လူမျက်နှာနဲ့ ဇီးကွက် (၁)
Vol. 18 Ch. 270
နဂါးအစွယ် ပျံသန်းခြင်းသင်္ဘော၏
အခန်းထဲမှာတော့
ချွီခယ်နဲ့ ရှန်ကျီနင်တို့သည် ထိတ်လန့်တုန်လှုပ်ရာမှ မသက်သာသေးပေ။ သူတို့အမူအရာတွေက လွင့်မျောနေပြီး သူတို့ဘာတွေတွေးနေတယ်ဆိုတာကို ပြောပြဖို့ ခက်နေသည်။ ရံဖန်ရံခါတွင် သူတို့သည် လင်းရှန်ကို ထူးထူးခြားခြား စိုက်ကြည့်လာကြသည်။
လင်းရှန်ကတော့ သတိမထားမိပုံရသည်။ သူက အခန်းတွင်းရှိ သပ်ရပ်လှပသော အလှဆင်ပစ္စည်းများကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။
ချွီခယ်နဲ့ ရှန်ကျီနင်တို့ အံ့အားသင့်ရာမှ ပြန်လည်အသိဝင်လာတော့မည်ဟု ခံစားလိုက်ရသောအခါတွင် လင်းရှန်သည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင်ထိုင်ကာ ကော်ဖီစားပွဲပေါ်မှ ပြုံးပြလိုက်သည်။
“အစ်ကိုတို့၊ ကျွန်တော် ဒီကို မြန်မြန်လာရတော့ ရွှမ်တု အစည်းအဝေးအကြောင်း သိပ်မသိသေးဘူး။ ဒီအကြောင်းကို နည်းနည်းလောက်ပြောပြနိုင်မလား။”
"ဟုတ်ပြီ။"
ချွီခယ်က အသိပြန်ဝင်လာပြီး ချက်ချင်းပြုံးလိုက်သည်။
လင်းရှန်၏ ခွန်အားကို မြင်ပြီးနောက် သူသည် ဒီဂျူနီယာညီလေး၏ အနာဂတ်ကို သိမြင်လာပြီး ပို၍ပင် မိတ်ဖွဲ့လိုခဲ့သည်။ လင်းရှန်နှင့် ပိုမိုနီးစပ်ရန် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ချွီခယ်က လက်လွတ်မည်မဟုတ်ပေ။
ချိန်ဆပြီးနောက် ချွီခယ်က သေသေချာချာ ရှင်းပြသည်။
“ရွှမ်တု အစည်းအဝေးကို ရှေးဟောင်းသစ်သားမြို့တော်ရဲ့ အနောက်ဘက် မိုင် ၅၀ အကွာက ရွှမ်တုတောင်မှာ ကျင်းပတာ။ အဲ့တောင်က ဝိညာဉ်အနှစ်သာရ ကြွယ်ဝပြီး သစ်သားအမျိုးအစား သဘာဝရတနာတွေပေါက်ရောက်တယ်လို့ ဆိုကြတယ် ။ အဲ့ဒီမှာ သစ်သားဝိညာဉ်တွေ အများကြီးရှိသေးတယ်။ မှော်အဆီအနှစ်အရည်က မှော်အဆီအနှစ်သစ်သား ဝိညာဉ်လို့ခေါ်တဲ့ သစ်သားဝိညာဉ်က ဆင်းသက်လာတာ”
မှော်အဆီအနှစ် သစ်သားဝိညာဉ်။
လင်းရှန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အတိအကျပြောရလျှင် အပင်ဝိညာဉ်များသည် နတ်ဆိုးတစ်မျိုးဖြစ်သည်။
သို့သော် သာမန်နတ်ဆိုးများနှင့် နှိုင်းယှဉ်ပါက အပင်ဝိညာဉ်များသည် ဉာဏ်အလင်းရရှိရန်နှင့် လူ့ဒုက္ခများကို ကျော်လွှားရန် ပို၍ပင်ခက်ခဲသည်။
ဝိညာဉ်ဆေးပင်တစ်ပင်သည် ၎င်း၏ဉာဏ်ရည်ကို နိုးကြားနိုင်မည့် အခွင့်အလမ်းရရန် နှစ်ရာနှင့်ချီ သို့မဟုတ် ထောင်ချီ၍ပင် ကြာတတ်သည်။
သူတို့၏ဉာဏ်ရည်ကို နိုးကြားလာပြီးနောက် လူသားဒုက္ခကို ကျော်လွှားကာ မသေနိုင်သောလမ်းသို့ မလှမ်းမီ နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ ကျင့်ကြံရန် လိုအပ်သေးသည်။
အဲဒါက ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ် သစ်ပင်တွေအတွက်ပင်။ သာမန်အပင်များအတွကမူ ၎င်းတို့၏ဉာဏ်ရည်ကို နိုးကြားစေပြီး လူသား၏ဒုက္ခကို ကျော်လွှားရန် အဆပေါင်း ထောင်နှင့်ချီ၍ ခက်ခဲသည်။
သာမာန်နတ်ဆိုးများထက် ဝိညာဉ်ဆေးပင်များ၏ တစ်ခုတည်းသော အားသာချက်မှာ သက်တမ်းပိုရှည်တာပင်။
ဒါကလည်း ကျင့်ကြံဖို့ အချိန်လုံလောက်တယ်လို့ ဆိုလိုတာ မဟုတ်ပေ။
လူသားကျင့်ကြံသူများ သို့မဟုတ် နတ်ဆိုးကျင့်ကြံသူများအတွက်ပင်ဖြစ်ပါစေ ဝိညာဉ်ဆေးပင်များသည် ကြီးကျယ်သော ဖြည့်စွက်စာများဖြစ်သည်။
ထို့ကြောင့် အပင်များ မကြီးထွားမီ ဆေးပြားနှင့် ဆေးဝါးများကို သန့်စင်ရန်အတွက် ကျင့်ကြံသူများသည် မကြာခဏဆိုသလိုပင် ဝိညာဉ်ပင်အများအပြားကို ဖမ်းခဲ့သည်။
အဖမ်းမခံရလောက်အောင် ကံကောင်းသူတွေကတော့ ၎င်းတို့၏ အချိန်အများစုကို ရှောင်တိမ်းပြီး ထွက်ပြေးကြရသည်။ ဂရုမစိုက်လျှင် သူတို့ ကျင့်ကြံမှု အသက်မွေးဝမ်းကြောင်းက ဆုံးသွားလိမ့်မည်ပင်။
ဝိညာဉ်ဆေးပင်သည် နတ်ဆိုးများစွာတို့ကြားတွင် အဆင်းရဲဆုံးမျိုးနွယ် တစ်ခုဖြစ်သည်။
“ရွှမ်တု အစည်းအဝေးက သုံးနှစ်တစ်ကြိမ် တစ်လကြာအောင် ကျင်းပတယ်။ရွှမ်တု တိုကင်ပါတဲ့ ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တာ”
“အစည်းအဝေးစပြီးတာနဲ့ တောင်ရဲ့ ကာကွယ်ရေးအခင်းအကျင်းကို ပိတ်သွားမှာပါ။ ရွှမ်တုတောင်ပေါ်မှာရှိတဲ့ ကျင့်ကြံသူသခင်တောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ဒီကာလမှာ တောင်ပေါ် တက်ရောက်သူတွေက သူတို့ရရှိသမျှ အရာအားလုံးကို ပိုင်တယ်။ နတ်ဝိဇ္ဇာဂိုဏ်းက အဲ့တာကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။”
ထို့နောက် ချွီခယ်က ရွှမ်တုအစည်းအဝေးအကြောင်း လင်းရှန်ကို ထပ်မံပြောပြသည်။
အချက်အလက်အများစုသည် ယခင်က ရွှမ်တုအစည်းအဝေးတွင် ပါဝင်ခဲ့သည့် စီနီယာ အကို၊ အစ်မများထံမှ လာတာဖြစ်သည်။
၎င်းတို့အားလုံးသည် အသုံးမဝင်သော်လည်း လင်းရှန်သည် စိတ်ဝင်တစား နားထောင်နေဆဲဖြစ်သည်။
အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ညဘက်မှာတော့ သုံးယောက်လုံး သူတို့အခန်းသို့ ပြန်ကြသည်။
ခရီးက ပျင်းစရာကောင်း၏ နောက်ရက်များတွင် သူတို့သုံးယောက်သည် တစ်နေ့လျှင် နာရီအနည်းငယ်ကြာ စကားစမြည်ပြောကြပြီး ကျန်အချိန်များကို အခန်းထဲတွင် ကျင့်ကြံကြသည်။
လင်းရှန်၏ ကျင့်ကြံမှု အဆင့်သည် ခေတ္တ ရပ်တန့်သွားခဲ့ပြီး သူ၏ ကိုယ်ခံပညာသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ချီဖိနှိပ်ခြင်းငါးပါး၊ အရိပ်ခိုခြင်းနှင့် ရေကြေးမုံတို့သာ တိုးတက်ရန် နေရာရှိတော့သည်။
သူသည် သူ၏ ဝိညာဉ်ပုံဖော်ခြင်းဆေးအားလုံးကို သုံးထားပြီးဖြစ်တာကြောင့် နောက်ထပ် ဝိဉာဉ် မဏ္ဍိုင်သွေးကြောများကို မဖန်တီးနိုင်တော့ပေ။
ထို့ကြောင့် သူသည် သူ၏ကိုယ်ပွားများဖြင့် ကျန်သော မှော်စွမ်းအားသုံးခုကို ကျင့်ကြံခဲ့သည်။
သူ၏ခန့်မှန်းချက်အရ ရှေးဟောင်းသစ်သားမြို့သို့မရောက်ရှိမီ မှော်စွမ်းအားသုံးမျိုး လုံးသည် ပြီးပြည့်စုံအဆင့်သို့ ရောက်ရမည်ပင်။
ထို့နောက်တွင် သူသည် မှော်အဆီအနှစ်အရည်ကို ရရှိပြီး ဆက်လက်ကျင့်ကြံကာ လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
လင်းရှန်အနေနဲ့ ကျင့်ကြံစရာမရှိသည့်အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပေ။
အရင်တုန်းကတော့ သူ့၏စွမ်းရည် အားလုံးကိုကျင့်ကြံဖို့ ကိုယ်ပွါးအရေအတွက် နည်းပါးလွန်းသည်ဟု ခံစားခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ငါးရက်ကြာသွားသည်။
နဂါးအစွယ် ပျံသန်းခြင်းသင်္ဘောသည် နဂါးချောက်နက်တောင်တန်း၏ နက်နဲရာနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
မူလအစီအစဉ်အရ သင်္ဘောသည် ဤအန္တရာယ်ရှိသောနေရာသို့ မရောက်ပေ။ ယင်းအစား ရှည်ရှည်လျားလျား ကွေ့ဝိုက် သွားဖို့ပင်။
လမ်းတစ်လျှောက်တွင် ပျံသန်းနေသော နတ်ဆိုးများစွာကို တွေ့ခဲ့ကြရသည်။ သို့သော်လည်း နဂါးစွယ် ပျံသန်းခြင်းသင်္ဘော၏ အကာအကွယ်အတားအဆီးကြောင့် ဤနတ်ဆိုးများသည် သင်္ဘောကို ဘာမှ လုပ်မရပေ။ အချိန်အတော်ကြာအောင် လိုက်ဖမ်းပြီးနောက် ဒေါသတကြီး ထွက်သွားကြရသည်။
လင်းရှန်နဲ့ တခြားနှစ်ယောက်က သူတို့ကို စိတ်မ၀င်စားပေ။
ထိုကဲ့သို့ပင် နှစ်ရက်တာသည် တိတ်တဆိတ် ကုန်ဆုံးသွားသည်။
သို့သော်လည်း သင်္ဘောသည် နဂါးချောက်နက်တောင်တန်း၏ နက်နဲသော တောင်တန်းမှ ထွက်ခွာခါနီးတွင် အခန်း၌ အနားယူနေသော လင်းရှန်ပင် ရုတ်တရက် ကြမ်းပြင်က ပြင်းထန်စွာ တုန်လှုပ်သွားတာကို ခံစားရသည်။ အံ့ဩစွာနဲ့ သူက မျက်ခုံးပင့်တင်လိုက်သည်။
သင်္ဘော၏တည်ငြိမ်မှုနှင့်အတူနတ်ဆိုးများ၏တိုက်ခိုက်ခြင်းကိုခံရလျှင်ပင် ထိုသို့သောအခြေအနေမျိုးမဖြစ်သင့်ပေ။
အကာအကွယ် အတားအဆီး၏ ကန့်သတ်ချက်နှင့် နီးကပ်သော အင်အားဖြင့် တိုက်ခိုက်ခြင်း မခံရပါက
လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ချက်ချင်း ထရပ်ပြီး အခန်းပြင်သို့ ထွက်သွားသည်။
ကုန်းပတ်ပေါ်တွင် ချွီခယ်နှင့် ရှန်ကျီနင်ကပါ ရောက်ရှိလာပြီး မျက်ခုံးပင့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူတို့၏ အကြည့်များနောက်ကို လိုက်ကြည့်ပြီးနောက် လင်းရှန်က အနည်းငယ် ထိတ်လန့်သွားသည်။
ထူးဆန်းသော အသွင်အပြင်ရှိသည့် နတ်ဆိုးအုပ်စုတစ်စုသည် သင်္ဘောကို ဝိုင်းရံထားသည်။
ဤနတ်ဆိုးများသည် ငှက်ခန္ဓာကိုယ်နှင့် ခွေးအမြီးများပါရှိပြီး ဇီးကွက်များနှင့်တူသော်လည်း ၎င်းတို့တွင် လူသားမျက်နှာများရှိသည်။
၎င်းတို့တွင် အတောင်ပံတွေရှိပြီး လက်မောင်းမှာ ချွန်ထက်တဲ့ လက်သည်းတွေ ရှိသည်။
"အဲဒါတွေက လူမျက်နှာရှိတဲ့ ဇီးကွက်တွေပဲ”
လင်းရှန်သည် နတ်ဆိုးများကို ချက်ချင်း သိလိုက်သည်။
လူမျက်နှာရှိသော ဇီးကွက်သည် လေကို ထိန်းချုပ်နိုင်သော စွမ်းအားရှိသည့် ဉာဏ်
အလင်းရခြင်းအဆင့် ဝိညာဉ်ရေးရာသားရဲဖြစ်သည်။ ၎င်းသည် များသောအားဖြင့် နဂါးချောက်နက်တောင်တန်း၏ နက်နဲသောနေရာတွင် ပေါ်လာပြီး အစွန်အဖျားမှာ ပေါ်လာခဲသည်။
"ဘာလို့ လူမျက်နှာရှိတဲ့ ဇီးကွက်တွေ ဒီကို ရောက်နေတာလဲ" လင်းရှန်က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
"အဲဒါ လင်းယုန်မျိုးနွယ်ပဲ” ချွီခယ်က ရုတ်တရက်ပြောသည် "လင်းယုန်မျိုးနွယ်စုက လူမျက်နှာရှိတဲ့ ဇီးကွက်တွေကို ဧရိယာအပြင်ဘက်နဲ့ တောင်တန်းအစွန်အဖျားအထိ မောင်းထုတ်နိုင်တယ်”