လူမျက်နှာနဲ့ဇီးကွက် (၂)
Vol. 18 Ch. 271
လင်းယုန်မျိုးနွယ်
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
နဂါးချောက်နက်တောင်တန်း၏ ကြီးမားသော နတ်ဆိုး မျိုးနွယ်ငါးမျိုးတွင် သိုသိုသိပ်သိပ်နေတတ်သော မြေခွေးမျိုးနွယ်မှလွဲ၍ လင်းယုန်မျိူးနွယ်သည် တွေ့ရခဲဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လင်းယုန်မျိုးနွယ်စုဝင်အများစုသည် ပျံသန်းနိုင်စွမ်းရှိသော နတ်ဆိုးများဖြစ်သောကြောင့်ဖြစ်သည်။
အားအနည်းဆုံး ဝိညာဉ်နိုးကြားခြင်းအဆင့် နတ်ဆိုးများတောင် တောင်များပေါ်တွင် လွတ်လပ်စွာ ပျံသန်းနိုင်သောကြောင့် ကျင့်ကြံသူများသည် ၎င်းတို့ကို ရှာဖွေပြီး သတ်
ရန် အလွန်ခက်ခဲသည်။
ကျားမျိုးနွယ်၊ စပါးအုံးမျိုးနွယ်နဲ့ ဝက်ဝံမျိုးနွယ်တို့သည် နဂါးမြို့တော်၏ အဓိကဂိုဏ်းကြီးသုံးခုမှ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။ မြေခွေးမျိုးနွယ်သည် ဟောင်ရှန်ခွေးမျိုးနွယ်၏ အတွေ့အကြုံကြောင့် ထိတ်လန့်ခဲ့ရပြီး ပိုပိုပြီး သိုသိုသိပ်သိပ် နေလာခဲ့သည်။ ထို့နောက် လင်းယုန်မျိုးနွယ်သည်နဂါးချောက်နက်တောင်တန်း၏ တစ်ခုတည်းသောဘုရင် ဖြစ်လာခဲ့သည်။
ထို့ကြောင့် လင်းယုန်မျိုးနွယ်သည် ၎င်းတို့၏ သတိရှိမှုကို ဆုံးရှုံးခဲ့ရပြီး တောင်တန်း၏ နက်နဲသောနေရာမှ ထွက်လာကာ နေကိုးစင်းဂိုဏ်း၏ အမှတ်အသားနဲ့ နဂါးအစွယ်
သင်္ဘောကို တိုက်ခိုက်ရန် ထွက်လာခဲ့ခြင်း ဖြစ်နိုင်သည်။
ကြည့်လိုက်လျှင် သင်္ဘောကို တိုက်ခိုက်နေသော လူမျက်နှာနဲ့ ဇီးကွက်များသည် တစ်ရာကနေ နှစ်ရာလောက်အထိ ရှိသည်။
၎င်းတို့အများစုသည် ဉာဏ်အလင်းရခြင်းအစောပိုင်းအဆင့်တွင်သာရှိသော်လည်း ၎င်းတို့၏ အရေအတွက်များသည် သင်္ဘော၏ခံစစ်အတားအဆီးကို လှုပ်ခါလောက်အောင် များပြားသည်။
ဤအခိုက်အတန့်တွင် လူသားမျက်နှာနဲ့ ဇီးကွက်များသည် ၎င်းတို့၏ အတောင်ပံများကို ခတ်ပြီး သင်္ဘောကို ရိုက်ခတ်စေသည့် မီးခိုးရောင်လေများကို ထွက်ပေါ်လာစေသည်။
ပျံသန်းနေသော သင်္ဘောတစ်စင်းလုံးကို မီးခိုးရောင် လေပြင်းများဖြင့် ဝန်းရံထားသည်။
“အမွေးတွေ၊ ဦးချိုတွေနဲ့ နတ်ဆိုးတချို့က ငါတို့ကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ။ သူတို့ကသေချင်နေတာပဲ”
ချွီခယ်က လှောင်ပြောင်ပြီး သူ့အင်္ကျီလက်အိတ်ထဲမှ အဖြူရောင် အမွှေးလေးတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် ဝိညာဉ်ရေးရာအနှစ်သာရကို မှုတ်ထုတ်လိုက်သည်။
ဝိညာဉ်ရေးရာအနှစ်သာရနဲ့ အာဟာရဖြည့်ပြီးနောက် အဖြူရောင်အမွှေးသည် အာရုံခံနိုင်လာပုံရသည်။ ရုတ်တရက် တုန်လှုပ်သွားပြီး ချွီခယ်၏လက်မှ လွတ်ထွက်သွားကာ အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သင်္ဘောကို ဝိုင်းရံထားသော လူမျက်နှာနဲ့ ဇီးကွက်များသည် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ကို တန်ပြန်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူတို့ သည် စိတ်သက်သာရာရပြီး ပိုမိုမောက်မာလာကာ နားကွဲမတတ် အော်ဟစ် နေကြသည်။
ထိုအချိန်တွင် သင်္ဘောပေါ်မှ အဖြူရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ကြယ်တံခွန်ကဲ့သို့ သင်္ဘောပတ်ပတ်လည်သို့ ပျံသန်းသွားသည်။
ချက်ချင်းပင် ပျံသန်းနေသော သင်္ဘောကြီးကို အလယ်ဗဟိုအဖြစ်ထားကာ ပတ်ဝန်းကျင်တွင် သွေးစက်ဝိုင်းများ ပွင့်လာသည်။ လူမျက်နှာနဲ့ ဇီးကွက် နှစ်ဆယ်မှ သုံးဆယ်ခန့်သည် ရုတ်တရက် အေးခဲသွားပြီး ရေထဲသို့ ဖက်ထုပ်များ ပြုတ်ကျသကဲ့သို့ ကောင်းကင်မှ ပြုတ်ကျသွားသည်။
ရုတ်တရတ်ပြောင်းလဲမှုကြောင့် သူတို့ပတ်ဝန်းကျင်ရှိ လူမျက်နှာနဲ့ ဇီးကွက်များကထိတ်လန့်သွားခဲ့သည်။ သူတို့က အော်ဟစ်ပြီး ဆုတ်ခွါသွားကာ တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန်ခဲ့သည်။
သူတို့တိုက်ခိုက်ခြင်းကို ရပ်လိုက်သော်လည်း အဖြူရောင်အလင်းတန်းများက ရပ်မနေပေ။ ၎င်းသည် လှည့်ပတ်ကာ လူသားမျက်နှာနဲ့ဇီးကွက်များ၏ အရေးပါသော နေရာများကို ထိုးဖောက်ပြီး နတ်ဆိုးများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
တခဏချင်းမှာပဲ သွေးတွေက လေထဲမှာ ပြည့်လာပြီး လူမျက်နှာနဲ့ ဇီးကွက်တွေ တစ်
ကောင်ပြီး တစ်ကောင်လဲကျသွားသည်။
ကုန်းပတ်ပေါ်တွင် ရှန်ကျီနင်၏မျက်လုံးများ တောက်ပလာသည်ကို မြင်လိုက်ရသည်။
"စီနီယာအကိုချွီ ၊ အကိုရဲ့ အဖြူရောင်အမွှေးက တကယ်ကို အစွမ်းထက်တာပဲ။ ဒါပေမယ့် အကိုပဲ အထင်ကြီးစရာတွေအားလုံးကို မပြပါနဲ့ ။ ကျွန်တော်ကိုလည်း နည်းနည်းပြခွင့်ပေးပါ”
ထိုစကားနဲ့အတူ ရှန်ကျီနင်သည် အစိမ်းရောင်အလင်းတန်းတစ်ခုအား ပျံသန်းနေသော သင်္ဘောပေါ်မှ မြှားကဲ့သို့ ပစ်လွှတ်လိုက်ပြီး လူမျက်နှာနဲ့ ဇီးကွက်တစ်ကောင်၏ နဖူးကို ချက်ချင်း ထိုးဖောက်သွားလေသည်။
လူမျက်နှာနဲ့ ဇီးကွက်သည် မသေဆုံးမီ အော်ဟစ်ရန် အချိန်မရှိပေ။ အစိမ်းရောင်အလင်းသည် ရပ်တန့်ခြင်းမရှိဘဲ လူမျက်နှာနဲ့ ဇီးကွက်ဆီသို့ ဦးတည်သွားသည်။ ၎င်းက အမွေးကဲ့သို့မြန်သည်။
ဂိုဏ်းက ယန်ကျင့်ရမ်ကို တိုက်ခိုက်စဉ်တွင် ယန်ကျင့်ရမ်၏ ကျောက်ပြားကိုပိတ်ဆို့ရန်အတွက် ရှန်ကျီနင်သည် ဤဓမ္မရတနာကို အသုံးပြုဖူးကြောင်း လင်းရှန် တွေ့မြင်ခဲ့ဖူးသည်။
သို့သော် ထိုအချိန်က သူ၏ ကျင့်ကြံမှုမှာ အကန့်အသတ်ရှိပြီး ၎င်းမှာ ဘယ်လိုရတနာဖြစ်သည်ကို မပြောနိုင်ပေ။
ဤအခိုက်အတန့်တွင် အစိမ်းရောင်အလင်းတန်းသည် အမှန်တကယ် ကျောက်စိမ်းပြားတစ်ချပ်ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
ကျောက်စိမ်းပြားသည် အရေးကြီးသော အနှစ်သာရကို ဖျက်ဆီးပစ်နိုင်သည့် အကျိုးသက်ရောက်မှုရှိပုံရသည်။ လူမျက်နှာနဲ့ဇီးကွက်များ ထိန်းချုပ်ထားသော မီးခိုးရောင်လေသည် ၎င်းကို လုံးဝမရပ်တန့်နိုင်ပေ။ ၎င်းသည် လေကိုဖြတ်ပြီး လူ့မျက်နှာနဲ့ ဇီးကွက်များ၏ အသက်ကို ဖျက်ဆီးသွားသည်။
ချွီခယ်နှင့် ရှန်ကျီနင်နှစ်ဦးစလုံးသည် ဝိညာဉ် မဏ္ဍိုင်သွေးကြောများကို ပေါင်းစည်းနေသည့် ကျွမ်းကျင်သူများဖြစ်သည်။
ဉာဏ်အလင်းရခြင်း အစောပိုင်းအဆင့် နတ်ဆိုးများသည် ၎င်းတို့၏တိုက်ခိုက်မှု အောက်တွင် အကာအကွယ်မဲ့နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျံသန်းနေသော သင်္ဘောကြီးတစ်ဝိုက်ရှိ လူမျက်နှာနဲ့ ဇီးကွက်များသည် အများအပြား သေဆုံးခဲ့ရသည်။ ကျန်ဇီးကွက်များသည် နောက်ဆုံးတွင် ကြောက်လန့်ပြီး အဝေးသို့ ပြေးသွားကြသည်။
ချွီခယ်နဲ့ ရှန်ကျီနင်တို့သည် ၎င်းတို့ ဓမ္မရတနာတွေကို ခဏလောက် လိုက်ဖမ်းခဲ့ပြီး မရပ်တန့်မီ ဇီးကွက်ဒါဇင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည်။
လင်းရှန်သည် ဘေးမှ တစ်ချိန်လုံး ကြည့်နေခဲ့ပြီး လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပေ။
အရင်ကဆိုရင်တော့ သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်၏ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေဖို့အတွက် လူမျက်နှာနဲ့ ဇီးကွက်အချို့ကို သတ်ပစ်အုံးမည်ပင်။
သို့သော် ကျင့်ကြံမှု၊ ကိုယ်ခံပညာများ သို့မဟုတ် မှော်စွမ်းအားပင် ဖြစ်ပါစေ၊ သူသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုစွမ်းရည်၏ သက်ရောက်မှုကို ရယူခဲ့လျှင်ပင် သူသည် မည်သည့်အရာမှ ရရှိလိမ့်မည်မဟုတ်ပေ။
သူ အဲဒါကို စမ်းသပ်ပြီးပြီပင်။
လူမျက်နှာနဲ့ ဇီးကွက်များ ဆုတ်ခွာသွားသည်ကို ကြည့်နေစဉ် လင်းရှန်သည် ရုတ်တရက် သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ သူ့ခေါင်းကို အမှတ်တမဲ့ လှည့်ကြည့်လိုက်တော့ ကျောက်နံရံကြားတွင် အက်ကွဲနေသော အရာတစ်ခု ဝှက်ထားသလိုပင် အဝေးက တောင်နံရံပေါ်တွင် အနက်ရောင် အရိပ်အယောင်ကို တွေ့လိုက်ရသည်။
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏ သူ့အကြည့်တွေ
ကို ပြန်မလွှဲခင် ခဏလောက် စိုက်ကြည့်လိုက်သည်။
လူမျက်နှာနဲ့ ဇီးကွက်များကို မောင်းထုတ်ပြီးနောက် နဂါးအစွယ် ပျံသန်းခြင်းသင်္ဘောသည် ဆက်လက်ထွက်ခွာသွားခဲ့သည်။
သင်္ဘောသည် မိုးကုတ်စက်ဝိုင်းတွင် အနက်ရောင်အစက်အပြောက်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အနက်ရောင်အရိပ်များ ဖြတ်ကျော်သွားသည့် တောင်နံရံတွင် လူမျက်နှာနဲ့ ဇီးကွက်တစ်ကောင်သည် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
“ဒီသင်္ဘောက အဝေးကြီးရောက်နေပြီ။ ထွက်လာခဲ့”
စကားပြောနိုင်သော လူမျက်နှာနဲ့ ဇီးကွက်သည် ၎င်း၏ဆွေမျိုးများထက် များစွာမြင့်မားသည်။ ၎င်း၏အထက်ပိုင်းခြေလက်များသည် ငွေရောင်အမွှေးအမျှင် အလွှာမှလွဲ၍ လူနှင့်တူသောလက်များအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်ခဲ့သည်။ ၎င်း၏လူသားဒုက္ခသည် မကြာမီ ဖြစ်ပျက်တော့မည်မှာ သိသာသည်။
စကားပြောပြီးသည်နှင့် လူမျက်နှာနဲ့ ဇီးကွက်အနည်းငယ်သည် အက်ကွဲကြောင်းမှ ထွက်လာလေသည်။
၎င်းတို့သည် ယခုအခါ ပျံသန်းနေသော သင်္ဘောကို ဝိုင်းထားသည့် မျိုးနွယ်စုများထက် လူသားသဏ္ဍာန်နှင့် ပိုမိုနီးကပ်စွာ တည်ရှိနေသော်လည်း အသွင်ကူးပြောင်းမှုမှာ ပထမဆုံး ငွေရောင်အမွေးအတောင်ရှိသော ဇီးကွက်ကဲ့သို့ အဆင့်မမြင့်ခဲ့ပေ။
"ငါ မင်းကို ဘာပြောခဲ့လဲ။ ဒီလို ပျံသန်းတဲ့ သင်္ဘောကို စီးနိုင်တဲ့ လူသား ကျင့်ကြံသူတွေက အစွမ်းထက်တယ်လို့။ မင်းငါ့စကားကို နားမထောင်ဘူး။ ကောင်းပြီ၊ ငါတို့ မျိုးနွယ်စုတွေ အများကြီး ဆုံးရှုံးသွားပြီ။ ဆရာကြီး မြောင်ယိုကို ဘယ်လိုပြောမှာလဲ"
ထိုစကားလုံးကို ကြားလိုက်သောအခါ ငွေရောင် ဇီးကွက်၏ အမူအရာက အေးခဲသွားသော်လည်း ခေါင်းမာမာဖြင့် ပြောနေဆဲပင်
"အဲဒါက မင်းသေချာမလုပ်လို့ ၊ ပြီးတော့ ငါ့ကိုလည်း ဘာမှ လုပ်ခွင့် မပေးဘူး.. မဟုတ်ရင် ငါတို့ ဒီလူသား ကျင့်ကြံသူ နှစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာ ကြာပြီ”