← Chapters

လူမျက်နှာနဲ့ ဇီးကွက်များ (၃)

Vol. 18 Ch. 272

လူမျက်နှာနဲ့ ဇီးကွက်များ (၃)

Vol. 18 Ch. 272

"ထားလိုက်ပါ။ နှစ်ယောက်က ပျံသန်းနေတဲ့ သင်္ဘောကတောင် မထွက်ရဲကြဘူး။ အဲ့တာက သူတို့ရဲ့ ခွန်အားကို အပြည့်အ၀ အသုံးမချဘူးဆိုတာ သိသာပါတယ်။ ပြီးတော့ ပျံသန်းနေတဲ့ သင်္ဘောပေါ်မှာ တတိယလူလည်း ရှိသေးတယ်။  ငါတို့ တကယ်တိုက်ခိုက်ရင် ငါတို့ လုံးဝ သေသွားလိမ့်မယ်”

"မင်းက တခြားသူတွေကို မြှင့်

တင်ပြီး ကိုယ့်ကိုကိုယ် နှိမ့်ချနေတာပဲ”

"ငါ မင်းနဲ့ ငြင်းမှာမဟုတ်ဘူး။ ဆရာကြီးမြောင်ယို ပြန်လာတဲ့အခါ သူ့ကို ဆုံးဖြတ်ခိုင်းမယ်”

ငွေရောင်ဇီးကွက်၏မျက်နှာက လှုပ်ယမ်းသွားသည်။ ၎င်းသည်  ဒေါသတကြီး ပြောလေ၏ “ဆရာကြီး မြောင်ယိုက လူသားကျင့်ကြံသူကြောင့် ဒဏ်ရာရသွားခဲ့တာလေ။  ငါကသူမ အစား လက်စားချေပေးတာ”

"ဆရာ မြောင်ယိုကို ဒဏ်ရာရစေခဲ့တဲ့ လူသား ကျင့်ကြံသူက နေကိုးစင်းဂိုဏ်းက မဟုတ်ဘူးလေ”

“အားလုံးက လူသားကျင့်ကြံသူတွေပဲလေ။  ဘာကွာခြားလို့လဲ?"

"မင်း”

အခြားလူမျက်နှာနဲ့ ဇီးကွက်သည် ဒေါသကြောင့် မူးလဲလုနီးပါးဖြစ်ခဲ့သည်။

ဒီလူက ကျင့်ကြံမှုမှာပဲ ဉာဏ်ရည်ဉာဏ်သွေးအားလုံးကို အသုံးပြုခဲ့တာလား။

အပြောင်းအလဲအတွက် ဦးနှောက်ကို အသုံးမ

ပြုနိုင်ဘူးလား။

နေကိုးစင်းဂိုဏ်းသည် နယ်လှည့်သွားနေသည့် ကျင့်ကြံသူများနှင့် လုံးဝကွဲပြားသည်။

လင်းယုန်မျိုးနွယ်သည် မကြာသေးမီက ပိုမိုအားကောင်းလာပြီး နဂါးချောက်နက် တောင်တန်း၏ အုပ်စိုးသူဖြစ်လာသော်လည်း ၎င်းဒေသအတွက်သာ ကန့်သတ်ထားသည်။

အကယ်၍ ၎င်းတို့သည်  နေကိုးစင်းဂိုဏ်းကို အမှန်တကယ် ဆန့်ကျင်ပါက ကျားမျိုးနွယ်၊ စပါးအုံးမျိုးနွယ်နှင့် ဝက်ဝံမျိုးနွယ်တို့ကဲ့သို့ အဆုံးသတ်သွားမည် ဖြစ်သည်။

သူတို့သည် ထိုမျိုးနွယ်စုသုံးစု၏ နောက်ကို လိုက်သွားရနိုင်သည်။

တခြားလူမျက်နှာနဲ့ ဇီးကွက်တွေသည် ထို့ဦးနှောက်မရှိတဲ့အကောင်အား ခေါ်ဆောင်လာခဲ့မိတာကို နောင်တရနေချေပြီ

ဒေါသကြောင့် ဒီလူနဲ့ စကားပြောချင်စိတ် မရှိတော့ပေ။ သူတို့သည် ဤအဖော်ပြုခဲ့သမျှကို မပြောပြမီ  ရှေးဟောင်းသစ်သားမြို့မှ မြောင်ယိုပြန်လာတာကို စောင့်ဆိုင်းရန် ပြင်ဆင်ခဲ့ကြသည်။

လူမျက်နှာနဲ့ ဇီးကွက်၏ တိုက်ခိုက်မှုသည် သေးငယ်သော ကြားဝင်မှုမျှသာ ဖြစ်သည်။ လင်းရှန်နှင့် အခြားနှစ်ယောက်တို့သည် ထိုအကြောင်းကို မေ့သွားကာ ခရီးဆက်ခဲ့ကြသည်။

ကျန်တဲ့ခရီးသည် မထူးခြားပေ ။ ကြီးမားသော နတ်ဆိုးတိုက်ခိုက်မှုများလည်း မရှိခဲ့ပေ။ 

နဂါးအစွယ်ပျံသန်းခြင်းသင်္ဘောသည် ထိုညက နဂါးချောက်နက်တောင်တန်းမှ ဘေးကင်းစွာ ထွက်ခွာသွားခဲ့သည်။

နောက်ထပ်တစ်ရက်ခွဲကြာ ပျံသန်းပြီးနောက် မြို့ကြီးတစ်ခု၏ ကောက်ကြောင်းသည် အဝေးတစ်နေရာတွင် ပေါ်လာသည်။

"ငါတို့ဒီမှာရောက်ပြီ။  ဒါက ရှေးဟောင်း သစ်သားမြို့ပဲ”

လင်းရှန်က တချက်ကြည့်လိုက်သည်။ အပြာရောင်နှင့် အဖြူရောင် ကောင်းကင်အောက်တွင် ကြီးမားပြီး ခမ်းနားထည်ဝါသော မြို့ရိုးကြီးသည် နှစ်ဖက်စလုံးတွင် အဆုံးမရှိ မားမားမတ်မတ် ရှိနေလေသည်။ အဲ့တာက တကယ်ကို အဆုံးမရှိခဲ့ပေ။

အရှေ့မှကြည့်လျှင်ပင် မြို့၏အကျယ်မှာ ငါးကီလိုမီတာကျော်ရှိသည်။

မြို့နံရံကို သံချပ်ကာအလွှာဖြင့် ဖုံးထားသကဲ့သို့ မြို့ရိုးပတ်လည်တွင် ထူထပ်သော စပျစ်နွယ်ပင်များကို ယောင်ဝါးဝါးမြင်နိုင်သည်။

လင်းရှန်အနေနဲ့ အနီးကပ်ကြည့်ရှုရန် မလိုအပ်ပဲ ၎င်းသည် ဝိညာဉ်ရေးရာ သစ်သားတစ်မျိုး ဖြစ်နိုင်ကြောင်းကို  ပြောနိုင်သည်။

ဖြစ်နိုင်ခြေအရှိဆုံးမှာ ၎င်းသည်ရှေးဟောင်းသစ်သားမြို့ရှိ ကာကွယ်ရေး အခင်းအကျင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ယဉ်ကျေးသိမ်မွေ့စွာဖြင့် နဂါးအစွယ်ပျံသန်းခြင်းအဆောင်သည်  ရှေးဟောင်း

သစ်သားမြို့နှင့် နှစ်ကီလိုမီတာအကွာတွင် ရပ်တန့်သွားသည်။ လင်းရှန်နှင့် အခြားနှစ်ယောက်တို့သည် လေဟုန်စီးခြင်းကိုအသုံးပြုပြီး ရှေးဟောင်းသစ်သားမြို့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြသည်။

သိပ်မကြာခင်မှာပဲ ကြိုးကြာပျံစီးသည့် တပည့်နှစ်ယောက်က သူတို့ကို ကြိုဆိုဖို့ ထွက်လာသည်။

"ဒီက တာအိုပညာရှင်တွေက ရွှမ်တုအစည်းအဝေးကို လာတာလား”

“ဟုတ်ကဲ့။”

သူတို့သုံးယောက်သည် ရွှမ်တုတိုကင်ကို လွှဲပေးလိုက်သည်။

တိုကင်များကို စစ်ဆေးပြီးနောက်  တပည့်တစ်ဦးက ချက်ချင်းပြောသည် "

ကျွန်တော်တို့ဂိုဏ်းက ရွှမ်တုတောင်ခြေရင်းမှာ စခန်းချထား ပါတယ်။  တာအိုပညာရှင်တွေကျေးဇူးပြုပြီး ကျွန်တော်နောက်ကို လိုက်ခဲ့ကြပါ။”

သူတို့သုံးယောက်က မအံ့သြဘဲ ချက်ချင်းပင် ကျင့်ကြံသူနှစ်ဦးနောက်ကို လိုက်သွားကြသည်။

ရွှမ်တုအစည်းအဝေးတွင် ကျင့်ကြံသူအများအပြား ပါဝင်ကြပြီး လူမျိုးစုံရှိသည်။ ဘေးကင်းစေဖို့ အကြောင်းပြချက်ကြောင့် ရှေးဟောင်းသစ်သားမြို့သည် ဤကျင့်ကြံသူများကို မြို့ထဲသို့ ဝင်ခွင့်မပြုပေ။ အကောင်းဆုံးနည်းလမ်းမှာ ရွှမ်တုတောင်အနီးတွင်ထားရန်ဖြစ်သည်။

ရွှမ်တုအစည်းအဝေးကျင်းပရာနေရာနှင့် နီးသောကြောင့် အချိန်ကုန် လူပင်ပန်းလည်း သက်သာစေသည်။

မကြာခင်မှာပဲ တပည့်နှစ်ယောက်၏ ဦးဆောင်မှုအောက်တွင် လင်းရှန်နဲ့ အခြားနှစ်ယောက်သည်  ရွှမ်တုတောင်နားကို ရောက်လာသည်။

သူတို့မြင်ရသလောက်တော့ ထူထဲပြီး လှိုင်းထနေသည့် တောင်တန်းကြီးသည် အဆုံးမရှိ ဆန့်တန်းနေ၏

၎င်းက တောင်တန်းတွေထဲမှာ မားမားမတ်မတ်ရှိနေ၏

တိမ်များပေါ်သို့ ထိုးထွက်နေရုံသာမက ထူထပ်သော ဝိညာဉ်ရေးရာ အနှစ်သာရကိုလည်း အဝေးကပင် ခံစားနိုင်သည်။

ဒါဟာ ရွှမ်တုတောင်ပင်။

တောင်များကြားတွင် ရွှမ်တုတောင်သည် ကြက်များကြားမှ ကြိုးကြာငှက်ကဲ့သို့ ပေါ်လွင်နေသည်။

တစ်စုံတစ်ယောက်သည် ဤနေရာကို ပထမဆုံးအကြိမ် ရောက်လာလျှင်ပင်  ပထမဆုံးအကြည့်နဲ့တင် ရွှမ်တုတောင် သတိပြုမိလိမ့်မည်။

ယခုအချိန်တွင် ရွှမ်တုတောင်အနီးရှိ တောင်ကုန်းအနည်းငယ်၏ တောင်စောင်းတစ်လျှောက်တွင် ကျောက်တုံးအိမ်များစွာ ဆောက်လုပ်နေပြီဖြစ်သည်။

အရှေ့ဘက်ပင်လယ်လမ်းတစ်လျှောက်မှ ကျင့်ကြံသူများသည် ဤနေရာတွင် စုရုံးခဲ့ကြသည်။ အဲ့တာက လူတစ်ထောင်ကျော်လောက်ရှိမည်ပင်။

ချွီခယ်က သက်ပြင်းချလိုက်သည်။

“ရွှမ်တု အစည်းအဝေးစဖို့  ခြောက်ရက်ကျန်သေးတယ်၊ ဒါပေမယ့် လူတစ်ထောင်ကျော်နေပြီ။ အစည်းအဝေးစတဲ့အခါ လူနှစ်ထောင်ကနေ သုံးထောင်လောက်ရှိလောက်မယ်။”

ကျင့်ကြံသူ နှစ်ထောင်မှ သုံးထောင်လောက်က သိပ်မများပေ။

သို့သော် ရွှမ်တု အစည်းအဝေးတွင်ပါဝင်လာသူတိုင်းနီးပါးသည်  မှော်အဆီအနှစ် အရည်အတွက်သာ ဖြစ်သည်။

မှော်အဆီအနှစ်အရည်လိုအပ်သူများသည် တောက်ပသောဝင်ပေါက် နဝမအဆင့်သို့ရောက်ရှိပြီး ဝိညာဉ် မဏ္ဍိုင်သွေးကြောများကို စတင်ဖန်တီးနေပြီဖြစ်သော ကျင့်ကြံသူများဖြစ်သည်။

ထိုသို့သောသူသည် မည်သည့်မြို့ကြီးတွင်မဆို အဆင့်အတန်းမြင့်သော ထိပ်တန်းကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။

သို့သော် ဤနေရာတွင် လူနှစ်ထောင်မှ သုံးထောင်အထိ ရှိနေသည်။ ဒါက ထိတ်လန့်

ဖွယ်ရာမြင်ကွင်းတစ်ခုပင်။

လင်းရှန်နှင့် အခြားနှစ်ယောက်ကို အိမ်အလွတ် အနည်းငယ်သို့ ခေါ်ဆောင်ပြီးနောက် နတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်နှစ်ယောက်က ထွက်ခွာသွားခဲ့သည်။

သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြပေ။ သူတို့သည် အခန်းတစ်ခန်းကို ရွေးချယ်ပြီး ခြောက်ရက်အတွင်းစမည့် ရွှမ်တုအစည်းအဝေးအတွက် ၎င်းတို့၏စွမ်းအင်ကို သိုလှောင်ရန် ပြင်ဆင်ကြသည်။

နတ်ဝိဇ္ဇာဂိုဏ်းမှ ပြင်ဆင်ထားသော အိမ်များသည် အကြမ်းထည်မဟုတ်သော်လည်း ၎င်းတို့သည် အကာအကွယ်မရှိဘဲ သာမန်နေထိုင်ရာအိမ်များသာဖြစ်သည်။

လင်းရှန်သည် ပတ်ပတ်လည်ကို ကြည့်ကာ သူ့သိုလှောင်လက်စွပ်မှ အိမ်အကာအရံ မှော်အဆောင်အချို့ကို ထုတ်ကာ နံရံပေါ်တွင် ကပ်ထားသည်။ ဘာမှမရှိတာထက် ဒါက ပိုကောင်းသည်။

“အခင်းအကျင်းတွေကို ကျင့်ကြံဖို့ အခွင့်အလမ်းတစ်ခု ရှာရမယ်ထင်တယ်။ ကျွမ်းကျင်ဖို့တော့ မလိုပါဘူး၊ ဒါပေမယ့် ငါက အဲ့တာတွေကို မသိနားမလည်သေးဘူး။ မဟုတ်ရင် ဒီလိုအခြေအနေမျိုး ထပ်ကြုံတဲ့အခါ အရိုးရှင်းဆုံး အကာအကွယ် အခင်းအကျင်းဖွဲ့စည်းပုံကိုတောင် ကျင့်ကြံလိုက်နိုင်မှာ မဟုတ်ဘူး။"

ဆုံးဖြတ်ချက်ချပြီးနောက် လင်းရှန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ 

တရားထိုင်ရန် ပြင်ဆင်သည်။

သို့သော် သူထိုင်ပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

စုစုပေါင်း လူနှစ်ယောက်ပင် ။ သူတို့၏ အရောင်အဝါအရ သူတို့သည် ချွီခယ်နဲ့ ရှန်ကျီနင် မဟုတ်ပေ။

သိပ်မကြာခင်မှာဘဲ တံခါးခေါက်သံထွက်လာသည်။

လင်းရှန်သည် မတ်တပ်ထရပ်ကာ တံခါးကိုဖွင့်လိုက်သည်။

တံခါးအပြင်ဘက်မှာ လူနှစ်ယောက် ရပ်နေ၏။  သူတို့နှစ်ဦးစလုံးသည် အသက်သုံးဆယ်နှောင်းပိုင်းမှ လေးဆယ်ကျော်ကြား ရှိပြီး တစ်ဦးမှာ အရပ်ရှည်ကာ နောက်တစ်ဦးမှာ ပိန်လှီသည်။

အရပ်ရှည်သောလူသည် တင်းမာသောမျက်နှာ၊ တင်းမာသောအကြည့်နှင့် နီရဲနေသော မျက်လုံးများရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ကြင်နာတတ်သူမဟုတ်ကြောင်း သိနိုင်သည်။

အရပ်ပုပုနဲ့ တစ်ယောက်သည် အပြုံးများဖြင့် ပြည့်နေသည်။ သူ့မျက်လုံးများက လှည့်ပတ်နေကာ လိမ္မာပါးနပ်ကြောင်း ပေါ်လွင်နေသည်။

“ဘာ ကူညီပေးရမလဲ” လင်းရှန်က သူတို့နှစ်ယောက်ကို ကြည့်ကာ တိုးတိုးတိတ်တိတ် မေးလိုက်သည်။

အရပ်ပုပုနဲ့လူသည် လင်းရှန်ကို ပြုံးကာ ပြောသည် ။

"ငါက လျန်ရှီပါ။ ဒါကငါ့အဖော် လောသန်းပါ။ ငါတို့နှစ်ယောက်က ရွှမ်တုအစည်းအဝေးကို နှစ်အတော်ကြာအောင် သဘောကျခဲ့ပြီး အဲဒီမှာ ပါဝင်ချင်ခဲ့တာ ကြာပါပြီ။ ကံမကောင်းစွာနဲ့ပဲ ငါတို့က ရွှမ်တုတိုကင်ရယူဖို့ နည်းလမ်းမရှိတော့ ငါတို့ဆန္ဒကို မဖြည့်ဆည်းနိုင်ဘူး ဖြစ်နေတာ။ ငါတို့ နှစ်ယောက်အတွက် ရွှမ်တု တိုကင်ကို ပေးနိုင်မလား”

“ဟုတ်တယ်၊ ငါတို့က အဲဒါကို အလကားမယူဘူးပါ။ သင့်လျော်တဲ့ အခကြေးငွေ ပေးမှာပါ”

"မင်း ဘယ်လိုသဘောရလဲ?"

All Chapters