← Chapters

သိပ်မကြာပါဘူး (၃)

Vol. 18 Ch. 269

သိပ်မကြာပါဘူး (၃)

Vol. 18 Ch. 269

သူတို့ သေချာ ကြည့်လိုက်တော့ ခန်းဟိုင်ကို ဘယ်မှာမှ ရှာမရတော့တာကို တွေ့လိုက်ရသည်။

သူတို့ မြင်နိုင်သမျှက တောက်လောင်နေတဲ့ မီးတောက်တွေပင်

"စစ်မှန်သော ကိုယ်ခံပညာ"

“အရည်ပျော်ခြင်း”

ချွီခယ်သည် သူ့ရှေ့က မြင်ကွင်းကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။

လင်းရှန် အရည်ပျော်ခြင်းအသုံးပြုတာကို ပထမဆုံးအကြိမ်မြင်ဖူးသော်လည်း ၎င်းကို စစ်မှန်သောကိုယ်ခံနည်းစနစ်တစ်ခုအဖြစ် ချက်ချင်း သိခဲ့သည်။ သူ အလွန် တုန်လှုပ်သွားသည်။

ရှန်ကျီနင်ကတော့ လင်းရှန်လှုပ်ရှားမှုကို ယခင်က မြင်ဖူးသည်။

သို့သော်လည်း လင်းရှန်၏ အရည်ပျော်ခြင်းသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။

ခြားနားချက်က မယုံနိုင်လောက်အောင်ပင်။

ခဏအကြာတွင် ချွီခယ်သည် သူ၏အာရုံများလွင့်နေရာမှ အသိပြန်ဝင်လာခဲ့သည်။ သူ့အင်္ကျီလက်ကို လှန်လိုက်သည်နှင့် ပြင်းထန်သောလေသည် မြေပြင်ကို ရုတ်တရက် တိုက်ခိုက်ပစ်ကာ ပတ်ဝန်းကျင်ရှိ လေလှိုင်းများနှင့် ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်သည်။

သူ အနီးကပ်ကြည့်သောအခါ ခန်းဟိုင်၏ မီတာတစ်ရာအတွင်း ဧရိယာသည် ပူလောင်သောမြေကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ ။ အလယ်မှာ တွင်းကြီးတစ်ခုတောင် ရှိနေ၏ 

ခန်းဟိုင်သည် တွင်းနက်ကြီးအလယ်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။ သူ့တစ်ကိုယ်လုံး မည်းနက်နေပြီး မူးမေ့လဲနေတာ ကြာနေပြီပင်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် မီးအဆိပ်သည် ခန်းဟိုင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို ချွီခယ် သိလိုက်ရသည်။ ဒီဒဏ်ရာက ပြန်ကောင်းလာဖို့ လအနည်းငယ် ကြာနိုင်သည်။

နောက်ကျောဘက်ကို  လက်နှစ်ဖက်ပစ်ကာ ငြိမ်သက်နေသော မျက်နှာနဲ့  ရပ်နေသည့် လင်းရှန်ကို လှည့်ကြည့်လိုက်တော့ ချွီခယ်ဟာ အံ့အားသင့်မှုတွေနဲ့ ပြည့်နေ၏

ရှန်ကျီနင်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားသည်။

ယခင်က လင်းရှန်သည် အချိန်အတော်ကြာမည်မဟုတ်ဟု ပြောသောအခါ  ခန်းဟိုင်ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ကြိုးပမ်းနေသည်ဟု ထင်မြင်ခဲ့ကြသည်။

မထင်မှတ်ပဲ အဲ့တာက  တကယ် ခဏပဲကြာသည်။

ဒါက လင်းရှန်ကို လျှော့တွက်မိတာပင်။

ထိပ်တိုက်ရင်ဆိုင်မှုစတင်ချိန်မှ ခုနစ်စက္ကန့် သို့မဟုတ် ရှစ်စက္ကန့်မျှနဲ့ ခန်းဟိုင်က ရှုံးသွားခဲ့သည်။

အကယ်၍ သူတို့နှစ်ဦးသာ ထိပ်တိုက်ရင်ဆိုင်ရမည့်အချိန်ကို ချန်လှပ်ထားခဲ့ပါက လင်းရှန်သည်  ခန်းဟိုင်ကိုအနိုင်ယူရန် တစ်စက္ကန့်ထက်မနည်းသာ ကြာမည်ပင်။

ဒါက လွယ်ကူလွန်းသည်။

အကယ်၍ ချွီခယ်သည် အဖြစ်အပျက်ကို မသိခဲ့ပါက သို့မဟုတ် ခန်းဟိုင်၏ စိတ်နေစိတ်ထား ပိုကောင်းနေပါက သူတို့နှစ်ဦး လုပ်ရပ်ကို သရုပ်ဆောင်နေသည်ဟု သူ သံသယဖြစ်လိမ့်မည်။

ဒါက ရယ်စရာကောင်းလွန်း၏

ဝိညာဉ်မဏ္ဍိုင်သွေးကြော ၂၆ခုရှိသော  ထိပ်တန်း အတွင်းဂိုဏ်းဝင် တပည့်တစ်ဦးသည်  ကိုယ့်ထက်အငယ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဒါဟာ ကြေကွဲစရာပင်။

ဒါက အရှက်ကွဲမှုတစ်ခု ဖြစ်ခဲ့သည်။

အသိစိတ်ပြန်ဝင်လာသောအခါ ချွီခယ်သည် ခန်းဟိုင်ကို သနားစိတ်ဖြင့် ကြည့်ရုံမှတစ်ပါး မတတ်နိုင်ပေ။

ယနေ့အဖြစ်အပျက်သတင်းသည် ဂိုဏ်းသို့ရောက်ရှိသွားသောအခါ ခန်းဟိုင်သည် အခြားသူများကို ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း တွေးမိခဲ့သည်။

သူသည် ကျောင်း၏ တပည့်တစ်ဦးကို စိန်ခေါ်ရန် အစပြုခဲ့ရုံသာမက တစ်ချက်တည်းဖြင့်လည်း ရှုံးနိမ့်ခဲ့သည်။

တစ်ဖက်မှာတော့  ခန်းဟိုင်ကို ကြားခံအနေနဲ့ လင်းရှန်၏ ဂုဏ်သတင်းက တက်လာမည်မှာ သေချာသည်။

ခဏလေး

လင်းရှန်ခွန်အားသည် အထက်တန်းစား အတွင်းဂိုဏ်း၏ တပည့်များထက် အဆပေါင်းများစွာ ကျော်လွန်နေပြီဖြစ်သည်ကို ချွီခယ်က ရုတ်တရက် သဘောပေါက်လိုက်သည်။  ချွီခယ်ပင်လျှင် သူ့ထက် နိမ့်ကျနေသည်ဟု ဝန်ခံရမည်။

ကောလဟာလတွေ အမှန်ဖြစ်နိုင်မလား

လင်းရှန်က  တကယ်ပဲ ဝိညာဉ်လှိုဏ်ဂူအတွင်းမှာ သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူ သခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တာလား။

ချွီခယ်သည် ရှန်ကျီနင်ကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ တိုက်ဆိုင်စွာပင် ရှန်ကျီနင်၏  အံ့အားသင့်နေသော အကြည့်နှင့် ဆုံတွေ့ခဲ့သည်။

ရှန်ကျီနင်လည်း ထိုနည်းအတိုင်း တွေးခဲ့သည်မှာ သိသာသည်။

သူတို့နှစ်ယောက် ထိတ်လန့်နေချိန်မှာတော့ လင်းရှန်၏ နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသည်။

“အကိုတို့၊ စောင့်နေရတာ တောင်းပန်ပါတယ်။ အခုကိစ္စက ပြေလည်သွားပြီလို့ ပြောလို့ရတယ်။”

ချွီခယ်နှင့်ရှန်ကျီနင်သည် ရုတ်တရက် ကြောင်နေရာမှ အသိပြန်ဝင်လာသည်။ လင်းရှန်၏ နူးညံ့သော အပြုံးကို ကြည့်လိုက်ကြပြီး နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားကြသည်။

“ညီလေးလင်း၊ မင်း နောက်နေတာ ဖြစ်ရမယ်။ ငါတို့အကြာကြီးမစောင့်ရပါဘူး။ အခုထွက်လည်း အရမ်းနောက်မကျသေးပါဘူး” ချွီခယ်က ပြုံးလိုက်မိသည်။

အမှန်တော့ သူတို့က အကြာကြီးမစောင့်ရပေ။

လင်းရှန်က ပြုံးပြီး  နဂါးအစွယ်ပျံသန်းခြင်းသင်္ဘောပေါ်တက်လိုက်သည်။

ချွီခယ်သည် မဝေးသော မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခန်းဟိုင်ကို ကြည့်လိုက်

သည်။ သူသည် စာပျံတစ်စောင်ကို မထုတ်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သူသည် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ပေါင်းစည်းပြီး လေထဲသို့ပစ်မချမီ တစ်စုံတစ်ခု ရေးခဲ့သည်။

စာက ခဏရပ်သွားပြီး လေးကနေ ပစ်လိုက်သော မြှားတစ်စင်းလိုပငိ မြို့ထဲသို့ ပျံသွားလေသည်။

ခန်းဟိုင်၏ အပြုအမူကို သူ မကြိုက်သော်လည်း သူတို့သည် အတွင်းဂိုဏ်း တပည့်များ ဖြစ်သည်။  သူသည် ခန်းဟိုင်ကို ဒီနေရာမှာပဲ လဲလျောင်းနေခွင့်မပြုနိုင်ပေ။ အနည်းဆုံးတော့ သူက ခန်းဟိုင်ကို ပြန်သယ်ဖို့ ဂိုဏ်းကလူကို ခေါ်ရန် စာတစ်စောင်ပို့ပေးခဲ့သည်။

ထို့ပြင် ချွီခယ်သည် ခန်းဟိုင်တစ်ဝိုက်ရှိ တောရိုင်းတိရစ္ဆာန်များကို မောင်းထုတ်ရန်အတွက် ဆေးဖက်ဝင်အမှုန့်အချို့ကို ဖြန့်ကြဲလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးတော့ သူက သက်ပြင်းချပြီး  ရှန်ကျီနင်နဲ့အတူ ပျံသန်းခြင်း သင်္ဘောပေါ်တက်လိုက်သည်။

ခဏအကြာတွင် သင်္ဘောသည် အသံမြည်ပြီး ကောင်းကင်သို့ တက်သွားခဲ့သည်။ ၎င်းသည် မြောက်ဘက်သို့ ပျံသန်းပြီး မကြာမီ မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အလင်းတန်း အနည်းငယ်သည် အဝေးကနေ ရောက်လာပြီး မီးတောက်နေသည့်မြေပြင်ပေါ်ကို ကျရောက်သွားသည်။

ခေါင်းဆောင်မှာ မကြာသေးမီက ခန်းဟိုင် နှင့် လမ်းခွဲခဲ့သော ဟန်လျန့်ဖြစ်သည်။

သူ့အကြည့်တွေက တွင်းအလယ်မှာရှိနေသည့် ခန်းဟိုင်ပေါ်ကို ရောက်သွားခဲ့သည်။  ဟန်လျန့်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး စစ်ဆေးရန်  ခန်းဟိုင်ရှေ့မှာ ထိုင်ချလိုက်သည် ။

ခဏအကြာတွင် သူ့အမူအရာက အနည်းငယ် ပြေလျော့သွားသည်။

ခန်းဟိုင်သည် ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ အသက်

အန္တရာယ်မကျရောက်ခဲ့ပေ။  သိပ်မကြာခင်မှာ သက်သာပြီး ပြန်ကောင်းလာမည်ပင်။

စိုးရိမ်မှု ပြီးသွားတော့ ဟန်လျန့်သည် တုန်လှုပ်ခြောက်ခြားသွား၏ 

သူသည် ချွီခယ်၏စာကိုလက်ခံရရှိခဲ့ပြီး ခန်းဟိုင်သည် လင်းရှန်၏လက်တွင် ရှုံးနိမ့်ခဲ့ကာ ဒဏ်ရာအပြင်းအထန်နဲ့ သတိလစ်သွားခဲ့ကြောင်း ဖော်ပြသောအခါတွင် သူမယုံခဲ့ပေ။

ခန်းဟိုင်သည် ဝိညာဉ်မဏ္ဍိုင်သွေးကြော၂၆ ခုရှိသည်။ လင်းရှန်ကို ရှုံးခဲ့ရင်တောင် မူးမေ့လဲသွားလောက်အောင် ဒဏ်ရာအပြင်းအထန် မရသင့်ပေ။

သို့သော် သူ့ရှေ့က အခြေအနေသည် အားလုံးကို ရှင်းပြနေ၏

ခန်းဟိုင်၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း ဟန်လျန့်သည်  မျောပါသွားသည်။

ခန်းဟိုင်ကို အတွင်းဂိုဏ်းဝင် တပည့်အချို့က အနိုင်ယူနိုင်သော်လည်း ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်အောင် တိုက်နိုင်သူ မရှိပေ။

တပည့်အစစ်တွေသာ ထို့သို့လုပ်နိုင်သည်။

သို့သော် သူတို့အားလုံးလည်း ဝိညာဉ်စုဆောင်းခြင်းအဆင့်တွင် ရှိနေကြသည်။

လင်းရှန်သည် သွေးပင်လယ်ဂိုဏ်း၏ ကျင့်ကြံသူသခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ဟူသော ကောလာဟလများက မှန်ကန်နေသလား။

ဟန်လျန့်သည် ခဏမျှ မျောပါသွားပြီး သူ့နှလုံးသားသည် အံ့အားသင့်မှုဖြင့် ပြည့်နေသည်။

ကံကောင်းထောက်မစွာပဲ လင်းရှန်သည် ခန်းဟိုင်ကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့ကြောင်းကို ချွီခယ်က စာ၌ မပြောခဲ့ပေ။ မဟုတ်ရင် ဟန်လျန့်၏ မျက်လုံးတွေ ပွင့်ထွက်လာလိမ့်မည်ပင်။

ဟန်လျန့် မှင်တက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့နောက်မှ တပည့်တစ်ဦးသည် နောက်ဆုံးတွင် သူ့ကို သတိပေးတော့သည်။

" စီနီယာအကိုဟန် ၊ စီနီယာအကိုခန်းကို ခေါ်ကြရအောင်လေ”

ဟန်လျန့်သည် အိပ်မက်မှ နိုးလာပုံရပြီး  အမြန်ထရပ်လိုက်စဉ် အခြားတပည့်နှစ်

ယောက်သည် ခန်းဟိုင်ကို မလိုက်သည်။

ဒါကိုမြင်တော့  ဟန်လျန့်သည် မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။

တိုက်ပွဲတွင် လင်းရှန်အနေနဲ့ ပြင်းထန်စွာ  ဒဏ်ရာရခဲ့ပါက မှန်းဆ၍မရသော အကျိုးဆက်များကို သေချာပေါက် ဖြစ်ပေါ်စေသော်လည်း ခန်းဟိုင်၏ ဒဏ်ရာမှာလည်း ထိုနည်းလည်းကောင်းပင်။

ခန်းဟိုင်၏ ပြင်းထန်သော ဒဏ်ရာသတင်းများ ပြန့်နှံ့သွားပြီးရင်တော့ ပြင်းထန်သည့် ပဋိပက္ခများ မဖြစ်လာစေဖို့ သူမျှော်လင့်မိသည် ။

All Chapters