါကိုကြားတော့ ချွီခယ်အမူအရာက အေးခဲသွားသည်။
တကယ်တော့ လင်းရှန်သည် ကျင့်ကြံသူသခင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော သတင်းသည် ဂိုဏ်းတွင်း တောမီးလို ပြန့်နှံ့နေပေမယ့် လူအများစုက မယုံကြပေ။
ချွီခယ်လည်း အပါပင်။
အဖြစ်အပျက်ကို ပုံကြီးချဲ့တာ ဖြစ်နိုင်ပေမယ့် လင်းရှန်ခွန်အားကိုတော့ လူအများက အသိအမှတ်ပြုဆဲပင်။
လူအများ၏အမြင်တွင် လင်းရှန်ကို သာမန်သင်တန်းကျောင်းတပည့်အဖြစ် မဆက်ဆံတော့ပေ။
သူသည် ရှန်ကျီနင်ထက် ပိုသန်မာသည်ဟု သူတို့ခံစားမိကြသည်။
ထို့ကြောင့် ခန်းဟိုင်ပြောခဲ့သည့်အတိုင်း လင်းရှန်နှင့် လောင်းကြေးထပ်သည့် သတင်းများ ပြန့်နှံ့သွားလျှင်ပင် သူသည် အလွန်အမင်း ဝေဖန်ခံရဖွယ်မရှိပေ။
လင်းရှန်က ဘာတွေဖြစ်နေလဲဆိုတာ သိထားပြီးသားပင်။
ထိုအချိန်က ရွှမ်တုတိုကင်သုံးခုကို ဖြန့်ဝေပြီးသားဟု စစ်ယွမ်ဖေက ပြောခဲ့သည်။
လင်းရှန်က တစ်ခုကို ရယူနိုင်ခဲ့သောကြောင့် တစ်စုံတစ်ယောက်သည် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပေလိမ့်မည်။
အခုလည်း ထိုလူက သူ့တံခါးကိုလာခေါက်နေချေပြီ။
"ဒါက ရွှမ်တုတိုကင်ရဲ့အမှားပဲ”
လင်းရှန်က ခေါင်းခါသည်။
ဒါတောင် သူ့မှာ အပြစ်ရှိတယ်လို့ မခံစားရပေ။
နောက်ဆုံးတွင် သူသည် ရွှမ်တုတိုကင်ကိုရယူရန် သူ့အသက်ကိုစွန့်စားခဲ့သည်။
ခန်းဟိုင်က မကျေနပ်ဘူးဆိုရင်တောင် စစ်ဘက်ဌာနအကြီးအကဲတွေကို တိုင်ကြားသင့်သည်။
နောက်ဆုံးတွင် ၎င်းတို့သည် တိုကင်ကို ကြားဖြတ် ဟန့်တားခဲ့ကြသော်လည်း ခန်းဟိုင်ကိုလုံလောက်သော လျော်ကြေးကို မပေးခဲ့ကြပေ။
ခန်းဟိုင်သည် အကြီးအကဲများကို မကျေနပ်သော်လည်း လင်းရှန်ကို ပြဿနာရှာရန် ရောက်လာခဲ့သည်။ သူသည် အားနည်းသူများကို အနိုင်ကျင့်ပြီး သန်မာသူများကို ကြောက်ရွံ့နေခြင်းဖြစ်သည်။
ဒါကိုတွေးပြီး လင်းရှန်က ပြုံးကာ "အကိုက အလောင်းအစား တိုက်ပွဲ လုပ်ချင်ရင် ကျွန်တော် ကန့်ကွက်မှာ မဟုတ်ပါဘူး" ဟုပြောလိုက်သည်။
ဒါကိုပြောပြီးတာနဲ့ ချွီခယ်နဲ့ ရှန်ကျီနင်က အံ့ဩသွားသည်။
တစ်ဖက်တွင် ခန်းဟိုင်သည် အလွန်ဝမ်းသာသွားသည်။ သူ့အစီအစဥ် အောင်မြင်သွားသလိုပဲ သူ့မျက်လုံးတွေက တောက်ပနေသည်။
ချွီခယ်က "ညီလေးလင်း၊ မင်းတကယ်လုပ်စရာမလိုဘူး..."
လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး ကြားဖြတ်လိုက်သည်။ ထို့နောက် ပြုံးပြီးပြောလေ၏ "ကျွန်တော်ကိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ အကိုချွီ။ ဒါပေမဲ့ နောက်ကျနေပြီ။ သူ့ ကျွန်တော်တို့ကို အနှောင့်အယှက် ပေးတာခံမယ့်အစား ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းလိုက်တာက ပိုကောင်းပါတယ်။”
သူ၏ တည်ငြိမ်မှုနှင့် ယုံကြည်မှုများက ချွီခယ်ကို ထိတ်လန့်စေခဲ့သည်။
ချန်းဟိုင်၏ မျက်နှာသည် အလွန်အမင်း ညိုမဲလာသည်။
သူက မတုံးအပေ။ လင်းရှန်က သူ့ကို နှိမ့်ချနေတာကို သူမသိဘဲ မနေပေ ။ သူသည် ချက်ချင်းပင် အမုန်းတရားများဖြင့် ပြည့နှက်သွားသည်။ နောက်မှ တိုက်ခိုကိသောအခါတွင် အထိန်းအကွပ်မရှိ တိုက်ရန် ကြံရွယ်ခဲ့သည်။ လင်းရှန်ကို ပြင်းထန်စွာ ဒဏ်ရာရစေချင်မိသည်။ ထိုအခါ ရွှမ်တုသည် တိုကင်ကို ဆုံးရှုံးရုံသာမက လအနည်းငယ်ကြာသည့်အထိ အိပ်ရာထဲတွင် ပြန်လည်ကျန်းမာအောင် ကုသရမည်ဖြစ်သည်။
ခန်းဟိုင်က လင်းရှန်ကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာကို တွေးနေချိန်မှာပဲ သူ့ကို လင်းရှန်က ကြည့်လိုက်တာကို တွေ့လိုက်ရသည်။
"အကိုက ရွှမ်တုတိုကင်ကို အလောင်းအစားအနေနဲ့ သုံးချင်တယ်လို့ ပြောခဲ့တယ်.. ကျွန်တော် အဲ့တာကို သဘောတူနိုင်ပါတယ်၊ ဒါပေမယ့် အကိုက ဘာကို အလောင်းအစားအဖြစ် သုံးဖို့ စီစဉ်ထားလဲ။"